ဒုက္ခတွေက ဒုက္ခမပေးနိုင်တဲ့ယုံကြည်ခြင်း

ဒုက္ခတွေက ဒုက္ခမပေးနိုင်တဲ့ယုံကြည်ခြင်း
---------------------------------------------
Fr. Camillus Suan SDB

(အခြေပြုကျမ်း - ရှင်ယာကုပ်သြဝါဒစာ ၁၂း၁-၁၂)

ဒုက္ခဆိုတဲ့စကားကိုခရစ်ယာန်တွေအထူးသဖြင့်ကက်သလစ်တွေကဘယ်လိုအဓိပ္ပါယ်နားလည်သဘောပေါက်လဲဆိုတော့ဘုရားကဒုက္ခကိုဖြစ်စေတဲ့ပုဂ္ဂိုလ်တော်မြတ်မဟုတ်ဘူး။ဒါပေမဲ့ဒုက္ခဖြစ်လာဘို့ကိုတော့အဆိုးထဲကပိုကောင်းတဲ့ရလဒ်တစ်ခုအတွက်တစ်ခါတစ်လေအခွင့်ပေးတယ်။ဥပမာ-ယောဘဝတ္ထုပုံပြင်ထဲကအဖြစ်အပျက်မျိုးပေါ့။ဒီအဆိုရဲ့အကောင်းဆုံးသက်သေပြချက်ကတော့ဒုက္ခတွေထဲကအဆိုးဝါးဆုံးဒုက္ခဖြစ်တဲ့ဘုရားရဲ့သားတော်ယေဇူးခရစ်တော်ကိုရက်ရက်စက်စက်ညဉ်းပမ်းနှိပ်စက်ပြီးသတ်ဖြတ်ခြင်းမှလောကလူသားများအတွက်အကောင်းဆုံးအရာဖြစ်တဲ့ကယ်တင်ရှင်ယေဇူးခရစ်တော်ကအပြစ်နှင့်သေခြင်းတရားကိုအောင်မြင်ပြီးရှင်ပြန်ထမြောက်ခြင်းအားဖြင့်သူ့ကိုကျွမ်းဝင်ယုံကြည်တဲ့သူတွေလည်းအပြစ်နှင့်သေခြင်းတရားကိုအောင်မြင်နိုင်ပြီးသေပြီးသော်လည်းခရစ်တော်လိုရှင်ပြန်ထမြောက်ကြမယ်ဆိုတဲ့အာမခံချက်ဖြစ်ပါတယ်။

(God is not the cause of evil but sometimes He allows for a better good. In the history of humankind the worst ever happened was the most cruel way of torturing and killing of the Son of God. God allowed this to happen because out of this worst thing He could bring what is the best for humankind, i.e., the victorious resurrection of our Lord Jesus Christ over sin and death, and also the guarantee of resurrection and victory to sin and death for those who believe in Him.

Theologyမှာသင်ခဲ့တဲ့ဟာတစ်ချို့ကိုအင်္ဂလိပ်လိုနားလည်တဲ့သူတွေအတွက်ပိုများရှင်းသွားမလားလို့ကိုယ့်ဟာကိုယ်ရေးပေးလိုက်တာဖြစ်တယ်)။ဒီအမြင်နဲ့အောက်ကသုံးသပ်ချက်တွေကိုဆက်လက်ထောက်ရှုကြရအောင်။

ဘဝမှာဒုက္ခအခက်အခဲပြသာနာတွေနှင့်ရင်ဆိုင်တွေ့ကြုံရလို့အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာခရစ်တော်ကိုယုံကြည်သူတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့စိတ်နေသဘောထားနှင့်ယုံကြည်ခြင်းမျိုးကို ဘယ်လိုလုပ်ယူပိုင်ဆိုင်ကြရမလဲဆိုတာ ခရစ်တော်ကို ယုံကြည်လို့ ညဉ်းပမ်းနှိပ်စက်ခြင်းခံရလို့ အသက်အတွက်အနယ်နယ်အရပ်ရပ်(ရှင်ယာကုပ်၁း၁)ကိုလွတ်မြောက်အောင်ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ကနဦးခရစ်ယာန်တွေဆီကနေ သင်ခန်းစာ ယူကြရအောင်။
လူတစ်ယောက်ရဲ့အောင်မြင်မှုကျဆုံးမှု၊ ကောင်းစားခြင်း မကောင်းစားခြင်း၊ ကြီးမြတ်မှု သေးတိမ်မှုက ဘဝမှာ ရှောင်လွှဲလို့မရတဲ့ဒုက္ခအခက်အခဲပြသာနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ သိကျွမ်းနားလည်ခြင်း(ရှင်ယာကုပ်၁း၃)ပေါ်မှာ မူတည်တယ်။ ကိုယ့်ရဲ့ ယုံကြည်ခြင်းကနေ ဆင်းသက်လာတဲ့ခံယူချက်နှင့်ဘဝအမြင်က မှန်ကန်ကြည်လင်ပြတ်သား လေ လေ ဒုက္ခအခက်အခဲပြသနာတွေကို ပိုမိုတည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်း နိုင်လေလေဖြစ်တယ်။
ဒါကြောင့်လည်းခေါင်းစဉ်ကို ဒုက္ခတွေက ဒုက္ခမပေးနိုင်တဲ့ယုံကြည်ခြင်းလို့ ခေါင်းစဉ်ပေးရခြင်း ဖြစ်တယ်။

