ကာဒီနယ်ချားလ်စ်ဘို  ၏ (၂၇)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ

ကာဒီနယ်ချားလ်စ်ဘို  ၏ (၂၇)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ

ကာဒီနယ်ချားလ်စ်ဘို  ၏ (၂၇)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့...

ယေဇူးကိုယ်တော်ကို သခင်ဘုရားအဖြစ် မိမိရဲ့နှုတ်နဲ့ သက်သေခံကြတဲ့ သူတိုင်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ကောင်းချီးမင်္ဂလာအပေါင်း ခံစားကြရပါစေ။ ယခု ကာ လဟာ ကိုဗစ် ကပ်ရောဂါရဲ့ ဒုတိယလှိုင်းဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့ ကာလ ဖြစ်ပါတယ်။ သန်းပေါင်းများစွာသောလူတွေ၊ အထူးသဖြင့် ဆင်းရဲ ငတ်မွတ်ခြင်းဘေးကိုပါ ခံစားနေကြတဲ့သူတွေ အဖို့ကတော့ ကြောက်ရွံ့ စိတ်၊ စိုးရိမ်ထိတ်လန့်စိတ်တွေကြီးစိုးတဲ့ကာလလို့လည်း ဆိုနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီကာလဟာ စည်းလုံးညီညွတ်မှုကို ပြရမယ့်ကာလ၊ မိမိတို့ရဲ့သဒ္ဓါရက် ရော စိတ် ကို ပြရမယ့်ကာလလည်းဖြစ်ပါတယ်။ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဒီ ကာ လဟာ အ တ္တစိတ်၊ ဥပေက္ခာ စိတ်တွေကို ဖယ်ရှားပစ်ရမယ့်ကာလလို့ ကျွန်ုပ်တို့အားလုံးကို သတိပေး ထား ပါတယ်။

ခရစ်ယာန်တွေအနေနဲ့ မိမိတိို့ရဲ့ယုံကြည်ခြင်းကို လက်ကိုင်ထားပြီးThree S vaccine ဆိုတဲ့  Solidarity (တစ်စိတ်တစ်ဝမ်းတည်းရှိခြင်း) Sharing (ပေးကမ်းဝေမျှခြင်း) နဲ့  Service (အလုပ် အ ကျွေး ပြုခြင်း) စတာတွေကို လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ညီညီညွတ်ညွတ် နဲ့လုပ် ဆောင်ရင် မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ လူထောင်ပေါင်း များစွာကို သဲကန္တာရမှာ ကျွေး မွေး  ကုသ ပေးတော်မူခဲ့တဲ့အရှင်ဟာ ကျွန်ုပ်တို့ကို ပြုစုဖို့၊ ကုသပေးဖို့ မိမိရဲ့ကောင်းကင်တမန်တော် တွေ ကို စေလွှတ်တော်မူပါလိမ့်မယ်။ အရာအားလုံးကို စိုးပိုင်တော်မူတဲ့ ဘုရားရှင်နဲ့အတူ ကျွန်ုပ်တို့ တည်ကြည်ခိုင်မာစွာ ရပ်တည်ကြပါစို့။

ဒီကနေ့ဖတ်ရှုခဲ့တဲ့ကျမ်းတွေကလည်း ကျွန်ုပ်တို့အတွက် အားဆေးတစ်ခွက် လိုပါပဲ။ ပထမကျမ်းမှာ ဘုရားရှင်ကို စပျစ်ခြံရဲ့ဥယျာဉ်မှူးအဖြစ် ခိုင်းနှိုင်းပြီး လောကလူသားတွေကိုတော့ စပျစ်ပင်များအဖြစ် ပုံ ဖော် ထားပါတယ်။ ဘုရားသခင်ဟာ လူသားတွေယုံကြည်ခြင်းရှိကြဖို့ အလိုရှိတော်မူတဲ့အကြောင်း ဖော် ပြထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကပ်ရောဂါ ဘေးကနေ လွတ်မြောက်ဖို့ ရုန်း ကန်နေ ရတဲ့ အချိန်မှာ ဘုရားသခင် အပေါ်ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းဟာလည်း ခိုင်မာဖို့ လိုအပ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့ကူညီစောင်မမှု၊ အလင်းပေးလမ်းညွှန်မှုနဲ့ အတူ ကျွန်ုပ်တို့အောင်မြင် ပါလိမ့်မယ်။

 

