ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ဝါတွင်းကာလပထမသီတင်းပတ် တနင်္ဂနွေနေ့ သြဝါဒ ၂၆၊ ၂၊ ၂၀၂၃

ဝါတွင်းကာလပထမသီတင်းပတ်တနင်္ဂနွေနေ့ (ရှင်မာတေဦး ၄း၁-၁၁)

 ချစ်လှစွာသောညီအစ်ကိုမောင်နှမ အပေါင်းတို့ နတ်ဆိုးရဲ့နှောက်ယှက်ခြင်းတွေကိုဘယ်လို့ခုခံကာကွယ်ရမလဲဆို့တဲ့

အကြောင်း ယေဇူးဘူရားရှင်က ကိုယ်တော်တိုင်ခံထမ်းပြတော်မူခဲ့ပါတယ်။ ဒီကနေ့ကျမ်းစာထဲ့ကအတိုင်း ယေဇူ

းဘုရားရှင်က နတ်ဆိုးရဲ့နှောက်ယှက်ခြင်း ၃ ခုတည်းခံထမ်းခဲ့တာမဟုတ်ပါဘူး။ ယေဇူးဘုရားရှင်က ကျနော်တို့

လိုပဲ လူ့အသွေးအသားနဲ့ နေထိုင်ခဲ့တဲ့အတွက် ကျနော်တို့နတ်ဆိုး ရဲ့ နှောက်ယှက်ခြင်းကိုနေ့တိုင်းကြုံတွေနေရသ

လို ယေဇူးဘုရားရှင်းလည်းကြုံတွေတော်မူခဲရတာပါဘဲ။ ဒါပေမဲ့ ယေဇူးဘုရားရှင်ကတော့နတ်ဆိုးရဲ့နှောက်ယှက်

ခြင်းထဲ့မှာ ဘယ်တော့မှ မကျရောက်ခဲ့ပါဘူး။ "ငါသည်လောကကိုအောင်မြင်တော်မူခဲ့ပြီ" လို့ယေဇူဘုရားရှင်ကမိန့်

တော်မူခဲ့သလို ကျနော်တိုခံခမ်းနေရတဲ့နှောက်ယှက်ခြင်းအားလုံးကို ယေဇူးဘုရားရှင်က အောင်မြင်စွာခုခံနိုင်ခဲ့ပြီ

းပါပြီ။ ယနေ့ဖတ်ရတဲ့ကျမ်းစာထဲ့က  ယေဇူးဘုရားရှင်ခံထမ်းတော်မူတဲ့နှောက်ယှက်ခြင် ၃ မျိုးဟာ ကျနော်တို့ကြုံ

တွေ့နေရတဲ့ နှောက်ယှက်ခြင်းမျိုးတွေပါဘဲ။ ပထမနှောက်ယှက်ခြင်းက "အစားအစာစားခြင်းအားဖြင့်ပဲ အသက်

ရှင်ဖို့" နှောက်ယှက်တယ်။ ဆိုလိုတာကအစားအသောက်အတွက်ပဲအသက်ရှင်ဖို့ ဘုရားတရားအတွက်အချိန်မပေး

နိုင်ဖို့ ဘုရားအတွက်အသက်မရှင်ဖို့တိရစ္ဆာန်လိုပဲ အစားအသောက်အတွက်ပဲအသက်ရှင်ဖို့နှောက်ယှက်တယ်။

နတ်ဆိုးကလူကိုနှောက်ယှက်တဲ့စကားထဲ့မှာ အမှန်တစ်ဝက်ပါပြီ နှောက်ယှက်တယ် ဟုတ်တယ်လေ လူဖြစ်လာ

ရင်ကိုယ်စားဖို့ ကိုယ်ဘဝရပ်တည်ဖို့ကြိုးစာရမယ်။ အဲဒါဟာ အမှန်တရားပဲ။ အဲဒီအမှန်တရားကိုအသုံးချပြီး