ဘဝမှာ-
၁။ ဒုက္ခအခက်အခဲပြသာနာဆိုတာရှောင်လွှဲလို့မရဘူး

ရှင်ယာကုပ် (၁း၂-က)
“ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် စုံစမ်းနှောက်ယှက်ခြင်းတို့နှင့် ကြုံတွေ့ရသောအခါ…”

ရှင်ယောဟန် ၁၆း၃၃
သင်တို့သည်ဤလောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်။ သို့သော် စိတ်အားငယ်ခြင်းမရှိကြနှင့်။ ငါသည်လောကကိုအောင်မြင်ခဲ့လေပြီ။

ပ-ရှင်ပေတရု ၄း၁၂
သင်တို့ကို စုံစမ်းရန် သင်တို့အပေါ်သို့ကျရောက်လာသောမီးဖြင့်စမ်းသပ်ခြင်းနှင့်ပတ်သက်၍် သင်တို့၌ ထူးဆန်းသောအမှုဖြစ်ပျက်လျက်ရှိပြီဟူ၍ အံ့သြခြင်းမရှိကြနှင့်။

ဆိုလိုတဲ့အဓိပ္ပါယ်က ဘဝမှာ ဒုက္ခအခက်အခဲပြသာနာတွေ ရင်ဆိုင်တွေ့ကြုံမှာ သေချာတယ်။ ဘယ်သူမှလွှတ်မှာမဟူတ်ဘူး။ဘယ်သူမှရှောင်လွှဲလို့ရမှာ မဟုတ်တာသေချာတယ်။ တွေ့ကြုံရင်ဆိုင် ရတဲ့ဒုက္ခကနေလည်း မဖြေရှင်းဘဲရှောင်လွှဲထွက်ပြေးဘို့တော့ မကြံပါနဲ့။ ဘဝစာသင်ကျောင်းမှာ ဒုက္ခစာမေးပွဲတွေကိုတော့ အောင်မြင်စွာ ဖြေဆိုနိုင်အောင်သင်ယူရမှာပဲ။

၂။ ဒုက္ခအခက်အခဲပြသာနာဆိုတာ အမျိုးမျိုးရှိတယ်
ရှင်ယာကုပ် ၁း၂ခ
“ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် စုံစမ်းနှောက်ယှက်ခြင်းအမျိုးမျိုးတို့နှင့်ကြုံတွေ့ရသောအခါ…”
တွေ့ကြုံရင်ဆိုင်ခဲ့ဖူးတဲ့ ဒုက္ခအခက်အခဲတွေက အမျိုးအစားမတူဘူး၊ အရွယ်အစားလဲမတူဘူး၊ နည်းမျိုးစုံအရောင်မျိုးစုံံ၊ သိပ်သည်းမှုမျိုးစုံနဲ့လာနေတာသိကြမှာပါ။ ဥပမာ-ဒီ Covid-19 ကိုရိုနာ ဗိုင်းရပ်စ်က ဘယ်လောက်ကြာအုံးမလဲ(သို့မဟုတ်) ကိုယ်တွေ့ကြုံခံစားနေရတဲ့ ပြသာနာ အခက်အခဲတစ်ခုရဲ့ ဖိအားက ဘယ်လောက်ထိသက်ရောက်မှုရှိအုံးမလဲဆိုတာ ပြောရခက်တယ်။

၃။ ဒုက္ခအခက်အခဲပြသာနာဆိုတာ ကြိုတင်ခန့်မှန်းလို့မရဘူး
ရှင်ယာကုပ် ၁း၂ဂ
“ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် စုံစမ်းနှောက်ယှက်ခြင်းအမျိုးမျိုးတို့နှင့်ကြုံတွေ့ရသောအခါ…”

