++ဓမ္မဟောင်းကျမ်းလာ၊ ဂျူးလူမျိုးတို့၏၊ ပါစကားပွဲတော် (သို့) သိုးငယ်တော်၏ညစာစားပွဲသမိုင်း++

++ဓမ္မဟောင်းကျမ်းလာ၊ ဂျူးလူမျိုးတို့၏၊ ပါစကားပွဲတော် (သို့) သိုးငယ်တော်၏ညစာစားပွဲသမိုင်း++

အမိအသင်းတော်သည်၊ သခင်ယေဇူး၏ကယ်တင်ခြင်းလုပ်ငန်းစဉ်အတွက်၊ အရေးကြီး သောအ ချိန်ကာလတစ်ခုဖြစ်သည့်၊ ပါစကားပွဲတော်ကိုကျင်းပရန်၊ ဂျေရူးစလင်မြို့တွင်းသို့၀င်ရောက်ခြင်းပွဲကိုအမှတ်ရကျင်းပပါ သည်။ ထို့ပွဲတော်ကို မေတ္တာပန်းပွဲတနင်္ဂနွေ (သို့) သန့်ရှင်းသောရက်တ္တပတ်ဟုလည်းခေါ်ပါသည်။ သခင်ယေဇူးဂျေရူးစလင်သို့ကြွ သွားခြင်းမှာ၊ ပါစကားပွဲတော်ဆိုင်ရာ၊ ဘာသာရေး၀တ်တရားကိုဖြည့်ဆည်းရန်ဖြစ်ပါသည်

 

#အဘယ်ကြောင့်ဂျေရူးစလင်သွားရသနည်း

ဂျူးအမျိုးသားများသည်၊ ၄င်းတို့၏ဘာသာရေးဥပဒေအရ၊ အသက် (၁၂) ပြည့်ပြီးသည်နှင့်၊ ဂျေရူးစလင် ဘုရားကျောင်းဗိမာန်သို့၊ တစ်နှစ်လျှင် (၃) ကြိမ်မဖြစ်မနေသွားရောက်၍၊ သတ်မှတ်ထားသောဘာသာရေး၀တ္တရားများကိုဖြည့်ဆည်းရပါ သည်။ ပျက်ကွက်ပါက၊ ကြီးမားသောဘာသာရေး၀တ္တရားကိုပျက်ကွက်သူဖြစ်ပါသည်။ ဂျေရူးစလင်သို့မဖြစ် မနေသွားရောက်၍၊ ဘာသာရေးသတ္တရားဖြည့်ဆည်းရန်သတ်မှတ်ထား သောပွဲတော် ရက်များမှာ (၁) ပါစကားပွဲတော်ကြီး၊ (၂) ရက်တ္တပတ်ပွဲတော် (Week)နှင့်၊(၃) တဲတော်ပွဲ (Tents or Booths) တို့ ဖြစ်ပါသည်။ ဤပွဲသုံးပွဲကို၊ ဘုရားဖူးပွဲတော်ဟုလည်းခေါ်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ဂျေရူးစလင်မြို့နှင့်လှမ်းသောသူများ သည့်၊ အဆိုပါပွဲသုံးများ၌သာ၊ ဗိမာန် တော်သို့သွားရောက်ဘုရား၀တ်ပြုနိုင်သောကြောင့်ဖြစ်ပါသည်။

 

#ကျမ်းစာတော်မြတ်၌သတ်မှတ်ချက်ရှိပါသလော။

ထွက်မြောက်ရာကျမ်း ၂၃း၁၄-၁၇ ၌သော်လည်းကောင်း၊ ထွက်မြောက်ရာကျမ်း ၃၄း၁၈-၂၃ ၌သော်လည်း ကောင်း၊ တရားဟောရာကျမ်း ၁၆း၁၂ ၌သော်လည်းကောင်း၊ တစ်နှစ်လျှင်ပူဇော်ခြင်းသုံးကြိမ်ပြုရန်၊ ဘုရားရှင်ထံမှပညတ်ချက်ထားရှိထားပါ သည်။ ၀တ်​ပြု ရာကျမ်း ၂၃း၅၊ ထွက်မြောက်ရာကျမ်း ၁၂း၁၁၊ ထွက်မြောက်ရာကျမ်း ၁၂း၁၄၊ ထွက်မြောက်ရာကျမ်း ၁၃း၃ တို့တွင်လည်းဖတ် ရူ့နိုင်ပါသည်။

