ဂိုဏ်းချုပ်ဆရာတော်ကြီးပေါလ်ဂရောင်၏ စျာပနအခမ်းအနား တွင် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘို ၏ သြဝါဒတရားတော်

ဂိုဏ်းချုပ်ဆရာတော်ကြီးပေါလ်ဂရောင်၏ စျာပနအခမ်းအနား တွင် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘို ၏ သြဝါဒတရားတော်

ဂိုဏ်းချုပ်ဆရာတော်ကြီးပေါလ်ဂရောင်၏ စျာပနအခမ်းအနား တွင် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘို ၏ သြဝါဒတရားတော်

 

““ဆရာတော်ကြီး ပေါလ်ဂရောင်””

ကျေးဇူးတော်နှင့်ပြည့်သောဘဝကို အောက်မေ့သတိရခြင်းနှင့်

ပြန်လည်ကျေးဇူးဆပ်တင်ခြင်း

 

ချစ်လှစွာသော  ဘုရားသခင်ရဲ့သားသမီးအပေါင်းနဲ့

မြန်မာပြည်သူပြည်သားအပေါင်းတို့...

 

          ဒီနေ့မှာ ကျွန်ုပ်တို့ဟာ ဝမ်းနည်းပူဆွေးခြင်းနဲ့ စုရုံးရောက်ရှိလာကြသလို ရရှိခဲ့တဲ့ကျေးဇူး တော်ကို ပြန်လည်အောက်မေ့သတိရဖို့အတွက်လည်း စုရုံးရောက်ရှိလာကြတာဖြစ်ပါတယ်။ ဝမ်း နည်းရတဲ့အကြောင်းကတော့ ကျွန်ုပ်တို့ဟာ သာသနာတော်ရဲ့သားကောင်းဇာနည်လည်းဖြစ်၊ ကချင် လူမျိုးလည်းဖြစ်၊ နိုင်ငံသားကောင်းလည်းဖြစ်တဲ့ ဆရာတော်ကြီး ပေါလ်ဂရောင်ကို နှုတ်ဆက်ဖို့ ရောက်လာကြရတဲ့အတွက် ဖြစ်ပါတယ်။ ကျေးဇူးတော်ကို အောက်မေ့သတိရတဲ့အကြောင်းကတော့ ကျွန်ုပ်တို့ရဲ့အရှင် ဘုရားသခင်ဟာ အနန္တကရုဏာတော်အားဖြင့် ကျွန်ုပ်တို့အတွက် သိုးထိန်း ကောင်းဖြစ်တဲ့ ဆရာတော်ကြီး ပေါလ်ဂရောင်ကို ပေးသနားတော်မူခဲ့တဲ့အတွက် ဖြစ်ပါတယ်။ မှန်ပါတယ်၊ ဆရာတော်ကြီး ပေါလ်ဂရောင်ဟာ ကချင်လူမျိုးတွေအတွက်၊ ကက်သလစ်ဘာသာဝင်တွေအတွက်၊ မြန်မာနိုင်ငံအတွက် ဘုရားသခင်ပေးသနားတော်မူတဲ့ ကြီးမြတ်တဲ့ဆုကျေးဇူးတော်ဖြစ်ပါတယ်။

          ဆရာတော်လိုမျိုး နောက်တစ်ယောက်ပေါ်ထွက်လာဖို့တာ မဖြစ်နိုင်တော့ပါဘူး။ ကျွန်ုပ်တို့ ဒီကနေ့ ဒီနေရာမှာ စုရုံးရောက်ရှိလာတာက ဆရာတော်ကို မြှုပ်နှံသဂြုႋဟ်ဖို့ မဟုတ်ပါဘူး။ ဆရာ တော်ကို ဂုဏ်ပြုဖို့ ကျွန်ုပ်တို့ စုရုံးရောက်ရှိလာကြတာပါ။ ကျွန်ုပ်တို့မျက်ရည်ကျနေတာကိုတွေ့ရင် သူပျော်မှာမဟုတ်ပါဘူး။ သူဟာ ကချင်လူမျိုးတွေကိုရော၊ ကက်သလစ်ဘာသာဝင်တွေကိုရော၊ မြန်မာနိုင်ငံသားတွေကိုရော ချစ်မြတ်နိုးတဲ့သူဖြစ်တယ် ဆိုတဲ့အချက်ကို ကျွန်ုပ်တို့အားလုံးအမှတ်ရနေဖို့ သူလိုလားပါလိမ့်မယ်။ အချိန်တန်ရင် ပျက်စီးရမယ့် သူ့ရဲ့ရုပ်ခန္ဓာကို ကျွန်ုပ်တို့နှုတ်ဆက်လိုက်ရပေမဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ စိတ်သဘောထားမြင့်မြတ်ခြင်းကတော့ ကျွန်ုပ်တို့အကြားမှာ ဆက်လက် ရှင်သန်နေပါမှာပါ။

