ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့ ကာဒီနယ် ချားစ်လ်ဘို၏ တရားဒေသနာတော် (၃.၅.၂၀၂၀)

ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့ ကာဒီနယ် ချားစ်လ်ဘို၏ တရားဒေသနာတော် (၃.၅.၂၀၂၀)

ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့ ကာဒီနယ် ချားစ်လ်ဘို၏ တရားဒေသနာတော် (၃.၅.၂၀၂၀)

ပါစကားကာလ စတုတ္ထတနင်္ဂနွေနေ့ကို ကောင်းသောသိုးထိန်း တနင်္ဂနွေဆိုပြီး ကမ္ဘာရှိ အသင်းတော်တစ်ခုလုံး ကျင်းပနေကြပါတယ်။ ညီအစ်ကို မောင်နှမတို့
သခင်ယေဇူး သိုးလေးတစ်ကောင်ကို ပုခုံးပေါ်တင်ထားတယ်ဆိုတဲ့ ပုံ ဘုရားကားလေးဟာ သိတ်ကိုကြည်နူးနှစ်သိမ့်စရာ သင်္ကေတလေးပါ။

COVID ကြောင့်ဒုက္ခရောက်နေရသူအားလုံးကို ကောင်းသော သိုးထိန်ဟာ ပုခုံးပေါ်မှာ သယ်ဆောင်ထားပါစေ။ ရက်တွေ၊ လတွေကြာညောင်းပြီး ကိုယ်တော်ရဲ့ကာကွယ်စောင့်ရှောက်မှုဆီ ကမ္ဘာကြီးကို အပ်နှံဆက်ကပ်ထားကြရအောင်။ ဒီနေ့ အသင်းတော်က ကောင်းသောသိုးထိန်းရဲ့ မျက်နှာ တော်ကို အာရုံပြုခိုင်းတယ်။ နေရာ-တိုင်းပြည်များများမှာ နံနက်အာရုဏ်ဦး နေရောင်လင်းလာပါပြီ။ အီတလီတို့လို နိုင်ငံမှာ ဒီရောဂါပိုး Corona Virus ဟာ လူတွေ၊ ဆရာဝန်တွေအပါအဝင် အသက်တွေကို ဖျတ်ပြီးနောက်၊ သေမင်းဟာ နောက်ဆုတ်နေပြီလို့ ယူဆရပါတယ်။ ဒီနိုင်ငံတွေမှာ ကောင်းသောသိုးထိန်းကြွရောက်လာပါပြီ။ နိုင်ငံများများ ပိတ်ဆို့နေတဲ့ အခြေအနေက ထွက်လာကြပါပြီ။

Maranaatha အိုသခင်ယေဇူးကြွလာတော်မူပါလို့ ကျွန်ုပ်တို့ တခဲနက်၊ ဆုတောင်းကြရအောင်။ ကောင်းသောသိုးထိန်း သင်္ကေတဟာ တကယ် ကျွန်ုပ်တို့ စိတ်နှလုံးကို ဆွဲဆောင်ပါတယ်။ သခင်ယေဇူး သိုးလေးကို မိမိပုခုံး ပေါ်တင်ထားတယ်ဆိုတဲ့ ဥပမာဟာ ဘုရားသခင် ကျွန်ုပ်တို့ တစ်ဦးစီကို အကြွင်းမဲ့ Unconditional love ချစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။ ဓမ္မသစ်မှာ သိုးနဲ့သိုးထိန်းအကြောင်း ဥပမာပေး၊ နှိုင်းထားတာ၊ တလျောက်လုံးတွေ့ရတယ်။

ဆာလံရေးစပ်ထားတဲ့သူက ယုံကြည်အားကိုခြင်းများစွာနဲ့ ဆုတောင်း ထားတယ်။ ဆာလံ ၂၃ ““ထာဝရဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။ ငါသည် လိုလေသေးမရှိ အကယ်၍ သေမင်း၏ အရိပ်လွှမ်းသောချိုင့်ထဲသို့ ရှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်မူကား၊ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ ရှိတော်မူ၏။ လှံတံတော်နှင့် တောင်ဝေးတော်သည် ကျွန်ုပ်ကို ချမ်းသာစေပါ၏။ ””

