ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) အာဒ်ဝင်တူးကာလတတိယ တနင်္ဂနွေနေ့ သြဝါဒ ၁၁၊ ၁၂၊ ၂၀၂၂

ချစ်လှစွာသောညီအစ်ကိုမောင်နှမပေါင်တို့ ဒီကနေ့ဟာအားဝင်တူးကာလ  တတိယ တနင်္ဂနွေနေ့ (Gaudete Sunday)

လို့ခေါ်ကြတယ်။ မြန်မာလိုဆိုဝမ်းမြှောက်ခြင်းလို့တယ်။ ဒါကြောင့်ဝမ်းမြောက်ခြင်းသင်္ကေတဖြစ်နဲ့ အာဒ်ဝင်တူးပန်းခွေ

က တတိယမြောက် ဖယောင်းတိုင်ကိုလည်းပန်းရောင်ဖရောင်းတိုင်ထွန်းကြတယ်။ ဘုရားစင်ကိုအလှစင်ရာမှာလည်း

ပန်းရောင်အဝတ်တွေကိုလည်းအများအားဖြင့်သုံးကြတယ်။ မစ္ဆားတရားအစကတည်းကဝမ်းမြောက်ကြဖို့ဖိတ်ခေါ်တာ

နဲ့စတယ်။ ဒီဖိတ်ခေါ်သံကို ပထမကျမ်း ဟေရှာယကျမ်းမာလဲတွေရတယ်။ (မျက်စိကန်းသူတွေမြင်ရမယ်၊ နားမကြားသူ

တွေကြရမယ်၊ မသန်မစွမ်းသူတွေလမ်းလျှောက်နိုင်မယ်၊ စကားမပြောနိုင်သူတွေသီချင်းဆိုမယ်) စသဖြင့်။ ဒါတွေဟာလူ

တွေကိုမျှော်လင့်ချက်တွေရှင်သန်ပြီးဝမ်းမြောက် စေတဲ့အကြောင်းအရာတွေဖြစ်တယ်

ဒုတိယကျမ်းစာမှာတော့ ရှင်ယာကုပ်က ဘုရားရှင်ရဲ့ကြွလာခြင်းကိုစိတ်ရှည်စွာနဲ့‌စောင့်ကြဖို့ပြောတယ်။ ကျမ်းစာကိုဖတ်ရှု

သူ ကြားနာသူအားလုံးကို စိတ်‌ရှည်ရှည်ထားပြီး‌စောင့်ကြဖို့ဖိတ်ခေါ်နေတာပါ။ ဒီနေ့ ကမ္ဘာတဝှမ်းနဲ့ ကျွန်ုပ်တို့ရဲ့အနီးတဝိုက်

ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ဆင်းရဲဒုက္ခတွေ၊ မတရားမှုတွေကိုကြည့်ရင်းနဲ့ စိတ်မရှိနိုင်တော့တဲ့၊ စိတ်မရှည်ချင် တော့တဲ့

အချိန်တွေကြုံကြရမှာပါ။ ရှင်ယာကုပ်ကဆက်ပြီး စိတ်ရှည်ထားဖို့ပြောပါတယ်။ 

ဒီလိုစိတ်ကိုရှေ့ရှေ့ထားပြီးစောင့်ရတဲ့အချိန်မှာ ဒီနေ့ ဧဝံဂေလိကျမ်းထဲ့က ယောဟန်ဗတ္တိစတာလို အခြေအနေမျိုးနဲ့လည်း

ကြုံရနိုင်ပါတယ်။ ကျမ်းစာထဲမှာ ယောဟန်က ထောင်ထဲမှာရောက်နေတယ်၊ မကြာခင်သေခြင်းတရားကိုရင်ဆိုင်ရတော့

မယ်။ အဲဒီလိုအချိန်မှာသူလုပ်ခဲ့တဲ့မက်ဆီးယာရှင်ကြွလာဖို့ပြင်ဆင်ခဲ့တဲ့လုပ်ငန်းအပေါ်မေးခွန်းထုတ်မိတဲ့ပုံပေါက်တယ်။

သူက အပြစ်တွေအတွက်နောက်တရကြဖို့၊ မက်ဆီယားကြွလာခြင်းကိုပြင်ဆင်ဖို့တွက်မကောင်းတဲ့အကျင့်တွေကိုပြေးပြီး

လမ်းမှန်ာကိုလျှောက်ကြဖို့ လူတွေကိုဟောတယ်။ ကြွလာမဲ့ မက်ဆီးယားကလည်း အဲ့လိုပဲဆက်လုပ်မယ်လို့တွေ့ထားပုံပဲ။

သခင်ယေဇူးက လူတွေကို ကုသတယ်၊ ခွင့်လွှတ်ခြင်းတရားတွေဟောတဲ့အခါ သူလုပ်ခဲ့တာတွေကဟုတ်မှဟုတ်ပါရပ်လား၊

မဟုတ်ရင်လည်းယေဇူးက မက်ဆီးယားမဟုတ်ပဲ၊ နောက်တစ်ယောက်ကိုများထပ်‌စောင့်ရအုံးမလားဆိုတဲ့ အတွေးတွေနဲ့သူ့

တပည့်တွေကို ယေဇူးဆီ(မက်ဆီးယားဟုတ်မဟုတ်) မေးဖို့ လွှတ်လိုက်တယ်။ ယေးဇူးက ထုံးစံအတိုင်းပဲသူကိုမေးတာကို