          ဒီအချိန်ဟာ ပြန်လည်ကျေးဇူးဆပ်တင်ရမယ့် အချိန်လည်းဖြစ်ပါတယ်။

          ပထမဦးစွာ သူ့ရဲ့မိဘတွေကို ကျေးဇူးတင်ရပါလိမ့်မယ်။ ကောင်းတဲ့အပင်က ကောင်းတဲ့ အသီးကိုပဲ သီးပါတယ်။ ဆရာတော်ကြီး ပေါလ်ဂရောင်ဟာ ကောင်းတဲ့အသီးဖြစ်ရုံတင်မကဘဲ အကောင်းဆုံးသော အသီးလည်းဖြစ်ပါတယ်။ ဘုရားသခင်ဟာ သူ့ကို ခေါ်တော်မူတဲ့အခါမှာ ကြီးကျယ်မြင့်မြတ်တဲ့ တမန်တော်ကြီး ရှင်ပေါလုရဲ့နာမနဲ့ ခေါ်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီး ပေါလ်ဂရောင်ဟာ ကချင်လူမျိုးတွေအတွက်တော့ တမန်တော်ကြီး ရှင်ပေါလုပါပဲ။

          ပြီးတော့ ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို ကျေးဇူးဆပ်တင်ရပါလိမ့်မယ်။ ဘုရားသခင်ဟာ သူ့ အတွက် စံပြဖြစ်တော်မူခဲ့ပါတယ်။ ကိုယ်တော်ရှင်ဟာ ဆရာတော်ကြီး ပေါလ်ကို လမ်းညွှန်တော်မူ ခဲ့ပါတယ်။ ကိုလန်ဘန်သာသနာပြုတွေ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာခဲ့ရတဲ့အချိန်မှာ ဆရာ တော် ပေါလ်ဂရောင်ဟာ သက်တော်(၃၈)နှစ်သာ ရှိပါသေးတယ်။ ဒါပေမဲ့ သူဟာ ငယ်ရွယ်နုပျိုတဲ့ ဆရာတော်တစ်ပါးအနေနဲ့ ကချင်ပြည်က ကက်သလစ်သာသနာနယ်ကို စိန်ခေါ်မှုကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်။ နှစ်ပေါင်း(၅၀)လုံးလုံး သူ့ရဲ့  ဉာဏ်ပညာ၊ အတတ်ပညာနဲ့ စံနမူနာကောင်းပြခြင်း အားဖြင့် ဆရာတော်ဟာ သာသနာတော်ကို တည်ငြိမ်ရင့်ကျက်လာစေခဲ့ပါတယ်။ တည်ငြိမ်အေး ဆေးတဲ့ သူ့ရဲ့အရည်အချင်းက သာသနာတော်တည်ထောင်တဲ့နေရာမှာ အများကြီးကို အထောက် အကူပြုခဲ့ပါတယ်။ ဒီကနေ့မှာတော့ မြစ်ကြီးနားကက်သလစ်သာသနာဟာ လှုပ်ရှားတက်ကြွတဲ့သာ သနာတစ်ခုဖြစ်လာခဲ့ပြီး နောက်ထပ်သာသနာနယ်(၂)ခုကိုတောင် ထွက်ပေါ်လာစေခဲ့ပါပြီ။ ဒါတွေ အားလုံးဟာ ရှေ့တန်းကနေ ဦးဆောင်ခဲ့တဲ့ ဆရာတော်ရဲ့စိတ်ဓာတ်ကြောင့်ပဲဖြစ်ပါတယ်။