တခြားအချိန်ကာလထက် အခု ဒီနေ့မျိုးလိုမှာ ကောင်းသော သိုးထိန်းပုံ ဥပမာဟာ အလွန်တရာမှ ဆီလျော်၊ သက်ဆိုင်ပါတယ်။ ရာစုပေါင်းများစွာ ကျွန်ုပ်တို့ ဘုရားရှိခိုးကျောင်းကို လာကြတယ်။ Covid က ဘုရားကျောင်း တံခါးများကို ပိတ်ထားတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ နှလုံးသားတံခါးကိုတော့ ဘယ်တော့မှ ပိတ်နိုင်စွမ်း မရှိပါဘူး။ ဒီနေ့ကောင်းသောသိုးထိန်း သခင်ယေဇူးဟာ သူ့သိုးတွေကို လိုက်ရှိနေတယ်။ ကျွန်ုပ်တို့ရဲ့ အိမ်၊ မိသားစုတွေထဲမှာ သူလာတွေ့နေတယ်။ နဖူးတွေ့၊ ဒူးတွေ့၊ လာတွေ့နေပါတယ်။ လက်ခံပါ။ ကြိုဆိုပါ။ ဟုတ်ပါတယ်။ သူ၊ ဘုရားလာနေတယ်။

ကောင်းသောသိုးထိန်းက ပျောက်နေတဲ့သိုးတွေကို ထွက်ရှာနေတယ်။ သခင် ယေဇူးကိုယ်တိုင်ဟောပြောခဲ့တယ်။ ကောင်းသောသိုးထိန်းဟာ သိုး(၉၉) ကောင်ကို ထားခဲ့ပြီး- ပျောက်နေတဲ့သိုး တစ်ကောင်ကို ရှာတယ်။ တခါတလေ ကျွနု်ပ်တို့စဉ်းစားကြတယ်။ ပျောက်တဲ့သိုးတကောင်းရှာဘို့ လက်ရှိ (၉၉)ကောင် ကို ချန်ထားရင် - (၉၉)ကောင် ဘာဖြစ်သွားမလဲ။
ကျွန်ုပ်တို့ရဲ့အတွေးက တခါတလေ ကောင်းသောသိုးထိန်းပါးချင်တဲ့-သတင်း လွတ်ချော်သွားနိုင်တယ်။
ပျောက်နေတာ အဝေးရောက်နေတာ၊ အသေးငယ်ဆုံးတွေကို ဦးစားပေးပါတယ်။ ဖျားနာသူများအတွက် ဆရာဝန်လိုတယ်။ ကျန်းမာနေသူများ ဆရာဝန်မလိုပါ။