တိကျတဲ့အဖြနဲ့မတုံပြန်ပါဘူး။ ယောဟန်ကို သူတို့မြင်တွေ့ရတာတွေပြောနိုင်တယ်။ ဒါတွေကတော အထမကျမ်းမှာ

ပရောဖက်ဟေရှာရဟောထားတဲ့ အရာတွေဖြစ်တဲ့သခင်ယေဇူးရဲ့ကုသခြင်းလုပ်ငန်းတွေဖြစ်တယ်။ မမြင်သူတွေမြင်မယ်၊

မကြားသူတွေကြားမယ် စသဖြင့်။ ဒီနေ့ ဧဝံဂေလိကျမ်းရဲ့ အဆုံးမှာတော့ယေဇူးက ယောဟန်ဟာသူ့ကြွလာမယ့်လမ်းကိုပြင်

ဆင်ဖို့ စေလွှတ်ခဲ့သူဆိုတာကို ဓမ္မဟောင်းကျမ်းကိုကိုးကာပြီးပြောသွားတယ်။ ဒီလိုပြောခြင်းဟာဖြင့် ယောဟန်ကအမှန်တ

ကယ်‌စေလွှတ်ခံရသူ သူလုပ်ခဲ့တာတွေကသူလုပ်ရမယ်အရာတွေပါဆိုတာကို သေချာသွားစေပါတယ်။ ရှိနေတဲ့သံသယတွေ

ကိုကင်းစင်သွား‌စေပါတယ်။ 

 ကျွနုပ်တို့လည်းကိုယ့်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ယောဟန်ကဲ့သို့ကဲ့သို့သံသယတွေနဲ့ စိတ်ဓါတ်ကျခဲ့တာတွေ

လည်းရှိမှာပါ။ ဖြစ်ပြတ်နေတဲ့အကြမ်ဖက်မှုတွေ၊ မတရားမှုတွေမှာအဆုံးဆိုတာရှိပါအုံးမလား။ မတရားခံရသူတွေအတွက်တရား

မျှတမှုဆိုတာကိုပြန်ရပါဦးမလား။ ငြိမ်းချမ်းခြင်းဆိုတာရော ရှိပါအုံးမလားလို့‌တွေးကိုတွေးမိကြမှာပါ။ ဒီလိုမျှော်လင့်ချက်တွေယိုင်

နဲ့တာ ၊ ရှိ ကို မရှိတော့တာတွေကြိုးကောင်းကြုံရမှပါ။ အာင်ဝင်တူးကာလ(မျှော်လင့်ခြင်း) ဆိုတဲ့စကားလုံးအပေါ် ဆန်းစစ်ဖို့၊

ထောက်ရှု့ဖို့အချိန်ကောင်းဖြစ်ပါတယ်။ ဘုရားရဲ့ကြွလာခြင်းကိုမျှော်လင့်ခြင်းနဲ့ စောင့်မျှော်ရတဲ့ကာလဖြစ်လို့ပါ။ 

ဒီမျှော်လင့်ခြင်းကို နောက်အသွင်တမျိုးနဲ့‌တွေ့နိုင်ရပါတယ်။ အဲ့ဒါကတော့ ဘုရားကခရစ္စမတ်မှာကျွနုပ်တို့ဆီကိုကြွလာခြင်းမ

ဟုတ်ပဲ ၊ နေ့စဉ်နေ့တိုင်းရဲ့ဘဝထဲ့ကိုကြွလာတာပါ။ ဒီကြွလားခြင်းက ကျွနုပ်တို့နဲ့နီးစပ်သူတွေ၊ တွေ့ဆုံသူရတွကနေတဆင့်

ကျနော်တို့ စီကိုကြွလာတာဖြစ်နိုင်သလို ကျနော်တို့ဆီကနေတဆင့်သူတို့ရဲ့ဘဝထဲ့ကို ဘုရားရှင်ကြွလာတာမျိုးလည်းဖြစ်နိုင်

ပါတယ်။ ဘုရားကကျွန်‌တော်တို‌မျှော်လင့်စောင့်စားဆု‌တောင်းနေသလိုငြိမ်းချမ်းခြင်း၊ တရာမျှတခြင်းတွေကို ချက်ချင်း

လက်ငင်းထင်သာမြင်သာအောင် ယူဆောင်လာပေးချင်မှပေးမှာပါ။ ဒါပေမဲ့ကိုယ့်ရဲ့ဘဝနေ့စဉ်အသက်တာမှာ ဘုရားရဲ့ကြွ

လာခြင်းကို သတိထားကြည့်တဲ့အခါ ကျနော်တို့ဆုတောင်းနေတဲ့အရတွေ မျှော်လင့်နေတဲ့အရာတွေကို ကျွန်ုပ်တို့ကနေတဆင့်

သူများ အတွက်၊ တခြားသူမတဆင့်ကျွန်ုပ်တို့အတွက် ဘုရားကဖြည့်ပေးတာကိုတွေရမှာပါ။ ဒီလိုဆိုအတွင်းစိတ်ရဲ ဝမ်းမြှောက်

ခြင်းကိုခံစားရမှာပါ။ ကျန်ရှိနေတဲ့အာင်ဝင်တူးကာလ နေရက့်တွေမှာ ဒီအတွင်းစိတ်ရဲ့ဝမ်းမြောက်ခြင်းကိုခံစားရဖို့ နေ့စဉ်နေ့တိုင်း

ကျွန်ုပ်တို့ရဲ့ဘဝထဲသို့တဲ့ ဘုရားရှင်ကိုသတိပြုနိုင်ဖို့ဆက်လည်းကြိုးစားသွားကြပါစို။

 

 

Add new comment

10 + 10 =