ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလဆဌမသီတင်းပတ် တနင်္ဂနွေနေ့ သြဝါဒ ၁၂၊ ၂၊ ၂၀၂၃

သာမန်ကာလဆဌမသီတင်းပတ်တနင်္ဂနွေနေ့ (ရှင်မာတေဦး ၅း၁၇-၃၇)

 သခင်ယေဇူးဆင်းကြွလာတာကရှေ့ပညတ်တော်များကိုပယ်ဖျပ်ဖို့လာတာမဟုတ်ဘဲ့။ ပညတ်တော်များကိုပြည့်စုံ စေဖို့လာတာ

ဖြစ်တယ်လို့မိန့်တော်မူပါတယ်။ သခင်ယေဇူးကိုယ်တော်တိုင်ကလည်းမိုးဇယ်မှာ တဆင့်ရရှိခဲ့တဲ့ပညတ်တော်(၁၀) ပါးကို

အပြည့်အဝလိုက်နာခဲ့ပါတယ်။ ဒါကြောင့် အဲဒီဓမ္မဟာင်းကပညတ်တော်(၁၀)ပါးကို ယ‌နေ့ကျနာ်တိုခေတ်ကလူတွကလည်း

လိုက်နာရပါမယ်။ အဲဒီဓမ္မဟာင်းကပညတ်တော်ာ်တွေကိုပြည့်စုံစဖို့သခင်ယေဇူးကဆင်းကြွလာတာဖြစ်တယ်။ ပညတ်တော်

တွေကို လူတွေကလိုက်နာကြတဲအခါဘာတွလိုအပ်နေလို့ ခင်ယေဇူးကပြည့်စုံစမှာလဲ။ ပြသာနာကတာ့လူတွကပညတ်တာ်တွ

ကိုအပါ်ယံအပြုအမူနဲ့သာလိုက်နာကြပြီး စိတ်နှလုံးသာကတာ့ပညတ်တော်တွေကိုချိုးဖာက်ပြီးအပြစ်လုပ်နေကြလို့ပါပဲ။

ဥပမာ ပညတ်တော်ကလူအသက်ကိုမသတ်ရဆိုလိုသာလူသတ်တဲ့အပြုအမူကိုရှာင်တာပါ။ စိတ်ထဲကတော့သတ်ချင်နေ

လောက်အောင် ဒေါသထွက်နနေတာပါဘဲ့။ ဒါဆိုရင်အက်ဒီလူက ဘုရားရဲ့ပညတ်တာ်ကို လိုက်နာရာမရောက်တာ့ပဲ

လူသတ်မှုကြီးကိုကျူလွန်သလို အပြစ်ကြီးပြုတာပါအဲ့။ ဒါကြောင့် သခင်ယေဇူးက "လူသတ်တာ၊ မသတ်တာကို အသာ

ထားအုံး လူတစ်ယောက်ကို့ကိုယ်စိတ်ထဲ့ကအဆမတန် ဒေါသထွက်ရင်ကို ဒါဟာလူသတ်မှုလို အပြစ်ကြီးကျူးလွန်လိုက်

တာပါပဲ" တဲ့။ ဒီလိုပဲအမျိုးသ္မီးတစ်ယောက်ကို ကာမဂုဏ်စိတ်နဲ့တက်မတ်စွာကြည့်တဲ့သူဟာလည်းကာမဂုဏ်အပြစ်ကြီးကို

ကျူးလွန်လိုက်တာပါဘဲ။ ပညတ်တော်တွေပးတားတဲ့ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကလည်း  အ‌ပေါ်ပြင်အပြုအမူအကျင့်

နဲ့အပြစ်ကျူးလွန်တာတင်မကစိတ်ထဲ့ကပါသန့်ရှင်ဖို့ ဘုရားသခင်ကလိုလာပါတယ်။ 

 ဒါကြောင့် လူတစ်ယာက်ဟာဘုရားသခင်စီကိုလှူဖွယ်ဝတ္ထုနဲ့ပူဇာ်ဖို့လာတဲ့အခါကိုယ့်စိတ်ထဲ့မှာက လိပ်ပြာမလုံ၊ စိတ်မသန့်၊

တခြားလူတယောက်နဲ့ရန်ဖြစ်ထားတာအစဉ် မပြေတာကို စဉ်းစားမိရင်ကိုယ့်လှူဖွယ်သက္ကာယ၊ လှူဖွယ်ဝတ္ထုကိုဘုရားစင်

ရှေ့မှာခဏထားခဲ့ မပူဇော်နဲ့အုံး၊ ကိုယ့်နဲ့ အစဉ် မ‌‌ပြေနေတဲ့လူနဲ့ပြန်လည် ကျေးအေးသင့်မြတ်အာင် အရင်သွာလုပ်ပြီမှာ ပြန်

