ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ ဩဝါဒ ဇူလိုင်လ ၂၅ ၊၂၀၂၁ 

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ ဩဝါဒ ဇူလိုင်လ ၂၅ ၊၂၀၂၁ 

July 25.2021

ဓမ္မမိတ်‌ ဆွေတို့ ဇူလိုင်လ ၂၅ ရက် ၁၇ ကြိမ်မြောက် သာမာန် တနဂ်နွေနေ့မှာ ကြားနာခဲ့ရတဲ့ ကျမ်းစာတွေ က ကျွန်တော်တို့ရရိုထားတဲ့ကျေးဇူးတော်တွေကို ပတ်ဝန်းကျင်မှာလိုအပ်နေတဲ့ ညီကို မောင်နှမတွေကို ကူညီဖို့ နဲ့ ဘုရားရှင် အသုံးပြုလိုသော ဘုရားရှင် ၏ နှိမ်ချသော အစေခံဖြစ်ဖို့ သတိပေးနေတာ ကို ကြားနာခဲ့ရတယ်။

ပထမကျမ်းစာမှာ ပရောဖက် ဧလီရှ က ဘုရားသခင် စေခိုင်းတဲ့အတိုင်း ပါမုန်အလုံး နှစ်ဆယ်ထဲးနဲ့ လူ တရာကို ဝလင်စွာကျွေး နိုင်ခဲ့ပြီး ပိုလျံခဲ့တဲ့အကြောင်း ၊ ပရောဖက် ဧလီရှ က သူရဲ့လုပ်နိုင်စွမ်း‌ ကြောင့် မဟုတ် ပဲ သူကိုဘုရားပေးတဲ့ အရာ နဲ့ ဘုရားခိုင်းတဲ့ အတိုင်း လုပ် လို့ မဖြစ်နိုင်တာ တွေဖြစ်ပေါ်လာတဲ့အကြောင်း ဒီပထမ ကျမ်းစာရဲ့ တံခိုးလက္ခဏာက ဒီကနေ့ ဧဝံဂေလိကျမ်းရဲ့ ရှေးပြေး လက္ခဏာ ဖြစ်နေခဲ့တယ်။

ဆာလံအလိုက်ကျမ်းမှာလည်း ဘုရားရှင်၏လက်တော်သည် ကျွနုပ်တို့အားကျွေးမွေးတော်မူ၏ လိုကြားနာခဲ့ရတယ်။

ဒုတိယကျမ်းစာမှာ တမာန်တော်ရှင်ပေါးလူးက သခင်ခရစ်တော်၏ အသွေးတော် နှင့်အသားတော် ကိုစားသုံးခြင်း၊ တစ်ခုတည်းသော ဆေးကြောခြင်း၊ တလုံးတဝတည်းသော ယုံကြည်ခြင်းတို့၌ ဂျူး နှင့် မျိုးခြားတို့အား ခရစ်ယာန် အဖြစ်တစုတစည်းတည်း ရှိစေခဲ့တဲ့အကြောင်း တဦး နှင်းတစ်ဦးဝေမျှခြင်း၌ ခရစ်ယာန် စိတ်ဓါတ်ကို ပေါ်လွင်ကြဖို့ ဧဖက် အမျိုးသားတို့ထံ ပေးစာမှာ ကြားနာခဲ့ရတယ်။

ရှင်ယောဟန် ဧဝံဂေလိကျမ်းမှာတော့ ယုံကြည်သူအများစုသိပြီးသားဖြစ်တဲ့ ‌ ပေါင်မုန် ငါးလုံး ငါးနှစ်ကောင် နဲ့ လူငါးထောင် ကိုကြွေး‌ခဲ့တဲ့အကြောင်းကို ကြားနာခဲ့ရတယ်။ တံခိုးလက္ခဏာတွေဆိုတာ လူတွေရဲ့ ကြီးမားတဲ့ယုံကြည်ခြင်းကနေ ရက်ရောစွာ ပေးဆပ် အနစ်နာခံမူပေါ်မူတည်ပြီး ဘုရား၏တံခိုးတော် နဲ့ပေါင်းဆပ်လိုက်တဲ့အခါ ကြီးမားတဲ့ တံခိုလက္ခဏာတွေ ဖြစ်ပေါ်လာပြီး လူများစွာအပေါ်မှာ အကျိုးသက်ယောက် မူ့ရှိတာကို ကျွန်တော် တို့တွေ့ကြရတယ်။

