ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလသတ္တမသီတင်းပတ် တနင်္ဂနွေနေ့ သြဝါဒ ၁၉၊ ၂၊ ၂၀၂၃

သာမန်ကာလသတ္တမတနင်္ဂနွေနေ့ ရှင်မာတေဦး ၅:၃၈-၄၈ 

 ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ထွက်မြောက်ရာကျမ်း ၂၁:၂၄ မှာ "မျက်စီအစားမျက်စီ၊ သွားအစားသွား"

ဆိုတဲ့ဆိုရှိးစာကားရှိခဲ့တာက တရားသူကြီးတွေပြစ်မှုတခုခုကို စီရင်ချက်ချအပြစ်ဒဏ်ပးတာဟာမျှတမှုရှိအောင်စီစဉ်ထား

ခဲ့တဲ့ စကားဖြစ်ပါတယ်။ မျက်စီအစားမျက်စီပဲပြန်လျှောကြေးတာင်းပါ။ ဒီထက်ပို့ပြီးပြန်မလုပ်ကြပါနဲ့လို့ကန်သတ်ထား

တာပါ။ အချို့က "မျက်စီအစားမျက်စီ၊ သွားအစားသွား" ဆိုတဲ့ စကားကိုလက်စားချဖို့သုံးလာကြာတာတွ့ရပါတယ်။

မင်းငါကိုလုပ်ခဲ့တဲ့အတိုင်းငါပြန်လုပ်တာနော် ဆိုပြီး ကိုယ်အမှာမမှားသယောင်‌ပြေားတက်တယ်။ ဒါကိုသခင်ယေဇူးက

မလိုလာလို့လက်စားချေတာ၊ ဂလဲ့စားချေတာတွေကိုပြန်မလုပ်ပဲသင်၏ပါးတစ်ဖက်ကိုသူတပါးကရှိက်ရင်ကျန်ပါးတစ်

ဖက်ကိုပါလှည့်ပေးလိုက်ပါအုံးအထိသီခံခွင့်လွတ်စိတ်ရှည်ဖို့သင်ပေးပါတယ်။ အခုလို့ပြေားလိုက်လို့မတရားမှုကိုခေါင်း

ငုံခံရမယ်လို့စိတ်ကူမလွဲ့ပါနဲ့ သခင်ယေဇူးလည်းပါရိုက်ခံရတဲ့အခါကျန်းပါးတစ်ဖက်ကိုလှည့်မပးခဲ့ပါဘူး။ ရှင်ယောဟန်

၁၈:၂၂ မှာ ရဟန်အကြီအကဲ့ ရှေ့သခင်ယေဇူးကို စစ်ဆေးနေချိန်အစောင့်တစ်ယောက်က သခင်ယေဇူးရဲ့ ပါးကိုရိုက်တဲ့

အခါ သခင်ယေဇူးက "ငါစကားမှားလျှင် မှားကြာင့်သက်သပြလော့။ မှန်တယ်ဆိုရင်ဘာဖြစ်လို့ငါကိုရိုက်ရတာလဲ" လို့

ပြန်ပြေားပါတယ်။ ငုံ့မခံပါဘူး။ ကျန်ပါးတစ်ဖက်ကို့လည်းထပ်အရိုက်ခံရအောင်လှည့်မပးခဲ့ပါဘူး။ မတရားတာကို

မတရားဘူးလို့ပြန်ပြားရဲရပါမယ်။ ငုံ့မခံပါဘူး။ ကိုယ့်အပေါ်ထိခိုက်ပြစ်မှားတဲ့သူကိုခွင်လွှတ်ဖို့၊ မေတ္တာထားဖို့ဆိုတာ

လူသဘာဝအတိုင်းတော့မဖြစ်နိုင်ပေမဲ့ ဘုရားသခင်ကချစ်နိုင်ဖို့ခွန်းအားတွပေးနိုင်ပါတယ်။ ဘုရားသခင်းကလူအားလုံ

းကိုချစ်နိုင်တယ်။ ကောင်းတဲ့သူ၊ မကောင်းတဲ့သူပါမကျန်အားလုံးကိုဘုရားသခင်ကချစ်နိုင်စွမ်းရှိတာ်မူပါတယ်။

ချစ်နိုင်စွမ်းအ‌ပေါ်မူတည်ပြီး လူကိုအဆင့်အတန်းခွဲခြာပြရမယ်ဆိုရင် (၁) ကို့အပေါ်ကောင်းတဲ့သူကို ကိုယ့်ကမကောင်း

မှုနဲ့ တုန့်ပြန်ရင်သင်ကနတ်ဆို့အဆင့်ပါပဲ။ (၂) ကိုယ့်အပေါ်မကောင်းတဲ့သူကို သင်ကမကောင်းမှုနဲ့တုန်ပြန်ရင် သင်က