ဒုက္ခအခက်အခဲပြသာနာဆိုတာကိုယ်မထင်မှတ်ဆုံးအချိန်၊ မမျှော်လင့်တဲ့အချိန်၊ အဆင်သင့် မရှိတဲ့အချိန်တွေမှာ လာတတ်တယ်။ ဥပမာ -နောက်ကျလို့အလောတစ်ကြီးဖြစ်နေပါတယ်ဆိုမှ ကားဘီးကပေါက်လာလိုက်သေးတယ်ဆိုတာမျိုး၊ ဘယ်အချိန်မှာပေါ်လာမလဲ ကြုံရမလဲဆိုတာ ကြိုတင်ခန့်မှန်းလို့မရဘူး။ အစီအစဉ်ကြိုဆွဲထားလို့မရဘူး။ မဖိတ်ထားလည်းရောက်လာတဲ့ ဧည့်သည်တစ်ယောက်လိုဖြစ်တယ်။

၄။ဒုက္ခအခက်အခဲပြသာနာတွေဟာနောက်ကြောင်းရည်ရွယ်ချက်နဲ့လာတာဖြစ်တယ်
ရှင်ယာကုပ် ၁း၃
အကြောင်းမူကားသင်တို့၏ ယုံကြည်ခြင်းသည် စမ်းသပ်ခြင်းခံရသောအခါ သင်တို့တည်ကြည် ခိုင်မာသောစိတ်တိုးပွားလာကြောင်းကို သင်တို့သိကြသောကြောင့်တည်း။

ဒုက္ခအခက်အခဲပြသနာ အကျပ်အတည်းတွေကို မှန်ကန်တဲ့ခံယူချက်နှင့် ကြည်လင်ပြတ်သားတဲ့ ဘဝအမြင်မှန်နဲ့ကိုင်တွယ်ဖြေရှင်းတတ်လေလေ ဘဝအကျိုးပေးလေလေလို့ ဆိုလိုတာဖြစ်တယ်။ ဒီဒုက္ခအခက်အခဲတွေကိုအသုံးပြုပြီးတော့ အရည်အသွေးပြည့်မီအောင်ပိုပြီး ရင့်ကျက်လာအောင် ကောင်းမြတ်လာအောင်ကျွန်တော်တို့ကိုဘုရားရှင်ကအောက်ပါရည်ရွယ်ချက်(၄)မျိုးနှင့်ပြုပြင်နေတယ်။

(၁) ဒုက္ခအခက်အခဲပြသနာအကျပ်အတည်းတွေက မိမိရဲ့ယုံကြည်ခြင်းကိုစမ်းသပ်ဘို့ဖြစ်တယ်
ရှင်ယာကုပ် ၁း၃
“အကြောင်းမူကားသင်တို့၏ယုံကြည်ခြင်းသည်စမ်းသပ်ခြင်းခံရသောအခါ…”

ဒီနေရာမှာယုံကြည်ခြင်းကို စမ်းသပ်ခြင်းဆိုတဲ့စကားလုံးက ရွှေအစစ်ရဘို့မီးနှင့် မကောင်းတဲ့ အညစ်အကြေးတွေကို လောင်ကျွမ်းစေတဲ့အသုံးအနှုန်းက အတူတူပဲဖြစ်တယ်။ ဒါကြောင့် ရှင်ပေတရုကလည်း “သို့မှသာမီးဖြင့်စမ်းသပ်ခံရပြီးဖြစ်သော်လည်း ပျောက်ပျက်သွားနိုင်သည့် ရွှေထက်ပို၍တန်ဖိုးကြီးမားသော သင်တို့၏ယုံကြည်ခြင်းသည် ထိုက်တန်ကြောင်း စမ်းသပ်စစ်ဆေးခံရပြီးနောက် သင်တို့သည် ယေဇူးခရစ်တော်၏ဘုန်းတော်ထင်ရှားသည့် အချိန်တွင်ချီးမွမ်းခြင်း၊ ဂုဏ်ကျက်သရေနှင့်လေးစားဂုဏ်ပြုခြင်းတို့ကို ခံစားကြရမည်ဖြစ်၏”(ပ-ပေတရု ၁း၇)လို့မိန့်ကြားခဲ့ပါတယ်။

