ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သခင်ယေဇူးမွေးနေ့ ဒီဇင်ဘာလ၂၅ရက်နေ့ သြဝါဒ ၂၅၊ ၁၂၊ ၂၀၂၂

Merry Christmas to you all  

သင်တို့အားလုံးပေါ်ခရစ္စမတ်ကာင်းကြီးများသို့ရောက်ပါစေ။ မြေကြီးပေါ်၌လည်း စိတ်ကောက်နှလုံးကောင်းရှိသူတို့

အားငြိမ်ချမ်းသာယာခြင်းပါစေ။ ယေဇူးဘုရားရှင်ကလူ့အဖြစ်နဲ့မွေးဖွားခံတယ်။ လူ့အဖြစ်နဲ့မွေးဖွားခင်ကတည်းက

ယေဇူးဘုရားရှင်က ဘုရားသခင်ဖြစ်တော်မူပါတယ်။ ဒါကြောင့်ယေဇူးဘုရားရှင်ကဘဝမှာ တရားကျင့်လို့ဘုရားဖြစ်

တာမဟုတ်ပါဘူး။ အစကတည်းကဘုရားဖြစ်ပြီးသားပါ။ လူတွေကိုဖန်ဆင်းတဲ့ဘုရားဖြစ်ပါတယ်။ ယေဇူးဘုရားက

ခုလိုလူအဖြစ်နဲ့မွေးဖွားခံတာက လူတွေကိုအပြစ်မှကယ်တင်ဖိုအတိုချုပ်ပြောကြပါတယ်။ ဒီထက်ရှင်းအောင်ပြောရ

မယ်ဆိုရင်လူတွေကိုထောက်ဝရအသက်ရစေဖို့၊ ဘုရားကလူအဖြစ်နဲ့‌‌မွေးဖွားခံခဲတာပါ။ အဲဒီအခါယေဇူးဘုရားရှင်

ကိုလူ့အဖြစ်နဲကျနော်တို့အလယ်မှတွေ့မြင်ရတော့သူ့နေပုံထိုင်ပုံတွေကိုမြင်တွေ့ရတော့ကျင့်ကြံရတယ်အတုယူရတယ်။

သူဟောပြောတဲ့တရားတွေကိုကြားရပြီးတော့ အဲဒီတရား‌တော်အတိုင်းကျင့်ကြံနိုင်ကြတယ်။ ဒါမှတဆင့်လူသားတွေ

ဟာ ဘဝမှာဘယ်လိုအသက်ရှင်ရမလဲဆိုတာသိလားကြပြီ ဘယ်လိုချစ်ရမလဲဆိုတာလည်းသိလာကြာပြီ။ ဘယ်လို‌‌

ကောင်းရမလဲဆိုတာလဲကြားပြီးဘယ်လိုရှင်းသန်စင်ကြယ်ရမလဲဆိုတာသိလာကြပြီ။ ဒါမှသာခုနကပြောခဲ့တဲ့အတိုင်း

လူတွေဟာထာဝရအသက်ရနိုင်တော့မယ်။ ကျေကျေနပ်နပ်ကြည့်ကြည့်နူးနူးအသက်ရှင်နိုင်တော့မယ်။ ဂုဏ်သိက်ခါရှိ

တဲ့လူတွေဖြစ်လာနိုင်။ ကမ္ဘာပေါ်မှာလူအများဟာ ယေဇူဘုရားနဲ့အတူအသက်မရှင်ချင်ကြဘူး။ ယေဇူးဘုရားရဲ့တရား

တော်တွေကိုမကျင့်ကြံချင်ကြဘူး။ ဘုရားကြိုက်တာလို့ဘူးကိုယ်ကြိုက်တာကိုယ်လုပ်တာဘဲ။ ဒါကြာင့်မ‌မကောင်းမှု

တွေပဲလုပ်နေကြတယ်။ ဒါကြောင့်အသက်ရှင်ရတာကျေနပ်မှုမရှိဘူး။ မကြည့်နူးဘူးဒေါသ၊ မောဟ၊ လောဘတွေနဲ့

မွန်နေတယ်။ ထာဝရအသက်ကိုလည်းမရနိုင်တော့ဘူး။ ကျမ်းစာထဲမှာရှင်ယောဟန်က (ပ) ၂:၁၅ လောကကိုချစ်

သောသူသည်ဘုရားသခင်ကိုမချစ်လို့ဆိုထားပါတယ်။ တချို့သူတွေကဘုရားနဲ့တရားနဲမ နေထိုင်ကြားဘူး။ ဘုရား

