ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) မယ်တော်သခင်မမိုးကောင်းကင်သို့ပင့်ဆောင်ခံရသောပွဲ တနင်္ဂနွေနေ့ ဩဝါဒ ၂၀၊ ၈၊ ၂၀၂၃

မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသောပွဲ
ရှင်လုကာ ၁း ၃၉ - ၅၆
မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရတဲ့ပွဲဟာ သြဂုတ်လ (၁၅) ရက်နေ့မှာ
ကျရောက်တာ ဖြစ်ပေမဲ့ ဘာသာသူအများ ဘုရားကျောင်းတက်နိုင်မည့် အနီးဆုံး တနင်္ဂနွေနေ့ကို
ရွှေ့ပြီး ကျင်းပကြပါတယ်။ တစ်နှစ်တာရဲ့ ပွဲတွေအထဲမှာ အကြီးကျယ်ဆုံးပွဲဆိုလည်း မမှားနိုင်ပါဘူး။
ဘာသာသူတွေ ဒီပွဲမှာ ဘုရားကျောင်းမတက်မဖြစ် ဝတ္တရားရှိရလောက်အောင် အရေးကြီးတာက
ဘာကြောင့်ပါလဲ။ မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ကိုယ်ခန္ဓာရော ဝိညာဉ်ပါ
ပင့်ဆောင်ခံရတဲ့ပွဲဟာ ဘာကြောင့် အရေးကြီးတာလဲ။ သခင်ယေဇူး သေရာမှပြန်ရှင်တဲ့ ပါစကားပွဲ၊
သခင်ယေဇူး ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောပွဲတွေ အရေးကြီးပွဲတွေ ကျင်းပနေရဲ့သားနဲ့
မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရတဲ့ပွဲက အရေးတကြီး ကျင်းပစရာ
လိုသေးလို့လားလို့ မေးကြပါလိမ့်မယ်။
မှန်ပါတယ်၊ သခင်ယေဇူး သေရာမှပြန်ရှင်တဲ့ ပါစကားပွဲ၊ သခင်ယေဇူး ကောင်းကင်ဘုံသို့
တက်<ကတဲ့ပွဲတွေကြောင့် ခရစ်ယာန်တွေက သခင်ယေဇူး သေရာမှပြန်ရှင်ကြောင်း၊ ကောင်းကင်ဘုံသို့
တက်<ကသွားကြောင်းတွေကို ယုံကြည်ရတာပေါ့။ သခင်ယေဇူးက သေရာမှပြန်ရှင်နိုင်လို့၊
ကောင်းကင်ဘုံသို့ တက်<ကနိုင်လို့ သခင်ယေဇူးကို အသက်ပေးပိုင်တဲ့ဘုရားဖြစ်တယ်လို့
ယုံကြည်လာစေပါတယ်။ သခင်ယေဇူးက ဘုရားဖြစ်လို့ သေရာမှပြန်နိုင်တယ်ဆိုလို့ လူဖြစ်တဲ့
မယ်တော်သခင်မကရော အဲဒီဘုရားရဲ့ တန်ခိုးတော်နဲ့ သေရာမှပြန်မရှင်နိုင်တော့ဘူးလား။
ဒါပေမဲ့ အခု ကျင်းပတဲ့ မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရတဲ့ပွဲကြောင့်
သေရာမှပြန်ရှင်တာက သခင်ယေဇူး တစ်ပါးတည်းအတွက်ပဲ မဟုတ်ဘူး၊ ကောင်းကင်ဘုံသို့
တက်<ကတာက သခင်ယေဇူး တစ်ပါးတည်းအတွက်ပဲ မဟုတ်ဘူး။ ခင်ဗျားတို့လို၊ ကျနော်တို့လို
လူတွေအတွက်လည်း သေရာမှပြန်ရှင်မယ်၊ ကောင်းကင်ဘုံသို့ ရောက်ကြမယ်ဆိုတာ
လူတစ်ယောက်ဖြစ်တဲ့ မယ်တော်သခင်မရဲ့ ကောင်းကင်ဘုံသို့ ကိုယ်ကာယရော ဝိညာဉ်ပါ
ပင့်ဆောင်ခံရတဲ့ပွဲက သက်သေခံနေပါတယ်။ မယ်တော်သခင်မကလည်း လူ၊ ကျနော်တို့ကလည်း