ဒီလိုမျိုး Covid အချိန်တချို့ဟာ အရာရာကို သံသယပွားပြီး မေးချင်တယ်။ ဘုရားဘယ်မှာရောက်နေလဲ။
- သိုးတွေပျောက်တာမဟုတ်ဘူး။ ကောင်းသောသိုးထိန်းက သိုးတွေကနေ ပျောက်နေတာလို့ ပုစ္ဆာများတက်ကြတယ်။
သခင်ယေဇူး ဟာ - ပျောက်ကွယ်နေတဲ့ သိုးထိန်းမဟုတ်ဘူး။ သူဟာ ဒဏ်ရာရထားတဲ့ ကုသပေးသူဖြစ်တယ်။ Henri Noumen ၀ိညာဉ်ရေးရာ ပညာရှင်ကြီးရေးထားတဲ့အတိုင်း ကောင်းသော သိုးထိန် ပုံဥပမာဟာ သခင်ယေဇူးသည် မိမိကိုယ်တိုင် ဒဏ်ရာ၊ ဒဏ်ချက်နဲ့ ပြည့်နက်ပြီး- ကုသခြင်းပေးနေတဲ့- သမားတော်ကြီးပါ။ ကြည့်ပါ။ ကျွန်ုပ်တို့အတွက် ကားစင်ပေးမှာ အသက်အသေခံပြီး၊ ကျွန်ုပ်တို့ကို ကုသနေတယ်။ ရှင်ပေတရူးပြောထားသလို “ဒို့ရွှေငွေ၊ ပစ္စည်းနဲ့ရွေးထားတာမဟုတ်၊ အဘယ် အပြစ်မှမရှိ- အညစ်အကြေးနှင့် ကင်းစင်တဲ့ သိုးသငယ်၊ ခရစ်တော်ရဲ့ အသွေးတော်မြတ်နဲ့ ရွေးထားတယ်။ သိမှတိကြလော့။ ( ၁ ပီ ၁း၁၈-၁၉)

- ဒဏ်ရာရပြီး ကုသပေးနေတဲ့ ကောင်းသောသိုးထိန်းဟာ ဒီနေ့ Covid ရောဂါသည်များ ဒုက္ခခံနေသူများနဲ့ အတူတူ ရှိတယ်။ ဒုက္ခခံယူနေတယ်။ ဒီသခင်ယေဇူးပဲ Covid ရောဂါသည်များ ဘေးနားမှာ ရပ်ပြီး ကြည့်ရှုနေတဲ့ ကျန်းမာရေး ပုဂ္ဂိုလ်များထဲမှာရှိတယ်။

Ezebiel ၃၄း၁၆ ကျွန်ုပ်တို့ ဖတ်ကြသလို သူကတိထားခဲ့တယ်။ ““ငါသည် အရိုးကျိုးသောသိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသောသိုးကို အားဖြည့်ပေးမည်။

- ပြန်လည်ပြီး ဒီတခါလည်း ကျန်းမာရေး အလုပ်သမား အမှုတော် ဆောင်များကို သတိရကြပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒီနေ့သူတို့ဟာ ကောင်းသောသိုးထိန်းများဖြစ်ကြတယ်။ သူတို့ထဲ သခင် ယေဇူးရှိတယ်။ သခင်ပြောခဲ့သလို ကောင်းသောသိုးထိန်းဟာ သိုးများ အတွက် အသက်စွန့်တယ်။ ဆရာဝန်များထဲမှာ သခင်ရှိတယ်။ တခဏ လောက်စဉ်းစားကြည့်ရအောင်။ အီတလီ၊ အမေရိကမှာ Covid လူနာများ ကြည့်ရှုရင်း၊ ဆရာဝန်၊ သူနာပြုတွေ ရာလိုက်ချီပြီး သေဆုံးခဲ့ရတယ်။ အီတလီမှာ ဘုန်းတော်ကြီး၊ သူတော်စင် စစ္စတာတွေတရာကျော် သေခါနီး လူနာများစောင့်ရှောက်ရင်း၊ သူတို့ပါ သေဆုံးကြရတယ်။ ဒါဟာ ဒီခေတ်၊ ဒီရက်၊ ဒီအချိန်မှာ ကောင်းသော သိုးထိန်းများဖြစ်ကြပါတယ်။

Covid ဟာ နိုင်ငံများများကို သေမင်းရဲ့ချိုင့်ဝှမ်းလုပ်ပစ်တယ်။ လူ(၃)သန်းခွဲ ရောဂါစွဲပြီးအဌေးဆုံးနိုင်ငံတောင် (၆)သောင်းခွဲကျော် အသက် ဆုံးရှုံးခဲ့ရပြီး။ လူ့အသက်ဟာ ပျက်လွယ်အထိမခံ မခိုင်ခံ့ပါလား။ ကြောက်လန့်နေကြ တယ်။ ကမ္ဘာကြီးမှာ တော်တော်များများ အိမ်မှာ အခန်းထဲ ပုန်းနေကြရတယ်။ လူသေများပြီ၊ လူသေအရိုးတွေပုံထားတဲ့ ချိုင့်ဝှမ်းနဲ့တူနေတယ်။ အမှောင်ထုကြီးထဲကျရောက်နေတဲ့ ကျွန်ုပ်တို့အတွက် ဘာသတင်းစကား ယူကြမလဲ။

