#ကိုယ်တော်မြတ်ပွဲနေ့

#ကိုယ်တော်မြတ်ပွဲနေ့

Corpus Christi ကိုယ်တော်မြတ်တနင်္ဂနွေနေ့၏ ထူးခြားချက်။

ဒီနေ့မှာ သခင်ယေဇူးက ကိုယ်တော်မြတ်ထဲမှာ စစ်မှန်စွာ စံပယ် တည်ရှိခြင်းကို ဂုဏ်ပြု ကျင်းပ ဖြစ်ပါတယ်။ ဒီပွဲနေ့ဟာ ကက်သလစ်အသင်းတော်မှာ အဓိက ယုံကြည်တဲ့ သခင်ယေဇူးရဲ့ သန့်ရှင်းတဲ့ ကိုယ်တော်မြတ်စက္ကရာမင်တူးဟာ မုန့်နဲ့ စပျစ်ရည်အသွင်နဲ့ စံပယ်စွာ ကိန်းအောင်းတည်ရှိနေတာဖြစ်ပါတယ်။ ဒီပွဲနေ့ကို ကက်သလစ် ဘာသာတူ တစ်ဦးကနေ စတင်ခဲ့ပြီး နောက်ပိုင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျင်းပလာကြတယ်။

(၁၃) ရာစုမှာ Juliana of Liege ဂျုလီယားနားလို့ခေါ်တဲ့ အမျိုးသမီးဟာ ကိုယ်တော်မြတ်ပွဲနေ့ကို ကျင်းပဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ သူမဟာ သခင်ယေဇူးဆီကနေ ရူပါရုံများစွာကို ရရှိပြီးနောက် ဆရာတော်တွေကို တင်ပြခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့မြို့ အနီးအနားရှိ မြို့တွေမှာ စတင်ပြီး ကိုယ်တော်မြတ်ပွဲနေ့ကို စတင်ကျင်းပခဲ့ပေမဲ့ နောက်ပိုင်း အခြားမြို့တေ ပြန့်ပွားသွာခဲ့တယ်။

၁၂၆၄၊ သြဂုတ် (၁၁ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး Urban IV အသင်းတော်ရဲ့ Transiturus de hoc mundo စာချွန်တော် ထုတ်ပြန်ခဲ့ပြီး Corpus Chrisit ကိုယ်တော်မြတ်ပွဲနေ့ကို လက်တင်ထုံးတမ်း တစ်ခုလုံးအတွက် ပွဲနေ့တစ်ခုအဖြစ် ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ Clement IV နောက်တက်လာတဲ့ ပုပ်ရဟန်းမင်းကြီးတွေက အဲဒီပွဲနေ့ကို မထိန်းသိမ်ခဲ့ဘဲ ဗီယင်နီကောင်စီ ကျင်းပတဲ့ ၁၃၁၁ ခုနှစ်အထိ အဲဒီပွဲနေ့ကို ဆိုင်းငံ့ထားခဲ့ကြပါတယ်။

#ရှင်ယောဟန်-၆း ၅၄-၅၆

"ငါ၏ အသားကို စား၍ ငါ၏ သွေးကို သောက်သော သူသည် ထာဝရ အသက်ကို ရ၏။ ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့ ၌ ရှင်ပြန်ထမြောက် စေမည်။ အကြောင်း မူကား ငါ၏ အသားသည် စားစရာအမှန်ဖြစ် ၏။ ငါ၏ သွေးသည်လည်း သောက်စရာအမှန်ဖြစ် ၏။ ငါ၏ အသားကိုစား၍ ငါ၏ အသွေးကိုသောက်သော သူသည် ငါ၌ တည်နေ၏။ ငါသည် လည်း ထိုသူ၌ တည်နေ ၏။

#ထောက်ရှုရန်

သခင်ယေဇူးရဲ့ မဟာမေတ္တာ၊ ကရုဏာတော်ကြောင့် ဒုက္ခစရိယာကျင့်ကြံခဲ့ပြီး သူ့ရဲ့ခန္ဓာတော်နဲ့ အသွေးတော်ကို ကျွန်ုပ်တို့အတွက် ထားခဲ့ပါတယ်။ အဲဒီနက်နဲတဲ့ မုန့်စပျစ်ရည်အားဖြင့် ကျွန်ုပ်တို့နဲ့အတူ နေ့တိုင်း ရှိနေပါတယ်။ ကျွန်ုပ်တို့ရဲ့စိုးရိမ် ပူပန်းမှု၊ ဝမ်းနည်းကြေကွဲမှုနဲ့ နာကျင်မှုတွေကို ကျွန်ုပ်တို့လိုပဲ ဒုက္ခဆင်းရဲခံပြီး အသေခံပေးဆပ် ချစ်တဲ့ သခင်ယေဇူးကို ပြောပြ ဆုတောင်းပါ။ ဝိညာဉ်အာဟာရ ခွန်အားယူပါ။ သခင်ယေဇူးဟာ သင့်အနားမှာပါ။ သင်နဲ့အတူ ရှိနေပါတယ်။

✍ထန်းဟာ, SJ (6.6.2021)

Source: | https://bit.ly/3uYtKzE

Photo credit to orignal post

#TheServantsChronicles

#ChurchFacts

#ရှင်ယောဟန်-၆း ၅၄-၅၆

"ငါ၏ အသားကို စား၍ ငါ၏ သွေးကို သောက်သော သူသည် ထာဝရ အသက်ကို ရ၏။ ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့ ၌ ရှင်ပြန်ထမြောက် စေမည်။ အကြောင်း မူကား ငါ၏ အသားသည် စားစရာအမှန်ဖြစ် ၏။ ငါ၏ သွေးသည်လည်း သောက်စရာအမှန်ဖြစ် ၏။ ငါ၏ အသားကိုစား၍ ငါ၏ အသွေးကိုသောက်သော သူသည် ငါ၌ တည်နေ၏။ ငါသည် လည်း ထိုသူ၌ တည်နေ ၏။

#ထောက်ရှုရန်

သခင်ယေဇူးရဲ့ မဟာမေတ္တာ၊ ကရုဏာတော်ကြောင့် ဒုက္ခစရိယာကျင့်ကြံခဲ့ပြီး သူ့ရဲ့ခန္ဓာတော်နဲ့ အသွေးတော်ကို ကျွန်ုပ်တို့အတွက် ထားခဲ့ပါတယ်။ အဲဒီနက်နဲတဲ့ မုန့်စပျစ်ရည်အားဖြင့် ကျွန်ုပ်တို့နဲ့အတူ နေ့တိုင်း ရှိနေပါတယ်။ ကျွန်ုပ်တို့ရဲ့စိုးရိမ် ပူပန်းမှု၊ ဝမ်းနည်းကြေကွဲမှုနဲ့ နာကျင်မှုတွေကို ကျွန်ုပ်တို့လိုပဲ ဒုက္ခဆင်းရဲခံပြီး အသေခံပေးဆပ် ချစ်တဲ့ သခင်ယေဇူးကို ပြောပြ ဆုတောင်းပါ။ ဝိညာဉ်အာဟာရ ခွန်အားယူပါ။ သခင်ယေဇူးဟာ သင့်အနားမှာပါ။ သင်နဲ့အတူ ရှိနေပါတယ်။

Add new comment

8 + 0 =