ခရစ်တော်ဘုရားရှင်အားယုံကြည်မှုကြောင့် ရှေးဦးခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

ခရစ်တော်ဘုရားရှင်အားယုံကြည်မှုကြောင့် ရှေးဦးခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

လူတို့ သည် ငါ့ အတွက် ကြောင့်သင် တို့ ကို စော်ကားညှဉ်းဆဲပြီး မဟုတ် မမှန် ဘဲ အမျိုးမျိုးပြစ်တင်ရှုတ်ချကြ သော အခါ သင်တို့ သည် မင်္ဂလာရှိကြ ၏။

ရှင်မာတေဦး၅:၁၁

ဤလောက သည် သင် တို့ ကို မုန်းတီး လျှင် သင် တို့ ကို မမုန်းမီငါ့ကိုမုန်းတီးခဲ့ကြောင်းသိမှတ် ကြလော့။

သင်တို့ သည် ဤလောက နှင့် သက်ဆိုင်သူ များ ဖြစ်ကြပါ လျှင် ဤလောက သည် မိမိနှင့် သက်ဆိုင်သောသင် တို့ ကို ချစ် လိမ့်မည်။ သို့ သော် သင်တို့ သည် ဤလောက နှင့် သက်ဆိုင် သည် မဟုတ်။ ငါ သည် လည်း သင် တို့ ကို ဤလောကထဲမှ ရွေးကောက်ခဲ့ သောကြောင့် ဤလောက သည် သင် တို့ ကို မုန်းတီး ၏။

ရှင်ယောဟန်၁၅:၁၈-၁၉

သခင်ခရစ်တော်သည် မိမိနောက်လိုက်တပည့်များအား လူတို့သည်သင်တို့ကိုတရားရုံးတွင် အပ်နှံကြလိမ့်မည်။တရားဇရပ်များ၌ သင်တို့ကိုရိုက်နှက်ကြလိမ့်မည်။ ငါ၏နာမကြောင့်သင်တို့ကိုမုန်းတီးကြလိမ့်မည် (မာကု ၁၃:၉၊၁၃)

ဟုကြိုတင်မိန့်မှာခဲ့သည့်အတိုင်းကက်သလစ်အသင်းတော်ကြီးသည် အခက်အခဲများနင့်ရင်ဆိုင်တွေ့ကြုံရပြီး ညှင်းပန်းနှိပ်စက်ခြင်းခံရမည်ဆိုသည့်အချက်သည် ၁ရာစုနှင့် ၃ရာစုတွင်ရှင်သန်ခဲ့သောရှေးဦးခရစ်ယာန်များသည်ရောမအင်ပါရာဘုရင်၁၀ပါး၏ညှင်းပန်းနှိပ်စက်ခြင်းများကိုနှစ်ပေါင်း၃၀၀နီးပါး ရင်ဆိုင်ခဲ့ရသည်။ထိုသူတို့သည် မိမိတို့၏ယုံကြည်ခြင်းအတွက် အသက်သွေးချွေးများစတေးခံကာ မိမိတို့၏ယုံကြည်ခြင်းကို သက်သေခံခဲ့ကြသည်။ထိုအချိန်မှစ၍ ခရစ်ယာန်