လူ၊ မယ်တော်သခင်မက ကိုယ်ကာယ (သေရာမှပြန်ရှင်တဲ့ကိုယ်ကာယ၊ အိုခြင်း၊ နာခြင်း၊
သေခြင်းမရှိတော့တဲ့ကိုယ်ကာယ)ရော၊ ဝိညာဉ်ပါ ကောင်းကင်ဘုံကို ရောက်ရှိတယ်ဆိုမှတော့
ကျနော်တို့ရဲ့ နောက်ဆုံးပန်းတိုင်ဟာ ကောင်းကင်ဘုံမှာ အိုခြင်း၊နာခြင်း၊
သေခြင်းမရှိတော့တဲ့ကိုယ်ကာယနဲ့ ထာဝရအသက်ရှင်ဖို့ပဲ ဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်။ ဒါဟာ
ကျနော်တို့ရဲ့ ယုံကြည်ရာအချက်ဖြစ်ပါတယ်။ ဒါကို မယုံတဲ့သူဟာ ကက်သလစ်ခရစ်ယာန်
မဖြစ်နိုင်တော့ပါဘူး။
ကိုယ်ကာယရော ဝိညာဉ်ပါ ကောင်းကင်ဘုံမှာ ထာဝရအသက်ရှင်ရမယ်ဆိုတာ ကျနော်တို့
ခရစ်ယာန်တွေရဲ့ မျှော်လင့်ခြင်း ဖြစ်ပါတယ်။ လောကမှာ မျှော်လင့်ခြင်းမရှိရင် ဆက်ရှင်နေလို့
မဖြစ်တော့ပါဘူး။ ဘာမျှ မျှော်လင့်စရာမှ မရှိတာ၊ ဘာအတွက် အသက်ရှင်နေအုံးမှာလဲ။ အဲဒါ
ကိုယ့်ကိုယ်ကို သတ်သေကြတဲ့လူတွေရဲ့ အတွေးအခေါ်ပါ။ အခု ဒီလောကမှာ ကျနော်တို့
မျှော်လင့်နေတဲ့ သေရာမှပြန်ရှင်ပြီး ကောင်းကင်ဘုံမှာ ထာဝရအသက်ရှင်မယ်ဆိုတဲ့ မျှော်လင့်ခြင်းက
အိပ်မက် မဟုတ်ဘူး၊ စိတ်ကူးယဉ် မဟုတ်ဘူး၊ တကယ်ဖြစ်ရပ်မှန် ဖြစ်ပါတယ်။ ယနေ့ဖတ်ရတဲ့
ဒုတိယကျမ်း ကော်ရိန့်သု သြဝါဒစာ ပထမစောင် ၁၅း၂၂ မှာ " လူအပေါင်းတို့သည် အာဒံ၌
သေကြရသကဲ့သို့ ထိုသူအားလုံးတို့သည် ခရစ်တော်၌ အသက်ရှင်ကြလိမ့်မည်။ သို့သော်
လူအသီးသီးတို့သည် မိမိတို့အလှည့်ကျ ရှင်ပြန်ထမြောက်ကြရမည်။ ခရစ်တော်သည် ပထမဦးစွာ
ရှင်ပြန်ထမြောက်တော်မူ၏။ ထို့နောက် ကိုယ်တော် ကလာတော်မူသောအခါ
ကိုယ်တော်၏နောက်လိုက်အဖွဲ့ဝင်တို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်။"
ကိုယ်တော်၏နောက်လိုက်တွေထဲမှာ မယ်တော်သခင်မက စံပြခရစ်ယာန်ဖြစ်တယ်ဆိုတာ
မယ်တော်ရဲ့ဘဝအသက်တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
မယ်တော်သခင်မက မွေးကတည်းက ဘုရားရဲ့ကျေးဇူးတော်ကြောင့် မိဘရင်းအပြစ် မပါပဲ
မွေးဖွားလာခဲ့တယ်။ သားတော်ဘုရားကို ထိုက်တန်စွာ မွေးဖွားပေးနိုင်ဖို့
သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ တန်ခိုးတော်ဖြင့် ပဋိသန္ဓေယူခဲ့တယ်။ သိကြားတမန်တော်မှတဆင့်
ကြားရတဲ့ဘုရားရဲ့ အမိန့်တော်ကို ယုံကြည်နာခံခဲ့တယ်။ "ကျွန်ုပ်ကား ဘုရားသခင်၏အစေခံဖြစ်ပါ၏။
သင်၏စကားအတိုင်း (ဘုရားသခင်၏အလိုတော်အတိုင်း) ကျွန်ုပ်၌ ဖြစ်ပါစေ"လို့ နာခံခဲ့တယ်။
သခင်ယေဇူးရဲ့ လူတွေကို ကယ်တင်ခြင်းမှာ မယ်တော်က အစမှအဆုံး ကားတိုင်ခြေရင်းမှာ
