ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) အဒ်ဝင်တူးကာလပထမ တနင်္ဂနွေနေ့ သြဝါဒ ၂၇၊ ၁၁၊ ၂၀၂၂

အာဒ်ဝင်တူး ကလားပထမတနင်္ဂနွေနေ့(ရှင်မာ‌တေဦး ဧဝံ‌‌ဂေလီကျမ်း ၁၄း၃၇-၄၅)

 ချစ်လှစွာသောညီကိုမောင်နှမအပေါင်းတို့‌ယေဇူးဘုရားရှင်ဒုတိယအကြိမ်ကြွလာခြင်း(သို့မဟုတ်)ကမ္ဘာ့ကုန်းမည့်အချိန်

ကိုဘယ်သူကမျှကြိုတင်မသိပါဘူး။ မသိတာလဲကောင်းပါတယ်ဒါမှအနီးကပ်ကြမှာပဲပြင်ဆင်တော့မယ်အခုတော့အပြစ်

တွေနဲ့‌ပျော််ပါးနေမယ်ဆိုတဲ့ဆိုးယုတ်တဲ့အတွေးအခေါ်ထားလို့မရပါဘူး။ သခင်ယေဇူးဒုတိယအကြိမ်ကြွလာမည်ချိန်ကို

ကြိုတင်မသိရလို့နေ့တိုင်းကိုယ့်ဝိညာဉ်ကိုပြင်ဆင်ရင်းနဲ့‌‌စောင့်မျော်နေကြမယ်။ ခရစ်္စမတ်မတိုင်ခင်လေးပတ်- အာဒ်ဝင်

တူးကာလဟာဘာသာတူတွေဘုရားသခင်ကိုမျှော်လင့်နိုင်ဖို့မျှော်လင့်ခြင်းပါရမီကိုရှင်သန်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဘုရား

သခင်ကိုတကယ်ယုံကြည်တယ်ဆိုရင်အဲဒီလူကာဘုရားသခင်ကိုမျှော်လင့်မယ်။ မယုံကြည်တဲ့သူကတော့မျှော်လင့်တော့ဘူး

ဆိုတာ‌သေချာပါတယ်။ ငါ့အဖြစ်တွေတွက်နောင်တရရင်ဘုရားသခင်ကခွင့်လွှတ်မယ်ဆိုတာကိုမျှော်လင့်တယ်။ အဖြစ်တွေ

အတွက်တစ်ကယ်နောင်တရရင်ဘုရားသခင်ကငါးကိုထာဝရ‌ကောင်းကင်ဘုံမှာလက်ခံကြိုဆိုမယ်ဆိုတာကို‌မျော်လင့်တယ်။

မျှော်လင့်ခြင်းပါရမီဟာကျနော်တို့ကယ်တင်ခြင်းအတွက်သိပ်အရေးကြီးပါတယ်။ တပည့်တော်ကြီးယုဒ‌မျော်လင့်ခြင်းပါဒမီ

မရှိပါဘူး။ ဒါကြောင့်မျှော်လင့်ခြင်းရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်ပျက်ခြင်းနဲ့ပဲဘဝကိုနိဂုံးချုပ်ခဲ့ပါတယ်။ ကောင်းကင်ဘုံဟာ

ကျွန်တော်တို့ရဲ့နောက်ဆုံးပန်းတိုင်ဟုတ်ပေမယ့်ကောင်းကင်ဘုံရောက်ဖို့တစ်ခုတည်းအတွက်ပဲအသက်ရှင်နေကြတာမဟုတ်

ပါဘူး။ လောကမှာအသက်ရှင်စဉ်အခါလုပ်စရာတွေအမျာကြီးဘုရားကပေးပါတယ်။ ကမ္ဘာမြေကြီးကိုတိုးတက်ကောင်းမွန်

အောင်လုပ်ဖို့ခိုင်းထားပါတယ်။ ကျနော်တို့ကိုလောကရဲ့အလင်း၊ လောကရဲ့ဆားဖြစ်စေဖို့ခိုင်းထားပါတယ်။ ဒါကြောင့်လောက