သမ္မာကျမ်းစာတော်မြတ်မှာ ဒုက္ခအခက်အခဲပြသာနာတွေ တွေ့ကြုံရင်ဆိုင်ရလို့ မိမိရဲ့ယုံကြည် ခြင်းကို စုံစမ်းစစ်ဆေးခြင်းခံရတဲ့ ဂန္တဝင်အမြောက်ဆုံးပဂ္ဂိုလ်ကတော့ ယောဘပဲဖြစ်ပါတယ်။ ယောဘဟာဒီစုံစမ်းခြင်းတွေကို အောင်မြင်ကျော်လွှားနိုင်လို့ သူပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းနဲ့ ဂုဏ်သိက္ခာ ကိုနှစ်ဆတိုးမြင့်ချီးမြှင့်ခဲ့ပါတယ်။ တစ်ခါတစ်လေကိုယ်တွေ့ကြုံရတဲ့ ဒုက္ခအခက်အခဲပြသာနာတွေကို မကောင်းဘူးလို့ထင်ရပေမဲ့ ဘုရားကကိုယ့်အတွက်အကောင်းပြင်ဆင်ထားပေးတာလည်းဖြစ်နိုင်တယ်။

တစ်ခါကအသက်၄၀လောက်ရှိတဲ့အမျိုးသားတစ်ယောက် သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီဘော့စ်က မပြောပလောက်တဲ့အမှားတစ်ခု လုပ်လိုက်မိလို့ ဆဲဆိုငေါက်ငမ်းပြီး တစ်ခါတည်း အလုပ်ဖြုတ်လိုက်သတဲ။ ဒါနဲ့မိသားစုမှာအခြားဝင်ငွေလည်းမရှိ။ မိန်းမနဲ့သားသမီးတွေလည်း ကျွေးရမယ်၊ တစ်ခါမှလည်းအလုပ်ဖြုတ်ခံရတာ မကြုံဖူးဘူး၊ အခြားအလုပ်လည်း ဘာလုပ်ရမှန်း မသိသေးတော့ အဲဒီနေ့တော့ ကမ္ဘာကုန်သွားတော့မယ့် အတိုင်းပဲ ခံစားမိတယ်တဲ့။ ညနေအိမ်ရောက်တော့ အကျိုးအကြောင်းတွေကို မိန်းမကိုပြောပြတော့ မိန်းမက ဒါဆို အခုလာ အလုပ်လုပ်ပြီး အသက်ရှင်ရတော့မလဲလို့ မေးတော့ ငါငယ်ငယ်ကတည်းကနေ အခုထိလုပ်ချင်နေတဲ့ ဆောက်လုပ်ရေးကိုအစိုးရဘဏ်ကနေပိုက်ဆံချေးပြီး လုပ်ငန်းစလိုက်မယ်လို့ ပြန်ဖြေပြီးတကယ်လည်း စလုပ်တော့ အပန်းဖြေစခန်း တစ်ခုမှာသိန်းရာဂဏန်းရင်းပြီး ဆောက်ခဲ့တဲ့အိမ်နှစ်လုံးက နောက်ငါးနှစ်ကြာတော့ သိန်းသောင်းကဏန်း ပေါက်လာတယ်။ အဲဒီကနေ ဟော်တယ်တွေ မော်တယ်တွေ ဆက်ဆောက်လို့ အမေရိကမှာဆောက်လုပ်ရေးနဲ့ အချမ်းသာဆုံး ဘီလျံနာ ဝေါလေးစ်ဂျွန်ဆင်ဖြစ်လာတယ်။ သူပြောတာက အဲဒီနေ့မှာသာ သူအဆူမခံရဘူး အလုပ်မပြုတ်ဘူးဆိုရင် ဘီလျံနာတစ်ယောက်ဖြစ်လာမှာ မဟုတ်လို့သူကိုအလုပ်ဖြုတ်တဲ့သူကို ကျေးဇူးတင် ကန်တော့ဘို့ လိုက်စုံစမ်းတာရှာမတွေ့တော့ဘူးလို့ပြောတယ်။
စုံစမ်းနှောက်ယှက်ခြင်းတွေ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်တွေ့ကြုံတဲ့အချိန် ကိုယ်ဘုရားကို တကယ်ယုံနိုင်မလားဆိုတာကမေးခွန်းထုတ်စရာပါ။