ပါဝင်ခံထမ်းခဲ့ပါတယ်။ သခင်ယေဇူး ကောင်းကင်ဘုံတက်<ကသွားပြီးနောက်ပိုင်း တပည့်တော်တွေကို
စုရုံးစေပြီး ဆုတောင်းကာ ဝိညာဉ်တော်ဘုရားရဲ့တန်ခိုး ကျေးဇူးတော်တွေကို ခံစားရစေပါတယ်။
အဲဒီလို စံပြခရစ်ယာန်ဖြစ်တဲ့ မယ်တော်ကို သားတော်ဘုရားက သချုႋင်းတွင်းမှာ ပုပ်ဆွေးစေပါ့မလား။
ချက်ချင်း သူ့မယ်တော်ကို ကောင်းကင်ဘုံသို့ ပင့်ဆောင်ခေါ်ယူမယ်ဆိုတာ သံသယမရှိပါဘူး။
ကောင်းကင်ဘုံသို့ သွားနေကြတဲ့ ကျနော်တို့ လောကခရီးသည်တွေအတွက်
သေချာတဲ့ပန်းတိုင်ဟာ ကောင်းကင်ဘုံက စောင့်နေပါတယ်ဆိုတာ သိစေချင်ပါတယ်။ အခု
လောကမှာ လူတချို့က နောက်ဘဝရှိတယ်ဆိုတာ မယုံကြည်ကြဘူး။ ဘုရားရှိတယ်ဆိုတာလည်း
မယုံကြည်ကြဘူး။
လူဟာ ဘယ်လိုလုပ် မသေနိုင်တဲ့အဖြစ်ကို ဝင်စားနိုင်မှာလဲလို့ မေးကြမယ်။ ဒါက လူ
မတတ်နိုင်ပါဘူး။ ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာ ဖြစ်နိုင်တာပါ။ မယ်တော်သခင်မရဲ့ ဘဝမှာလည်း
ဘုရားရဲ့ကျေးဇူးတော်က ဘယ်လိုကူညီပေးသလဲဆိုတာ မယ်တော်က ဖော်ကျူးထားပါတယ်။
မယ်တော်က ]]ငါ၏ဝိညာဉ်သည် သခင်ဘုရားကို ချီးမွမ်း၏။ ငါ၏စိတ်နှလုံးသည်လည်း
ငါ၏ကယ်တင်ရှင်ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ခြင်း ရှိ၏။ အကြောင်းမူကား ကိုယ်တော်သည်
မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူလေပြီ။ ယခုမှစ၍ ခပ်သိမ်းသောလူမျိုး
အစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟု ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား
တန်ခိုးကြီးတော်မူသောသခင်သည် ငါ့အဖို့ ကြီးမြတ်သောအမှုအရာတို့ကို ပြုတော်မူပြီ။
မယ်တော်သခင်မက သူမ ခံစားရတဲ့ ဘုရားရဲ့ ကျေးဇူးတော်ကို အမှီပြုပြီး အခက်အခဲ
ဒုက္ခတွေကို ခံထမ်းခဲ့တယ်။ စိတ်မပျက်ခဲ့ဖူးဘူး။ ဒါကြောင့် မယ်တော်သခင်မက ကျနော်တို့အတွက်
စံနမူနာယူရမည့် စံပြခရစ်ယာန်တစ်ယောက် ဖြစ်ပါတယ်။ ကျနော်တို့ ဆေးကြောခြင်းခံခဲ့တုံးက
ရရှိကြတဲ့ ဘုရားရဲ့သားသမီး ဖြစ်ရတဲ့ကျေးဇူးတော်၊ ကိုယ်တော်မြတ်ပင့်ယူခြင်းအားဖြင့် ဘုရားနဲ့
ပေါင်းစပ်နိုင်တဲ့ ကျေးဇူးတော်၊ ကျမ်းစာတွေ သြဝါဒတွေအားဖြင့် သိရှိရနိုင်တဲ့
အလင်းကျေးဇူးတော်တွေကို အမှီပြုပြီး မယ်တော်သခင်မလို ယုံယုံကြည်ကြည်နဲ့ ဘဝကို
လျှောက်လှမ်းပါ။ ကောင်းကင်ဘုံက ကျနော်တို့ကို စောင့်ကြိုနေပါတယ်။
နားဆင်သူအားလုံးအပေါ် ဘုရားသခင့် ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ

 

Add new comment

5 + 7 =