ဒီဇင်ဘာ (၃၀) ရက် သန့်ရှင်းသောအိမ်ထောင်စုပွဲနေ့

ဒီဇင်ဘာ (၃၀) ရက် သန့်ရှင်းသောအိမ်ထောင်စုပွဲနေ့

 

ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့

ဤပွဲနေ့ကိုကျင်းပရာတွင် ရက်အတိကျသတ်မှတ်ကျင်းပခြင်းမရှိဘဲ နှစ်စဉ် ခရစ္စမတ်ပွဲပြီးနောက်ပထမဦးဆုံးတနဂ်နွေနေ့၌ကျင်းပလေ့ရှိသည်။ သို့သော်ယခုနှစ်၌ ခရစ္စမတ်ပွဲပြီးနောက်တနဂ်နွေနေ့သည် နှစ်ဆန်း (၁) ရက်နေ့ဖြစ်နေသည်။ နှစ်ဆန်း (၁) ရက်နေ့၌အမိသာသနာတော်ကြီးအနေဖြင့်နှစ်စဉ် 'မာရိယာ၊ ဘုရား၏မယ်တော်' ပွဲနေ့ကိုကျင်းပသည်။ ဤပွဲကို တနဂ်နွေနေ့၌ဖြစ်စေ၊ သာမန်နေ့များ၌ဖြစ်စေ နှစ်ဆန်း (၁) ရက်နေ့ကျရောက်သောနေ့၌ကျင်းပရန်သတ်မှတ်ထားသည်။ ထို့ကြောင့် ဤစပ် ကြား၌ 'သန့်ရှင်းသောအိမ်ထောင်စုပွဲ' နေ့ကိုကျင်းပရန်အချိန်မရှိတော့၍ ယခုနှစ်အတွက်ဤပွဲကို ယနေ့ကျင်းပခြင်းဖြစ်ပါသည်။

အမိသာသနာတော်ကြီးသည် မိသားစုကိုရာစုအဆက်ဆက်အလွန်အရေးကြီးအရာရောက်သောနေရာ၌ထားရှိပျိုးထောင်အားပေးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိသားစုမရှိ၍မဖြစ်ပေ။

အဘယ်ကြောင့်မိသားစုကိုအရေးကြီးအရာရောက်သောနေရာတွင်ထားရှိရသနည်းဟုမူ ကျွန်ုပ်တို့သက်၀င်ယုံကြည်သော 'ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား' သည်လည်းမိသားစု အစုအဖွဲ့ဖြစ်သည်။ ထိုဘာသာရေး၏အခြေခံယုံကြည်ခြင်းပင်လျှင် မိသားစုအစုအဖွဲ့ဖြစ်နေ၍ မိသားစုကိုသာသနာတော်ကြီး၏ရပ်တည်ချက်မှမေ့‌လျော့လျော့တွက်၍မရပေ။ မေ့လျော့လျော့ တွက်မရသကဲ့သို့ ခရစ်ယာန်အိမ်ထောင်စုကိုသန့်ရှင်းအောင်၊ မှန်ကန်အောင်၊ ဘုရားသခင်၏ ကောင်းကြီးတော်စံပ္ပါယ်ရာဌာနဖြစ်သည်ကိုသိရှိအောင်သင်ကြားပေးရမည်ဖြစ်သည်။

