#ခရုစူးအမှတ်အသားပြုလုပ်ခြင်း

#ခရုစူးအမှတ်အသားပြုလုပ်ခြင်း

(နဖူး၊ နှုတ်ခမ်းနှင့် ရင်ဘတ်)

မစ္ဆားတရားအတွင်း ဘုန်းတော်ကြီးက ဧဝံဂေလိကျမ်းမဖတ်မီ ကျမ်းစာရဲ့ နာမည်ကို ဖတ်ရင်းနဲ့ သူ့ရဲ့ နဖူး၊ နှုတ်ခမ်းနဲ့ ရင်ဘတ်တွေမှာ ညာဘက်လက်နဲ့ ခရူစူးအမှတ်အသား ပြုလုပ်ပါတယ်။

 

ဥပမာ -

#ရဟန်း = " (နာမည်) ရေးထားသော သန့်ရှင်းသော ဧဝံဂေလိကျမ်းတည်း။"

#ပရိတ်သတ် = "အိုဘုရားသခင် ကိုယ်တော်အား ဘုန်းတော်ဂုဏ်တော် ရှိပါစေ။"... လို့ ရွတ်ဆိုရင်း ဘုန်းကြီးလိုပဲ နဖူး၊ နှုတ်ခမ်းနဲ့ ရင်ဘတ်တွေမှာ ဘာသာတူ (နှုတ်ကပ္ပါဌ်တော်ကို ကြားနာသူ) တွေက အတူတူ လိုက်လုပ်ကြပါတယ်။

 

#ဘာအဓိပ္ပာယ်နဲ့အဲဒီလိုတားတာလဲဆိုတော့

နဖူးပေါ်မှာ လုပ်တဲ့ ခရူစူးမှတ်သားက "ဧဝံဂေလိတရားတော်ကို ယုံကြည်ခြင်းရှိပါကြောင်း" ရည်ညွှန်းခြင်းဖြစ်တယ်။

 

နှုတ်ခမ်းပေါ် လုပ်တဲ့ ခရူစူးမှတ်သားက "အကျွန်ုပ်တို့သည် ဧဝံဂေလိ တရားတော်ကို နှုတ်ဖြင့်ဟောကြားရမည်" ဖြစ်ကြောင်း ရည်ညွှန်းခြင်းဖြစ်တယ်။

 

ရင်ဘတ်မှာ ခရူစူးမှတ်သားက "ဘုရားသခင်၏ နှုတ်ကပါဌ် တရားတော်များကို နှလုံးသွင်း တန်ဖိုးထားသည်" ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။

 

အဲဒါကြောင့် ....

*ခရစ်ယာန်တိုင်း ခရူစူးတားခြင်းရဲ့ လေးနက်တဲ့ အဓိပ္ပာယ်ကို သေချာသိရှိ နှလုံးသွင်းပြီး မစ္ဆားတရားမှာ နှုတ်ကပါဌ် တရားတော်ကို နာယူကြပါစို့။

 

*ကျွန်ုပ်တို့ရဲ့ နေ့စဥ်အသက်တာမှာလည်း နှုတ်ကပါဌ်တရားကို ယုံကြည်တဲ့အတိုင်း အစဥ်ကြိုးစား ကျင့်ကြံနေထိုင်ကာ အခြားသော မသိသေးသူများကို ဝမ်းမြောက်ခြင်း သတင်းကောင်း ဖြန့်ဝေကြပါစို့။

 

*ခရူစူးအမှတ်အသားကို ယုံကြည်စွာ ပြုလုပ်ခြင်း၊ ခရစ်ယာန် အသက်တာကို အပြည့်အဝ သက်သေခံခြင်းအားဖြင့် မကောင်းမှု၊ ဘေးရန်တွေနဲ့ အနှောင့်အယှက်တွေကနေ ကာကွယ်ပေးနိုင်ပြီး ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားရဲ့ ကျေးဇူးတော်ကို အစဥ်အမြဲ လက်ခံရရှိနိုင်ကြပါစေ။

Photo Credit

Michael Sei Kanan

 

✍ထန်းဟာ, SJ

Add new comment

9 + 5 =