 

#ပါစကားပွဲတော်ကိုကျင်းပသောနေ့ရက်

ဂျူးလူမျိုးတို့၏၊ ပြက္ခဒိန်အရ၊ ပါစကားပွဲတော်ကို နီဆန် လ (၁၅) ရက်နေ့၌ကျင်းပကြပါ သည်။ ထိုလသည်၊ ကျွန်တော်တို့အသုံးပြုနေသောပြက္ခဒိန် (ဂရေဂေါ်ရီယံပြက္ခဒိန်) ၏ မတ် (သို့) ဧပြီ လအတွင်းကျရောက် လေ့ရှိပါသည်။ ထိုကာလသည်၄င်းတို့အတွက်၊ နွေဦးပေါက်ကာလလည်းဖြစ်သောကြောင့်၊ နွေဦးပွဲတော်ဟုလည်း၊ လူမူရေးဖက် နွယ်၍လည်း၊ လူသိများကြပါသည်။

ပါစကားပွဲတော်ကို (၇) ရက်ကြာကျင်းပပြီး၊ တဆေးမဲ့မုန့်ပွဲတော်ဟုလည်းခေါ်ဆိုသုံးနှုန်းပါ သည်။ အဘယ်ကြောင့်ဆိုသော်၊ ပါစကားပွဲတော်အတွက်၊ စားပွဲတော်ပြင်ဆင်ရာတွင်အသုံးပြုမည့်မုန့်တော်သည်၊ တဆေးမဲ့မုန့် ဖြစ်ရမည်ဟု၊ ဥပဒေ၌ပါရှိသောကြောင့်ဖြစ်ပါသည်။ (ထွက်မြောက်ရာကျမ်း ၁၄)

ပွဲတော်ကာလအတွင်း၊ အလုပ်များမှရပ်နားထားရပြီး၊ ဘာသာရေး၀တ္တရားများဖြစ်သော၊ ထူးခြား သောဘာသာရေး၀တ်ပြုဆုတောင်းခြင်းများ၊ ပွဲတော်ကာလအတွင်း၊ သတ်မှတ်ထားသောစားသောက်မူပုံစံအတိုင်းစား သောက်ခြင်း (ဝါ ရှောင်ခြင်း) များကိုပြုလုပ်ကြပါသည်။ ပါလက်စတိုင်းအတွင်းရှိဂျူးလူမျိုးများသည်၊ ပါစကားပွဲတော်ကို၊ (၇) ရက် ကြာသာကျင်းပကြသော လည်း၊ ပါလက်စတိုင်းအပြင်ဖက်သို့အခြေအနေအမျိုးမျိုးကြောင့်၊ ပျ့ံနှံ့ရောက်ရှိနေထိုင်ကြသူများမှာမူ (၈) ရက်ကြာကျင်းပလေ့ရှိကြပါသည်။ အဘယ်ကြောင့်ဆိုသော်၊ လမ်းပမ်းဆက်သွယ်ရေးမလွယ်ကူသောကြောင့်၊ ပါလက် စ တိုင်းပြင်ပရောက်ရှိနေသောဂျူးလူမျိုးများသည်၊ ပါစ ကားပွဲကျင်းပမည့်ရက်ကိုတိတိကျကျမသိရှိလိုက်ရဘဲ၊ တစ်ရက်တစ်လေ လစ်ဟင်းသွားမည်ကိုစိုး၍၊ အပိုတစ်ရက်ထပ်ဆောင်းကျင်းပခြင်ဖြစ် သည်ဟုသိရပါသည်။ အချို့သောပညာရှင်များ၏ထင်မြင်ယူဆချက်မှာမူ၊ ဂျူးလူမျိုးများအားရန်လိုသောသူများရှိပြီး၊ အကယ်၍ထိုရန်ပြုလိုသူ များအနေဖြင့်၊ ဂျူးမျိုးများစုရုံး၍၊ ပွဲတော်ကျင်းပ သည့်နေ့ကိုတိတိကျကျသိရှိပါက၊ အဖျက်အမှောက်လာရောက်လုပ်ဆောင်မည်ကိုစိုးရိမ် ရ သောကြောင့်၊ တိတိကျကျမသိစေလို ၍ဖြစ်ကြောင်းလည်းဆိုပါသည်။

