ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလတတိယသီတင်းပတ် တနင်္ဂနွေနေ့ သြဝါဒ ၂၂၊ ၁၊ ၂၀၂၃

သာမန်ကာလတတိယသိတင်းပတ် တနင်္ဂနွေနေ့  (ရှင်မာတေဦး ၄း၁၂-၂၃)

 ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ရည်စူးဘုရားရှင်က ပထမဆုံးတရား‌‌ဒေသနာဟောကြားဖို့အတွက်

နာဇရက် မြို့ကနေ လူဦးရေထူထပ်တဲ့ ကာဖါနာအုံမြို့သို့ သွားရောက်နေထိုင်ခဲ့ပါတယ်။ အက်ဒီပင်လယ်ကမနားတစ်

လျှာက် ယေဇူးဘုရားရှင် တရားဒေသနာဟောကြာတာက အမှောင်ထဲမှာရှိနေကြတဲ့ လူတွေအတွက် အလင်းကိုမြင်

ရသလိုပဲဖြစ်လာကြပုံကို ရှေ့ပရောဖက်ကာ ကြိုတင်ဟောပြောခဲ့ပါတယ်။ မှောင်တွင်ရှိနေကြသောသူတို့သည်ကြီးစွာ

သောအလင်းကို မြင်ကြ ရပြီး။ သေမင်းနိုင်ငံ၏အရိပ်တွင် နေ့တိုင်းကြသောသူတို့အပေါ် သို့ အလင်းပေါ်ထွန်းလေပြီ

လို့ကြိုတင်‌ဟောပြောခဲ့ပါတယ်။ ယေဇူးဘုရားရှင် တရားမဟောပြောခင်က လူ့‌တွေဟာအမှောင်ထဲမှာ နေကြရသလို့

ဘာမှမမြင်၊ ဘာမှမသိကြပါဘူး။ ငါတို့လူတွေ ဘယ်ကစဖြစ်လာကျတာလဲ ‌‌မေးကြည့်မသိကြဘူး။ ငါတို့လူတွေဒီကမ္ဘာ

လောကမှာ ဘာအတွယ်အသက်ရှင်နေကြတာလဲ။ အသက်ရှင်းရတာ ဘာအဓိပ္ပါယ်လဲမေးကြည့်မသိဘူး။ ငါတိုလူတွေ

သေပြီးရင်ဘာဖြစ်မလဲ၊ ဘယ်ရောက်မလဲမေကြည်မသေဘူး။ အဲ့ဒီလို‌သေမင်းနိုင်ငံရဲ အရိပ်မှာနေထိုင်ကြတဲ့ လူတွေလို

ဖြစ်နေတယ်။ သေမင်းနိုင်ငံရဲ့ လောင်းရိပ်မိနေလို မဖွံ့ဖြိုးမတိုးတက်နိုင်ကြဘူး။ အခု‌သေမင်းနိုင်ငံထဲ့ကို ယေဇူးဘုရားရှင်

လူ့အဖြစ်နဲ့ကြွဝင်လာကတည်းက ကောင်းတယ်နိုင်ငံတော်ဟာ စတင်ရောက်ရှိလာပါတော့တယ်။ ယေဇူးဘုရားရှင်ပထမ

ဆုံး ဟောကြားတဲ့တရားက တရုတ်ဟာ သံယောဟန်ဗတ္တိစတား ဟောကြားသလို နောင်တရကြလော့လို့ဟောကြားပါ

တယ်။ နောင်တရခိုက်တာက အဖြစ်လုပ်ချင်တဲ့စိတ်ထားကနေ ဘုရားသခင်အစကားကို နားခံချင်တဲ့စိတ်သို့ပြောင်းလဲ

ခက်တာပါ။ တကိုယ်ကောင်းဆံတတ်တဲ့စိတ်ကနေ မိမိကိုယ်ကိုချစ်တလို သူတစ်ပါးကိုချစ်ခိုင်းတာပါ။ "နောင်တရကြ

လော့ ကောင်းကင်နိုင်ငံတော်သည် နီးလာပြီ" လို့ ဟောကြားပါတယ်။ ယေဇူးဘုရားရှင် လူ့အဖြစ်နဲ့ ဒီကမ္ဘာလောကထဲ

ကြွလာကတည်းက ကောင်းကင်နိုင်ငံတော်ဟာ စတင်ခဲ့ပါတယ်။ ဘယ်တော့မှ ကောင်းကင်နိုင်ငံတော်ကို ထင်ထင်ရှားရှား

ပေါ်ပေါ်လွင်လွင် သိမြင်ရမလဲဆိုတော့ ယေဇူးဘုရားရှင် ဒုတိယအကြိမ် ကြွာလာပြီး လူယုတ်မာတွေကို တရားစီရင်ပြီး

အပြီးအပိုင်း ဖယ်ရှားသုတ်သင်ပြီးတဲ့အခါ ကောင်းကင်နိုင်ငံတော်ဟာ ပီပီပြင်ပြင် ဖြစ်လာတော့မှာပါ။ အခု‌ယေဇူးဘုရား