ဒုတိယကျမ်းမှာ ရှင်ပေါလုက ဗိုင်းရပ်စ်ရဲ့တိုက်ခိုက်မှုဒဏ်ခံနေရတဲ့ မြန်မာ ပြည်သူပြည်သား တစ်ယောက်ချင်းစီကို ပြောဆိုနေသလို ခံစားရပါတယ်။ ကျွန်ုပ်တို့တတွေဟာ ပထမလှိုင်းဒဏ်ကို (၆)လ လောက် တောင့်ခံခဲ့ပြီးမှ ရောဂါပိုးရဲ့လှည့်ကွက်အောက်မှာ တစ်ဖန်လဲကျခဲ့ရပါတယ်။ အခု ဆို ရင် ပိုးကူးခံရတဲ့အရေအတွက်က ထောင်နဲ့ချီပြီး အသေအပျောက်နှုန်းကလည်း ရာနဲ့ချီရှိလာခဲ့ပါပြီ။ လူ တိုင်းရဲ့စိတ်ထဲမှာလည်း စိုးရိမ်စိတ်တွေကြီးထွားလာခဲ့ ရပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ပတ် သက်လို့ ရှင်ပေါလုက ဖိလိပိသြဝါဒ စာမှာ အခုလိုဆုံးမထားပါတယ်။

““မည်သည့်အမှုအတွက်မျှ စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ အမှုအရာအားလုံးတို့၌ ကျေးဇူးတင် ချီး မွမ်းလျက် ဆုတောင်းပတ္ထနာနှင့် အသနားခံ တောင်းလျှောက်ခြင်းအားဖြင့် ဘုရားသခင်အား သင် တို့ တောင်းလျှောက် သော အရာတို့ကို သိစေကြလော့။ လူတို့သိနားလည်သမျှအရာအားလုံးတို့ ထက် ကြီး မြတ်သော ဘုရားသခင်၏ငြိမ်းချမ်းသာယာခြင်းသည်လည်း ခရစ်တော်ယေဇူး၌ သင်တို့ ၏စိတ် နှလုံး များနှင့် အကြံအစည်များကို ထိန်းသိမ်းစောင့်ရှောက်တော်မူလိမ့်မည်။”” (ဖိ ၄း၆-၉)

ဒီကျမ်းချက်ဟာ အမှန်တကယ်ပဲ ၀ိညာဉ်ခွန်အားရစေပါတယ်။ ဒီအချိန်ဟာ ကြောက်နေ ရမယ့် အချိန်မဟုတ်ပါဘူး။ ဒီအချိန်မှာ ကျွန်ုပ်တို့ဟာ ဒူးထောက်ပြီး ယုံကြည်ခြင်းစိတ်အပြည့်နဲ့ ““ကုသ ခြင်း ခံ ဖို့ ကျွန်ုပ်တို့ အလိုရှိပါတယ်...သခင်။ ကျွန်ုပ်တို့ကို ကုသပေးတော်မူပါ။ နှစ်သိမ့်ပေးတော်မူပါ။ ပြန် လည်ကျန်းမာလာစေတော်မူပါ””လို့ ဆုတောင်းရမယ့် အချိန် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ယုံကြည် ခြင်းဟာမုန်ညင်းစေ့ပမာဏလောက်ရှိရင် ပုပ်ရဟန်းမင်းကြီးမိန့်ကြားသလို ကိုဗစ်ကပ် ရောဂါ ကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ကြောက်လန့်မှုတောင်ကုန်းတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

ဧဝံဂေလိကျမ်းထဲမှာ တိုက်ဆောက်တဲ့သူတွေပယ်ထားတဲ့ကျောက်ဟာ နောက်ဆုံးမှာတော့ ထောင့် ချုပ်ကျောက်ဖြစ်လာတဲ့အကြောင်း ပြောထား ပါတယ်။ အပယ်ခံရခြင်းဟာ စိတ်နှလုံးကို အဆိပ် သင့်စေပါတယ်။ ငယ်စဉ်ဘဝက အပယ်ခံရတဲ့ကလေးဟာ ရာဇဝတ်သားဖြစ်လာနိုင်ပါ တယ်။ အရွယ် ရောက်ပြီးသူတွေဟာလည်း အပယ်ခံရတဲ့အခါ နောက်ဆုံးမှာ အန္တရာယ်ဖြစ်စေတဲ့ အပြုအမူတွေကို လုပ်လာတတ်ပါတယ်။