 

#Pesachဟုသော်စကားလုံးကိုသုံးစွဲလာခဲ့ပုံ

ဟီးဗရူးကြိယာ pasha ကို၊ တိုရာကျမ်း၌ဦးဆုံးသုံးနှုန်းထားသည်ကိုဖတ်ရူ့နိုင်ပါသည်။ (ထွက် မြောက်ရာကျမ်း ၁၂း၂၃) သို့သော် Passover ဟု၊ အင်္ဂလိပ်စကားလုံးအဖြစ်သို့ပထမဦးဆုံးသုံးနှုန်းမူကို၊ King James ကျမ်း စာတွင်ဖတ်ရူ့ခဲ့ရပါသည်။ အီဂျစ်နိုင်ငံမှထွက်ခွာမည့်၌၊ ဘုရားသခင်သည်၊ မိမိလူမျိုးဖြစ်လာမည့်၊ အီစ္စရေးလူမျိုးများဆီသို့ဖြတ် လျှောက်သွားခြင်းကိုညွန်းဆိုခြင်းဖြစ်ပါသည်။

အဆိုပါဝေါဟာရသည်၊ ဘုရားရှင်၏မိမိလူမျိုးများအလယ်တွင်ဖြတ်လျှောက်သွားခြင်းတစ်ခု တည်းကိုသာရည်ညွန်းခြင်းမဟုတ်ဘဲ၊ သိုး၊ ဆိတ်များကိုလည်းညွန်းဆိုသုံးနှုန်းလေ့ရှိပါသည်။ အကြောင်းမှာ၊ ၄င်းတို့သည်၊ ပါစ ကားပွဲတော်၏ယဇ်ကောင်ဖြစ်ကြသောကြောင့်ဖြစ်ပါသည်။

 

#ပါစကားယဇ်ပူဇော်ခြင်း

ပါစကားသိုးငယ်တော်ဟုလည်းခေါ်ပါသည်။ ထိုသိုးငယ်တော်ကိုသတ်၍၊ ကင်၍စားခြင်းမှတစ်ပါး၊ အ ခြားနည်းလမ်းများဖြင့်၊ ချက်ပြုတ်စားသောက်ခွင့်မပြုပေ။ (တောလည်ရာကျမ်း ၉း၁၁၊ ထွက်မြောက်ရာကျမ်း ၁၂း၆) ပါစ ကားသိုးငယ်၏အ သားကိုစားသောက်နိုင်သူများသာလျှင်၊ ပါစကားယဇ်ပူဇော်ခြင်း၌ပါ၀င်ရပါသည်။ ပါစကားသိုးငယ်တော်၏ စား ပွဲတော်သို့မပါ၀င်နိုင်သူများမှာ (၁) မိမိတို့၏ဘာသာရေးအယူဝါဒများကိုငြင်းပယ်ထားသူများ (apostate - ထွက်မြောက်ရာ ကျမ်း ၁၂း၄၃)၊ (၂) သခင့်အိမ်၌ကျွန်ခံနေ သောသူများ (ထွက်မြောက်ရာကျမ်း ၁၂း၄၅)၊ (၃) ရေဖျားလှီးထားခြင်းမခံယူထားသည့် အမျိုးသားများ (ထွက်မြောက်ရာကျမ်း ၁၂း၄၈)၊ (၄) ဝိနည်းတော်အရမသန့်ရှင်းဟုသတ်မှတ်ခံထားရသူများ (a person in a state of ritual impurity)၊ သို့သော်၊ အကယ်၍အခြေအ နေတစ်ခု ခုကြောင့်၊ ဂျူးလူမျိုးအများစုသည်ဤအခြေအနေသို့ရောက် ရှိလျှင်မူခြွင်းချက်ထားနိုင်ပါသည် (ရပ်ကွက်၌နာရေးကိစ္စများ၊ ရှောင်တခင်ပေါ် လာလျှင်)။ (ဆာလံ ၆၆ခ) (၅) ဂျူးလူမျိုးမဟုတ်သူ များမပါ၀င်နိုင်ပေ။ ဤပါစကားသိုးငယ်တော်၏ပူဇော်ခြင်း၌မူ၊ ဂျူးအမျိုးသမီးများသည်၊ အ မျိုးသားများကဲ့သို့ပါ၀င်ခွင့်ရှိပါသည်။