မှာ တရားမျှတစေဖို့၊ ငြိမ်းချမ်းရေးရှိစေဖို့၊ မေတ္တာတစ်ရားရှိစေဖို့ကျနော်တို့မှာတာဝန်ရှိပါတယ်။ သေတဲ့အထိဒီတာဝန်တွေကို

ထမ်းဆောင်နေရင်းနဲ့ သခင်‌ယေဇူးဒုတိယအကြိမ်ကြွလာတာကိုမျှော်နေကြရပါမယ်။ ခရစ်တော်တဖန်ကြွလာခြင်းကရုတ်တ

ရက်ဖြစ်လိမ့်မယ်တယ်။ ဒါကြောင့်အနီးကပ်ကျမှပြင်ဆင်ဖို့အချိန်မရလိုက်ပါဘူး။ အခုငါတို့ဆုံးဖြတ်ချက်ကငါတို့ရဲ့အနာဂတ်

ပါပဲ။ အခုအခုဘုရားကိုလက်ခံမှာလား၊ လက်မခံဘူးလားအခုဆုံဖြတ်ရမှာပါ။ အခုဘုရားသခင်ရဲ့တရားတော်တွေကိုလက်ခံ

ကျင့်ကြံမှာလား ဒါမှမဟုတ်မလတ်ခံဘူးသဘောမတူနိုင်ဘူးလားခပြောပါ၊ အခုဆုံးဖြတ်ပါ။ နေ့တိုင်းဆုံးဖြတ်ရမှာပါ။

အခုသင်နေတဲ့အတိုင်ထာဝရမှာလည်းဒီလို့ပဲဖြစ်လိမ့်မယ်။ ယခုသင်ကသူတပါးကိုမုန်းတီးတာကိုပဲလက်ခံကျင့်သုံးနေသလား။

ဒါဆိုသင့်‌ေသြပီးရင်လည်းမုန်းတီးတဲ့သူတွေရှိတဲ့နေရာမှာထာဝရနေရမယ်‌ေနာ် အခုသင်ကချစ်ြခင်း‌‌ေမတ္တာတရားကိုလက်

ခံယုံကြည်ကျင့်ကြံနေထိုင်သလား။ ဒါဆိုရင်သင့်သေတဲ့အခါချစ်ခြင်း‌မေတ္တာတရားရှိတဲ့နေရာမှာထာဝရနေရမယ်။ အခုလိုခရစ်တော်

တဖန်ကြွလာခြင်းကိုပြောရတာကာရက်တွေရေတွက်နေဖို့ပြောတာမဟုတ်ပါဘူး။ အဆင်သင့်ဖြစ်နေဖို့ပြောတာဖြစ်ပါတယ်။

သင်အဆင်သင့်ဖြစ်နေပြီလား။ သင့်ဝိညာဉ်အဆင်သင့်ပြင်ဆင်ပြီးဖြစ်နေမယ့်အနေအထားကတော့နေ့တိုင်းဘုရားသခင်ကိုနာခံဖို့ပဲ

ဖြစ်ပါတယ်။ ကျမ်းစာထဲမှာပါတဲ့ဘုရားသခင်ရဲ့နှုတ်‌‌တော်ထွက်စကားတွေကိုနာခံတာကသင့်အတွက်ပါပဲ။ သင်ပျော်ရွှင်နိုင်ဖို့

အတွက်ဘုရားသခင်စကားကိုနာခံကျင့်ကြံပါ။ သင့်ကျန်းမာစေဖို့အတွက်ဘုရားသခင်ရဲ့စကားအတစိတ်ကောင်းနှလုံးကောင်းပါ။

ဒါဟာသင့်ဝိညာဉ်အကောင်းဆုံးပြင်ဆင်နေတာပါပဲ။ နာစဉ်သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောက်ကြီးမင်္ဂလာများခံစားကြရပါတယ်။

 

 

Add new comment

8 + 4 =