နတ်ဆိုးကနှောက်ယှက်တယ် "သင်သည်ဘုရားသခင်၏ သားတော်မှန်လျှင်ဤ ကျောက်ခဲများကိုပေါင်မုန့်ဖြစ်

အောင်လုပ်စားပါ" နတ်ဆို့နှောက်ယှက်တဲ့ စကားထဲ့မှအာမှန်တာပါတယ်လေ။ သခင်ယေဇူးကဘုရားရဲ့သားတော်

မှန်တယ်လေ မှန်တယ်ဆိုရင်ကျောက်ခဲကိုမုန့်ဖြစ်အောင်လုပ်စာပြပါလား? ဘာဖြစ်လို့ဗိုက်စာခံနေတာလဲ? နတ်ဆို

းကဒီလို့စကားလုံးသုံးပြီးနှောက်ယှက်တော့ သားတော်ဘုရားဖြစ်တယ်။ ဆိုတဲ့အမှနန်တရားကိုလက်တွေ့ပြလိုက်

ချင်စိတ်ပေါက်သွားတာဘဲ ဒီအမှန်တရားနဲ့ အခုလောလောဆယ်ကြုံတွေ့နေတဲ့ဗိုက်ဆာတဲ့ပြဿနာကိုဖြေရှင်လိုက်

တော့မှာလား ဘုရားသခင်ရဲ့အလိုတော်ကဘာလဲ "လူသည်အစားအစာအားဖြင့်သာအသက်ရှင်ရသည်မဟုတ်

ဘုရားသခင်၏ နှုတ်တော်ထွက်စးရှိသမျှဖြင့်လည်းအသက်ရှင်ရကြောင်းကိုကမ်းစာတော်မြတ်၌ ရေးထားသည်"

ဟုယေဇူးဘုရားရှင်က မိန့်တော်မူလိုက်ပါတယ်။ ဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားဖြင့်လည်းအသက်ရှင်ရ

တယ်ဆိုတော့ဘုရားရဲ့ နှုတ်တော်ထွကက်စကား ကျမ်းစာအားဖြင့်ဘယ်လို့အသက်ရှင်မလဲ ကိုယ့်ရဲ့အပြုအမူ

အနေအထိုင် အကျင့် အကြံ အတွေးခေါ်စဉ်စားပုံ တွေဟာဘုရားသခင်ရဲ့တရားတော်အတိုင်းနေတိုင်အသက်

ရှင်တာကိုခေါ်ပါတယ်။ နေ့တိုင်အစားအစာထမင်းကတော့ ၂နှပ်စားတာပါဗျာ။ ဒါအတွက်ရေးကြီးခွင်ကျယ်

လုပ်ပြီးတစ်ကုန်တစ်နေခမ်းစီးပွားရှားပြီးအချိန်ဖြုန်းမနေကြပါနဲ့ တစ်နေကုန်ထမင် း၃ ပန်းကန်လောက်ရှိ

ရင်ကိုအသက်ရှင်တယ်။ မပူနဲ့ အရေးကြီးတာက ဘုရားရဲ့တရားတော်အတိုင်းအသက်ရှင်ဖို့ပါဘဲ။

ဒုတိယနှောက်ယှက်ခြင်းကတော့ဗိမာန်တော်ထိပ်ဆုံးကနေအောက်ကိုခုံချခိုင်းတယ်။ ခုနာကပြောခဲ့သလို့နတ်

ဆိုးကလူကိုနှောက်ယှက်တဲ့အခါ အမှန်တစ်ဝက်နဲ့ နှောက်ယှက်တယ် "သင်သည်ဘုရားသခင်၏သားတော်မှန်လျှင်

ခုံချပြ" ခိုင်းတယ်။ နတ်ဆိုးပြေားတာမှန်တယ်လေ သခင်ယေဇူးက ဘုရားရဲ့သားတော်ပဲ ဒါအပြင်နတ်ဆိုးကဆာလံ