 

#ပါစကားပွဲတော်ကိုအကောင်းဆုံးကျင်းပရန်ပြင်ဆင်ခြင်း

ဂျူးလူမျိုးများသည်၊ ပါစကားပွဲတော်မကျင်းမည်ကပင်၊ မိမိတို့အိမ်တွင်း၌၊ တဆေးအကြွင်းအ ကျန်များမရှိစေရန်၊ စေ့စေ့စပ်စပ်လိုက်ရှာ၍၊ ရှင်းလင်းပစ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ထိုတဆေးရှိခြင်းဖြင့်၊ ပါစကားပွဲ တော်၏ကောင်းကြီးမရဘဲဖြစ်မည်စိုးရိမ်သောကြောင့်ဖြစ်ပါသည် (အပြစ်ဖြေရန်အမိအသင်းတော်မှတိုက်တွန်းခြင်း၏သဘောတ ရားပင်ဖြစ်ပါသည်)။ ထိုသို့ရှာဖွေခြင်းကိုမိမိတို့အိမ်၌သာမဟုတ်၊ အလုပ်ရုံများ၊ မိမိနှင့်ပတ်သက်သောအိမ်ယာတိုင်း၌ရှာ ဖွေဖယ် ရှားရမည်ဟု၊ ဥပဒေ၌ပါရှိပါသည်။ တဆေးရှာဖွေခြင်းကိုမပြုမီ၊ ဦးစွာကောင်းကြီးတော်ပေးခြင်းပြုလုပ်ရပါသည်။ ထိုကောင်းကြီးဆု တောင်းစာကို၊ အိမ်ထောင်ဦးစီးဖြစ်သူမှရွတ်ဖတ်ပူဇော်ရပါသည်။

 

#သားဦးများ၏နေ့ (နီဆန် ၁၄ ရက်နေ့)

ဂျူးလူမျိုးသားဦးများဝါရှောင်ဆုတောင်းရသည့်နေ့ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ အီ ဂျစ်ပြည်၌၊ ဘုရားသခင်သည်၊ ဂျူးလူမျိုးသားးဦးများကိုကယ်တင်ပြီး၊ အီဂျစ်လူမျိုး၏သားဦးမှန်သမျှကိုသတ်ဖြတ်ခဲ့သည့်နေ့ကိုအ မှတ်ရစေရန်နှင့်၊ ကျေးဇူးတော်တင်ဆပ်ရန်ဖြစ်ပါသည်။ (ထွက်မြောက်ရာကျမ်း ၁၂း၂၉)

 