(၂)ဒုက္ခအခက်အခဲပြသနာအကျပ်အတည်းတွေက ကိုယ့်ရဲ့တည်ကြည်စွဲမြဲတဲ့စိတ်ရဲ့ခံနိုင်ရည်စွမ်းကိုစမ်းသပ်ဘို့ဖြစ်တယ်
ရှင်ယာကုပ် ၁း၃
“သင်တို့၌တည်ကြည်ခိုင်မာသောစိတ်တိုးပွားလာကြောင်းကိုသင်တို့သိကြသောကြောင့်…”
ဒီပါရမီဒီအရည်အချင်းဟာဒီခေတ်ဒီခါမှာအလိုအပ်ဆုံးအရာဖြစ်တယ်။အစားအသောက်တွေကTwo in One, Three in One အားလုံးလိုလို ready made အဆင်သင့် လုပ်ထားပေးတော့လည်း စိတ်ရှည်သည်းခံအပင်ပန်းခံပြီး ဇွဲရှိရှိနဲ့လုပ်ယူရတဲ့အရာစောင့်နေရမယ့် အရာဆိုမလုပ်ချင်တော့ဘူး၊ အားမစိုက်ချင်တော့ဘူး။ အလွယ်တကူနဲ့လက်လွတ်လိုက်တယ်၊အရှုံးပေးလိုက်ကြတယ်။When the going keeps tough only the tough keeps going. ဘဝလမ်းခရီးသွားရမှာ လာတဲ့အချိန်မှာ မာတဲ့သူတွေကပဲ ခရီးဆက်သွားနိုင်တယ်။ ပျော့တဲ့သူတွေကတော့ကျန်ခဲ့မယ်။ ဒုက္ခအခက်အခဲ ပြသာနာတွေနဲ့ တွေ့ကြုံရင်ဆိုင်တဲ့အချိန်မှာ တည်တည်ကြည်ကြည်နဲ့ ဟန်ချက်ညီညီနဲ့ ခြေမယိုင်ဘဲ ခိုင်ခိုင်လေးလျှောက်တတ်ဘို့တော့ သင်ယူရလိမ့်မယ်။

(၃) ဒုက္ခအခက်အခဲပြသနာအကျပ်အတည်းတွေက ကိုယ့်ရဲ့စိတ် အကျင့်စာရိတ္တ တည်ကြည် ကြံ့ခိုင်ခြင်းကို ပြည့်ဝရက်ကျက်စေဘို့ ဖြစ်တယ်
ရှင်ယာကုပ် ၁း၄
“ထိုတည်ကြည်ခိုင်မာသောစိတ်၌အကျိုးသက်ရောက်မှုပြည့်ဝစုံလင်စေခြင်းငှာ…”

ရုရှားနိုင်ငံမှာသိပ္ပံပညာရှင်တွေက တိရိစ္ဆာန်တွေနဲ့သုတေသနတစ်ခုလုပ်လို့ သူတို့ရဲ့တွေ့ရှိ ချက်ကတော့ အစစအရာရာပြည့်စုံအောင် သက်တောင့်သက်သာနဲ့ အဆင်ပြေအောင်ထားတဲ့ တိရိစ္ဆာန်တွေဟာရောဂါဝေဒနာတွေကိုမခံနိုင်ဘဲ ထိလွယ်ရှလွယ်လို့ သေဘို့လည်းပိုလွယ်တယ်တဲ့။ အစားအစာလည်း သိပ်အဆင်မပြေဘူး။ ရာသီဥတုလည်းကြမ်းတဲ့နေရာမှာ ထားထားတဲ့ အကောင်တွေကျတော့ ရောဂါဝေဒနာလည်း ပိုခံနိုင်ပြီး ပိုလည်းအသက်ရည်တာကိုတွေ့ရှိတယ်တဲ့။

ဒုက္ခအခက်အခဲပြသနာတွေ အကျပ်အတည်းတွေဟာ ကိုယ့်ရဲ့စိတ်အကျင့်စာရိတ္တ တည်ကြည် ကြံ့ခိုင်မာစေဘို့ ပိုပြီးပြည့်ဝရက်ကျက်စေဘို့ဖြစ်တယ်ဆိုတာ မြင်တတ်ခံယူတတ်ရင်တော့ အကျိုးအမြတ် ပိုပြီးရလာပါလိမ့်မယ်။ ဒီလိုအကျိုးအမြတ်ရလာဘို့ တုံ့ပြန်နည်း လေးမျိုးလိုအပ်တယ်။

(က)ဝမ်းမြောက်ပါ။ဘုရားရှင်ကဒီဒုက္ခကိုအသုံးပြုနိုင်တယ်ဆိုတာကိုသိလို့ဝမ်းမြောက်ပါ
ရှင်ယာကုပ် ၁း၂
“ငါ၏ညီအစ်ကိုတို့၊သင်တို့သည်စုံစမ်းနှောက်ယှက်ခြင်းအမျိုးမျိုးတို့နှင့်ကြုံတွေ့ရသောအခါ
ဝမ်းမြောက်ကြပါလော့။”


