စက္ကရမင်းတူး (၇) ပါး

စက္ကရမင်းတူး (၇) ပါး

ဝိညာဥ်အဟာရအတွက်_သိသင့်သည့်အရာများ

စက္ကရမင်းတူး (၇) ပါး

... စက္ကရမင်းတူး (၇) ပါး ၊ ဖြေရှင်းချက်နှင့် ၊

... စက္ကရမင်းတူး၏ အနက်ဖွင့်ဆိုချက် များ ၊

... စက္ကရမင်းတူး အောင်မြင်ရန် အချက်များနှင့် ၊

... စက္ကရမင်းတူး၏ သဘောတရား ရှင်းလင်းချက်များ ၊

 

(A) စက္ကရမင်းတူး (၇) ပါးရှိသည် ။ ၎င်း တို့မှာ .....

(၁) ... ဆေးကြောခြင်း စက္ကရမင်းတူး

( မဿဲ ၂၈:၁၉ ၊ ယော ၃:၅ )

(၂) ...ခရစ္စမား အားပေးခြင်း စက္ကရမင်းတူး

( ယော ၆:၅၁ ၊ ၁ ကော ၁၁:၂၀-၂၇ ၊ လု ၂၂:၁၉-၂၀ )

(၃) ... ကိုယ်တော်မြတ် ပင့်ယူခြင်း စက္ကရမင်းတူး

( မဿဲ ၁၀:၂၀ ၊ မကု ၁၃:၁၁ ၊တမန် ၈:၁၄-၁၇ / ၁၉:၆ )

(၄) ... အာပတ်ဖြေခြင်း စက္ကရမင်းတူး ( ယော၂၀:၂၂-၂၃ )

(၅) ... ပရိတ်တော်ဆီလူးမတ်ခြင်း စက္ကရမင်းတူး ( ယာကုတ် ၅:၁၄-၁၅ ၊ မာကု ၆:၁၃ )

(၆) ... ရဟန်းသိက္ခာခံယူခြင်း စက္ကရမင်းတူး

( လုကာ ၂၂:၁၉-၂၀ )

(၇) ... လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူး စသည်တို့ဖြစ်သည် ။ (မဿဲ ၁၉:၆ ၊ မာကု ၁၀:၁၁-၁၂)

 

# မှတ်ချက် ။

အထက်ပါ စက္ကရမင်းတူး ၇ ပါးတို့သည် ကျွန်ုပ်တို့ကို ဘုရားသ္ခင်၏ သန့်ရှင်းသော သ္မီားများဖြစ်စေရန်ဖန်တီးပေးလျက် ရှိကြသည် ။

.

အနက်ဖွင့်ဆိုချက် ။

.

၁။ ဆေးကြောခြင်း ခံယူခြင်းအားဖြင့် ဘုရားသ္ခင်၏ သ္မီားများ ဖြစ်စေသည် သာမက ၊ အသင်းတော်၏ မိသားစုထဲတွင် မိမိ၏ယုံကြည်ခြင်းကို လူသိရှင်ကြား သက်သေခံရန် ဖြစ်သည် ။

.

၂။ ခရစ္စမားအားပေးခြင်းကိုခံယူခြင်းဖြင့် .. ပိုမိုပြည့်စုံသော

ခရစ်ယာန်ဘဝကို ပိုင်ဆိုင်နိုင်ပြီး ၊ သန့်ရှင်းသောဝိညာဉ်

တော်၏ ခွန်အားနှင့်အလင်းကျေးဇူးတော်အားဖြင့် ဘုရားသ္ခင်၏ နိုင်ငံတော်အတွက် စစ်သူရဲကောင်းဖြစ်စေသည် သာမက အသင်း တော်ကို ပိုမိုလေးနက် တိုးတက်စေပြီး ဘုရားသ္ခင်၏ နုတ်ကပတ်တော်ကို ဟောပြော သွင်သင် ကျင့်ဆောက်တည်ခြင်းဖြင့် မိမိယုံကြည်ခြင်းကို ခိုင်မာ စေသည် ။

.