လာပူဇော်ပါ ပြန်လာဆုတောင်းဝတ်ပြုပါ နို့မို့ရင်ဘာမျှအကျိုးမရှိပါဘူး။ ဒါကြောင့်ကျနော်တိုဝတ်ပြုကိုးကွယ်ဖို့အတွက်

ဘုရား‌ကျောင်းကိုလာရင် ကိုယ့်မှာစိတ်သန့်ရက်လား၊ လိပ်ပြာလုံရဲ့လား၊ ခွင့်လွတ်ကျေးအေးတာင်းပန်းစရာတွေးများ ကျန်

ရှိနသးသလား။ သင့်စိတ်အတွင်းကဘာတွေဖြစ်နေသလဲ့ဆိုတာဂရုပြုပါ။ စိတ်အတွင်းကိစ္စဟာဘာလိုဒီလောက် အရေးကြီ

းတာလည်းဆိုရင် ယေဇူးဘုရားရှင်မိန့်တာ်မူထားတာက " ကောင်းကင်နိုင်ငံတာ်ဆိုတာဟိုမှာရှိတယ်၊ ဒီမှရှိတယ်"လို့ လက်

ညိုးထိုးပြစရာမဟာတ်ပါဘူး။  ကောင်းကင်နိုင်ငံတာ်ဟာ သင့်တို့အတွင်းမှာ၊ သင့်တို့အလယ်မှာရှိတယ်လို့မိန့်တာ်မူပါတယ်။

အတွင်းစိတ်ထဲ့သန့်ရှင်ပြီးကျင့်ဆောက်တည်စဖို့ဘုရားသခင်ကလိုလာပါတယ်။ ဒါကြောင့် ယေဇူးဘုရားရှင်က " သင့်တို့၏

အကျင့်သည်ဖါရီဇေဦးတွေ၊ ကျမ်းတက်ဆရာတွေရဲ့အကျင့်ထက်မမြတ်မသာလျှင် သင့် တို့သည်ကောင်းကင်နိုင်ငံတော်ကို

ဝင်ရလိပ်မည်မဟုတ်" လို့မိန်တော်မူခုင်းဖြစ်ပါတယ်။ ဖါရီဇေဦးတွေ၊ ကျမ်းတက်ဆရားတွေရဲ့ အကျင့်တွေကဘာဖြစ်နလို့လဲ။

သူတို့ပညတ်တော်တွေကိုအပါ်ယံ အပြုအမူနဲ့သာကျင့်ဆာက်တည်ပြီးသူတို့ရဲ့ နှလုံးသားကတော့ စိတ်ကောင်းနှလုံးကာင်းမ

ထာကြပါဘူး။ သူတို့ရဲ့စိတ်နှလုံးသားကို ပြုပြင်ပြောင်းလဲပေးမည့်ဘုရားသခင်ကိုသူတို့ကလက်မခံကြဘူး။ ဒါကြောင့် သူတို့

အကျင့်ထက်သာပြီးမြင့်မြတ်စရာလိုတယ်လို့သတိပေးထယးပါတယ်။

  လူအသက်ကိုသတ်ခြင်းက အလွန်းကြီးလေးတဲ့အပြစ်ဖြစ်သလိုဒေါသထွက်ခြင်းကလည်း ကြီးလေးတဲ့အပြစ်ပါဘဲ။  ဘာလို

လည်းဆိုတော့ ဘုရားသခင်ကတပါးသူတွေကိုချစ်ဖို ပညတ်တော်ပေးခဲ့တာကို လူကမချစ်ဘူးမှန်းတီးခက်ထန်လိုပါဘဲ။

လူအသက်ကိုမသက်ရဆိုတဲ့ ဘုရားရဲပညတ်တော်ကို မကျူးလွန်မီဖို့ ပိုယ့်ရဲ့အပြုအမူကိုထိန်ချူထားသလို ကိုယ့်ရဲ့စိတ်ကို

လည်းဒေါသတောင်မထွက်မိ စေဖို့ထိန်းချုပ်တာကိုပါဘုရားကသင့်ဆီကလို့လားပါတယ်။ ဘာသာသူညီအစ်ကိုမာင်နှမအ

ပေါင်းတို့လည်းဘူသာတရားတာ်ကို အပြုအမူအကျင့်အကြံတို့ဖြင့် ကျင့်ဆောက်တည်နေကြသလို ကိုယ့်ရဲ့အတွင်းစိတ်ထဲ့မှ

ာလည်း စိတ်ကောင်းနှလုံးကာင်းထားနိုင်ဖို့မိမိကိုယ့်ကို သတိပြုကြပါစို့။ နားစဉ်သူအားလုံးအပေါ်  ဘုရားသခင်ကာင်းကြီး

မင်္ဂလားများခံစားကြရပါစ။

Add new comment

12 + 8 =