ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၂) ကြိမ်မြောက်တနင်္ဂနွေနေ့ သြဝါဒ ၂၈၊ ၈၊ ၂၀၂၂

သာမန်ကာလ (၂၂) ကြိမ်မြောက် တနင်္ဂနွေနေ့  ရှင်လုကာ ၁၄း၇-၁၄

 သင်တို့သည်ဧည့်ခံပွဲတွေမှာဖိတ်ကြားခြင်းခံရတဲ့အခါအကောင်းဆုံနေရာတွေမှာရွေးပြီးမထိုင်ကြနဲ့။

သင်ထက်အရေးကြီးပုဂ္ဂိုလ်လာတယ်ဆိုင်ရင်သင်ကိုနေရာဖယ်ခိုင်းလိပ်မယ်။ အဲဒီအခါသင်အရှက်ကွဲ

လိပ်မယ်။ ဒါကြောင့်သင်ကဖိတ်ကြာခံရတဲ့အခါအနိမ်ဆုံးသောနေရာမှာသွာထိုက်ပါ။ ဒီအခါပွဲရှင်က

သင်ကိုပိုကောင်းတဲ့နေရာမှာတက်ထိုင်ဖို့ခေါ်ရင်သင်ကလူတွေရှေ့မှာဂုဏ်ရှိလိုက်မယ်လိုသခင်ယေဇူး

ကမိန့်တော်မူပါတယ်။ ဒါဟာသခင်ကဘုရားဖြစ်လို့ဘုရားရဲ့စိတ်ထားကိုသင်ပေးနေတာပါ။ ဒီအချက်မှ

ာအဓိကသင်ပေးနေတဲ့စိတထားကတော့နှိမ်ချတဲ့စိတ်ထားဖြစ်ပါတယ်။ ယခုခေတ်လူငယ်တွေကနှိမ်

ချတဲ့စိတ်ထားမရှိပဲနဲ့ သခင်ယေဇူးရဲ့လမ်းညွန်ချက်အတိုင်လုပ်လေ့ရှိတယ်။ သခင်ယေဇူသွန်သင်ပေး

တာကသင်ဟာအနိမ့်ချဆုံနေရာမှာသွားထိုင်ပါ။ ဒါမှပွဲရှင်ကသင့်ဆီလာပြီးအကောင်းဆုံနေရာမှာထိုင်ဖို့

လာခေါ်တဲ့အခါသင်ဟာလူတွေရှေ့မှာဂုဏ်တက်မယ်လို့သင်ပေးထားတယ်။ ကျနော်တို့လူတွေကလူ

တွေရှေ့မှားဂုဏ်တက်ခြင်လို့အနိမ့်ကျဆုံနေရာမှာရွေးထိုက်ကြတယ်ကြွားခြင်လို့ထင်ပေါ်ခြင်လို့ကိုအ

နိမ့်ကျဆုံနေရာကိုရွေးထိုင်တာပါ။ ဒါဆိုမကောင်းတော့ဘူးအထင်ကြီးခံခြင်လို့လုပ်တာပါ။ အိမ်တစ်အိမ်

မှာဆုတောင်းပြွလုပ်တဲ့အခါကျောင်းထိုင်ဘုန်းတော်ကြီးကသခင်ယေဇူးညွန်ကြားတဲ့အတိုင်းအနိမ့်ကျဆုံ

နေရာလှေခါးထစ်မှာသွားထိုင်သတဲ့။ ရည်ရွယ်ချက်တော့သူနှိမ့်ချခြင်းရှိကြောင်းကြွားချင်လို့တဲ့လေ။

ဘာသာသူတိုမျက်စီလည်သွားပြီလား။ နက်ဆိုးကဘယ်လောက်ညာဏ်ရှိသလဲကြည့်ပါ။ နှိမ့်ချခြင်းကို