၃။ ကိုယ်တော်မြတ်စက္ကရမင်းတူးသည် ခရစ်ယာန်တို့၏ဘဝကို ဆက်လက်ရှင်သန်စေရန် ခွန်အား အသက်ပေးသည့် ကောင်းကင်က အသက်မုန့်ဖြစ်သည်။ သခင်ယေဇူးကိုယ်တိုင် မိမိ၏ဘဝတစ်ခုလုံးကို လူသားများ၏ ဝိညာဉ်အစာအတွက် ပူဇော်ဆက်ကပ်ခဲ့သော စက္ကရမင်းတူးဖြစ်သည်။

ထို့ကြောင့် ကိုယ်တော်မြတ်စက္ကရမင်းတူးကို မကြာခဏပင့်ယူခြင်းအားဖြင့် မိမိဝိညာဉ်အစားအစာအတွက် လိုအပ်သည့် ဝိညာခွန်အားများကို ရယူနိုင်သည်။

 

# မှတ်ချက် ။

ကိုယ်တော်မြတ်စက္ကရမင်းတူး မင်္ဂလာသည် စက္ကရမင်း (၇) ပါးအနက် အမြင့်မြတ်ဆုံးဖြစ်သည်။

.... အကြောင်းမှာ ....

# အခြားသော စက္ကရမင်းတူး မင်္ဂလာသည် ကျွန်ပ်တို့၏

ဝိညာဉ်အား ဖြောင့်မတ်ခြင်းကျေးဇူးတော်ကို ပေးသည်။

# ကိုယ်တော်မြတ် စက္ကရမင်းတူးဟူမူကား - (ကျေးဇူးတော်) ပိုင်ရှင် ဖြစ်တော်မူသော ခရစ်တော်ယေဇူး ကိုယ်တိုင် ကိန်းဝပ်တော်မူသောကြောင့် ဖြစ်သည် ။

.

၄။ အာပတ်ဖြေခြင်း စက္ကမင်းတူးကိုခံယူသောသူတို့သည်အသင်းတော်နှင့်အတူ ဘုရားသ္ခင်၏ သနားခြင်းနှင့် အပြစ်တို့မှ ခွင့်လွတ်ခြင်းကျေးဇူးတော်ကိုခံစားရသည် ။

.

၅။ ဘုန်းကြီးများ၏ဆုတောင်းပေးခြင်း၊ ပရိတ်တော်ဆီလူးခြင်းစက္ကရမင်းတူးသည် ဖျားနာသူတို့ကို သ္ခင်ယေဇူး၏ ဒုက္ခခံခြင်း ၊ အသေခံခြင်း ၊ ရှင်ပြန်ထမြောက်ခြင်းတို့၏ နက်နဲရာဘအချက်ထဲ၌ ပါဝင်ပေါင်းစပ်စေပြီးလျှင် လူမမာတို့၏အပြစ်ကိုဖြေလွတ်တော်မူ၍ ကယ်တင်ခြင်း ( ဆုလာဒ် ) ကျေးဇူးတော်များကိုလည်း ပေးတော်မူသည် ။

.

၆။ ယုံကြည်သူဘာသာဝင်တို့မှ ဘုရားသ္ခင်၏ ရွှေးကောက် ခြင်းခံရပြီး ၊ သန့်ရှင်းမြင့်မြတ်သော ရဟန်းသက္ခာကိုခံရ

သောသူတို့သည် အသင်းတော်၏ အသက် (သ်ို့) ဘာသာဝင် များကို ဘုရားရှင်၏ ကျေးဇူးတော်များနှင့် နုတ်ကပတ်တော် အားဖြင့် ကျွေးမွေးစောင့်ရှောက်ရန် အတွက် သခင်ယေဇူး၏ သိုးထိန်း တာဝန်ကို ဆက်လက်ခံယူထားသူများ ဖြစ်ကြသည် ။

.