များသည် ညှင်းပန်းနှိပ်စက်မှုပေါင်းများစွာကိုဆက်လက်ရင်ဆိုင်ခဲ့ရသည်။

ရောမလူမျိုးများ ခရစ်ယာန်များကိုမုန်းတီးခြင်း

ခရစ်ယာန်များကို ရောမလူမျိုးများမုန်းတီးရသောအကြောင်းရင်းမှာ ဘာသာအသစ်တစ်ခုဖြစ်လာသောခရစ်ယာန်များသည် ရောမအင်ပါယာဘုရင်ကို ဘုရားအဖြစ်သတ်မှတ်ရန်ငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်။ရောမလူမျိုးတို့သည် မိမိတို့၏ အင်ပါယာဘုရင်အား ဘုရားကဲ့သို့မှတ်ယူသည်သာမက မိမိတို့၏ဥပဒေများကိုလည်း အလွန်မြင့်မြတ်သောအရာအဖြစ်မှတ်ယူကြသည်။ထို့ကြောင့် အင်ပါယာအတွင်း၌ သဘာဝဘေး အန္တရာယ်၊ ပုလိပ်ရောဂါ၊ အစာခေါင်းပါးခြင်း၊ စစ်ပွဲ၌ရူံးခြင်းများသည် အသစ်သောဘာသာနှင့် ၎င်းနောက်လိုက်များကြောင့်ယူဆခံရ၍ ခရစ်ယာန်များအားမိမိတို့ရန်သူအဖြစ်သတ်မှတ်ကာ နည်းလမ်းအမျိုးမျိုးဖြင့်စွပ်စွဲပြီး ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။ ညှင်းပန်းနှိပ်စက်မှု ၁၀ ကြမ်တိုင်ရှိခဲ့သည်။

ပထမအကြိမ် ညှင်းပန်းနှိပ်စက်ခြင်း

ပထမအကြိမ်ညှင်းပန်းနှိပ်စက်ခြင်းသည် ခရစ်သက္ကရာဇ် ၆၄ အင်ပါယာဘုရင်နေရိုး(Nero) လက်ထက်၌ ဖြစ်ပွားခဲ့သည်။ခရစ်သက္ကရာဇ် ၆၄ ခုနစ်တွင် ရောမမြို့၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ထိုသို့ဖြစ်ရခြင်းမှာ ခရစ်ယာန်များကြောင့်ဖြစ်သည်ဟု မဟုတ်မမှန်စွပ်စွဲကာ ခရစ်ယာန်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ကြသည်။စိန်ပီတာနှင့်စိန်ပေါလ် (Sts. Peter and Paul) သည်လည်း ထိုအချိန်၌ပင် တရားတော်အတွက် အသက်ပေးခဲ့ကြသည်။

ဒုတိယအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

ဒုတိယအကြိမ်ခရစ်ယာန်များ ညှင်းပန်းနိပ်စက်ခံရခြင်းသည် ခရစ်သက္ကရာဇ် ၉၅ မှ ၉၆ ခုနှစ်တွင် ရောမအင်ပါယာဘုရင်ဒိုမီရှန်း (Domitian) လက်ထက်၌ ဖြစ်ပွားခဲ့သည်။ခရစ်သက္ကရဇ် ၇၀ ခုနစ်တွင် အင်ပါယာဘုရင် နေရိုးလက်ထက်၌ ဂျေရု စလင်မြို့သည် ဖျက်ဆီးခံခဲ့ရသည်။ ထိုနောက် နေရိုးဘုရင်မှထုတ်ပြန်ခဲ့သော ခရစ်ယာန် မုန်းတီးရေးအယူဝါဒကို အင်ပါယာဘုရင်ဒိုမီရှန်းက ပြန်လည်အသက်သွင်းခဲ့ပြီး ခရစ်ယာန်များကို တစ်ဖန်ညှင်းပန်းနှိပ်စက်ခဲ့သည်။ထိုအချိန်တွင် ကျမ်းရေးပုဂ္ဂိုလ် ရှင်ယောဟန် (John the eveangelist) ပုပ်ရဟန်းမင်းကြီး ပထမမြောက်ကလဲမင့်(Clement) နှင့်အင်ပါယာဘုရင်ဒိုမီရှန်း၏ ဆွေတော်မျိုးတော်များလည်း ညှင်းပန်းနှိပ်စက်ခြင်းခံရသည်။

တတိယအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

တတိယအကြိမ်ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံခြင်းသည် ခရစ်သက္ကရဇ်၁၁၂ ခုနစ်တွင် အင်ပါယာဘုရင်ထရာဂျန် (Trajan) လက်ထက်မှစတင်ပြီး အင်ပါယာဘုရင်ဟာဒရင် (Hadrian) လက်ထက် ခရစ်သက္ကရာဇ် ၁၃၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သည်။ထိုသို့ဖြစ်ပွားခဲ့ခြင်းမှာ ခရစ်ယာန်များသည် ရောမနတ်ဘုရားများအား ပူဇော်ပသရန် ငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအချိန်တွင် အန်တီအုတ်မြို့မှစိန်အီညားစီဦး (St. Ignatius of Anrioch) နှင့် ဆမီးနာမြို့၏ ဆရာတော်စိန်ပိုလီကတ် (St. Poycarp of Smyrna) တို့သည် တရားတော်အတွက်အသက်ပေးခဲ့ကြသည်။

စတုတ္ထအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

စတုတ္ထအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်းသည် ခရစ်သက္ကရာဇ် ၁၆၁ မှ ၁၈၀ ခုနှစ်၌အင်ပါယာဘုရင်မားကို့စ်အော်ရေလီအူးစ်(Marcus Aurelius) လက်ထက်တွင်ဖြစ်ပွားခဲ့သည်။ထိုသို့ဖြစ်ခဲ့ရသည့်အကြောင်းမှာ ရောမနိုင်ငံတွင်ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်မျာအားလုံးသည် ခရစ်ယာန်များကြောင့်ဖြစ်သည်ဟုစွပ်စွဲကာ ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။ထိုအချိန်တွင် စိန့်စီစီလျား (St.Cecilia) နှင့် စိန့်ဂျက်စတင်း (St.Justin) တို့သည်တရားတော်အတွက် အသက်ပေးခဲ့ကြသည်။

ပဥ္စမအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

ပဥ္စမအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်းသည် ခရစ်သက္ကရာဇ် ၂၀၂ မှ ၂၁၀ ခုနှစ်တွင် အင်ပါယာဘုရင်ဆဲတီးမီးအူ့စ်စီဗဲရူ့စ် (Septimius Severus) လက်ထက်တွင်ဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင်အင်ပါယာဘုရင်သည် ရောမအင်ပါယာတစ်ခုလုံးအတွက်ကိုးကွယ်မှုဘာသာတစ်ခုတည်းကိုသာ ကိုးကွယ်ရန်သတ်မှတ်ခဲ့ပြီး ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။ ထိုအချိန်တွင် စိန်ပါပက်တူအာ (St. Perpetua)၊စိန်ဖဲလစ်ချီတာ (St. Felicity) နှင့်စိန်အေရီနီအူ့စ် (St.Irenaeus) တို့သည်တရားတော်အတွက် အသက်ပေးခဲ့ကြသည်။

ဆဌမအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

ဆဌမအကြိမ်ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်းသည် ခရစ်သက္ကရာဇ်၃၅ မှ၂၃၈ ခုနှစ်တွင်အင်ပါယာဘုရင်မက်ဆီမင်း (Maximin) လက်ထက်တွင်ဖြစ်ပွားခဲ့သည်။ထိုဘုရင်သည် ဘာသာတရားအားလုံးကို မုန်းတီးသောစိတ်ရှိပြီး အထူးသဖြင့် ခရစ်ယာန်ဘာသာကိုအမုန်းပိုကာ ခရစ်ယာန်အားလုံးကိုသတ်ရန် အမိန့်ထုတ်ခဲ့ပြန်သည်။ထိုအချိန်တွင် ရဟန်မင်းကြီးပွန်တီအန်နှင့်အန်တာရု (Pontian and Antherus)တို့သည် တရားတော်အတွက်အသက်ပေးခဲ့ကြသည်။