'သန့်ရှင်းသောအိမ်ထောင်စု' ပွဲကို 'လူသာရင်၊ အဂ်လီကန်' ခရစ်ယာန်ညီအစ်ကိုများ အသင်းတော်၌လည်းကျင်းပကြောင်းသိရပါသည်။ 'သန့်ရှင်းသောအိမ်ထောင်စု' ၏မိသားစု၀င်များမှာ 'ယေဇူး၊ မာရိယာ၊ ဂျိုးဇက်' တို့ဖြစ်သည်။ ထို့အတူကျွန်ုပ်တို့လည်း ၄င်းတို့၏စံပြအသက်တာကိုပုံတုယူကျင့်ကြံတည်ဆောက်ခြင်းဖြင့် ကျွန်ုပ်တို့၏မိသားစုသည် ဘုရားသခင် ၏အလိုတော်နှင့်ညီလျှော်သောကြောင့် 'သန့်ရှင်းသောအိမ်ထောင်စု' ဖြစ်လာမည်။ 'ဘုရားသခင်၏အလိုတော်' ကိုဆောင်ရွက်ခြင်းသည် 'သန့်ရှင်းခြင်း' ကိုတိုးပွားလာစေသည်။

ဤပွဲတော်ကိုသမ္မာကျမ်းစာ၌သတ်မှတ်ထားခြင်းမရှိ။ သို့သော် 'ယေဇူး၊ မာရိယာ၊ ဂျိုးဇက်' တို့၏အကြောင်းနှင့်မိသားစုအကြောင်းကိုမှုဧ၀ံဂေလိကျမ်းစာများ၌ဖတ်ရှုနိုင်ပါသည်။ ဤပွဲကို (၁၉၂၁) ခုနှစ်ရဟန်းမင်းကြီးဘေနေဒစ် (၁၅) မှအမိသာသနာတော်ကြီး၏တစ်နှစ်၀တ်ပြုခြင်း၌ထည့်သွင်းကျင်းပရန် သတ်မှတ်ဆုံးဖြတ်ခဲ့သည်။ ကမ္ဘာ့မိသားစုအစည်းအ‌‌ေ၀းကြီးကိုဂုဏ်ပြုသောအားဖြင့် ယခင်နှစ်ကရဟန်းမင်းကြီးမှ 'မိသားစုနှစ်' အဖြစ်ကြေညာသတ် မှတ်ခဲ့ရာ ထို 'မိသားစု' နှစ်သည် ယခုနှစ် (ဇွန် ၂၆၊ ၂၀၂၂) တွင်အဆုံးသတ်ခဲ့ပြီဖြစ်သည်။ ဤသို့သတ်မှတ်နိုးဆော်ရခြင်းမှာ မိသားစုများအားယုံကြည်ခြင်းနှင့်ဘုရားသခင်၏ကောင်း ကြီးထူးဖြစ်သော မိသားစုကိုတရားတော်နှင့်ညီစွာကျင့်ကြံရှင်သန်ရန်၊ မိသားစု၏သန့်ရှင်းခြင်း၊ ပြုစုပျိုးထောင်ပေးခြင်း၊ သင်ကြားပေးခြင်း စသောမိသားစုအရေးများကိုပြုလုပ်ရန် အားပေးအားမြောက်ပြုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် 'မိသားစုအသက်တာ' သည် 'ဘုရားသခင်၏ဖန်ဆင်းခြင်းနှင့်ကယ်တင်ခြင်းလုပ်ငန်း' တော်ထဲ၌တိုက်ရိုက်ပါ၀င်နေသော မဂ်လာရှိလှသောအသက်တာဖြစ်သည်ကိုသိရှိနားလည်စေရန်ဖြစ်သည်။

မိသားစုသည် လူမှုအသိုင်းအ၀ိုင်းနှင့်သာသနာတော်ကြီး၏အသက်တာရှင်သန်ခြင်း၏အခြေခံအကျဆုံးအဖွဲ့အစည်းဖြစ်သည်။ မိသားစုပြိုလဲပျက်စီးသွားခြင်းသည် လူမှုအသိုင်းအ၀ိုင်းပြိုလဲပျက်စီးခြင်းဖြစ်သည်။ မိသားစုအသိုင်းအ၀ိုင်းအတွင်း၌ပင် ရင်သွေးများသည် ဘာသာရေး၊ လူမှုရေး၊ တာ၀န်ယူတတ်မှု၊ တာ၀န်ခံတတ်မှု၊ တာ၀န်ကျေပြွန်မှုများနှင့်မိမိတို့နှင့်လူမျိုး၊ ဘာသာ၊ နေရာ၊ ယဉ်ကျေးမှု၊ အသားအရေ၊ အစားအသောက်၊ အတွေးအခေါ်မတူသောသူများအားလေးစားရမည့်အသိများကိုသင်ကြားပေးသောဌာနကြီးဖြစ်သည်ဟုရဟန်းမင်းကြီး ကမိန့်ကြားခဲ့သည်။