 မိန့်တော်မူသလို "ကောင်းကင်နိုင်ငံတော်သည် နီးလာပြီ" ဆိုတာ ဘယ်လောက်တောင်နီးလာသလဲဆိုရင် သင်ကသင်အ

ပြစ်များအတွက် နောင်တရလိုက်တာနဲ့ တပြိုင်နက် သင်ဟာ ကောင်းကင်နိုင်ငံတော်ထဲမှာ ပါဝင်ပြီးသားဖြစ်သွားပြီ။ အဲဒီ

လောက်အထိနီးပါတယ်။ သင်က ကိုယ်ကြိုက်တာ ကိုယ်မလုပ်တော့ဘူး။ ဘုရားကြိုက်တာပဲလုပ်တော့မယ်လို့ စိတ်ဆုံး

ဖြတ်ချက်ချတာနဲ့တပြိုင်နက် သင်က‌ကောင်းကင်နိုင်ငံတော်ထဲကို ရောက်ပြီးသားဖြစ်သွားပါပြီ။ အဲဒီလောက်အထိ ကောင်း

ကင်နိုင်ငံတော်က နီးပါတယ်။ ပင်လယ်ကမ်းနားမှာ တံငါသည်လုပ်နေတဲ့ ပေရူးနှင့် သူ့ရဲ့ညီ အန်န္ဒြူး၊ ယာကုဒ်နဲ သူ့ရဲ့ညီ

ယောဟန်တို့က ယေဇူးဘုရားရှင်က " ငါ့နောက်သို့လိုက်လော့ငါသည်သင်တို့အား လူကိုဖမ်းသာတံငါသည်များဖြစ်စေသည်"

လို့ မိန့်တော်မူပြီးသူ့နောက်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ လူကိုဖမ်းတဲ့တံငါသည်စေမယ်တဲ့။ တံငါသည်က ငါးကို ပိုက်ကွန်နဲ့ ဆွဲခေါ်

သလို တပည့်တော်ကြီးတွေကလည်း လူတွေကိုယေဇူးဘုရားရှင်ထံ ဆွဲခေါ်နိုင်ဖို့ဖိတ်ခေါ်ထားဖြစ်ပါတယ်။ တပည့်တော်ကြီး

တွေလဲအခုလုပ်ကိုင်နေကြတဲ့ စီးပွားရေးအမြတ်အစွန်းကနေ ဝိညာဉ်ရေးအကျိုးအမြတ်ရဖို့ သူထူးရဲ့စီးပွားရေးကိုစွန့်လွှတ်ခဲ့

ကြတယ်။ တပည့်တော်ကြီးတွေကယေဇူးဘုရားရှင်ရဲ့ ဖိတ်ခေါ်ထားကိုချက်ခြင်းထလိုက်လာကြပေမယ့် တပည့်‌တော်ကြီးတွေ

မှာ ပြုပြင်ပြောင်းလဲစရာတွေ ရှိနေပါသေးတယ်။ ဒါကြောင့် သုံးနှစ်သုံးမိုး ယေဇူးဘုရားရှင်နဲ့ အတူ‌နေထိုင်ခြင်းအားဖြင့် သူတို့

ကိုပေါ်ယံ ယုံကြည်ခြင်းကတကယ်စစ်မှန်တဲ့ သေချာတဲ့ယုံကြည်ခြင်း ဖြစ်လာပါတော့တယ်။ ဘုရားတရားအကြောင်းအပေါ်ယံ

လောက်သာသိနားလည်ရာကနေ သုံးနှစ်သုံးမိုး ဘုရားရှင်နဲ့ တွေ့ကြုံခံစားလိုက်လို့ ဘုရားသခင်အကြောင်းကို ပိုသိလာကြရ

ပါပြီ။ နောက်ဆုံးမိမိအသက်ကိုတောင်အသေခံတဲ့အထိ ယုံကြည်ကိုဝန်ခံနိုင်ခဲ့ကြပါတယ်။ တပည့်တော်ကြီးတွေက‌ ယေဇူး

ဘုရားရှင်ရဲ့ လူနောက်တော်ကိုမဆိုင်းမတွ ချက်ခြင်းလိုက်ခဲ့ကြသလို ကျနော်တို့ဘာသာသူတွေကိုလည်း ဘုရားရှင်က‌နေ့တိုင်း

ခေါ်နေပါတယ်။ တပည့်တော်ကြီးတွေလိုပဲ ယေဇူးဘုရားရှင်ကခေါ်နေတာကို ချက်ခြင်းလိုက်နာကြပါ။ အဲဒီလိုနောက်တော်သို့

လိုက်ပြီးဘုရားနဲ့အတူရှိနေခြင်းအားဖြင့် သင့်ဘဝဟာတစ်နေ့တစ်ခြား တဖန်ပြောင်းလဲလာပါလိမ့်မယ်။နားစဉ်သူအားလုံး

အပေါ် ဘုရားသခင် ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။

 

Add new comment

1 + 2 =