သတ္တမအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

သတ္တမအကြိမ်ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်းသည် ခရစ်သက္ကရာဇ် ၂၄၉ မှ၂၅၁ခုနှစ်တွင် အင်ပါယာဘုရင်ဒီစီးအု့စ် (Decius) လက်ထက်တွင်ဖြစ်ပွားခဲ့သည်။ထိုဘုရင်၏အကြံစည်မှာ ခရစ်ယာန်အားလုံးကိုလုံးဝပျက်သုန်းသွားရန်ဖြစ်သည်။ထို့ကြောင့်ဘုရင်သည် နည်းလမ်းအမျိုးမျိုးသုံး၍ယုံကြည်ခြင်းပျက်ပြားသွားစေရန်သွေးဆောင်ခဲ့သည်။ အချို့သောခရစ်ယာန်များသည် ယုံကြည်ခြင်းကို စွန့်ပစ်ခဲ့သော်လည်းအများစုသည် ယုံကြည်ခြင်းကိုမစွန့်ဘဲ တရားတော်အတွက်အသက်ပေးခဲ့ကြသည်။ထိုအချိန်တွင်ပုပ်ရဟန်းမင်းကြီးဖာဗီယမ် (Fabian)အန်တီအုတ်နှင့်ဂျေရုစလင်မြို့ရှိဆရာတော်ကြီးများနှင့်စိန်အာဂတာ (St.Agatha)တို့သည်လည်း တရားတော်အတွက်အသက်ပေးခဲ့ကြသည်။

အဌမအကြိမ်ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

အဌမအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်းသည် ခရစ်သက္ကရာဇ်၂၅၇ မှ ၂၆၀ ခုနှစ်တွင် အင်ပါယာဘုရင်ဗလေးရီးယန်း(Valerian) လက်ထက်၌ဖြစ်ပွားခဲ့သည်။ထိုဘုရင်သည် အသင်းတော်ကိုသုတ်သင်ရှင်းလင်းရန်ကြိုးပမ်းခဲ့ပြီးဆာရာတော်များ၊ရဟန်းတော်များနှင့်ဘာသာတူများကိုပြည်နှင်ဒဏ်ပေးခဲ့သည်။ထိုအချိန်တွင် စိန်ဆီပရီးယန်း ( St.Cyprian)၊စိန်လောရင့် (St. Lawrence)ရောမရှိစိန်အာဂနက် (St. Agnes of Rome)နှင့် ဒုတိယမြောက်ပုပ်ရဟန်းမင်းကြီးဆစ်စတူး(Sixths II) တို့သည်တရားတော်အတွက်အသက်ပေးခဲ့ကြသည်။

နဝမအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံခြင်း

နဝမအကြိမ်ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်းသည် ခရစ်သက္ကရာဇ်၂၇၅ ခုနှစ်တွင်အင်ပါယာဘုရင် အော်ရေးလီယန်း (Aurelian)လက်ထက်တွင်ဖြစ်ပွားခဲ့သည်။ထိုဘုရင်သည် မစ်တရ (Mithra )ဆိုသောနေနတ်ဘုရားကိုဝတ်ပြုကိုးကွယ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ထိုအမိန့်ကိုမလိုက်နာသူ ခရစ်ယာန်များအားလုံးကို နည်းလမ်းအမျိုးမျိုးဖြင့်နှိပ်စက်ခဲ့ကြသည်။

ဒသမအကြိမ် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်း

ဒသမအကြိမ် ခရစ်ယာန်များ ညှင်းပန်းခံရခြင်းသည် ခရစ်သက္ကရာဇ်၃၀၃ ခနှစ်မှ ၃၁၁ အထိအင်ပါယာဘုရင်ဒီအိုကလီးရှန်း(Dioclitian) လက်ထက်တွင် ၁၀နှစ်ကြာဖြစ်ပွါးခဲ့သည်။ထိုဘုရင်သည် နတ်ဘုရားတို့၏ရုပ်ထုဆင်းတုများအား လော်ဗန်ပူဇော်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ထိုအမိန့်ကိုမလိုက်နာသောခရစ်ယာန်များအားပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ခဲ့သည်။

