ဖာသာရ် ပီတာကြည်မောင် (၂၁) ကြိမ်မြောက် သာမာန် တနင်္ဂနွေနေ့ ဩဝါဒ ဩဂုတ်လ ၂၂ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၂၁) ကြိမ်မြောက် သာမာန် တနင်္ဂနွေနေ့ ဩဝါဒ ဩဂုတ်လ ၂၂ ၊ ၂၀၂၁ 

 ဓမ္မမိတ်ဆွေ တို့ ယနေ့ ၂၁ ကြိမ်မြောက် သာမာန်တနဂ်‌နွေနေ့ မှာကြားနာခဲ့ရတဲ့ ကျမ်း ချက်တွေကို ကျွန်တော် နှင်အတူထောက်ရှုကြည့်ကြပါစို့။

ပထမကျမ်းစာမှာ မိုးဇယ် ၏ အရိုက်အရာကို ဆက်ခံသူ ဂျောရှုးဝါးက အီဇရာအဲလ် တွေကို ဒီနေ့ပြတ်သားတဲ့ အဖြေတခုရဖို့ မေးမြန်းခဲ့တာကို ကြားခဲ့ရတယ်၊ အီဂျစ်ပြည်မှာ ကျွန်ဘဝကနေကယ်ထုတ်လာတယ်၊ တော့ကန္တာရထဲးမှာ အခက်အခဲးကြုံတိုင်း၊ အဆင်မပြေတာတွေ ဖြစ်တိုင်း ထာဝရဘုရားသခင် အပေါ်မှာ ယုံကြည်ခြင်းမဲ့ခြင်းနဲ့ မိုးဇယ် ကို အမျိုးမျိုး အပြစ်တင်ပြောဆိုခြင်းတွေကိုပြုခဲ့ကြတဲ့ အီဇရာအဲးတွေ ထာဝရဘုရား ကိုကိုးကွယ်မလား သးတို့ပတ်ဝန်းကျင်က တပါးသူတွေကိုးကွယ်တဲ့ နတ်ဘုရားတွေကို ကိုးကွယ်မလား ။။ သူတို့တတွေ ထာဝရ ဘုရားကို ရွေးချယ်ခဲ့ကြတယ်။

လောကမှာ အဆင်ပြေနေရင်၊ လိုခြင်တာရနေရင်၊ ဖြစ်ခြင်တာလေးတွေ ဖြစ်ခွင့်ရနေ တုန်းက ကြတော့ ဘုရားကို ကျေးဇူးတင်ဖို့၊ သတိရဖို့ ဆုတောင်းဖို့၊ မေ့လျော့နေခဲ့ကြတယ်။

ဘဝမှာမကောင်းတာတွေ၊ အခက်အခဲးတွေ ဒုက္ခသုက္ခတွေ ကြုံတွေ့ရချိန်၊ လိုခြင်တာတွေ မရတော့တဲ့အချိန်၊ အဆင်မပြေနော့တဲ့ အချိန် ဖြစ်ခြင်တာ ဖြစ်ခွင်မရတော့ တဲ့ အချိန် ဆိုရင် ဘုရားကို အပြစ်တင်ကြတယ်၊ လုပ်မပေးနိုင်တဲ့ လူကြီးမိဘတွေ ကို အပြစ်တင်ကြတယ်၊ ဦးစည်းဦးဆောင်လုပ်နေရသးတွေ ကို အပြစ်တင်ဝေဖန်ပြောဆိုတပ်ကြတယ်။ ခင်များရော အဲ့လို လူအမျိုးစားတွေထဲးမှာပါ‌ နေလား။ ။

ဒါမှ မဟုတ် ဘုရားစီးက ဘာပဲးရရ၊ ပျော်စရားပေးလဲးကျေးဇူးတင်းနေတယ် အခက်အခဲးတွေရလာလဲး ကျေးဇူးတော် နဲ့ ရင် ဆိုင်သွား မယ် ဆိုးပြီး ရင့် ကျက် တဲ့ စိတ်ထား ထားနိုင်ပါစေ။

