ဖာသာရ် Alphonse  အောင်ကိုလတ် (မန္တလေး) ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားပွဲ တနင်္ဂနွေၚနေ့ သြဝါဒ ၁၁၊ ၆၊ ၂၀၂၂

ချစ်လှစွာသောညီအစ်ကို မောင်နှမအပေါင်းတို့  ဒီနေ့ကျင်းပတဲ့ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ ဆိုတဲ့ ယုံရာအချက်ဟာနက်နဲဖွယ်တစ်ခုဖြစ်တယ်။

ကျွန်တော်တို့သာမာန်လူသားတွေရဲ့ ဦးနှေက်ဖြင့်နားမလည်နိုင်တဲ့ အရာဖြစ်တယ်။ ဒါပေမယ့်ကျွန်တော်တိုနှလုံးသားဖြင့်နားလည်နိုင်တယ်

   ကျွန်တော်တို့သာမာန်ကက်သလစ်ဘာသာဝင်များနားလည်နိုင်အောင် ရဟန္တာသံတာပတ်ထရစ်က ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူကိုတြိဂံပုံစံ

သစ်ရွက်တစ်မျိုးဖြစ်တဲ့ (Shanrok) နဲ့ခိုင်းနိုင်းပြီးတော့ရှင်းပြခဲ့တယ်။ အက်ဒီသစ်ရွက်ဟာတစ်ခုတည်းဆိုပေမယ့် သုံးရွက်ထင်ရလောင်းအောင်

ဒေါင့်ချွန်သုံးခုပါဝင်တယ်အဲ့လိုပဲဘုရားတစ်ဆုဆိုပေမယ့်ပုဂ္ဂိုသုံးပ့းပါဝင်တယ်လို့ရှင်းပြခဲတယ်

  ရဟန္တာဆယ်ရယ်ကပုဂ္ဂိုလ်သုံးပါဘုရားတစ်ဆူကို နေမင်ကြီးနဲ့တင်စာပြီရှင်းပြခဲ့တယ်။ ခမည်းတော်ဘုရားကတော့တောက်ပနေတဲ့နေမင်းကြီး၊

သားတော်ဘုရားကတော့ နေမင်းကြီ ၏ အပူဖြစ်တယ်။ တောက်ပသောနေမင်၊ အလင်း၊ အပူအားလုံးပေါင်းစပ်ပြီး မှနေဟု ခေါ်ဆိုကြသကဲ့ သို့

ပုဂ္ဂိုလ်သုံးပါဟာလည်းထိုနည်းတူဖြစ်တယ်လို့ရှင်ပြခဲ့တယ်။

  ရဟန္တာ စိန်ဂျွန်းမေရီဗီယာနေ က နှင်းဆီပန်းဖြင့်ပုဂ္ဂိုလ်သုံးပါဘုရားတစ်ဆူကိုခိုင်နိုင်းရှင်းပြတယ်။နှင်းဆီပန်းတစ်ပွင့်မှာ အနံ၊ အရောင်၊ ပုံသဏ္ဍန်ဟု၍

သုံးမျိုးပေါင်းစပ်ထားသကဲ့သို့ ကျွန်တော်တို့ယုံကြည်တဲ့ဘုရားဟာလည်းပုဂ္ဂိုလ်သုံးပါးပေါင်းစပ်ထားတယ်ဟုရှင်းပြခဲ့တယ်။  အမှန်တကယ်တော့

ကျွန်တော်တိုနားလည်အောင်ရှင်းပြလို့မရသလို နားလည်ဖို့လည်းမဖြစ်နိုင်ပါ ရဟန္တာများ၏ ရှင်ပြချက်များဟာခိုင်နိုင်းပြရုံမျသာဖြစ်သည်ဘာဖြစ်လို့

လည်းဆိုတော့သူတိုလည်းကျွန်တော်တိုပုဂ္ဂိုလ်သုံးပါဘုရားတစ်ဆူကိုးအပြည့်အဝနားမလည်ကြသောကြောင့်ဖြစ်တယ်။

           (၁) သုံးလုံးပေါင်းခြင်းရဲ့ ရလဒ်က(၃) မဖြစ်ပဲနဲ့ (၁) ပဲဖြစ်တယ်ဆိုတဲ့အရာဟာကျွန်တော်တို့နားမလည်နိုင်တဲ့အရာဖြစ်တယ်။ 

  နားလည်လို့မရတဲ့အရာတွေ (သို့)  ကျွန်တော်တို့နားလည်မလည်တဲ့အရာတိုင်းမတည်ရှိဘူလို့ပြောလိုမရပါ။ လောကမှာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်

မှာလည်းနားမလည်နိုင်တဲ့ နပ်နဲ့ဖွယ်ရာတွေနဲ့ပြည့်နက်နေတယ် ဥပမာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဖွဲစည်တည်ဆောက်ပုံကိုပဲပြန်ကြည့်ပါ။ အရိုး၊ အကြော၊

ဆဲလ်၊အတွင်းကလီဇာတွေ၊ အရုံခံစာမှုတွေအင်မတန်မှထူးဆန်းစွာဖွဲ့းစည်းထားတာတွေ့ရမယ်။ အဲဒီလိုမြင်နိုင်၊ တွေနိုင်တဲ့အရာတွေတောင် ကျွန်တော်တို့