Ezebiel အခန်းကြီး (၃၇)မှာ ဘုရားရှင်က Ezebiel ကို အရိုးခြောက် တွေနဲ့ပြည့်နေတဲ့ ချိုင့်ဝှမ်းစီခေါ်လာခဲ့တယ်။ အရိုးတွေအသက်ရှင် လူတွေ ပြန်ဖြစ်ဘို့ အမိန့်ပေးခိုင်းတယ် အရိုးခြောက်တွေက အသား၊အကြော၊ အရေ တွေနဲ့ဖုံးလာပြီး- လူသေတွေ အသက်ရှင် လာတယ်။ ဒီရူပါရုံရဲ့ သတင်းက အခြေခံက၊ ဘုရားရှင်ဟာ ဒို့နဲ့အတူတူရှိတော်မူတယ်။ သူရှိတဲ့အခါ ဒို့အားလုံး အသက်ရှင်နိုင်ကြမယ်။

- သခင်ဘုရားရဲ့ ၀ိညာဉ်တော်ဟာ ကောင်းသောသိုးထိန်းဖြစ်တယ်။ သိုးထိန်း၊ ကောင်းသောသိုးထိန်း စိတ်ဓါတ် ၀ိညာဉ်ရှိရင် မကောင်းဆိုးဝါ ဟူသမျှ - Virus အပါအဝင် ဒို့အောင်မြင် ကျော်လွှားနိုင်မယ်။ သခင် ယေဇူးပြန်ကြွလာပြီး ကျွန်ုပ်တို့တစ်ဦးစီ ထဲကို အသက်ဝိညာဉ် မှုတ်သွင်းပေး နေတယ်။

ဒီနေ့ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင်များ ကောင်းသောသိုးထိန်းဖြစ်ဘို့ လိုအပ်ပါ တယ်။ ဒီနေ့ ဥစ္စာပစ္စည်း လုံလုံကြွယ်ဝသူများ - မရှိဆင်းရဲသားများအပေါ် ကောင်းသောသိုးထိန်းဖြစ်ကြရမယ်။ ဆေးပညာရှိများ ကောင်းသော သိုးထိန်းဖြစ်ဘို့လိုအပ်ပါတယ်။ ရဟန်းဘုန်းကြီး သူတော်စင်များ ကောင်းသော သိုးထိန်းဖြစ်ကြရမယ်။

- ခရစ်ယာန် ဘာသာဝင်တိုင်း တစ်ဦးမကျန် ကောင်းသော သိုးထိန်းဖြစ်ဘို့ သခင်ဖိန်ခေါ်နေတယ်။ ကျွန်ုပ်တို့ ဘေးပတ်ဝန်းကျင် မြို့တွေရွာတွေမှာ လူတွေ ပျောက်ဆုံးနေတဲ့ လမ်းရှာမတွေ့တဲ့ သိုးတွေ ဖြစ်နေကြတယ်။ ကိုယ်ကိုပဲ ကာကွယ်စောင့်ရှောက် လွန်ကဲတာမဟုတ်ပဲ ဒုက္ခရောက်နေတဲ့ သူများနဲ့ စိတ်တလုံးတဝတည်းနဲ့ လိုအပ်တာတွေကို ကူညီဖေးမကြရအောင်။