၇။ လက်ထပ်ထိမ်းမြားခြင်းစက္ကရမင်းတူးကို ခံယူကြသော သူတို့သည် အသင်းတော်၏ နက်နဲလှသော တလုံးတဝ တည်းဖြစ်ခြင်း၌ ပါဝင်ကြပြီး ၊ သ္ခင်ယေဇူးကိုယ်တိုင် နှင့်အသင်းတော်၏ပေါင်းစည်းခြင်း ၊ တလုံးတဝတည်းဖြစ်ခြင်းသန့်ရှင်းမြင့်မြတ်ခြင်းတို့ကို ကိုယ်စားပြုကာလချစ်ခြင်းမေတ္တာ၏အသီးအပွင့်များ ( ပွါးများခြင်း ) အားဖြင့် အသင်းတော်ကိုပိုပြီး တိုးပွါးစေရန်ကူညီနေကြသည်။

အကြင်လင်မယားတို့ဘဝသည် အသင်းတော်ကို ပိုမိုနက်နဲစေပြီး ဘုရားသ္ခင်၏လူမျိုးတော်ကို ပိုမိုသန့်ရှင်း စင်ကြယ်စေရန် အတွက် ဘုရားသ္ခင်ထံ အထူးကျေးဇူးတော် များနှင့် လက်ဆောင်များကို ရနေသူများသာဖြစ်ကြသည် ။

.

စက္ကရမင်းတူး၏ အဓိပ္ပါယ်

.

# စက္ကရမင်းတူး ဆိုသည်ကား ( Latin ) လက်တင်း ဘာသာ စကားဖြစ်၍ ( Sacramentum ) မှလာသည်။

# ... " Sacra " ဟူသည် သန့်ရှင်းမြင့်မြတ်သော အရာကို ရည်ညွန်းခြင်းဖြစ်သည် ။

# ... " Mentum " ၏ မူရင်းအဓိပ္ပါယ်မှာ တစ်စုံတစ်ရာ အားဖြင့် ထားခြားသော အမူ့အရာ ကို ပြီးစီးခြင်း ဟူ၍ဖြစ်သည် ။

# ... စက္ကရမင်းတူးဟူသည် ဘုရား၏ သန့်ရှင်းမြင့်မြတ်ခြင်း ကျေးဇူးတော်ကို ပေးသည့်အရာ (or) နည်းလမ်းတစ်ခုဟူ၍ ... အဓိပ္ပါယ် ရှိသည် ။

.

စက္ကရမင်းတူးအောင်မြင်ရန်အတွက် လိုအပ်ချက် (၃) မျိုး

စက္ကရမင်းတူးအောင်မြင်ရန်အတွက်

၁ ။ ကိုင်တွယ်ထိတွေ့နိုင်သည့်အရာဝတ္ထု - (Matter)

၂။ ကြားနိုင်သည့် ဝိနည်း မင်္ဂလာစကားများ - (Form)

၃။ သခင်ယေဇူးကိုယ်စား ဆောင်ရွက်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်များ ( Ministers ) လိုအပ်သည်ဟု ပြဌာန်းခဲ့ပါသည်။

.

မှတ်ချက် ။

အထက်ပါ အချက် ၃ ချက်ထဲမှ တစ်ခုခုလိုအပ်နေပါက စက္ကရမင်းတူး မအောင်မြင်ပေ ။

ဥပမာ ... ပထမ အမျိုးအစားတွင် ဆေးကြောခြင်းအတွက် ( ရေ ) သည် မရှိမဖြစ်လိုအပ်သည်။

.

စက္ကရမင်းတူး၏ တဘောတရား

 စက္ကရမင်းတူး၏ သဘောတရားဟူသည် ....

၁။ အပေါ်ယံ မြင်တွေ့နိုင်သော ပြင်ပလက္ခဏာများ ၊

၂။ ကာယမျက်စိနှင့် မမြင်နိုင်သော်လည်း ယုံကြည်ခြင်းမျက်စိနှင့်သာ မြင်နိုင်သောအမှန်တရား ဝှက်ကွယ် တည်ရှိ နေသည့် အကျိုးအနိသင်များ ( ကျေးဇူးတော် ) များ ပါဝင်နေရမည် ။

Credit @Michael Sei Kanan

 

Add new comment

6 + 0 =