ခရစ်ယာန်များသည် ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးခံရသော်လည်းပို၍ တိုးတတ်လာကာ ဒီအိုကလေးဆီးယန်းနတ်ရွာစံပြီးနောက် ခရစ်သက္ကရာဇ် ၃၁၃ ခုနှစ်တွင်ကွန်စတန်တိုင်း (Constantine) ဘုရင်နန်းတတ်လာသောအခါ ခရစ်ယာန်များကို မိမိတို့၏ဘာသာအား လွတ်လပ်စွာကိုးကွယ်ခွင့်ပြုခဲ့သည်။ ခရစ်ယာန်များသည် ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးကို ခံစားခဲ့ရသော်လည်းဓမ္မသုခမိန်ကြီး

တာတူလီယန်းပြောခဲ့သည့်‘ ဓမ္မအာဇာနည်များ၏သွေးသည် ခရစ်ယာန်များအတွက်မျိုးစေ့များဖြစ်သည်' ဆိုသည့်အတိုင်းယနေ့တိုင်အောင်ယုံကြည်သူခရစ်ယာန်များသည် ပို၍ရှင်သန်များပြားလာခဲ့ပါသည်။

ခရစ်ယာန်ဘာသာသည် နိုင်ငံတော်ဘာသာဖြစ်လာခြင်း

ဘုရင်မင်းကြီးကွန်စတန်တိုင်း (Constantine)သည်(Edict of Milan) စာချုပ်ကိုချုပ်ဆိုပြီး ခရစ်ယာန်ဘာသာတရားကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပြုခဲ့သော်လည်းအတားအဆီးနှစ်ရပ်ရှိနေဆဲဖြစ်သည်။ပထမအကြောင်းအရင်းမာဘုရင်မင်းကြီးသည်တိုင်းပြည်၏ခေါင်းဆောင်ဖြစ်သည်နင့်အညီတိုင်းပြည်၏တရားဝင်အသိမှတ်ပြုခံရသော ရဟန်းချုပ်လဲလည်းဖြစ်သည်။သို့ဖြစ်၍ဘုရင်ကြီးသည် နတ်ဘုရားကိုးကွယ်ခြင်းဆိုင်ရာအစဉ်အလာအများကိုဖိနှိပ်ချုပ်ခြယ်နိုင်သော်လည်းအပြည့်အဝမလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ဒုတိယအကြာင်းအရင်းမှာဘုရင်မင်းကြီးသည် ခရစ်ယာန်ဘာသာတရားကိုခက်ခံယုံကြည်သော်လဲရဟန်းမင်းကြီးနှင့်အသင်းတော်၏အာဏာကိုလက်အောက်ခံရန်ငြင်းဆန်ခဲ့ခြင်းကြောင့်ဖစ်သည်။ ခရစ်သက္ကရာဇ် ၃၇၅ ခုနှစ်တွင်ဂါရာစီးယန်း(Gratian) ဘုရင်ဖြစ်လာသောအခါ နတ်ဘုရားကိုးကွယ်ခြင်းအစဉ်အလာများကိုဖျက်သိမ်းပြီး ခရစ်ယာန်ဘာသာကိုးကွယ်မှုကိုမြှင့်တင်ခဲ့သည်။ ခရစ်သက္ကရာဇ်၃၉၄ ခုနှစ်သို့ရောက်လာသောအခါဘုရင်မင်းကြီးသီအိုဒိုးဆစ်(Theodosis)သည် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်တရားဝင်သတ်မှတ်ခဲ့သည်။

ကိုးကားချက်။ ။ REV.LAWRENCE G.LOVASIK S.V.D/SAINT JOSEPH CHURCH HISTORY စာအုပ်မှကောက်နှုတ်တင်ပြထားပါသည်။

Add new comment

8 + 9 =