အပြည့်အဝနားမလည်ရင်၊ မမြင်နိုင်တဲ့ ဘုရားသခင်ကို အပြည့်အဝနားမလည်တာဟာအထူးအဆနးမဟုတ်ပါ။

       ပုဂ္ဂိုလ်သုံးပါးနဲ့ပတ်သက်ပြီးတော့ဓမ္မဟောင်းကျမ်းစာမှာ အတိအလင်းရေးသာထားမတွေ့ရဆပမယ့်၊ ဓမ္မသစ်ကျမ်းမှာတွေ့ရတယ်။ 

  (ရှင်လုကာ ၁:၂၆-၃၈) မှာကောင်းကင်တမာန်တော်က မယ်တော်မာရီယား အားအမိန်တော်ပြန်ချိန်၌ ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင်သန့်ရှင်းသော်ဝိညာဥ်တော်

ဘုရားသုံးပါးစလုံးပါဝင်တာကိုတွေ့ရတယ်။ 

           (ရှင်လုကာ ၃:၂၁-၂၂) မှာလည်းသခင်ယေးဇူးဆေးကြောခြင်းခံယူချိန်ပုဂ္ဂိုလ်သုံးပါးရှိကြောင်းကိုအတိအလင်းဖော်ပြထားတာတွေ့ရတယ်။

သခင်ခရစ်တော်ကောင်းကင်ဘုံသို့မတက်ကြွမီှတပည်တော်ကြီးများအား ကမ္ဘာအရပ် ရပ်သို့သွားကြ၍ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော်ဝိညာဥ်တော်

၏ နာမတော်မြတ်၌ ဆေးကြောခြင်းပေးဖို့မိန့်မှာခဲ့ကြောင်းကို (မာတေဦး ၂၈:၁၉) မှာ တွေ့ တယ်။ (ရှင်ယောဟန် အခန်းကြီး၁၅- ၁၈) မှာ ခရစ်တော် ကိုယ်တော်တိုင်

ခမည်းတော်ဘုရားဟာ ဖန်ဆင်းရှင်၊ သားတော်ဘုရားဟာကယ်တက်ရှင်၊ သန့်ရှင်းသော်ဝိညာဥ်ဘုရားဟာအလင်းပေးလမ်းညွန်သင်ကြာပေးသူအဖြစ်သွန်သင်ခဲ့တယ်။

      ထိုအချက်များကိုအခြေခံ၍ အသင်းတော်ရဲ့သမိုင်ဝင် နိုင်ချီးယားနှင့်ကွန်စတန်နီနိုပယ်အစည်းအဝေးကြီးများ၌ အသင်းတော်၏ ခေါင်းဆောင်များမှ

ဘုရားတစ်ဆူပုဂ္ဂိုလ်သုံးပါးဟာ ကျွနိုပ်တို့ဘာသာ၏ အခြေခံယုံကြည်ရာ အချက်ဖြစ်ကြောင်းတစ်ညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပြီး သွန်သင်ခဲ့သည်။ ထို့ပြင်

ပုဂ္ဂိုလ်သုံးပါးဟာ ပုဂ္ဂိုလ်  အရတစ်ပါးဆီကွဲပြားကြသော်လည်း ဘုရားအဖြစ်တော်တူညီကြသည် တစ်ပါးကပိုကြီးမြတ်သည်၊ ပိုကောင်းမွန်သည်

ဟူ၍မရှိပေ။ မတူညီသောလုပ်ဆောင်ချက်များကို သီးခြားဆီလုပ်ဆောင်ကြသော်လည်း၃ပါးဟာတစ်ဆူတည်းခွဲခြား၍ မရအောင်ပေါင်းစပ်နေသည်။

  မည်ကဲ့သို့ပေါင်းစပ်နေသလဲဆိုတော့(Love) ချစ် ခြင်းမေတ္တာအားဖြင့်ပေါင်းစပ်ခြင်ဖြစ်တယ်။ ဒါကြောင့်ကျွန်ုပ်တို့ယုံကြည်ကိုးကွယ်နေတဲ့ ပုဂ္ဂိုလ်သုံးပါး

ဘုရားတစ်ဆူကနေသွန်သင်ပေနေတာက  လူတိုင်းမှာ ဝိညာဥ်တော်ဘုရားကိန်းအောင်းရာဖြစ်တယ်။  ဘုရားရဲ့ ရွေပုံသဏ္ဍန်နဲ့ဖန်ဆင်းခံများဖြစ်တယ်။

   ခရစ်တော်ရဲ့ သွေးဖြင့်ကယ်တင်ထားတဲ့သူတွေဖြစ်တယ်ဆိုတာကိုအမြဲ့သတိပေနေတယ်။  ကျွန်တော်တို့မိသားစု အသိုင်းအဝိုင်းမှာမေတ္တာ

တရားအားဖြင့်ပေါင်းစည်းနေထိုင်ုကဖို့ရန်သွန်သင်ပေးနေတယ်။ ခမည်းတော် သားတော်သန့်ရှင်းသော်ဝိညာဥ်တော်၏ နာမတော်မြတ်၌။  အာမင်။

Add new comment

4 + 3 =