ကျမ်း ၉၁:၁၁ ကို ကိုးကားပြီးတော့ "ဘုရားသခင်သည်သင့်ကိုစောင့်ရှောက်ရန်ကောင်းကင်တမန်တော်တို့ကိုမိန့်မှာ

ထားတော်မူသောကြောင့် သင်၏ခြေကိုကျောက်ခဲတစ်လုံးနှင့်မျှ မထိခိုက်စေခြင်းငှာသူတို့သည်သင့်ကိုသူတို့၏

လက်များဖြင့်ချီမကြလိပ်မည်"လို့ကျမ်းစာကိုအသုံးချပြီးနှောက်ယှေက်တယ်။ ကျနော်တို့လည်းကျမ်းစာကိုကိုယ်

လိုသလိုဆွဲထုတ်ပြီးတလွဲအဓိပ္ပါယ်ကောက်တတ်ကြတယ်။ ကျမ်းစာတစ်အုပ်လုံးကဘာဆိုလိုတာလဲဆိုတာမရှာ

ဖွေပဲ။ ကိုယ်ကြိုတ်တာကိုယ်လုပ်နေကြတာဟာ နတ်ဆိုးရဲ့နှောက်ယှက်ခြင်းခံနေရတာပါဘဲ။ အဲဒီလိုနှောက်ယှက်

ခြင်း သခင်ယေဇူးကကြုံပေမဲ့ "သင်၏ဘုရားသခင်ကိုမစုံစမ်းရဘူး" လို့ပြန်ချေပလိုက်ပါတယ်။ ဘုရားသခင်က

ငါဆုတောင်းတာပေး မပေးစမ်းကြည့်အုံးမယ်ဆိုတဲ့သဘေားမျိုးရှိတာဟာ ဘုရားကိုစော်ကားတာဘဲ။ ဘုရား

ကိုမယုံကြည်တာဘဲ စိတ်မချတာပါဘဲ ဒါကြောင့်ယေဇူးဘုရားရှင်က "သင်တို့ဆုတောင်းသောအခါကိုယ်တောင်

းတဲ့ဆု ရပြီလို့သာမှတ်ယူပြီးဆုတောင်းကြရမယ်"လို့မိန့်တော်မူခဲ့ပါတယ်။ ဘုရားသခင်အပေါ်လုံးဝစိတ်ချယုံကြည်

စေချင်လို့ပါဘဲ။

 တတိယနှောက်ယှက်ခြင်းကတော့ “လောကစည်းစိမ်ဉစ္စာပစ္စည်တွေရဖို့ နတ်ဆိုးကိုကိုးကွယ်ပါ” လို့နှောက်ယှက်

တယ်။ တချို့လူတွေကလောကရဲ့ဉစ္စာပစ္စည်း အကျိုးစီးပွားတိုးတက်ဖို့နတ်ဆိုးကိုးကွယ်ကြတယ်တယ်။

နတ်ကနန်းပေကြတယ်။ ဗေဒင်မေးယတြာချေတတ်ကြတယ်။ ဒါဟာဘုရားထက်နတ်ဆိုးကိုပိုပြီးယုံကြည်အား

ကိုးတာပါပဲ။ ဒါကြောင့် ယေဇူးဘုရားရှင်က “ဘုရားသခင်ကိုသာယုံကြည်ကိုးကွယ်ရမယ်” လို့မိန့်တော်မူခဲ့ပါတယ်။

 အာဒန် နဲ့ ဧဝ နတ်ဆိုးရဲ့နှောက်ယှက်ခြင်းထဲ့မှာကျရှုံးတယ်ဆိုတာက သူတိုက ဘုရားသခင်ရဲ့စကားကိုမယုံလို့ပါ။

သခင်ယေဇူးကိုကြည့်ပါ နတ်ဆိုးနှောက်ယှက်ခြင်းကိုဘယ်လိုခုခံတိုက်ခိုက်ခဲ့သလဲ။ ကျောက်ခဲကနေပေါင်မုန့်ဖြစ်