ကသူ့တို့ကိုဘယလောက်ချစ်သလည်းဆိုတာလည်းသူတိုမခံစာမိကြဘူး။ မိဘရဲ့ချစ်ကိုခံစားမိတဲ့သားသမီးတွေလိုပဲ

လောကထဲမှာ ယောင်လည်လည်နဲ့ ။ ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုချစ်ရမလဲ၊ သေပြီတော့ဘာမလဲဆိုတာတွေလဲမ

သိကြတော့ဘူး။ ဘုရားကကျနော်တို့လူတွေကိုဘယလောက်ချစ်သလဲဆိုတာယေဇူးဘုရားရှင်ကိုသာကြည့်ပါ။

ရှင်ယောဟန် ၃:၁၆မှာ ယေဇူးဘုရားရှင်ကိုယုံကြည်သောသူဟုသမျှကို မပျက်စီးစေဘဲ ထားဝရအသက်ကိုရစေဖို့

ဘုရားသခင်သည် မိမိ၏တပါးတည်းသောသားတော်ကိုစွန့်သည့်တိုင်အောင် ကမ္ဘာလောကသားတို့ကိုချစ်တော်မူ၏။

လူဟာဘုရားရဲ့အဆုံးမကိုနာခံတာနဲ့အမျှစိတ်ပျက်စရာတွေပိုများလာမယ်။ မုန်းတဲ့စိတ်တွေဝင်လာမယ်။ အလိုလိုကို

စိတ်တိုနေမယ်နောက်ဆုံးနေ့၌နဲ့ကမ္ဘာကြီးကိုတောင်နျူကလီယာဗုံးတွေနဲ့ဖျက်ဆီးသွားမည့် အခြေအနေကိုရောက်

နေပြီမဟုတ်လား။ ဘာသာသူတို့ ဘုရားတရားဟာသင်တို့ရဲ့အ‌ရေးကြီးတဲ့အပိုင်းဖြစ်နေတာ။ ဘုရားတရားဟာသင့်

ဘဝမှာမပါရင်ြဖစ်ပါဘူး။ ဘုရားတရားမပါတဲ့သူဟာ အပုတ်‌ကောင်ကြီကိုအရုပ်ဆောင်နေတဲ့တိုင်ဖြစ်‌နေမှာပါ။ ဘဝ

မှာဘုရားတရားနဲ့အတူရှင်သန်နေထိုင်တဲ့သူဟာ သည်လောကမှာသက်ရှင်ရတာလဲ ဘုရားကိုချစ်ဖို့တက်တက်ကြွကြွ

အသက်ပါပါရှင်သန်နေထိုင်သလို သေပြီးရင်လည်းသူချစ်တဲ့ဘုရားနဲ့အတူထာဝရအသက်ကိုရအုံးမယ်။ ကော်‌လော်

ဆေးဩဝါဒစာ ၃:၃မှာ သင်တို့သည်သေဆုံးခဲ့ပြီးဖြစ်၍ သင်တို့ဟာအပုတ်‌ေကာင်ကြီးဖြစ်ပေမဲ့ သင်တို့၏တကယ်အ

သက်တာသည် ခရစ်တော်နှင့်အတူဘုရားသခင် ၌ဝှက်ကွယ်လျက်ရှိသောကြောင့်တည်။ ယုံကြည်သူတွေဟာကိုယ့်ခန္ဓ

ာရှိနေလို့ အပုတ်ကောင်ကြီးဖြစ်နေပေမဲ့ သူတို့ရဲ့အသက်တာအစစ်ကတော့ ခရစ်တော်နှင့်အတူတူရှင်သန်နေကြပါ

တယ်။ ဘာရယ်ညာရယ်တော့မရှင်းပြတတ်ဘူး။ ဒါပေမယ့်ယေဇူးဘုရားရှင်ရဲ့စကားကို လိုက်နာကျင့်ကြံတာနဲ့  လူ

ကောင်းဖြစ်ရော ဘာရယ်ညာရယ်တော့မရှင်းပြတတ်ပါဘူး။ ယေဇူးဘုရားရှင်ကိုနားထောင်တာနဲ့ စိတ်မပျက်တော့ဘူး။

မျှော်လင့်ချက်တွေရှိလာပြီးစိတ်လည်းကြည်နူးလာပြီး။ ဘာသာသူတို့ဘုရားသခင်ကယေဇူးဘုရားရှင်ကို  လောကထဲ

သို့ဟန်ပြစေလွှတ်တာဟုတ်ပါဘူး။ သင်တို့တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ရုံ‌ေလာက်လေးအတွက်‌စေလွတ်တာမ

ဟုတ်ပါဘူး။ သင့်ဘဝတစ်ခုလုံး လူသစ်စိတ်သစ်နဲ့ ဘုရားနဲ့ပေါင်းနေတဲ့ဘဝအသက်တာဖြစ်လာဖို့တွက်စိတ်တာပါ။