တိရစ္ဆာန်အဆင့်ပါပဲ။ (၃) ကိုယ့်အပေါ်ကောင်းတဲ့သူကိုသင်ကလည်းကောင်းမှုနဲ့တုံပြန်ရင် သင်ကလူဆံတဲ့အဆင့်ပါပဲ။ 

(၄) ကိုယ့်အပေါ်မကောင်းတဲ့သူကို တောင်ကိုယ်ကမတ္တာထားကောင်းမှုနဲ့တုံပြန်ရင် သင်ကဘုရားသခင်သားသ္မီးအဆင့်

ပါပဲ။ ဒါကြောင့်လည်းသခင်ယဇူးကသင်တို့ဟာကိုယ့်ကိုချစ်တဲ့လူကိုပဲပြန်ချစ်ကြတယ်ဆိုရင်ဘာထူးမှာလဲ။ ဘာသာကွဲ

တွေတောင်အဲ့သလောက်တော့ချစ်တက်ကြပါတယ်တဲ့။ ဆိုလိုတာကခရစ္စ်ယာန်ဆိုတာကိုယ်အပေါ်မကောင်းတဲ့သူကို

တောင်မေတ္တာထားနိုင်ရမယ်လို့ဆိုလိုပါတယ်။  ဒါကြောင့် ယေဇူးဘုရားရှင်က "သင်၏ရန်သူကိုချစ်လော့" လို့မိန့်‌‌တော်မူ

ထားပါတယ်။  ရန်သူကိုချစ်ရမယ်၊ မေတ္တာထားရမယ်လို့ဆိုလိုတာကရန်သူကလက်မြှောက်အရှုံးပေးခဲ့ရင် ရန်သူကိုမညင်

းဆဲ့ရဘူး။ မသတ်ရပါဘူး။ ရန်သူကကိုယ်မိဘပြည်သူအတွက်အသက်အန္တာရာယ်ဖြစ်နတယ်ဆိုရင်တော့ကျနော်တို့က

အသက်ပေးကာကွယ်ဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆို့တော့ရန်သူကိုအခွင့် ပေးထားရန်းအပြစ်မဲ့ပြည်သူတွေဒုက္ခ

ရောက်မှာပေါ့။ ပြည့်သူခေါင်ဆောင်တွေကိုဖမ်းဆီးသတ်ဖြတ်နေတယ်ဆိုရင်၊ အများပြည်သူအ တွေကောင်းကျိုးအတွက်

အသုံးချရမည့်ပြည်သူဘဏ္ဍာတွေကိုကိုယ်အဏာရှင်တစ်စုအတွက်ခိုးယူ နေမယ်ဆိုရင်ခေါင်းငုံခံကြဖို့ဘုရားကသင်မပေး

ပါဘူး။ သူတပါးအပေါ်မှာ မတရားတဲ့သူတစ်ယောက်ကိုလည်ပင်းမှာကြိတ်ဆုံကျာက်ဆွဲပြီပင်လယ်ထဲချစရာကောင်းတယ်

လို့ ယေဇူးဘုရားရှင်ကမိန့်တာ်မူပါတယ်။ ဟုတ်ပါတယ် ဘုရားသခင်ဆိုတာအတိုင်အဆမရှိ အနန္တချစ်တတ်ပါတယ်။

ဒါကြောင့်ရန်သူကိုတောင်ချစ်ရမယ်လို့မိန့်တော်မူတာ‌ပေါ့။ အဲ့ဒီလိုပဲဘုရားသခင်ဆိုတာတရားမျှတတယ်ဆိုတာကိုလည်း

မမေ့နဲ့အုံးလေ။ မိမိအ ဖော်ာ်သားအပါ်မတရားလုပ်ရင်တော့ဘုရားက တရားမျှတစွာစီရင်ပါလိပ်မယ်။ ယေဇူးဘုရားရှင်မိန့်

တော်မူတဲ့ "ခွင့်လွှတ်ခြင်းမရှိသောအစေခံပုံဉပမာ" (ရှင်မာ‌တေဦး ၁၇) မှာဘုရင်အပါ်တာလင်တစ်သာင်းအကြွေးတင်တဲ့

အ‌စေခံတစ်ယာက်ကို ဘုရင်ကသနာပြီးခွင့်လွတ်လိုက်တယ်။ တာလင်တစ်‌သောင်းဆိုတာနှစ်‌ပေါင်း (၃၀) လောက်အလုပ်

လုပ်မှ ကျေမည့်ပိုက်ဆံတွပါ။ ဒီလောက်ငွေအမျကြီကိုဘုရင်က ပြန်မတာင်းတာ့ပဲခွင့်လွတ်လိုက်ပေးမဲ့ ဒီအစေခံက