 

ဒုတိယကျမ်းစာမှာ သာသနာတော် နှင့် သခင်ခရစ်တော်ကို လင်ယောကျ်ား နှင့် ဇနီး မယား တို့ ၏ ချစ်ခြင်းမေတ္တာ နှင့် နှိုင်းယှဉ်ပြထားပြီး အသင်အိမ်ထောင်ဦးစီးတို့ သခင်ခရစ်တော်သည် သာသနာတော်ကို အပြည့်အဝပေးဆပ်ချစ်ခင်သကဲ့သို့ သင်တို့၏ ဇနီးမယား တို့ကို ချစ် ခင်ကြလော ဆိုပြီး၊ သင်းကိုသင်ချစ်သကဲ့သို့ သင်၏ ဇနီးမယားကို ချစ်ပါ။ သင့် မိန်းမ ကို သင်ချစ်တဲ့ အချစ်ကို ပြန်စမ်းစစ်ကြည့်ပါ။ အချစ်စစ် အချစ်မှန်လား ၊ သင်တို့ နှစ်ဦးကြားက အဖြစ်အပျက်အားလုံး သင်တို့ နှစ်ဦးဘယ်လို ရင် ဆိုင်ဖြတ်ကျော် ခဲ့ကြတယ် ဆိုတာ သင်တို့နားလည်ရင် သာသနာတော် မပြည့်စုံမှု အားနဲးချက်တွေ ကို ခရစ်တော်သိတယ် နားလည်ပေးတယ်၊ သင်းမိသားစု အတွင်းက အခြေအနေ ချစ်ခြင်းမေတ္တာ၊ မပြည့်စုံမှု့ တွေကို နဲ့ နှိုင်းယှဉ်ပြီး ထောက်ရှု့ကြည့်ပါ နားလည်လာလိမ့်မယ်။ ။

ဒီကနေ့ ရှင်ယောဟန် ဧဝံဂေလိကျမ်းစားမှာ သခင်ခရစ်တော်က ငါ၏အသားကိုစား ငါ၏သွေးကိုသောက်ထာဝရအသက် ကိုရမယ်၊ မစားမသောက်သူ ထာဝရအသက်မရနိုင် လိုပြော လိုက်တဲ့ အချက်အပေါ်မှာ နားလည်လက် ခံဖို့ မဖြစ်နိုင်ဘူး ဆိုပြီး ထွက်ခွားကြတယ်၊ (ဂျူးလှုမျိုးတွေရဲ့ ထုံးတန်းအစဉ်အလာမှာရော၊ တဂားဥပဒေကျမ်းမှာပါ၊ လူ၏အသွေးအသား ကို မစားမသောက်ရဆိုတာ ဖေါ်ပြထားတယ်၊)

လူသားတို့ ကောင်းကင်နိုင်ငံကို ရောက်ဖို့ခရီးပြုနေတဲ့ လောက အသက်တာ မှာ နေ့စဉ် ဝိညဏ် အစားအစာ အဖြစ် သူရဲ့ အသားကို စားသောက်ကြရတယ် ။ ။ အဲ့ ကိုယ်တော် မြတ် စက္ကရမင်းတူး ကို ဖန်းဆင့်တဲ့ အချိန် မှာ လဲ ဒီစာကားပဲ ပြေားခဲ့တယ် ဤအရာသည် ငါ၏အသားဖြစ်၏ ယူ၍စားကြ၊ ဤအရာသည် ငါ၏သွေးဖြစ်၏ ယူ၍သောက်ကြ ဆိုပြီး တည်ထောင်ခဲ့တယ်။

 