ဒီကပ်ရောဂါကာလမှာ လူတွေဟာ အပယ်ခံရတဲ့အဖြစ်မျိုးနဲ့ ကြုံနေရပါ တယ်။ တချို့က အလုပ် ကနေ အထုတ်ခံရတယ်။ တချို့တွေရဲ့ ဆက်ဆံ ရေးတွေပျက်စီးခဲ့ရတယ်။ ဆေးကုသဖို့လို အပ်နေ တဲ့ သူ တွေကို ဘေး ပတ်ဝန်းကျင်ကလူတွေက ဖယ်ရှောင်ဖယ်ရှောင်လုပ်ချင်ကြတယ်။ ကိုယ့် အတွက် ပဲကြည့်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ဖို့ တွေးလာတတ် ကြတယ်။ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် အရှင်သူမြတ်ကတော့ လူအချင်းချင်း ခပ်ခွာခွာ နေဖို့ လုပ်ကြရာကနေ ထိလွယ်ခိုက်လွယ်ရှိ သူတွေကို ပစ်ပယ်တဲ့ အနေအထားအထိ ရောက်သွားနိုင်တဲ့အကြောင်း ကြိုတင်ပြီး သတိပေးခဲ့ ရပါ တယ်။

ဒီလိုအချိန်မှာ ကားတိုင်တော်ပေါ်က ခရစ်တော်ကို ပြန်ပြီးမြင်ယောင် ကြည့်ပါ။ ကိုယ် တော် ဘုရား ရှင် ဟာ ကားတိုင်တော်ပေါ် ရောက်နေတာ တောင်မှ မိမိရဲ့မယ်တော်၊ တပည့်တော် ယောဟန်၊ ယုတ် စွအဆုံး အတူခံရတဲ့သူခိုးကိုတောင် ပစ်ပယ်မထားခဲ့ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့ဟာ လည်း သ နား ကြင်နာစိတ်မွေးမြူကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကျွန်ုပ်တို့ဟာ ကောင်းကင်နိုင်ငံ တော်မှာ ထောင့် ချုပ်ကျောက်ဖြစ်လာမှာပါ။ သခင်ဘုရားဟာ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကနေတစ်ဆင့် အံ့ဖွယ် ရာ တွေ လုပ်ဆောင်တော်မူပါစေ။ ဘယ်သူ့ကို မပစ်ပယ်ပါနဲ့။ ခက်ခဲကျပ်တည်းတဲ့ ကာလမှာ ကရု ဏာ စိတ် မွေးပြီး မိမိတတ်နိုင်သလောက် အကူအညီပေးဖို့ စဉ်းစားပါ။

ဒီတစ်ပတ်မှာ ထူးခြားတဲ့ ၀ိညာဉ်ရေးဖြစ်စဉ် (၄) ခုကို ထောက်ရှုကြရ အောင်။

ပထမဝိညာဉ်ရေးဖြစ်စဉ်က ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကို ထိန်းသိမ်း စောင့်ရှောက်ကြဖို့ ဖြစ် ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုး ကျရောက်ချိန်မှာ ကျွန်ုပ်တို့အနေနဲ့ ဒီလိုကပ်ရောဂါမျိုး ကို ဖြစ် ပေါ်စေတဲ့ နောက်ခံအကြောင်းတရားကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ဘုရား သခင် ရဲ့ ဖန် ဆင်း ခြင်းဟာ အာဏာနဲ့ ငွေကြေးပိုင်ဆိုင်တဲ့ လက်တစ် ဆုပ်စာလူတွေရဲ့ မတရားအမြတ် ထုတ် ခြင်း ကို ခံနေရပါတယ်။ ကျမ်းစာ ထဲမှာ ဘုရားသခင်ဟာ မိမိဖန်ဆင်းခဲ့တဲ့အရာတွေကောင်း မြတ် တာ ကို  တွေ့ရှိတော်မူတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ သဘာဝ တရား လက် ဆောင် ဟာ လွန်ခဲ့တဲ့နှစ်(၅၀)လောက်ကတည်းက လောဘဇော တိုက်နေတဲ့သူတွေရဲ့ လုပ်ရပ် ကြောင့် ထိခိုက်ပျက်စီးခဲ့ရပါပြီ။