အောင်လုပ်စားဖို့ နှောက်ယှက်တဲ့အခါ အစားအသောက်ထက် ဘုရားသခင်ရဲ့တရားတော်ကိုကျင့်ကြံနေထိုင်အသက်

ရှင်ဖို့ကအရေးကြီးတယ်လို့ယုံကြည်ပြီးနှောက်ယှက်ခြင်းထဲ့ကမကျရှုံးခဲ့ပါဘူး။ ဒီလိုပဲဘုရားသခင်ကိုမစုံစမ်းရ မယုံ

သင်္ကာမဖြစ်ရ။ ဘုရားသခင်တစ်ပါးတည်းကိုသာကိုးကွယ်ရမယ်ဆိုတာတွေကိုယုံကြည်ပြီး နှောက်ယှက်ခြင်းထဲ့မှ

ာမကျရှုံးခဲ့ပါဘူး။ ဘုရားသခင်ကခွင့်ပြုသလောက်သာ နတ်ဆိုးကလူကိုနှောက်နိုင်တာပါ။ ဒါကြောင့် လူတွေမခံ

ထမ်းနိုင်တဲ့နှောက်ယှက်ခြင်းမျိုးနဲ့ဘယ်တော့မှမနှောက်ယှက်စေပါဘူး ဆိုတာက နှောက်ယှက်ခြင်းအားလုံးကိုသင်

တို့ခံထမ်းအောင်မြင်နိုင်ပါတယ်။ လူတွေမခံထမ်းနိုင်တဲ့နှောက်ယှက်ခြင်းမျိုးကိုဘုရားကခွင့်ပြုမယ်ဆိုရင်ဘုရားက

မတရားသဖြင့်လုပ်သလို့ဖြစ်သွားမှာပေါ့။ ဘုရားသခင်ကလူတွေနှောက်ယှက်ခြင်းခံထမ်းရစေဖို့ နတ်ဆိုကိုဘာဖြစ်

လို့အခွင့်ပေရတာလဲ။ ဘာဖြစ်လို့လည်းဆိုတော့လူကနှောက်ယှက်ခြင်းတွေကိုအောင်းမြင်စွာခံထမ်းခြင်းအားဖြင့်

ဘုရားကိုဘယ်လောက်ချစ်ကြောင်းသက်သေပြနိုင်တယ်။ ကိုယ်ထက်အင်အားကြီးတဲ့နတ်ဆိုးရဲ့နှောက်ယှက်ခြင်း

တွေကိုနိုင်ဖို့အတွက်လူကဘုရားကိုပိုပြီးအားကိုးလာတော့မယ်။ နတ်ဆိုးကိုနိုင်စေမဲ့အားတန်ခိုးကျေးဇူးတွေကိုဘုရား

သခင်၊ အမိမယ်တော်နဲ့ ရဟန္တာတွေထံမှာဆုတောင်းခြင်းအားဖြင့်ရယူစေတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့်လူတွေရဲ့ဝိ

ညာဉ်ကောင်းကျိုးအတွက်ဘုရားသခင်ကလူတွေကိုနှောက်ယှက်စေဖိုနတ်ဆိုးကိုခွင့်ပြုတာဖြစ်ပါတယ်။

ယေဇူးဘုရားရှင်မိန့်တော်မူခဲ့တဲ့အတိုင်း “သင်သည်နှောက်ယှက်ခြင်းမခံရစေဖို့သတိထားပြီးဆုတောင်းကြပါ”

လို့ ဂျက်ဆေမာနီဉယျာဉ်ထဲ့မှာတပည်တော်ကြီးများကိုမှာသလို ကျနော်တို့ကိုလာ်းသတိပေးနေပါတယ်။ နားစဉ်

သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီမင်္ဂလာများခံစားကြရပါစေ။

Add new comment

3 + 5 =