မြို့နယ်- ရပ်ကွက်တွေမှာ အသင်းတော်ဟာ နေရာတွေပေးကြတယ်။ လိုအပ်တဲ့ ပစ္စည်း အတတ်နိုင်ဆုံး ရက်ရက်ရောရော ပေးလှူနေကြပါတယ်။

- မြန်မာပြည်မှာရှိတဲ့ ခရစ်ယာန်များဟာ ကောင်းသောသိုးထိန်းများ ဖြစ်နေကြတယ်ဆိုတာ ဝမ်းသာစရာပါ။ အစားအစာပစ္စည်း ဝေပေးနေကြ တယ်။ ကျန်းမာရေး ကြည့်ရှုသူများအတွက် အကွယ်အကာ အဝတ်စုံများကို သူတော်စင် Sister များ ချုပ်ကူပေးနေကြတယ်။ ကော်မတီဖွဲ့ထားပြီး မြန်မာပြည်ရှိ ညီအစ်ကို မောင်နှမများအတွက် လိုအပ်တာကို ဖြည့်စွက် နေကြတယ်။ ကိုယ့်ညီအစ်ကိုများရဲ့ လိုအပ်အရေးကို အာရုံပြုတဲ့အခါ ကျွန်ုပ် တို့ဟာ ကောင်းသောသိုးထိန်းဖြစ်ကြပါတယ်။

ဘေးဒုက္ခအန္တရာယ် ဆိုက်ရောက်တိုင်း ကျွန်ုပ်တို့အတူလာရောက် စည်းရုံးကြပါတယ်။ ၂၀၀၈ နာဂစ်အချိန်မှတ်မိပါတယ်။ ခရစ်ယာန်များ၊ ဗုဒ္ဓရွာတွေမှာ၊ အစားအစာပစ္စည်းလိုက်ဝေ ပေးကြတယ်။ ဗုဒ္ဓဘာသာဝင်များလည်း ခရစ်ယာန်ရွာတွေမှာ ကယ်ဆယ်ရေး ပြုလုပ်ကြတယ်။

ကျွန်ုပ်တို့ရဲ့ မတူခြားနားမှုတွေကို မေ့ပစ်လိုက်ပြီး၊ ကျွန်ုပ်တို့လူသား အချင်းချင်းပူးပေါင်းကြတယ်။ သနားကြင်နာဟာ ကျွန်ုပ်တို့အားလုံးရဲ့ တူညီတဲ့ကိုးကွယ်ဘာသာတစ်ရပ်ဖြစ်ပါတယ်။

သနားဂရုဏာဟာ မွန်မြတ် အဖိုးမဖြတ်နိုင်တဲ့ရတနာ တန်ဘိုးဆိုတာ ကောင်းသောသိုးထိန်း ယေဇူးဘုရားသွန်သင်တယ်။
““သိုးခြံထဲမဝင်တဲ့ တခြားသိုးများလည်း ရှိသေးတယ်။ အဲဒီသိုးများကို ငါဆောင်ခဲ့ရမယ်။ သူတို့လည်း ငါ့စကားသံကို နားထောင်ပြီး သိုးခြံတခု သိုးထိန်းတပါးရှိရလိမ့်မယ်။ (ယောဟတ် ၁ဝး၁၆)

- ဒီရောဂါပိုးက does not discriminate ခွဲခြားဆက်ဆံတာမရှိဘူး။ ဘယ်ဘာသာမဆို ဘယ်လူမျိုးမရှောင် ဌေးဌေး၊ မွဲမွဲ လူတိုင်းကို ထိုးဖေါက် တိုက်ခိုက်ပါတယ်။ အခုမှပဲ ဒို့လူသားများစည်းလုံးကြပြီး- အားလုံးရဲ့ ရန်သူတစ်ခုတည်းကို ရင်ဆိုင်ကြရမယ်။ ဒီအချိန် အချင်းချင်းခွဲခြား ဆက်ဆံရတဲ့ အချိန်မဟုတ်တော့ဘူး။ Covid ကြောင့် ဒုက္ခရောက်နေသူ၊ အားလုံးဟာ ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမရင်းခြာများဖြစ်ကြတယ်။ အားလုံး ပါဝင်တယ်။ အားလုံးနဲ့ဆိုင်တယ်ဆိုတာ သခင်ယေဇူးရဲ့ အချစ်မျိုးဖြစ်တယ်။