          နောက်ဆုံးအနေနဲ့ ကျွန်ုပ်တို့ကျေးဇူးတင်ရမှာကတော့ ဆရာတော်ကြီး ပေါလ်ဂရောင်ကိုယ် တိုင်ကိုပဲဖြစ်ပါတယ်။ သူ့ရဲ့စံပြဝိညာဉ်ရေးအသက်တာအတွက် ကျွန်ုပ်တို့ကျေးဇူးတင်ရပါလိမ့်မယ်။ သူဟာ ဆင်းရဲစွာ မွေးဖွားလာခဲ့ပြီး ကြောက်မက်ဖွယ်စစ်ပွဲတွေကြားမှာ ရှင်သန်ကြီးပြင်းလာခဲ့တယ်။ ကချင်လူမျိုးတွေကြုံတွေ့ခဲ့ရတဲ့ဒုက္ခအခက်အခဲတွေကြားမှာ သူလူလားမြောက်လာခဲ့တာပါ။ ဒါပေမဲ့ ဆရာတော် ပေါလ်ဂရောင်ဟာ သူ့ရဲ့တည်ငြိမ်တဲ့သွင်ပြင်၊ ခိုင်မာတဲ့ယုံကြည်ခြင်းတွေနဲ့ လူတွေရဲ့ ဘဝတည်ငြိမ်လာအောင် ကူညီပေးခဲ့ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးကတော့ နှိမ့်ချ ခြင်းပဲဖြစ်ပါတယ်။ အေးအေးနေတတ်ပေမဲ့ သူ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်က သူ့ကို အခက်အခဲများစွာ ထဲကနေ ကချင်ပြည်နယ်ရဲ့ပထမဆုံးဘုန်းတော်ကြီးတွေထဲက တစ်ပါးဖြစ်လာအောင် ကူညီပေးခဲ့ပါ တယ်။ ဆရာတော်ကြီး ပေါလ်ဂရောင်ဟာ တည်ငြိမ်ရင့်ကျက်ရုံတင်မကဘဲ လူအားလုံးကို ချစ်ခင် မြတ်နိုးတဲ့သူလည်းဖြစ်ပါတယ်။ သူ့ရှေ့မှာဆိုရင် ကလေးတွေတောင်မှ ကြောက်နေတာမျိုး၊ ရှိန်နေ တာမျိုးမရှိပါဘူး။ သူဟာ တွေ့တဲ့သူတိုင်းကို လေးလေးစားစားဆက်ဆံတဲ့အတွက်ကြောင့်မို့လို့ သူ့ နဲ့ဆက်ဆံဖူးတဲ့သူတိုင်းက သူ့ရဲ့မေတ္တာနဲ့ လှိုက်လှဲပျူငှာမှုကို ကောင်းကောင်းသိကြရပါတယ်။ သူ့ ရဲ့မေတ္တာဟာ ခွင့်လွှတ်ဖို့နဲ့ ပြန်လည်ကျေအေးဖို့ နှောင့်နှေးခြင်းမရှိတဲ့မေတ္တာမျိုးဖြစ်ပါတယ်။ သူ့ရဲ့ ရိုးစင်းတဲ့ပုံစံ၊ လူတိုင်းကို အလေးထားဆက်ဆံတဲ့ပုံစံ၊ သူ့သာသနာလက်အောက်မှာရှိတဲ့ ဘုန်း တော်ကြီးတွေအပေါ် ဖခင်မေတ္တာပြသတဲ့ပုံစံ၊ မိမိသိုးစုကိုစောင့်ရှောက်တဲ့ သူ့ရဲ့သိုးထိန်းကောင်း ပုံရိပ်တွေကြောင့်မို့လို့ လူအမြောက်အမြားရဲ့မေတ္တာကို ရရှိတဲ့သူလည်း ဖြစ်ပါတယ်။