ပထမကျမ်းမှာ ပရောဖက် ဧလိရှ က သူမှာ ရှိတဲ့ ပေါင်မုန် နှစ်ဆယ် လုံး ကို ဘုရားရဲ့ စီမံမူ့ အမိန့်တော် အတိုင် လူတရာကို ကြွေးတာ ပိုလျံခဲ့တယ်၊ ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်ရဲ့တရားတော် ကို လာရောက် နားထောင်ကြတဲ့ လူအုပ်ကြီးထဲးက ကလေးငယ် တယောက်က သူမှာ ပါလာတဲ့ ‌ပါမုန်ငါးလုံး နဲ့ ငါး နှစ်ကောင်းကို သခင်ခရစ်တော်ထံ ရက်ရောစွာပေးအပ်ခဲ့တယ် ၊ ဘုရားသခင်စီ ရောက်သွားတဲ့ လူရဲ့ရက်ရောက်မူ့ အသေးအဖွဲးလေးက ကြီးမားတဲ့ တံခိုးလက္ခဏာကြီး ကိုဖြစ်ပေါ်စေခဲ့တယ် အဲ့ကလေးငယ်ရဲ့ ပါမုန်ငါးလုံးနဲ့ ငါး နှစ်ကောင်းက ‌ကလေးသူငယ်နဲ့ အမျိုးသမီး တွေကို မရေတွက်ပဲ ယောကျ်ားကြီး ပဲ ငါထောင် လောက်ရှိတဲ့ လူအုပ်ကြီးကို ကြွေးနိုင်ခဲ့တယ်။ ။

ကျွန်တော် တို့မှာ ရို့တဲ့ ဘုရားပေးထားတဲ့ကျေးဇူးတော်တွေကို ဘုရားအတွက်ပြန် အသုံးချကြမယ် ဆိုရင် လူသားထုတရပ်လုံး ရင်ဆိုင်နေရတဲ့ ဒုက္ခကို ကျော်လွားသွားနိုင်ကြမယ် ။။ အခု ကျွန်တော်တို့တိုင်ပြည်မှာ ပြင်းပြင်းထံထံ ခံစားနေရတဲ့ ကိုဗစ်‌ကပ်ရောဂါဆိုးကြီး ကို ကျွန်တို့ မှာ ရိုတဲ့ ဘုရားပေးထားတဲ့ အစွမ်းအစ တွေကို ပြန်လယ်ပေးဆပ်ပြီး လူအများကယ်တင်ကုသခြင်းခံရဖို့ ပေးဆပ်ကြပါစို့။ သင်မှာ ပစ္စည်းဥစ္စာတပ်နိုင်ရင် ရက်ရောစွာ ကူပါ။ တပ်သိပညာနဲ့ ကူညီနိုင်ရင် ရက်ရောစွာ ကူညီပါ။ ကာကွယ် စောက်ရှောက်ပးမူနဲ့ ကူညီနိုင်ရင် ကူညီပါ။ သင်တို့ရဲ့ ရက်ရော‌တဲ့ပေး ဆပ်မူ့ကို ဘုရားက သူရဲ့တံခိုးတော်နဲ့ပေါင်းပြီး အများအတွက် ကောင်းကိုးလက္ခဏာ တွေကို ဖြစ်ပေါ်စေပါလိမ့်မယ် အများ အတွက် မိမိ တပ်နိုင်တာကိုဘုရားတံခိုး‌တော် နှင့် ပေါင်းစပ်ရန် ရက်ရောစွာ ပေးစွမ်း နိုင်သူများ ဖြစ်ကြပါစေ။ ။။

ဓမမိတ်ဆွေအပေါင်းကိုယ် စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာတော်မူကြပါစေ။ ။

Add new comment

10 + 0 =