ခုတုံးလုပ်ပြီးကြွားတာနှိမ့်ချခြင်းရှိကြောင်းကြွားတာဟာနတ်ဆိုးရဲ့လှည့်ကွက်ပါဘဲဒါကြောင့်ယေဇူး

ဘုရားရှင်ကတချိန်လုံးစိတ်နှိမ့်ချနေဖို့စိတ်ထားကိုသင်ပေးထာပါ။ လုပ်ပုံကိုင်ပုံကိုသင်ပေးနေတာမဟုတ်

ပါဘူး။ အနှိမ့်ကျဆုံထိုင်ခုံကိုရွေးပါလို့သင်ပေးနေတာမဟုတ်ပါဘူးစိတ်ထာနှိမ့်ချဖို့သင်ပေးနေတာပါ။

ဒီလိုပါဘဲသင်တို့ဟာပွဲလမ်းလုပ်လို့ဧည်ခံကျွေးမွေးတဲ့အခါဆင်းရဲသားတွေ၊ ဒုက္ခိတတွေကိုဖိတ်ကြားပြီး

ဧည့်ခံပါတဲ့။ ဆိုလိုရင်းကတောတနေ့သူတို့ကငါ့ကိုကျေးဇူးပြန်ဆပ်ကြလိပ်မယ်ဆိုတဲ့မျှောလင့်ချက်နဲ့

ကျွေးမွေးဧည့်ခံတာမျိုးမဖြစ်စေရဘူး။ ဒါကြောင်ဧည့်ခံပွဲလုပ်တဲ့အခါချမ်းသာကြွယ်ဝသူတွေကိုမဖိတ်နဲ့

လို့ဆိုလိုရင်းဖြစ်ပါတယ်။ တကယ်အတိအကျလိုက်နာဖို့ညွန်ကြားတာမဟုတ်ပါဘူး။ စိတ်ထာရှင်ကဘာ

မျှော်လင့်ချက်မှမထားပဲစေတနာသန့်သန်နဲ့ဧည့်ခံဖို့သင်ပေးတာပါ။ ကျနော်တိုခရစ်ယာန်တွေပြောင်းလဲ

လာတယ်ဆိုတာကကျနော်တို့ကကျမ်းစာကိုဖတ်ခြင်းအားဖြင့်သခင်ယေဇူးရဲ့စိတ်ထားကိုသိလာပြီးအား

ကျလို့သခင်ယေဇူးလိုမွန်မြတ်တဲ့စိတ်ထားရှိချင်လာတာပါ။ အဲဒီကစလာပြီးစိတ်ကောင်းနှလုံးကောင်း

ရှိလာတဲ့သူတွေဖြစ်လာကြတယ်။ အကြိမ်(၇၀) (၇)လီခွင့်လွတ်တက်တဲ့သခင်ယေဇူးရဲ့စိတ်ထားကိုအား

ကျမိတယ်။ ကိုယ်ကိုမကြာခင်ရောင်းစာတော့မည့်ယုဒရဲ့ခြေထောက်ကိုဆေးကြေခဲ့တဲ့သခင်ယေဇူးရဲ့

စိတ်ထားကိုအားကျမိတယ်။ ကိုယ်ကိုမနာလိုမုန်းတီးလို့လက်ဝါးကားတိုင်တင်သတ်ကြတဲ့လူတွေကို

“သူတို့မသိလို့လုပ်မိတာပါလို့” ကောင်းမြတ်တဲ့သခင်ယေဇူးရဲ့စိတ်ထားမျိုးကိုအားကျမိတယ်။

ဘာသာသူတိုကျနော်တို့ရဲ့မကောင်းတဲ့စိတ်ထားတွေကိုပြုပြင်ကြပါစို့။ သခင်ယေဇူးရဲ့စိတ်နေစိတ်ထား

အတိုင်ပြုပြင်ပြောင်းလဲကြပါစို့။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာမျာခံစားရ

ပါစေ။

Add new comment

11 + 7 =