John Drinkwater’s သမိုင်းထဲ Abraham Lincoln ကို အမျိုးသမီးတစ်ဦးက သမ္မတကြီး သတင်းကောင်းကြားပြီးပြီလား။ နောက်ဆုံးပြည်တွင်းစစ်ပွဲမှာ ဒို့ဘက်က (၈၀၀)ကျဆုံးပြီး ရန်သူဘက်က ၂၇၀၀ တကယ်ကောင်းချက်ပါ။

- သမ္မတက ကောင်းတယ်။ ၃၅၀၀ ဆုံးရှုံးပါတယ်။ ဒီလိုမတွက်ရဘူး။ သမ္မတကြီး - ၈ဝဝပဲ ကျဆုံးတာလေ။
- ဒီမယ် Madam ကမ္ဘာကြီးက သင့်နှလုံးသားထက်ကြီးမားပါတယ်။ ကောင်းသောသိုးထိန်းဟာ အားလုံးကို အကျုံးဝင်သွင်းထားတယ်။ ရန်သူပဲ ဖြစ်ဖြစ် ရှင်ရှင်/သေသေ ပတ်သက်တယ်။ ကိုယ့်ညီအစ်ကိုများ ဖြစ်တယ်။ အစိုးရတပ်မတော်က (၂၀)ကျ AA က (၃၀)ကျ (၅၀)အားလုံးဟာ ကိုယ်နဲ့ ပတ်သက်တယ်။

အားလုံးကို ထည့်သွင်းထားတဲ့ ကျွန်ုပ်တို့စီမှာ ကောင်းသောသိုးထိန်းရှိတယ်။ ကောင်းသောသိုးထိန်းဟာ ကျွန်ုပ် တို့အတွက် အသက်စွန့်ဘို့ အဆင်သင့် ရှိတယ်။ ““ငါသိုးများအတွက် ငါ့အသက်ကို စွန့်တယ်လို့ သခင်ယေဇူး ပြောကြားခဲ့တယ်။

ကျွန်ုပ်တို့ရဲ့ မျက်စိထဲမျက်ရည်တဝဲဝဲနဲ့ ဆရာဝန်သူနာပြုများကြည့်ပြီး သူတို့တတွေဟာ ကိုယ်မသိတဲ့လူနာများကို ပြုစုနေတယ်။ Covid ကြောင့် အသက်စွန့်စားရတယ်ဆိုတာ သိကြတယ်။ ဒီပုဂ္ဂိုလ်များဟာ ကောင်းသော သိုးထိန်းများပါ။ ခရစ်တော်ဘုရာဟာ သိုးထိန်းသာမက သူ့အချိန် ရောက်လာတဲ့အခါ သူဟာ သိုးလည်းဖြစ်တယ်။”” ဘုရားသခင်၏ သိုးသူငယ် ကို ကြည့်လော့။ (ယောဟန် ၁း၂၉) ယောဟန် Baptist ကြေငြာပေးတယ်။ ဘုရား၏ သိုးငယ်ကို ကြည့်လော့။ လောကအပြစ်ကို ယူပစ်သော သိုးသူငယ်ကိုကြည့်လော့။

- သခင်ယေဇူး ကောင်းသောသိုးထိန်း - ပူဇော်ခံရမဲ့ သိုးသူငယ် အပြစ်၊မတွန့်မဆုတ်ပဲ ပူဇော်ခံတယ်။ နောက်လိုက်များကို သူကိုယ်တိုင် မလုပ်တာကို မလုပ်ခိုင်းဘူး။
“သင်တို့ငါ့ကို ဆရာသခင်လို့ခေါ်တယ်။ မှန်တယ်။ ငါသင်တို့ကို ဥပမာပြခဲ့တယ်။ သင်တို့ကိုပြုတဲ့အတိုင်း သင်တို့လည်းပြုကြ (ယော ၁၃း၁၃) ခြေဆေးပေးတယ်။