ဒါကြောင့်းတနင်္ဂနွေနေ့ဘုရားကျောင်းတရုံလောက်လေးအတွက်ခရစ်ယာန်ဖြစ်မနေကြပါနဲဒီထက်ပိုပါတယ်။ စပျစ်

ပင်ရဲ့ကိက်အခက်တွေကစပျစ်ပင်နွယ်ခြင်းနဲခတ်ဆက်ထားဖို့ဆိုရင်အသီးတွေသီးနိုင်ကြသလိုကျနော်တို့ဘဝမှာလည်

းယေဇူးဘုရားရှင်နဲ့မချိပ်ဆက်ထားဘူးဆိုရင် ကောင်းကျိုးတွေအဖြစ်ထွန်းနိုင်ပါဘူး။ ဘုရားနဲ့ချိတ်ဆက်ရင်ဘဝမှာ

ဖြစ်လာမယ့်ကောင်းကျိုးတွေကတော့ ချစ်ခြင်းမြစ်တာထားတတ်လာမယ်။ မြှောက်ရွှင်လန်းနေမယ်။ စိတ်ချမ်းသာ

နေမယ်။ သနားကြင်နာတတ်မယ်။ စိတ်ကောင်းနှလုံးကောင်းထားလာမယ်။ ဖောက်လွဲဖောက်ပြန်မရှိ သစ်စာရှိမယ်။

အပြောအဆိုအမူတွေ နူးညံ့သိမ်မွေ့လာမယ်။ မိမိကိုယ်ကိုချုပ်တည်းလာမယ်။ ဆိုတာကမြင်သာထင်သာရှိလာပါ

တယ်။ မယုံရင်စမ်းကြည့်ပါ။ ဘုရားနှင့်မချိပ်ဆက်တဲ့လူ ကိုယ့်ဘဝမှာဘုရားကိုပစ်ပယ်ထားတဲ့လူဟာ အပြစ်တွေမျို

းဆိုလုပ်လာတတ်တယ်။ ဒါကြောင့်းဆာလံကျမ်း အခန်းကြီး ၁၄:၁မှာ ရူးမိုက်သောသူက ဘုရားဟူ၍မရှိဟု သူတို့

ကိုယ်သူတို့ပြောဆိုကြ၏။ သူတို့တည်အကျင်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကိုပြုကြလေပြီ ဆိုထားတဲ့

အတိုင်းဘယ်လိုအကျင့်ပျက်ပြားလာကြသလဲ။ လူ့အသက်ကိုသတ်တယ်၊ သူ့မယားကိုပြစ်မှားတယ်၊ ကားမကွိုက်

စားကြတယ်။ ခိုးယူတယ်၊ လာဘ်ပေးလာဘ်ယူနဲ့ ငွေညစ်တယ်။ မဟုတ်မမှန်တရားစွဲပြီး လူကောင်းတွေပြည်သူ့ခေါင်း

ဆောင်တွေကို ထောင်ချတယ်၊ သေဒဏ်ပေးတယ်။ ထောင်ချသေဒဏ်ပေးပြီးမဟုတ်မမှန် အသရေဖျက်တယ်။ ဒီလိုနဲ့ပဲ

လူထုခေါင်းဆောင်တွေကိုနံမည်ဖျက်တယ်။ ဘုရားကိုမကိုးကွယ်ပဲ၊ ရုပ်ထုကိုကိုးကွယ်တယ် ခိုက်ရန်ဖြစ်ပွားတယ်။

ဒေါသထွက်တယ်၊ တကိုယ်ကောင်းဆန်တယ် ဒါကတွေဟောင်းဘုရားကိုမဆည်းကပ်လို့ ဖြစ်လာတဲ့ဆိုးကျိုးတွေပါပဲ။

ဒီလိုဆိုးကျိုးတွေကနေ သင်တို့ကိုကယ်တယ်ဖို့ ရည်စူးဘုရားရှင်ဟာ လူ့အဖြစ်နဲ့မွေးဖွားလာခဲ့တာကို ကြိုဆိုနေလက်

ခံပါ။ သင့်ကိုမျှော်လင့်ချက်တွေရှင်သန်စေမယ်။ တွင်ကိုထားဝရအသက်ရှင်စေမည့် ကယ်တင်ရှင်ဘုရားရဲ့ တရားတော်

တွေကိုလက်ခံယုံကြည် ကျင့်တည်သွာသွားကြပါစို့။ နားစဉ်သူအားလုံးအပေါ် ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာများ

ခံစားကြရပါစေ။

 

 

Add new comment

11 + 0 =