ဖာသာရ် Augustine တင်မောင်ထွန်း(မန္တလေး) သာမန်ကာလ (၁၈) ကြိမ်မြောက် တနင်္ဂနွေနေ့သြဝါဒ ၃၁၊ ၇၊ ၂၀၂၂

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်တိုဒီကနေ့သာမန်ကာလ(၁၈)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့မှာဖတ်ရတဲ့
ကျမ်းစာကတော့(ရှင်လုကာ ၁၂း၁၃-၂၁)အထိ
မိုက်မဲသောသူဌေးရဲ့ပုံဥပမာကိုမိန်တော်မူထားပါတယ်။ သူဌေးကြီးကသူနောင်ရေးအတွက်လယ်မြေလုပ်ဆောင်ရေး
ကိုကြိုးစားလုပ်ဆောင်ပြီးထွက်ရှိလာတဲ့သီးနှံတွေကိုစပါးကျီအကြီးကြီးတွေဆောက်ပြီးသိမ်းထားမ်။ နောင်နှစ်ပေါင်းမျာ
စွာအတွက်စားလိုက်သောက်လိုက်နေရုံပဲဆိုပြီးပျော် နေချိန်မှာဘုရားက "အသင်လူမိုက်၊ သင်ဝိညာဉ်ကိုဒီညမှာပဲခါပြန်
တောင်းမယ်၊ သင်စုဆောင်းထားတာတွေဘယ်သူအတွက်ဖြစ်မလည်း"လို့မိန်တော်မူပါတယ်။
ယနေ့လောကမှာသူဌေးတွေ၊ အုပ်ရှင်တွေကိုအလုပ်သမားတွေက"သူဌေး၊ သူဌေးမ၊ Boss၊ လို့ခေါ်ကြပါတယ်။
ယနေ့ကျမ်းစာထဲမှာတော့ဘုရားကပုံပြင်ထဲကလောဘကြီးတဲ့သူဌေးကိုအသင်လူမိုက်၊ အရူးလို့ခေါ်လိုက်ပါတယ်။
မှန်ပါတယ်၊ ခဏယာယီနေထိုင်ရမည်ဒီလောကအသက်တာအသက်တာအတွက်ပြင်ဆင်တာထက်ထာဝရနေရမည်
ကောင်းကင်နိုင်ငံအတွက်ပိုပြင်ဆင်သင့်တာပေါ့။ တနေ့သေရမယ်ဆိုတာတောင်မသိဘူဆိုမှတော့အရူးပေါ့ဗျာ။အဲ့ဒါ
၁။ လောဘကြီးတဲ့အရူးလို့ဃေါ်ပါတယ်။
၂။ အရူးကတော့ဒိဠိအရူးဖြစ်ပါတယ်ဆာလံ၁၄း၁နှင်ဆာလံ၅၃း၁တွေမှာအတူတူရေးထာကြတာကရူးမိုက်သောသူ
ကဘုရားမရှိဟုမိမိ၏စိတ်ထဲ့၌ပြောဆို၏။ ဘုရားရှိမှန်းတောင်မစဉ်းစာတက်တဲ့အရူးပါပဲ။ အဲ့ဒီအရူးကိုမေးကြည့်ရင်
သူမြင်တာပဲသူဖြေတက်လိပ်မယ်။ မင်းဒီကမ္ဘာကိုဘယ်ကရောက်လာတာလည်းအမေကမွေးလို့ရောက်လာတာ။
မင်းဒီလောကမှာဘာအတွက်အသက်ရှင်နေတာလည်းစားသောက်ပြီးနေဖို့ပါပဲ။ မင်သေလို့ဒီလောကမှာထွက်ခွာသွားရင်
ဘယ်ရောင်မလည်းသချိုင်းရောက်မှာပါ။ ဒီလောက်ပဲသိတဲ့သူကိုအရူးလို့ခေါ်ပါတယ်။ လက်တွေကျကျဒိဠိအရူးလည်း
ရှိပါသေးတယ်။ သူကတော့ဘုရားကိုယုံတယ်ဒါပေမဲ့သူနေထိုင်ပုံဒိဠိတစ်ယောက်လို့ ပဲနေတယ်။ သူကတော့ဘုရားကို
ယုံတယ်ဒါကြောင့်ဘုရားကျောင်းသွားတယ်။ ဒါပေမဲ့သူကဘုရားမတည်ရှိသလိုနေ ထိုင်တဲ့သူဖြစ်တယ်။
၃။ အရူးကတော့မထီလေးစာပြုသောအရူးဖြစ်တယ်။ သုတ္တံကျမ်း၁၄း၉ရူးမိုက်သောသူတိုသည်ဒုစရိုက်အပြစ်ကိုမထီ
လေးစားပြုကြ၏။ အကြိမ်း(၇၀) (၇)လီခွင့်လွတ်ရမည်ဆိုတာကြာရရင်မထီလေးနဲ့ပြောကြတယ်။ ကိုယ်အပေါ်မကောင်း
တဲ့သူတွေအတွက်မေတ္တာပို့ရမယ်ဆိုတာကိုလှောင်ပြောင်ကြတယ်။ ရန်သူကိုချစ်ရမယ်ဆိုတဲ့ တရားကိုလှောင်ပြောင်ကြ