          ကချင်လူမျိုးနဲ့ပတ်သက်တာမှန်သမျှကို သူအလွန်ပဲချစ်မြတ်နိုးပါတယ်။ သူဟာ ကချင်လူမျိုး ကိုချစ်သလို ကချင်စာပေ၊ ကချင်ယဉ်ကျေးမှု၊ ကချင်အစားအစာတွေကိုလည်း မြတ်နိုးပြီး ကချင်လူ မျိုးဖြစ်ရခြင်းအတွက် အမြဲဂုဏ်ယူတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုပြောလို့ ဆရာတော်ကြီး ပေါလ်ဂရောင်ဟာ ကချင်လူမျိုးတစ်ခုတည်းကိုပဲ ချစ်တာမဟုတ်ဘဲ တခြားသောလူမျိုးတွေကိုလည်း ချစ်ခြင်းမေတ္တာပြဖို့ မနှောင့်နှေးခဲ့ပါဘူး။ သာသနာတော်ရဲ့ ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲဖြစ် ဖြစ် အမှုတော်ဆောင်တဲ့နေရာမှာ နွေးနွေးထွေးထွေးဆက်ဆံတတ်သူလည်းဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာဝင်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့သူပဲဖြစ်ဖြစ် သူ့ရဲ့နှလုံးသားမှာ နေရာရှိပါ တယ်။ သူ့ဘဝမှာ ဘယ်သူ့ကိုမှလည်း ခွဲခြားပြီး ဆက်ဆံတာမျိုး မရှိခဲ့ပါဘူး။

          ဆရာတော်ကြီး ပေါလ်ဂရောင်ရဲ့ ထူးခြားတဲ့အချက်တစ်ခုက ရှာဖွေလေ့လာဖို့ အမြဲစိတ် အားထက်သန်နေခြင်းပဲဖြစ်ပါတယ်။ စူးစမ်းသင်ယူလိုတဲ့စိတ်ရှိအောင်လည်း သူပြုစုပျိုးထောင်ပေး တတ်ပါတယ်။ သူအနားယူသွားပြီးတဲ့နောက်ပိုင်းမှာတောင်မှ သာသနာအတွင်း ကျင်းပတဲ့ အစည်း အဝေးတွေ၊ သင်တန်းတွေမှာ ကျောင်းသားလေးတစ်ယောက်လို လာထိုင်ပြီး စိတ်ဝင်တစားလေ့ လာနေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပညာရှာမှီးရတာက သူ့အဖို့ ၀ိညာဉ်ရေးလမ်းစဉ် တစ်ခုကို လိုက်စားနေရသလိုပါပဲ။ အမြဲအလေးအနက်ထားတဲ့သူဖြစ်ပါတယ်။

          သူဟာ ကချင်လူမျိုးတွေကိုသာမက၊ မြန်မာပြည်ကက်သလစ်သာသနာတော်နဲ့ အာရှကက် သလစ်သာသနာတော်အတွက်ပါ အမှုတော်ထမ်းဆောင်ခဲ့အတွက် သူ့ကို ကျွန်ုပ်တို့ကျေးဇူးတင်ရ ပါမယ်။ သူဟာ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM)မှာ (၂)ကြိမ်တိုင်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ (FABC) က ကော်မရှင် အသီးသီးမှာလည်း ဆက်ကပ်အမှုတော်ဆောင်ခဲ့သူဖြစ်ပါတယ်။

          ဆရာတော်ကြီး ပေါလ်ဂရောင်ဟာ ဆင်းရဲတဲ့မိသားစုကနေ လာတာဖြစ်ပေမဲ့ သူရရှိခဲ့တဲ့ အောင်မြင်မှုမျိုးကို တခြားလူတွေရရှိဖို့ မလွယ်လှပါဘူး။ သူဟာ ကချင်လူမျိုးတွေရဲ့သမိုင်း၊ ကက် သလစ်သာသနာရဲ့သမိုင်း၊ မြန်မာပြည်ရဲ့သမိုင်းမှာ မော်ကွန်းထိုးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ခေတ်တစ်ခုကို ထူထောင်သွားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ စိတ်နှလုံးအပြည့်အဝနဲ့ (Nunc Dimittis) လို့ ဟစ်ကြွေးနိုင်ခဲ့ပါပြီ။ အမိမယ်တော်နဲ့အတူ သူ့ရဲ့ဂုဏ်တော်ချီးမွမ်းဧကျူးတေး ကိုလည်း သူဆိုနိုင်ပါပြီ။

          ““ယခုမှစ၍ ခပ်သိမ်းသောလူမျိုးအစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟု ခေါ်ဝေါ် ကြလိမ့်မည်။ အကြောင်းမူကား တန်ခိုးကြီးတော်မူသောသခင်သည် ငါ့အဖို့ ကြီးမြတ်သောအမှု အရာတို့ကို ပြုတော်မူပြီ။ ကိုယ်တော်သည် အင်အားကြီးသောသူတို့ကို အရိုက်အရာမှ ချတော်မူ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။””