ဒီလိုဒုက္ခအခက်အခဲပြသာနာတွေကြားမှာ ဝမ်းမြောက်ပျော်ရွှင်နိုင်ဖို့ အကြီးမားဆုံး နှစ်သိမ့်မှုကတော့“ဘုရားသည်မိမိကိုချစ်၍ မိမိ၏ရည်ရွယ်ချက်အတိုင်း ခေါ်ယူထားသော သူတို့နှင့် အတူအားလုံးသောအရာတို့၌ ကောင်းကျိုးဖြစ်ပေါ်စေရန် လုပ်ဆောင်တော်မူသည်ကို ငါတို့သိကြ၏” (ရောမသြဝါဒစာ၈း၂၈)ရှင်ပေါလုရဲ့စကားပင်ဖြစ်တယ်။ အရာရာအားလုံးမှာ ဘုရားက ကိုယ့်အတွက် အကောင်းဘက်ကိုလုပ်ဆောင်ပေးနေတယ်ဆိုတာ သိခြင်း၊ယုံကြည်ခြင်းမှာ ဝမ်းမြောက် ပျော်ရွှင်နိုင်တာ ဖြစ်တယ်။

ဝမ်းမြောက်ပျော်ရွှင်တယ်ဆိုတာက ခံစားချက်ပေါ်မမူတည်ဘဲ ခံယူချက် ယုံကြည်ချက်အပေါ်မှာ မူတည်တယ်။ ဝမ်းမြောက်ပျော်ရွှင်ခြင်းက ရွေးချယ်ချက်ဆုံးခြတ်ချက် တစ်ခုဖြစ်တယ်။ ပတ်ဝန်းကျင်အခြေအနေတစ်ခုပေါ်မှာမမူတည်ဘူး။ ဒါကြောင့်လည်း ဆာလံရေးတဲ့ စာဆိုတော်ဒါဝိဒ်မင်းကြိးက-“ငါသည်ထာဝရဘုရားသခင်ကို အစဉ်ချီးမွမ်းထောပနာပြုပါမည်” (ဆာလံ၃၄း၁)။ ဆိုလိုတာကတော့ အခြေအနေကောင်းမှမဟုတ်ဘဲ ကောင်းတဲ့အချိန်မကောင်းတဲ့ အချိန် အစဉ်အမြဲရွေးချယ်ပြီး ဆုံးဖြတ်ပြီးဝမ်းမြောက်ပျော်ရွှင်မယ်လို့ ပြောနေတာဖြစ်တယ်။

ဘယ်လိုဒုက္ခအခက်အခဲတွေကြုံရကြုံရဘုရားရှင်က ကျွန်တော့်အတွက် ကောင်းကျိုး ဆောင်ရွက် ပေးနေမည်ဆိုတာ သိရှိယုံကြည်လို့ဝမ်းမြောက်နိုင်တာပါ။

(ခ) စိတ်တည်ငြိမ်အောင်ထားပြီး ယုံကြည်စိတ်ချစွာနဲ့ဘုရားသခင်ဆီဉာဏ်ပညာကိုတောင်းပါ

ရှင်ယာကုပ် ၁း၅
သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာကိုလိုအပ်လျှင် ဘုရားသခင်ထံ တောင်းလျှောက် ပါစေ။ ကိုယ်တော်သည် အပြစ်တင်ခြင်းမရှိဘဲ လူတို့အားရက်ရောစွာပေးလေ့ရှိသဖြင့် သူ့အား ဉာဏ်ပညာကို ပေးသနားတော်မူလိမ့်မည်။

ဆိုလိုတာကမပြာနဲ့။ ဒီဒုက္ခအခက်အခဲပြသာနာကို ဘယ်လိုအကောင်းဆုံးကိုင်တွယ် ဖြေရှင်း နိုင်မလဲဆိုတာ ဝိညာဉ်တော်ဘုရားမြတ်ရဲ့ ဉာဏ်ပညာအလင်းကျေးဇူးတော် တောင်းခံဖို့ ပြောနေတ့ာဖြစ်တယ်။ ဘာဖြစ်လို့ ဉာဏ်ပညာအလင်းကျေးဇူး တောင်းနေတာလဲ။ ပထမက အကြောင်းရင်းကတော့ ဒီအခက်အခဲပြသာနာကနေ ဘာသင်ယူမလဲ။ ခံယူတတ်ရင် သင်ယူတတ်ရင် ဒုက္ခအခက်အခဲပြသာနာတိုင်းက ဘဝသင်ခန်းစာပေးတယ်။ ကိုယ်ကဘာကိုသင်ယူမလဲဆိုတာ မေးရမယ်။ ဒီထက်ပိုအရေးကြီးတာကတော့ ဒုတိယမေးခွန်းဖြစ်တယ်။