- ရဟန်းမင်းကြီး Francis အရှင်သူတော်မြတ်ဟာ ကောင်းသော သိုးထိန်းဖြစ်တယ်။ Vatican ကြီး Lock Down ပြီး တခြားနည်းလမ်းနဲ့ ရဟန်းမင်းကြီးက ကောင်းသော သိုးထိန်းဖြစ်ကြောင်းပြ နေတယ်။ နေ့စဉ်အမေ့ခံရသူများကို သတိရနေတယ်။ အကျဉ်းသမားများ ကိုယ့်ဒေသ၊ အိမ်ယာစွန့်ပြေးရသူများ၊ စစ်ပြေးဒုက္ခသည်များ၊ တရက်မချန် ပူဆွေး ဝမ်းနည်းဒုက္ခရောက်နေသူများကို သတိရ သြဝါဒမိန့်ကြားပေးနေတယ်။

Covid ကြောင့် ဒို့ဘာသတိမူမိသလဲ ဒို့ဟာ ၀ိညာဉ်ရေးမှာ ဗလာ အခွံကြီးဖြစ်နေပါလား။ ဒို့တစ်ဦး + တစ်ဦး ဆက်ဆံရေးမှာ ဗလာ၊ အနှစ်မရှိဖြစ်နေပါလား။ ဒီပိုးဟာ ဒို့အများကို အတ္တစိတ်ပွားစေတယ်။ အတ္တစိတ်နဲ့ ကိုယ့်လုံခြုံရာကိုပဲ အားစိုက်သူများကို သိုးစုနောက် တမျိုး ဖြစ်စေတယ်။

နောက်ဆုံး တရားစီရင်ခြင်းခံတဲ့အခါ ဂရုဏာစိတ်နဲ့တပါးသူကို စောင့်ရှောက် သူများကို ““သိုးများ”” သူတို့ဟာ အငယ်ဆုံးသော သူများကို စောင့်ရှောက် ပေးလို့ဖြစ်တယ်။ သခင့့်အတွက် လုပ်ပေးတာပဲ။ တချို့ကို “ဆိတ်”များ တကိုယ်ကောင်း၊ အတ္တစိတ်ရှိသူများ တပါးသူအတွက် အချိန်မရှိ။ ဒီသူတွေ ကျတော့ ထာဝရ မီးဒါဏ်ခံဘို့ သွားရကြမယ်။

ဒီနေ့ သခင်ယေဇူးကောင်းသောသိုးထိန်းဟာ ကျွန်ုပ်တို့ရဲ့အိမ်တံခါး မတ်တတ်ရပ်နေပြီး၊ သင်ဟာ ““သိုး”” သင်ဟာ ““ဆိတ်”” လို့ခွဲခြားထားမယ်။ Covid ကိုက ခွဲထားပြီးဖြစ်ပါတယ်။

ဒီလိုမျိုးနောက်ဆုံးနေ့မတိုင်ခင် ကောင်းသောသိုးထိန်းတရားသူကြီးနဲ့ မရင်ဆိုင်ခင် ကျွန်ုပ်တို့အားလုံး အတ္တစိတ်မှ သန့်စင်ပြီး သခင်ယေဇူး သိုးသူငယ် နဲ့ အတူတူနေဘို့ ထိုက်တန်ဘို့ ကြိုးစားကြရအောင်။

ဘုရားရှင် ကောင်းမင်္ဂလာကျေးဇူး အားလုံးအပေါ် သက်ရောက်ပါစေ။

Add new comment

7 + 8 =