          ဒီနေ့မှာ ကျွန်ုပ်ဟာ ကျွန်ုပ်စံထားရတဲ့ပုဂ္ဂိုလ်၊ ကျွန်ုပ်ရဲ့ဝိညာဉ်ရေးဖခင်၊ ကျွန်ုပ်ရဲ့မိတ်ဆွေ ကောင်းကို ကျေးဇူးတင်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့စိတ်နှလုံးမှာ ဝမ်းနည်းမှုနဲ့ ပြည့် နေပေမဲ့ သူ့ကိုဂုဏ်ပြုချီးမွမ်းနေပါတယ်။ လားရှိုးဂိုဏ်းအုပ်သာသနာကို (Apostolic Administartor) နဲ့ (Prefect Apostolic) အဖြစ် ရုတ်တရက်တာဝန်ထမ်းဆောင်ရတဲ့အခါမှာ ဆရာတော်ကြီး ပေါလ် ဂရောင်ဟာ ကျွန်ုပ်ကို ဖခင်တစ်ယောက်လိုမျိုး ကူညီဖေးမပေးခဲ့ပါတယ်။ ကျွန်ုပ်ရဲ့ဆရာဆိုရင် လည်း မမှားပါဘူး။ စိန်ခေါ်မှုတွေနဲ့ ကျွန်ုပ်ကြုံတွေ့ရတဲ့အခါမှာ သူ့ဆီက အကြံ ဉာဏ်ကို အမြဲ တောင်းဖြစ်ပါတယ်။ သူရှိတဲ့အခါ သူအားပေးတဲ့အခါ ကျွန်ုပ်ရဲ့စိတ်ငြိမ်းအေးခဲ့ရပါတယ်။ သူ့ကို ဆုံးရှုံးရတာဟာ အရမ်းကို ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ။ ကျွန်ုပ်ရဲ့သာသနာပြုလုပ်ငန်းနဲ့ ဘဝ မှာ ကြုံတွေ့ခဲ့ရတဲ့စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ကျေးဇူးကို အမြဲပဲအမှတ်ရနေ မှာပါ။ သူဟာ ကျွန်ုပ်ကို စာနာနားလည်မှုအပြည့်နဲ့ အားပေးဆက်ဆံတတ်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့မေတ္တာကိုလည်း နည်းမျိုးစုံနဲ့ ပြသတတ်ပါသေးတယ်။ ကျွန်ုပ်နဲ့ အေးအေးဆေးဆေးစကား ပြောဖို့လည်း သူလာတတ်ပါတယ်။ ကျွန်ုပ်ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတတ်သလို လို အပ်တဲ့နေရာမှာလည်း အကြံပေးလမ်းညွှန်လေ့ရှိပါတယ်။ သူဟာ ကျွန်ုပ်ကို စိမ်းလန်းသောမြက် ခင်းရှိရာ ခေါ်ဆောင်သွားခဲ့တဲ့ သိုးထိန်းကောင်းတစ်ဦးပါ။ ကျွန်ုပ်အနေနဲ့ သူ့ကို အမြဲပဲအမှတ်ရ နေမှာ သေချာပါတယ်။ သူ့နဲ့အတူတူ အမှုတော်ထမ်းဆောင်ခဲ့ရတဲ့အချိန်တွေကိုလည်း ဝမ်းမြောက် စိတ်နဲ့ ကျွန်ုပ်သတိရနေပါလိမ့်မယ်။

          ဆရာတော်ကြီး ပေါလ်ဂရောင်ဟာ ဒီလောကအသက်တာကုန်ဆုံးသွားပြီဖြစ်ပေမဲ့ ကျွန်ုပ်တို့ ရဲ့သိုးထိန်းခေါင်းဆောင်တစ်ပါးအနေနဲ့ ဆက်လက်ဦးဆောင်နေပါလိမ့်မယ်။ ကချင်လူမျိုးတွေ၊ ကက်သလစ်ဘာသာဝင်တွေ ငြိမ်းချမ်းတဲ့ဘဝနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ဘဝပိုင်ဆိုင်နိုင်ရဖို့ သူဟာ ဘုရား သခင်ထံတော်ပါးမှာ ကြားဝင်ဆုတောင်းပေးပါလိမ့်မယ်။ သူ့ကို နှုတ်ဆက်ဖို့ ရောက်လာတဲ့သူတိုင်း အတွက် သူ့ရဲ့နှလုံးဟာ ဆက်ပြီးခုန်နေပါလိမ့်မယ်။ အခုဆိုရင် သူဟာ ရဟန္တာအပေါင်းတို့ရဲ့ အသိုင်းအဝိုင်းမှာ ပါဝင်ခွင့်ရရှိသွားပြီဖြစ်တဲ့အတွက် သခင်ဘုရားက သူ့ကို အခုလိုမိန့်ကြားပြီး ကြို ဆိုပါလိမ့်မယ်။