ဒုက္ခအခက်အခဲပြသာနာတွေ ရင်ဆိုင်ကြုံတွေ့တဲ့ အချိန်မှာဘာကြောင့် ဒါတွေဖြစ်နေလဲ ဆိုတာမမေးဘဲ ဘုရားသခင်ဆီ ကိုယ်တော်ဒီအကျပ်အတည်းကနေ ဘာကိုသင်ယူစေချင်လဲလို့ မေးပါ။ နတ်ဆိုးကဒုက္ခအခက်အခဲပြသာနာတွေနဲ့ ကိုယ့်ကိုရိုက်ချိုးဖို့ အသုံးချနေချိန်မှာပဲ ကောင်းမြတ်တော်မူတဲ့ ဘုရားရှင်ကဒီအရာတွေကိုပဲ ကိုယ့်ရဲ့တိုးတက်ကောင်းစားရေး အတွက် အသုံးပြုနေတယ်။

ဒီအချက်တော့ ဒုက္ခအခက်အခဲပြသာနာတွေကြုံတွေ့တဲ့ အချိန်မှာ မမေ့ပါနဲ့။ နတ်ဆိုးနှင့် လူတွေကကကိုယ့်ကို ဒုက္ခအခက်အခဲပြသာနာတွေရဲ့ သားကောင်ဖြစ်စေဘို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ အချိန်မှာပဲမြင့်မြတ်တဲ့ ဘုရားရှင်ကကိုယ့်ရဲ့ တိုးတက်ကောင်းစားရေးအတွက် ဒီဒုက္ခအခက်အခဲပြသာနာတွေကို အသုံးပြုချင်တယ်ဆိုတာသိထားလို့ စိတ်တည်ငြိမ်အောင်ထားပြီး ကိုယ်တော်တပည့်တော်ကို ဘာလုပ်စေချင်လဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ မြင်နိုင်အောင် ဉာဏ်ပညာ အလင်းကျေးဇူးတော်တောင်းခံရခြင်းဖြစ်တယ်။

(ဂ)ဘုရားကိုယုံကြည်အားကိုးခြင်းအပြည့်နဲ့အကူအညီတောင်းခံပါ
ရှင်ယာကုပ် ၁း၆
သို့ရာတွင် သူသည်သံသယစိတ်မရှိဘဲယုံကြည်ခြင်းနှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသောသူသည်လေတိုက်၍လှုပ်ရှားသောပင်လယ်လှိုင်းတံပိုးနှင့်တူ၏။

ဆိုလိုတာက ဘုရားကိုအပြည့်အဝယုံကြည်အားကိုးတာ စိတ်ချယုံကြည်တာဖြစ်တယ်။ ဆာလံရေးတဲ့စာဆိုတော်ကလည်း“အိုငါ့ဝိညာဉ်၊ငြိမ်ဝပ်စွာနားနေပါလော့။ အကြောင်းမူကား ထာဝရ ဘုရားသခင်သည် သင့်အပေါ်၌ရက်ရောစွာပြုတော်မူသော ကြောင့်တည်း(၁၁၆း၇)လို့ ဆိုထားပါ တယ်။

အထက်ကဖော်ပြခဲ့သလို ဒုက္ခအခက်အခဲပြသာနာတွေဟာ နည်းမျိုးစုံ(ရှင်ယာကုပ်၁း၂)နဲ့ လာသလိုဒီဒုက္ခအခက်အခဲပြသာနာတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ရန်အတွက်လည်း ကျေးဇူးတော် အမျိုးမျိုးပေးထားတဲ့ အကြောင်း ရှင်ပေတရုက ဒီလိုပြောထားပါတယ်။ ”သင်တို့တစ်ဦးစီသည် ကျေးဇူးတော်ကိုရရှိကြသဖြင့် ဘုရားသခင်၏ကျေးဇူးတော်အမျိုးမျိုးကို စောင့်ရှောက်ထိန်းသိမ်းရသည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုကျေးဇူးတော်ကို တစ်ဦးစီ၏အကျိုးအတွက်အသုံးပြုကြလော့(ပ-ပေတရု၄း၁၀)။ဆက်လက်ပြီးရှင်ပေါလုကလည်း ”သို့သော်ကိုယ်တော်က ငါ၏ကျေးဇူးတော်သည် သင့်အတွက် လုံလောက်ပေ၏။ သင်အားနည်းသောအခါ ငါ၏တန်ခိုးမှာ ပြည့်စုံလာလေသည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် ငါ့အပေါ်၌ခရစ်တော်၏ တန်ခိုးတော်ကိန်းဝပ်စေရန် အလို့ငှာငါသည် ငါ၏အားနည်းချက်များကိုပို၍ပင်ဝမ်းမြောက်စွာဂု်ယူဝါကြွားမည်(ဒု-ကော၁၂း၉)လို့ဆိုထားပါတယ်။