#ပါစကားညစာကိုစားရန်ဝိနည်း

ပါစကားညစာစားရန်တည်ခင်းထားသောစားပွဲကို၊ (ဖြစ်နိုင်လျှင်ငွေရောက်သန်းသော်) အကောင်းဆုံး စားပွဲခင်း၊ ပန်းကန်ခွက်ယောက်များဖြင့်ပြင်ဆင်ထားရပါမည်။ ထိုညစာစားနေစဉ်၊ အီဂျစ်ပြည်မှထွက်မြောက်လာခဲ့စဉ်၊ ဖြစ်ပျက်ခဲ့သည့်သမိုင်းကြောင်း အား၊ သိရှိရစေရန်၊ ထွက်မြောက်ရာကျမ်းကို၊ ပြန်လည်ဖတ်ရူ့ကြားနာကြရပါသည်။

ညစာစားပွဲကို၊ အပိုင်း (၁၅) ပိုင်းခွဲ၍ကျင်းပကြပါသည်။ ၄င်းတို့မှာ၊

(၁) Kadeish ကျေးဇူးတော်ချီးမွှမ်းခြင်းနှင့်၊ သောက်ရန်သတ်မှတ်ထားသော၊ ပထမဝိုင်ခွက်ကိုသောက်ခြင်း၊

(၂) Urchatz လက်ဆေးခြင်းအခမ်းအနား၊ ဤအခမ်းအနားတွင်၊ ကောင်းကြီးပေးခြင်းအမူမပါပေ။

(၃) Karpas ညစာစားပွဲအတွက်သတ်မှတ်ထားသော၊ ဟင်းသီးဟင်းရွက်ကို၊ ဆာရည်စိမ်ခြင်း၊

(၄) Yachatz တဆေးမဲ့မုန့်ကိုဖဲ့၍စားခြင်း၊

(၅) Maggid ပါစကားပွဲတော်၏သမိုင်းကြောင်းကိုပြန်လည်ပြောပြခြင်း၊ မေးခွန်းလေးခုကိုရွတ်ဖတ်ခြင်းနှင့်၊ သောက်ရန်သတ်မှတ်ထားသော၊ ဒုတိယဝိုငျခှကျကိုသောကျခွငျး၊

(၆) Rachtzahဒ ဒုတိယအကြိမ်လက်ကိုဆေးကြောခြင်း၊ ယခုတစ်ကြိမ်တွင်၊ ကောင်းကြီးပေးခြင်းအခမ်းအနားဖြင့်ပြုလုပ်ပါသည်။

(၇) Motzi မိမိတို့ခြံထွက်မုန့်များကိုမသုံးဆောင်မှီ၊ ထုံးတမ်းဆင်လာအတိုင်းပြုသောကောင်းကြီးပေးခြင်းအခမ်းအနား၊

(၈) Matzo တဆေးမဲ့မုန့်မစားမှီ၊ ကျေးဇူးတော်ချီးမွှမ်းခြင်း၊

(၉) Maror ခါးသက်သောဟင်းရွက်ကိုစားခြင်း၊

(၁၀) Koreich တဆေးမဲ့မုန့်ကို၊ ခါးသက်သောဟင်းရွက်များနှင့်စားခြင်း၊

(၁၁) Shulchan oreich ပွဲတော်နေ့အတွက်တည်ခင်းသောစားသောက်ပွဲ၊

(၁၂) Tzafun ကျန်နေသေးသော၊ တဆေးမဲ့မုန့်ကိုစားခြင်း၊

(၁၃) Bareich ပွဲတော်အတွင်းသောက်ရန်ပြင်ဆင်ထားသော၊ တတိယဝိုင်ဖလားကို၊ ကျေးဇူးတော်ချီမွှမ်းပြီးသောက်ခြင်း၊

(၁၄) Hallel အာလေလုယာသီချင်းကိုသီဆိုရင်း၊ ပွဲတော်အတွင်းသောက်ရန်ပြင်ဆင်ထားသော၊ စတုတ္ထဝိုင်ဖလားတော်ကိုသောက်ခြင်း၊

(၁၅) Nirtzah နိဂုံးချုပ်အခမ်းအနားတို့ဖြစ်ပါသည်။

 