လူတွေရဲ့ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးရတာနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန် စစ်က အစဉ်တစိုက်ထောက်ပြမိန့်ကြားခဲ့တဲ့ အတွက်ကြောင့် သူ့ကို Green Pope လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့မိန့်ကြားချက်ကလည်း အရမ်းကို ရှင်းလင်း ပါတယ်။ ““သဘာဝပတ်ဝန်းကျင်ကို ဘုရားသခင်ရက်ရောစွာ ပေးသနား တော်မူတဲ့ လက် ဆောင်အဖြစ် လက်ခံပါ။ ငွေထုတ်စက်ကြီးတစ်ခုလို မမြင်ပါနဲ့””လို့ မိန့်ကြားခဲ့ပါတယ်။ သူရေး သားဖြန့်ဝေ ခဲ့တဲ့ Laudato si စာချွန်တော်မှာ ““ဆင်းရဲသားတို့၏ငိုကြွေးတောင်းလျှောက်သံနှင့် သဘာဝ ပတ်ဝန်းကျင်၏ငိုကြွေးတောင်းလျှောက်သံ””ဆိုတဲ့စကားလုံးတွေ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

 

နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလကနေ အောက်တိုဘာလအထိ ကမ္ဘာ တစ်ဝန်းလုံးမှာရှိတဲ့ ကက်သလစ်ဘာသာဝင်တွေဟာ အတူတကွစုပေါင်းပြီး ဆုတောင်းခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း စတာတွေ ပြုလုပ်ပြီး ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းအလှကို ဂုဏ်ပြုကြပါတယ်။ ဖန် ဆင်းခြင်းကို ဂုဏ်ပြုတဲ့အစီအစဉ်ဟာ ““ဖန်ဆင်းခြင်းအတွက် တစ်ကမ္ဘာလုံးဆိုင်ရာဆုတောင်းရ သောနေ့””ဖြစ်တဲ့ စက်တင်ဘာ ၁ ရက်နေ့က အစပြုပြီး ဒီနေ့မှာ အဆုံးသတ်ပါတယ်။ ဒီနေ့ဟာ ဖန်ဆင်းခြင်းအတွက် ဂုဏ်ပြုတဲ့ပွဲမှာ အရေးအကြီးဆုံးနေ့ရက်လည်း ဖြစ်ပါတယ်။ လူသားတစ် ယောက်ရဲ့လုပ်ရပ်ဟာ အခြားသော လူသားတွေ အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ကျွန်ုပ်တို့ဟာ ထရင်လည်း အတူတူ၊ လဲရင်လည်း အတူတူဖြစ်တယ်ဆိုတာကို နှလုံးသွင်းထားရမှာဖြစ်ပါတယ်။

ဒီနှစ်မှာ ကျင်းပတဲ့ ဖန်ဆင်းခြင်းကို ဂုဏ်ပြုတဲ့ရာသီရဲ့ခေါင်းစဉ်က ““မြေကမ္ဘာရဲ့ဂျူဘီလီ၊ ခြေ လှမ်းသစ်နှင့် မျှော်လင့်ချက်သစ်””ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ကျွန်ုပ်တို့ဟာ သဘာဝ ပတ် ဝန်းကျင်ကို အရေးစိုက်ဖို့ လိုအပ်တဲ့အကြောင်း ပိုပြီးသတိပြုမိလာကြပါတယ်။ ကိုဗစ်ကပ်ရော ဂါဖြစ် ရတဲ့အကြောင်းရင်းမှာ လူတွေရဲ့ပယောဂ မကင်းဘူး ဆိုတာကို ကျွန်ုပ် အမြဲသတိရနေဖို့ လို အပ်ပါတယ်။ ကျွန်ုပ်တို့ဟာ သဟဇာတဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ကို ကျူးကျော်ဖျက်ဆီးခဲ့တဲ့ အတွက် ကျွန်ုပ်တို့ရဲ့လူ့ပတ်ဝန်းကျင်ဟာလည်း အကြီးအကျယ်ထိခိုက် ပျက်စီး ခဲ့ရပါပြီ။