သံပုရာသီးကိုညှစ်ရင်သံပုရာရည်ထွက်တယ်။ လူကိုညှစ်ရင် ကောဘာအရည်ထွက်လာလဲ။ သူ့ရဲ့အရည်အသွေး ဘယ်လိုမျိုးလူစားလဲဆိုတာ သိသာလာတယ်။ ဒုက္ခအခက်အခဲပြသာနာတွေက လူတစ်ယောက်ကိုသူ့အလိုအလျောက် ပိုကောင်းစေတာ မဟုတ်ဘူး။ ဒါကြောင့်လဲဒုက္ခ အခက်အခဲပြသာနာတွေက ကိုယ့်ကိုလာရိုက်ချိုးမလား၊ သားကောင်ဖြစ်စေမလား။ ဒါမှမဟုတ်ရင် ပိုပြီးတိုးတက်ကောင်းစားသွားစေမလား။ ခလုတ်တိုက်မိလို့လဲ ကျစရာတုံးတစ်ခုလား၊ ပိုမြင့်တဲ့ နေရာရောက်ဖို့ တက်ခုံတစ်ခုလား a stumbling block or a stepping stone? ဆိုတာကိုယ့်ရဲ့ ဘုရားရှင်ကိုယုံကြည်အားကိုးမှုအပေါ်မှာမူတည်နေပါတယ်။
(ဃ)အရှုံးမပေးဘဲဘုရားသခင်ရဲ့ကတိတော်မြတ်ကိုခံယူပါ
ရှင်ယာကုပ် ၁း၁၂
စုံစမ်းနှောက်ယှက်ခြင်းကိုခံနိုင်သောသူသည်မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် နှောက်ယှက်ခြင်းကို ကြံ့ကြံ့ခံနိုင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အား ကိုယ်တော် ကတိထားတော်မူသောအသက်သရဖူကိုခံယူရရှိလိမ့်မည်။

သမ္မာကျမ်းစာတော်မြတ်ထဲမှာ ကောင်းမြတ်တဲ့ဘုရားရှင်က ဒုက္ခအခက်အခဲပြသာနာ တွေကြုံတွေ့တဲ့အချိန်မှာ အကူအညီပေးဖို့ ကတိပေးထားတာ အများကြီးအများကြီး ရှိတယ်။ ဆိုလိုတာကကျွန်တော်တို့ဒုက္ခကို တစ်ယောက်ထဲရင်ဆိုင်ရမှာ မဟုတ်ဘူး။ အားမငယ်ဘဲ ဘုရားရှင်ရဲ့အကူအညီတောင်းခံတတ်ဖို့အရေးကြီးတယ်။ ဒုက္ခအခက်အခဲပြသာနာတွေဟာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။

ဒီဒုက္ခအခက်အခဲပြသာနာတွေကြောင့် ကိုယ့်ဘဝဆုတ်ယုတ်သွားစေမလား (သို့မဟုတ်)ပိုပြီး တိုးတက်ကောင်းမွန်လာအောင် အသုံးချမလားဆိုတာ ကိုယ့်အမြင်နဲ့ကိုယ်ဘယ်လိုတုံ့ပြန်လဲ ဆိုတာပေါ်မှာ အများကြီးမူတည်နေတယ်။ ဒါကြောင့်ဒုက္ခအခက်အခဲပြသာနာတွေ တွေ့ကြုံ ရင်ဆိုင်ရတဲ့ အချိန်တိုင်း ဘုရားရှင်ရဲ့ အကူအညီတောင်းခံဖို့နဲ့ အဲဒီဒုက္ခအခက်အခဲပြသာနာ တွေကြားက ဘုရားရှင်ပေးတဲ့ဘဝသင်ခန်းစာတွေကို သင်ယူကြခြင်းအားဖြင့် ”ကိုယ်တော်ကတိထား တော်မူသောအသက်သရဖူကိုခံယူရရှိခြင်း”(ရှင်ယာကုပ်၁း၁၂)ဖြစ်တဲ့ တည်ငြိမ်ရက်ကျင့်တဲ့ ဘဝတစ်ခုရဲ့ အကျိုး ကျေးဇူးပိုင်ဆိုင်နိုင်ဖို့ ကြိုးစားသွားကြပါစ့ိုလို့ ဖိတ်ခေါ်ပါရစေ။ အာမင်။

Fr. Camillus Suan SDB

Reference: A Faith That Isn’t Troubled by Troubles, (Rick Warren) ကို ဆီလျော်အောင် မြန်မာမှုပြုသည်။

Add new comment

5 + 0 =