ဘုရားက ဒီလိုပြောတာ ငါ အသိညာဏ်နဲ့ နားလည် လက်မခံနိုင်လို့ လက်မခံဘူး ဆိုလဲးရတယ်လေ။ ဘုရားရဲ့ အသိညာဏ် ကို မင်းက ရှင်ပြိုင်ခြင်နေရင်တော့ ဘယ်တော့ မှ မဖြစ်နိုင်တဲ့အရာကို လုပ်နေသလိုပဲ။ ။ မင်းလက်ခံတာ မခံတာက မင်းအပိုင်ပဲး၊

သခင်ခရစ်တောက ဒါက ထာဝရအသက်နဲ့ ဆိုင်တဲ့ အစားအစာ ဒီလောက်အရေးကြီးတဲ့ စက္ကရမင်းတူးကို လွယ်လွယ် ကူကူ ပေါ့ပေါ့ ပါးပါ ပြီးစလွယ် မလုပ်ဖူး ဆိုတာ သတိရပါ။

 

သခင်ခရစ်တော် လဲ တရားဟော ဆရာတယောက်ပဲ သူလဲ တခြားဆရာတွေ လိုနောက်လိုက်တပည့်တွေ များတာ လိုခြင်မှာပဲ။ ဒါပေမဲ့ ဒီကနေ့ သူတရားကို နားမလယ် လို့ ထွက်သွားကြတဲ့သူတွေကို သခင်ခရစ်တော် က ဟေးအလကားစတာ ပြန်လာကြ၊ ငါက အဒဲ့လိုပြောတာ မဟုတ်ဘူး ဆိုပြီး စကားဗလောင်းဗလဲ မပြောဘူး။။ အဲလိုမပြောတဲ့ အပြင် သူနားမှာ အနီးကပ်အမြဲးရှိနေတပ်တဲ့ တပည်တော်ကြီးတွေ ကိုတောင် စိန်ခေါ်လိုက်သေးတယ် မင်းတို့ရော သွားကြအုံးမလား တဲ့။ ငါကိုနားမလည် နိုင်လို့ ထွက်သွားဆိုရတယ် မင်းတို့ရဲ့ ရွေးချယ် မူ့အလိုက် မင်းတို့ရဂှိမှာပဲ။ ။

 

ဒါပေမဲ့ ရှင်ပေတရုက သခင်ခရစ်တော်ကိုပြန်ပြောခဲ့တဲ့စာကားက၊ ကိုယ်တော်သည် အသက်ရှင်တော်မူသော ထာဝရဘုရားသခင်၏သားတော် ယေဇူးခရစ်တော် ဖြစ်ပါသည်၊ ကိုယ်တော်၌ အသက်ပေးသော နုတ်ကပတ်တော် ရှိပါ၏၊ ကိူယ်တော်ထံကလွဲးပြီး တပည့်တော် တို့ဘယ် ကိုသွားရမှာလဲ။ ။

 

သခင်ခရစ်တော်ရဲ့ နက်နဲးပြီး နားလဲရခက်တဲ့သွန်သင်ချက်ကို တပည့်တော်ကြီးတွေနားလည်ကြလို့မဟူတ်ဘူး၊ သူတို့လညည်းနားမလဲကြဘူး၊ ဒါပေမဲ့ သူတို့က သခင်ခရစ်တော်ကို အပြည့်အဝ ယုံကြည်ထားလို့ သူထံကနေ ထွက်ခွါမသွားကြတာ၊ ။

 ကျွန်တော်တို့တတွေလည်းတပည်တော်ကြိးတွေလိုသခင်ခရစ်တော် အပေ့်မှာ ပြည့်ဝတဲ့ယုံကြည်ခြင်းနဲ့ နားမလဲလို့၊ လက်မခံနိုင်လို့၊ လူအမြင်နဲ့ မဖြစ်နိုင်ဘူး ထင်လို့ ထာဝရအသက်ပေး နိုင်တဲ့ပဂ္ဂိုလ် စီကနေ ထွက် မသွားမိအောင် ပညာသတိရှိကြပါစို့။ ။

Add new comment

4 + 0 =