သူအ‌ဖော်သားတခြားအစေခံ တယောက်စီကနေ ဒေနာရီတစ်ရာအ ကြွေတောင်းသတဲ့။ ဒေနာရီတစ်ရာဆိုတာ၂လ ၃လ

လောက်အလုပ်လုပ်တာနဲ့ ကျေမည်ပိုက်ဆံနဲနဲ လေးပါ။ ဒါတောင်ချက်ခြင်းပြန်မဆပ်လိုဆိုပြီသူကိုထောင်ထဲချထားပါ

တယ်။ ဒီသတင်းကိုဘုရင်ကကြားပြီတော့ ကိုယ်အဖော်သားအစေခံကိုမခွင့်လွတ်တဲ့သူကိုပြန်ခေါ်ပြီး " ငါကမင်းကိုသနား

လို့ငွေအများကြီးအ‌ကြွေးတင်တာတောင် နပြားမှပြန်မပေးနဲ့တာ့လို့ခွင့်လွတ်သလို့ မင်းကလည်းမင်းအဖော်ကိုမခွင်လွတ်

လာဆိုပြီးသူကို ထောင်ထဲချထားလိုက်ပါတယ်။ ဘုရင်ကပထမတာ့တစ်ပြားမှပြန်မ ပေးနဲ့တော့လို့ခွင့်လွတ်ခဲ့ပေမဲ့ အခု

တော့တစ်ပြားမကျန်မပေးမချင်း ထောင်ထဲကမထွက်ရလို့စီရင်လိုက်ပါတယ်။ တစ်ပြားမကျန်အကုန်အစင်ပြန်တောင်းတဲ့

ဘုရား နဲနဲလေးမှ ‌‌‌‌‌‌‌‌‌‌မလျောတဲ့ဘုရား ဘယ်လောက်တရားမျှတသလဲ။ သူတပါး အပေါ်မှာမတရားလုပ်တဲ့သူကိုဘုရားက

အကြိမ်(၇၀)  (၇) လီခွင့်လွတ်ခဲ့လို့လား။ မတရားတဲ့တရားသူကြီးပုံပြင်ထဲမှာလည်းမုတ်ဆိုမကသူအမှုကိုတရားမျှတစွာ

စီရင် ပေးဖို့ခဏ ခဏလာ တောင်း ဆို နေတဲ့အခါအဒဲဒီမတရားတဲ့တရားသူကြီက‌တောင် တရားမျှတစွာစီရင် ပေးလိုက်

ရသတဲ့။  အဲဒီလို့တရားမျှတတဲ့ဘုရာင်သခင်က (လုကာ ၁၈:၇) မှာ ဘရားသခင်သည် မိမိရွေးကာင်တော်မူသောသူတို့က

နေ့ ညမပြတ် မိမိထံအော်ဟစ်တောင်းလျှာက်ကြလျှင်သူတိုဘက်မှ တရားမျှတစွာမပြုမူဘဲနမည်လာ့။ ကိုယ် တော်ာ်သည်

သူတိုကို ကူညီမစရန်နှောင့်နှေးတော်မူမည်လော့။ ဘုရားသခင်ကမတရားသဖြင့်ခံ ‌နေန့ရတဲ့ အများပြည်သူတွဘက်မှာပါဝင်

နေလို့ နေ့ ည မပြက်ဆုတောင်းကြပါ။ မိုးဇက် ခေတ်တုန်းက အီဂျစ်ပြည်မှာ မတရားသဖြင့် ကျွန်ခံနေရတဲ့ အီဇရာအဲလ်

လူမျို တွေကို ဘုရားသခင်က ကယ်တင်ခဲ့သလို။ ဘုရားသခင်က မတရားလုပ်တဲ့သူတွကိုမုန်တီပါတယ်။ ဒါကြောင့်

ရန်သူကိုချစ်လာ့ဆိုတဲ့ ကျမ်းပိုဒ်တစ်ခုတည်းကိုကြည့်ပြီးဘုရားသခင်ရဲ့ စိတ်သဘေားထားကိုဆုံဖြတ်လို့မရပါဘူး။

ကျမ်းစာအလုံးကိုကြည့်ပြီမှဘုရားသခင်ရဲ့စိတ်နေသဘောထားအမှန်ကိုသိရပါလိပ်မယ်။ ကောင်းသောသူ၊ မကောင်း

သောသူတို့အပေါ်မှာမေတ္တာထားနိုင်တဲ့ဘုရားရဲ့သားသ္မီးး များပီသအောင်ကျင်ကြံ နေထိုင်သွားကျပါစို့။ နားစဉ်သူ

အားလုံးအပေါ်ဘုရားသခင်ရဲ့ ကောင်းကြီမင်္ဂလာများခံစာကြရပါစ။

 

Add new comment

9 + 10 =