#ခါးသက်သည့်ဟင်းရွက်ကိုစားသုံးခြင်း (Maror)

ရွေလင်ဗန်းထဲထည့်ထားသော်၊ ခါးသက်သည့်ဟင်းရွက်ကိုစားသုံးခြင်းသည်၊ အီဂျစ်ပြည်၌ခံထမ်းခဲ့ရသော၊ ခါး သီးသည့်အချိန်ကာလကိုရည်ညွှန်းပါသည်။ (ထွက်မြောက်ရာကျမ်း ၁း၁၄)

၀ိုင်းဖလားတော်လေးခွက် (Four cups of wine)

ပါစကားသိုးသူငယ်တော်၏ညစာစားပွဲကျင်းပရာ၌၊ ဝိုင်ဖလားခွက်လေးကိုပြင်ဆင်ထားရပြီး၊ သောက် သုံးရပါသည်။ ဤဝိုင်ကို၊ အလွန်ဆင်းရဲသောအီစ္စရေးလူမျိုးများပင်လျှင်၊ သောက်ခွင့်ရှိပါသည်။ ထိုဝိုင်ခွက်လေးခွက်၏ ဆိုလိုရင်းမှာ၊ (၁) သန့် ရှင်းသောဖလားတော်၊ (၂) ခွက်မှာ၊ အီဂျစ်ပြည်မှစတင်ထွက်ခွာသောအကြောင်းအရာနှင့်၊ ဆက်စပ်ပါ သည်။ (၃) ခွက်မှာ၊ ဆုတောင်းခြင်း ဖြင့်၊ ပါစကားစားပွဲကိုအဆုံးသတ်ခြင်း၊ (၄) ခွက်မှာ၊ ၀မ်းမြောက်ခြင်းနှင့်ဆက်စပ်နေပါသည်။

ပါစကားညစာစားပွဲ၌၊ ရွတ်ဆိုသောမေးခွန်းလေးခု (The four questions and participation of children)

ကလေးများသည်၊ ပါစကားညစာစားပွဲ၌၊ အထူးအရေးပါသူများဖြစ်ကြပါသည်။ အဘယ် ကြောင့်ဆိုသော်၊ ရှေးဟောင်းနှောင်းဖြစ်များကိုကြားနာပြီး၊ မိသားစုအတွင်းအငယ်ဆုံးဖြစ်သူမှ၊ ပါစကားပွဲတော်နှင့်စပ်လျှင်း၍၊ မေးခွန်းများမေးမြန်းရပါသည်။ စားသောက်ပွဲအတွင်းပြုလုပ်ခဲ့သည့်အရာများအားလုံး၏ဆိုလိုရင်းများ၊ သင်္ကေတများကို စားပွဲ၌ ရှိနေကြသောသူများမှ၊ ရှင်းပြပေးရပါသည်။ အဆိုပါမေးခွန်းများမှာ၊ အဘယ်ကြောင့်ဤယနေ့ညသည်၊အခြားညများထက်ထူး ခြားရပါသနည်း။ အဘယ်ကြောင့်ဆိုသော်

(၁) အခြားညများတွင်မစားသော်တဆေးမဲ့မုန့်ကိုစားကြသည်။

(၂) အခြားညများတွင်စားလေ့မရှိသော၊ ခါးသက်သည့်ဟင်းသီးဟင်းရွက်ကိုစား၏။

(၃) အခြားညများတွင်၊ စားစရာများကိုနစ်၍စားလေ့မရှိ။ ယနေ့ညတွင်နှစ်ကြိမ်တိုင်နစ်ခဲ့ပါသည်။

(၄) အခြားညများတွင်၊ လျှောင်း၍သော်လည်းကောင်း၊ ထိုင်၍သော်လည်းကောင်းစားသောက်ကြ၏။ ယနေ့ည၌မူ၊ လျှောင်း၍ သာစားရပါသည်။

#Crd to Fr.Cle Pike

 

Add new comment

3 + 5 =