Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) မင်းသုံးပါးပွဲ တနင်္ဂနွေနေ့ သြဝါဒ ၈၊ ၁၊ ၂၀၂၃
မင်းသုံးပါးပွဲနေ့ရှင်မာတေဦး ၂း၁-၁၂
ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်တို့ ယေဇူဘုရားရှင်ကလူဖြစ်ကိုယူပြီး လူတယောက်လိုမွေးဖွားတာက တကမ္ဘာ
လုံးအတွက်ဖြစ်ပါတယ်။ ဒါကြောင့်တကမ္ဘာလုံးကမြင်နိုင်တဲ့ကြယ်ကြီးနဲ့ ဘုရားသခင်ကိုလူတွေသိနိုင်ဖို့တွက်အထင်အရှား
ခဲ့ပါတယ်။ အဲဒီကြယ်ကြီးကိုမြင့်တွေ့ပြီး နက္ခတ်ဗေဒပညာအရဘုရားသခင်ပေါ်ထွန်တာပဲလို့ သိနားလည်ကြထဲ အရှေ့တိုင်
းပြည်ကပညာရှိမင်းသုံးပါးဟာဘွားမြင်တယ်ဘုရားရှင်ကိုဖူးတွေ့ရဖို့ မိုင်ပေါင်းများစွာကိုခရီးနှင်ခဲ့ကြပါတယ်။ ဘာကြောင်
းခုလို အန္တရာယ်များတဲ့ ခရီးရှည်ကြီးကိုထွက်ပြီး ဘုရားကို လာရောက်ဖူးမြော်ချင်ကြတာလဲ။ လူ့ဘဝမှာဘုရားကိုမသိဘူး၊
မထိတွေ့မခံစားရဘူးဆိုရင် လူ့ဖြစ်ကျိုးမနပ်လို့ပါပဲ။ လူ့ဟာဘုရားကိုသိခြင်တယ်ဆိုတဲ့ မွေးရာပါအသိစိတ်က သိသာထင်ရှား
ပါတယ်။ ဒါကြောင့် လူကမေးခွန်းမေးလာပြီး၊ ငါတို့လူတွေရဲ့စပင်ရင်းကဘာလဲ။ ဒီလောကမှာ ငါတို့လူသားတွေက အသက်
ရှင်နေထိုင်နေကြတာကဘာအဓိပ္ပါယ်လဲ။ ငါတို့လူသားတွေသေရင် နောက်ဘဝမှာ ဘယ်ရောက်မလဲ၊ ဘာဟာဖြစ်မလဲ၊ လူက
တရိစ္ဆာန်လိုသေပြီးရင်မပြီးသေးဘူးဆိုတာတော့မဟာတို့လူတွေသိရှိခံစားမိနေကြတယ်။ လူဟာအက်ဒီလိုစဉ်းစားလာကြနဲ့
ဘုရားဆိုတာရှိရမယ် အားလုံးရဲ့စပင်ရင်ဆိုတာရှိရမယ်လို့ သဘောပေါက်လာကြပါတယ်။ အဒီလိုမွေးရာပါအသိစိတ်နဲ့ဘုရား
ားကိုရှာဖွေရင်းနဲ့တချို့လူတွေက သစ်ပင်ကြီးကို ဖဘုရားအမှတ်နဲ ကိုးကွယ်ကြတယ်။ နေမင်းကြီးကိုဘုရားအမှတ်နဲ့ ကိုးကွယ်
ကြတယ်။ အဲဒီလို မှာမှာယွင်းယွင်း ကိုးကွယ်လာခဲ့ကြတာ ဘုရားက ပရောဖတ်တွေကိုစေလွှတ်ပြီး လူတွေးကိုဘုရားအကြောင်
း ဟောပြောစေပါတယ်။ နောက်ဆုံးတော့ ယေဇူဘုရားရှင်ကိုယ်တော်တိုင်က လူအဖြစ်နဲ့မွေးဖွားလာခဲ့ပြီးလူတွေကိုအထင်အရှား
ပြလာပါတယ်။ လူ့အဖြစ်နဲ့ မျက်ဝါးထင်ထင် သိမြင်လာရတဲ့ယေဇူဘုရားရှင်ကိုယုံကြည်ခြင်းအားဖြင့် အော် ဘုရားဆိုတာ တော်
တော်ကောင်းတဲ့ ပုဂ္ဂိုလ်ပါလာ၊ ဒါ့ကြောင့် အကြိမ် (၇၀) (၇)လီ ခွင့်လွှတ်ခိုင်းတာဘဲ၊ ရန်သူကိုတောင်ချစ်နိုင်တာပဲ၊ ကိုယ့်အပေါ်
မကောင်းတဲ့သူတွေအတွက် မေတ္တာပို့ခိုင်းတာဘဲ။ နောက်ပြီးတော့ ယေဇူဘုရားရှင်က သေတဲ့သူတွေကိုပြန်ရှင်စေတာကို မြင့်တွေ့