          ““ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အနည်းငယ်သောအမှုတို့၌ သစ္စာရှိသောကြောင့် များစွာသောအမှုအရာတို့ကို သင့်အား ငါပေးအပ်မည်။ သင့်သခင်၏ဝမ်း မြောက်ခြင်း၌ ပါဝင်ခံစားလော့။”” (မာတေဦး ၂၅း၂၃)

          ကျွန်ုပ်တို့ချစ်မြတ်နိုးရတဲ့သိုးထိန်းကောင်းကို ကျွန်ုပ်တို့နှုတ်ဆက်ကြပါစို့။

          လွန်ခဲ့တဲ့သောကြာနေ့က သူ့နဲ့ နောက်ဆုံးအကြိမ် စကားပြောဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာတော်ကြီး ပေါလ်ဂရောင်ဟာ သတိမေ့နေပါပြီ။ ဒါပေမဲ့ ကျွန်ုပ်ဟာ ဖုန်းထဲကနေ သူ့ကို မိနစ် (၂၀)ကြာအောင် စကားပြောနေခဲ့ပါတယ်။ သူသတိမေ့နေပြီဆိုတာ သိပေမဲ့ ကျွန်ုပ်ပြောတာကို သူ ကြားရင်ကြားနေပါလိမ့်မယ်။ ဆရာတော်ကြီး ပေါလ်ဂရောင်ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ နှလုံး သားနဲ့ နားထောင်ပြီး မေတ္တာနဲ့ တုံ့ပြန်တတ်သူဖြစ်တာကြောင့် ကျွန်ုပ်ပြောခဲ့တဲ့စကားတွေကို သူ့ရဲ့ နှလုံးသားနဲ့ နားထောင်နေမယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။ ကျွန်ုပ်ကိုရော၊ သူချစ်ခင်တဲ့သူအားလုံး အတွက်ရော သူကောင်းမွန်စွာ ဆန္ဒပြုဆုတောင်းပေးခဲ့မှာသေချာပါတယ်။

          သေခြင်းတရားဟာ ထာဝရအသက်တာကို ကူးပြောင်းတဲ့လမ်းဖြစ်ပါတယ်။ ယေဇူးသခင်ကို ယုံကြည်တဲ့သူတိုင်းဟာ သေဆုံးမသွားဘဲ ခရစ်တော်၌ ပြန်လည်ထမြောက်ပါလိမ့်မယ်။ ဆရာတော် ကြီး ပေါလ်ဂရောင်ဟာ သူ့ဘဝရဲ့ပန်းတိုင်ကို ရောက်ရှိသွားပါပြီ။ သူထားခဲ့တဲ့ ကောင်းသောအမွေ အနှစ်တွေနဲ့အတူ ကျွန်ုပ်တို့ရှင်သန်နေထိုင်ပြီး တစ်ချိန်ကျရင် သူ့နဲ့ပြန်ဆုံတွေ့ပါလိမ့်မယ်။

          ဘုရားသခင်ရဲ့မျက်မှောက်တော်မှာ ပြန်လည်မဆုံတွေ့သေးတဲ့အချိန်မှာတော့ သူ့ကို မျက် ရည်နဲ့ ကျွန်ုပ်နှုတ်ဆက်ရပါလိမ့်မယ်။

          ထာဝရရှင်သန်တော်မူတဲ့ အဖခမည်းတော်ရဲ့နာမတော်၊ မေတ္တာနဲ့ ကယ်တင်တော်မူတဲ့ ယေဇူးသခင်ရဲ့ကျေးဇူးတော်၊ အလင်းပေးတော်မူတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဘုန်းတန်ခိုးတော် ကို အမှီပြုပြီး ကျွန်ုပ်တို့ တောင်းလျှောက်ကြပါတယ်။ အာမင်။

 

Add new comment

8 + 8 =