တယ်။ ကာတိုင်ပေါ်ကသခင်ယေဇူးကိုဘာသာရေးခေါင်ဆောင်တွေကလှောင်‌ပြောင်ခဲ့ကြတယ်။ "ဤသူသည်သူတပါး
ကိုကယ်တသ်တက်၏" ကိုယ့်ကိုယ်ကိုမကယ်တင်နိုင်ပါလာ။ ကယ်တင်ရှင်ဘုရားမှန်လျှင် အခုလက်ဝါးကားတိုင်ပေါ်က
ဆင်းခဲ့ပါငါတိုယုံကြည်ပါ့မယ်ဟား ဟား ဟား အဲ့လိုဘာမသိညာမသိလှောင်‌ပြောင်ခဲ့တဲ့အရူးတွေပါပဘဲ။သာသနာတော်
ကသွန်သင်တဲ့တစ်လင်တစ်မယားစနစ်၊ အိမ်ထောင်ဘက်အပေါ်မှာတစ်သက်လုံးသစ္စာရှိခြင်းတွေကိုလည်းအဓိပ်ပ္ပါယ်ရှိ
မှန်းသူတိုမသိကြဘူး။ အဲဒါကအရူး တစ်မျိုးပါဘဲ။
၄။ အရူးကတော့ခရစ်ယာန်အရူးပါဘဲ။ ဧမာဦးရွာသို့သွားကြတဲ့တပည့်တော်ကြီးနှစ်ပါးဟာသခင်ယေဇူးအဖမ်းခံရ၊
အသတ်ခံလိုက်ရတာကိုပြောပြီးစိတ်ပျက်နေချိန်မှာသခင်ယေဇူးကသူတို့နဲ့အတူခရီးသွားပြီးကျမ်းစာတွေကိုရှင်ပြတော်
မူပါတယ်။ အဲဒီအဖြစ်အပျက်မှာတုံကသခင်ယေဇူးကသူတို့ကိုအရူးလို့ခေါ်ခဲ့တယ်မဟုတ်ဘူးလား။ မင်တိုတော်တော်ရူး
တဲ့အကောင်တွေ။ ခရစ်တော်သည်ကျမ်းစာလသည်အတိုင်းအသေခံပြီးသေရာမှပြန်ရှင်မယ်ဆို တာမသိကြဘူလားလို့မိန့်
တော်မူခဲ့ပါတယ်။ အခုခတ်ခရစ်ယာန်တွေလည်းကိုယ်လက်ထဲမှာဘုရားသခင်ရဲ့နှုတ်တော် ထွက်စကားကျမ်းစာအုပ်ရှိရဲ့
သာနဲ့မယုံကြဘူလေ။ အဲဒါကခရစ်ယာန်အရူးလို့ခေါ်ပါတယ်။
၅။ အရူးကတော့ကျနော်တို့အားလုံးရူးသင့်တဲ့အရူးပါပဲအဲ့ဒါကိုလက်ဝါးကားတိုင်ရဲ့အရူးတွေလို့ခေါ်ပါတယ်။ လောကီသား
တွေအတွက်တော့ကျနော်တို့ကလက်ဝါးကားတိုင်ဝါဒကိုကိုင်စွဲထားတာ၊ ကျနော်တိုကလောကစည်းစီမ်ဥစ္စာ အပျော်အပါး
တွေကိုစွန့်လွတ်တာတွေကြောင့်ကျနော်တို့ကိုအရူးလို့ခေါ်ကြတယ်။ ကော်ရိန်သု(ပ) ၁း၁၈မှာ လက်ဝါးကားတိုင်၏စကား
သည်ပျက်စီခြင်းသို့ရောက်မည့်သူများအတွက်မိုက်မဲသောအရာဖြစ်သောလည်းကယ်တင်ခြင်ခံကြရသည့်ငါတို့အတွက်မူ
ဘုရားသခင်၏ဘုန်းတန်ခိုးတော်ပေတည်။ ကျနော်တိုခရစ်ယာန်တေါကလက်ဝါကားတိုင်မြင်လိုက်တာနဲ့ဘုရားကငါတို့ကို
ဘယ်လောက်ချစ်ကြောင်းသေရာမှာပြန်ရှင်စေနိုင်တဲ့ဘုရားဖြစ်ကြောင်းတွေကိုသိမြင်စေပါတယ်။ လက်တွေ့ဘဝမှာလည်း
လက်ဝါးကားတိုင်ဝဒါအတိုင် သည်းခံတယ်၊ ခွင်လွတ်တယ်၊ အနစ်နာခံတယ်၊ အကောင်းမြင်တယ်၊ မေတ္တာထားတယ်။
ဆိုတာတွေကြောင့်ဘဝမှာအောင်မြင်ကြတာကိုလက်တွေ့မြင်နေရပါတယ်။ ဒါကြောင်သင်ကခရစ်တော်အတွက်ရူး လား၊
နက်ဆိုအတွက်ရူးမလားကြိုက်တဲ့လမ်းကိုရွေးချယ်ပါ။ ကယ်တင်ခြင်းကိုပို့သောလမ်းသည်ကျဉ်း၍ခက်ခဲ့ တယ်။ ပျက်စီးခြင်း
သို့ပို့တဲ့လမ်းကျယ်ပြီးလွယ်ကူတယ်။ကြိုတ်တဲ့လမ်းကိုရွေးချယ်ပါဘာသာသူတို့။နားစဉ်သုအားလုံးအပေါ်ဘုရားရှင်ရဲ့ကောင်
းကြီးမင်္ဂလာများခံစာကြရပါစေ။

Add new comment

1 + 2 =