မိသားစုသည် ပျော်ရွှင်ခြင်းကိုဖန်တီးပေးရန်၊ မိမိတို့သားသမီးများကိုဘက်စုံလွှမ်းခြုံ သောဖွံ့ဖြိုးတိုးတက်မှုများကိုဆောင်ကျင်းပေးရန် ဘုရားသခင်အဓိကစီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၌ ဘုရားသခင်သည် ဖန်ဆင်းခြင်းဆဌမနေ့၌မိသားစုကိုတည်ထောင်ပေးခဲ့ကြောင်းကိုအတိအလင်းဖော်ပြထားသည်။ ထိုအချက်သည် မိသားစုအဘယ်မျှအရေးပါ ကြောင်းကိုတရားချနေသည်။ အဘယ်သို့ချစ်ရမည်၊ ဂရုစိုက်ရမည်၊ ထိန်းကျောင်းရမည်၊ သို့မှ သာစစ်မှန်သောပျော်ရွှင်မှုကိုရမည့်အကြောင်း၊ လမ်းကြောင်းလွဲသောပျော်ရွှင်မှုသည် မိသားစု အားပြိုလဲစေသည်။ အချင်းချင်းအပြစ်တင်၊ အမျိုးမျိုးစွပ်စွဲပြောဆိုမှု၊ သံသယများမွေးဖွားလာစေလာသည်ကိုအလင်းပြသည်။ ဤသို့ဖြင့်ပျော်စရာမိသားစုမဟုတ်တော့ဘဲ ပူလောင်မှုများဖြင့်ပြည့်သောမိသားစုအဖြစ်သို့‌ရောက်ရှိသွားသည်။ ထိုအခါမိသားစုဘ၀သည် ပျော်စရာဆိတ်တုန်းနေသောနေရာဟုလွှဲမှားစွာရှုမြင်လာသည်။ အမှန်မှာ မိမိတို့၏တလွှဲပျော်၍ မိသားစုစံချောသွားသည်ကိုမဆင်ခြင်မိခြင်းဖြစ်သည်။

မိသားစုသည် ရုန်းကန်ရသည်။ ရှာဖွေရသည်။ ကျွေးမွေးရသည်။ ဆင်ယင်ပေးရသည်။ ထိုအချက်များကို မိမိတို့ရင်သွေးများအား ကောင်းစွာ သင်ပြပေးခြင်းသည် မိသားစုကိုအဘယ်သို့ပျိုးထောင်ရသည်ကိုအဆင့်လိုက်သင်ကြားပေးရာ ရောက်သည်။ မိသားစုဘ၀ကိုဖြတ်လမ်းဖြင့်တည်ဆောက်၍မရ။ ထိုသို့တည်ဆောက်ပါက မိသားစုဘ၀သည်မခိုင်နိုင်ပေ။ အလွယ်တကူလဲပြိုသွားနိုင်သည်။ ထို့ကြောင့် အမိသာသနာတော်ကြီးသည် လက်ထပ်ထိမ်းမြှားခြင်းကိုလည်း စက္ကရာမင်တူးတစ်ပါးအဖြစ်ဘုရားသခင်သန့်ရှင်းစေသည်ကို ယနေ့ထိတိုင်ခိုင်မြဲစွာဆက်လက်ထိန်းထားဆဲဖြစ်သည်။

ဖာသာရ်ကလဲမင့်အားတယ်
 

Add new comment

8 + 0 =