ရခြင်းအားဖြင့် အော် ဘုရားဆိုတာ အားလုံးစုံကို တတ်နိုင်တာဘဲ။ မတက်နိုင်တာ ဘာမျှမရှိပါလားလို့ ဘုရားကိုလူတွေကသိလာ
ရပါတယ်။ အဲဒီလို ကောင်းမြတ်တဲ့ဘုရား၊ အားလုံးစုံကိုတတ်နိုင်တဲ့ဘုရား၊ အရာအားလုံးရဲ့စပင်ရင်းဘုရားကို မင်းပညာရှိပါ
ဖူးတွေ့ချင်တယ် ကိုးကွယ်ချင်တယ်။ ဒါ့ကြောင့် မင်းသုံးပါက တကယ်ညာရှိပါပေတယ်။ လောကမှာလူတွေ ဘာရည်ရွယ်ချက်၊
ဘာအဓိပ္ပါယ်နဲ့ အသက်ရှင်နေထိုင်ကြရသလဲ ဆိုတာ မင်းကြီးသုံးပါးက ကောင်းကောင်းသဘောပေါက်နာလည်သွာကြပြီးလဲ။
ဒါကြောင်းလည်းပဲ ကိုယ်ကိုယ်တိုင်က ဘုရင်တွေဖြစ်နေကြပေမဲ့ ဘုရင်တို့ရဲ့ဘုရင် ယေဇူဘုရားရှင်ရှေ့မှာ နှိမ့်ချစွာဒူးထောက်
ကိုးကွယ်ကြတာပဲ။ ဒါပေမယ့်မာနကြီးတဲ့ဟေရုဒ်မင်းကြီးကတော့ သူငယ်တော်ယေဇးကိုဒူးထောက်ကိုးကွယ်ဖို့နေနေသာသာ
သူ့ရဲ့နန်းပြိုင်ဘက်ဆိုပြီး သူငယ်တော်ကိုသတ်ဖို့စီစဉ်ခဲ့တယ်။ မာနကြီးတဲ့လူကဘုရားနဲ့ဝေရပြီ နှိမ့်ကျတယ်သူကားဘုရားနှင့်နီး
စေပါတယ်။ မင်းပညာရှိသုံးပါးက ယေဇူဘုရားရှင်ကို လာရောက်ကွယ်ကြတဲ့အခါ ရွှေ၊ လော်ဗန်၊ မီးရာဆိုတဲ့ အဖိုးတန်လက်
ဆောင်တွေကိုဆက်ကက်လှူဒါန်းခဲ့ပါတယ်။ ကျနော်တို့လည်း ဘုရားသခင်ဆီကို ချည်ကပ်ကိုးကွယ်ဖို့လာကြတဲ့ခါ ကိုယ့်ဘက်က
ရချင်တာ တခုတည်းအတွက် ဘုရားကိုမကိုးကွယ်ပါနဲ့ ။ဘုရားထံပေးဆပ်ဖို့၊ အပ်နှံဖို့၊ ကိုယ့်ရဲ့ဒုက္ခတွေ မညီးမငြူပဲ ပူဇော်ခံထမ်
ဖို့အတွက်လည်းကိုးကွယ်ဆည်းကပ်ပါ။ မင်းသုံးပါကလည်း ဘုရားသခင်ဆီက ဟိုဟာရချင်လို့ ဒီဟာရချင်လို့ဆိုတာမျိုး တဖက်
သက်မရှိဘဲ ဘုရားကိုချစ်တဲ့စိတ်၊ ရိုသေကိုးကွယ်ချင်တဲ့စိတ်၊ ကျေးဇူးတင်ချီးမွမ်းတဲ့စိတ်ထားနဲ့ မှန်ကန်စွာကိုးကွယ်ကြဖို့ ကျနော်
တို့သတိပြုကြရပါမယ်။ ပညာရှိမင်းကြီးသုံးပါးက အဲဒီလို ဘုရားသခင်ကို ရှစ်ခိုးကိုးကွယ်လက်ဆောင်ပေဆက်ကပ်ပြီး မိမိတို့ရဲ့
တိုင်းပြည်ကို လာခဲ့တဲ့လမ်းဟောင်းအတိုင်း မပြန်ပဲ သကြားတမန်ညွှန်ကြားတဲ့အတိုင်း အခြားလမ်းဖြင့်ပြန်သွားကြပါတယ်။
ကျနော်တို့လည်းဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ပြီးရင် ကိုယ့်ဘဝလမ်းဟောင်းဒီအတိုင်း အပြစ်တွေနဲ့ မွန်းကြပ်နေတဲ့ဘဝဟောင်း
အတိုင်းမပြန်ပဲ ဘုရားသခင်ကညွှန်ပြတဲ့အတိုင်း ဘဝသစ်နဲ့ရှင့်သန်ကြာပါဆို။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီး
မင်္ဂလာများခံစားကြရပါစေ။
ReplyForward
Add new comment