ဒုတိယဝိညာဉ်ရေးဖြစ်စဉ်က စိန်ဖရန်စစ်အစီစီရဲ့ပွဲနေ့ဖြစ်ပါတယ်။ ဒီရဟန္တာ ကြီးဟာ သဘာဝ ပတ်ဝန်းကျင်ကို အလွန်ချစ်မြတ်နိုးသူအဖြစ် လူသိများ ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာလည်း ဆင်းရဲဲခြင်း ပါရမီကို ကျင့်ကြံအားထုတ်တဲ့ စိန်ဖရန်စစ်အစီစီကို အထူးလေးစား အားကျ သူ ဖြစ်တာကြောင့် သမိုင်းတစ်လျှောက်မှာ ““ဖရန်စစ်”” ဘွဲ့နာမတော်ကို ခံယူတဲ့ ပထမဆုံး ပုပ်ရဟန်း မင်းကြီးဖြစ်လာခဲ့ပါတယ်။ သဘာဝ ပတ်ဝန်းကျင်အပေါ် အမြင် သဘော ထားတွေ ပြောင်း လဲလာကြဖို့ အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ စိန်ဖရန်စစ်ရဲ့မွေးရပ်မြေဖြစ်တဲ့ အစီစီမြို့ ကို ကြွရောက် လေ့ရှိပါတယ်။ စိန်ဖရန်စစ်ဟာ ငြိမ်းချမ်းရေးရဟန္တာလည်း ဖြစ်ပါတယ်။ ဒီလို ကိုဗစ်ကပ်ရောဂါကာလမှာ ကျွန်ုပ်တို့ကို အကာအကွယ် ပေးဖို့ ဘုရားသခင်ထံတော်ကို ကျွန်ုပ် တို့ စိန်ဖရန်စစ်နဲ့အတူ တောင်းခံနိုင် ပါတယ်။ ““ကျွန်ုပ်အား ငြိမ်းချမ်းရေးလက်နက်ဖြစ်စေတော်မူပါ။ စိုးရိမ် ပူလောင်ခြင်း ရှိရာအရပ်၌ ငြိမ်းချမ်းခြင်းဖြစ်ပေါ်စေတော်မူပါ။ ကိုဗစ် ကပ်ရော ဂါဆိုး ကျရောက် ရာနေရာ၌ ကုသ ပျောက်ကင်းခြင်းဖြစ်ပေါ် စေတော်မူပါ။””

 

တတိယဝိညာဉ်ရေးဖြစ်စဉ်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ရဲ့ ပွဲနေ့ဖြစ်ပါတယ်။ ပုပ် ရဟန်းမင်းကြီးဖရန်စစ်ဟာ ဒီလိုကပ်ရောဂါကာလမှာ ကျွန်ုပ်တို့လူသားများကို ပေးသနားတော်မူတဲ့ ဘုရား သခင်ရဲ့ ဆုကျေးဇူး တစ်ခုဖြစ်ပါတယ်။ သူဟာ ကပ်ရောဂါစတင်ဖြစ်ပေါ်စဉ်ကတည်းက ကျွန်ုပ် တို့အတွက် ဆုတောင်းပေးခဲ့တယ်။ ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးခဲ့တယ်။ ကျွန်ုပ်တို့ကို ကောင်း ချီး ပေး ခဲ့တယ်။ ကောင်းမြတ်တော်မူသောအရှင် ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ပုပ်ရဟန်းမင်းကြီးကို နှစ် ပေါင်း များစွာ အမှုတော်ဆက်လက်ထမ်းဆောင်နိုင်ဖို့အတွက် အခွင့်ကျေးဇူးပေးသနား တော်မူ ပါမည့် အကြောင်း ကျွန်ုပ်တို့တောင်းလျှောက်ကြရအောင်။ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်ကို Happy Feast Day လို့လည်း နှုတ်ဆက်ကြ ရအောင်။

ပုပ်ရဟန်းမင်းကြီးဟာ ““ငတ်မွတ်ခြင်းကပ်ဘေး”” နဲ့ ““မတရားမှုဗိုင်းရပ်စ်”” အကြောင်း လူတွေ ပို ပြီးသတိပြုမိလာအောင် စွမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ကမ္ဘာလူသားများ ကျန်းမာလာဖို့ ဆု တောင်း ရုံတင်မကဘဲ ဒီလိုကပ်ရောဂါဆိုးကို ဖြစ်ပေါ်စေတဲ့အနေအထားတွေကိုပါ ပြု ပြင် သွား နိုင်ဖို့ အားလုံးကို အသိပေးနှိုးဆော်နေပါတယ်။ ပုပ်ရဟန်း မင်းကြီးဟာ ဗျာဒိတ်တော် ကျမ်းမှာပါတဲ့ ““ကောင်းကင်သစ်နှင့် ကမ္ဘာသစ် ကို ငါမြင်ရ၏။ ကိုယ်တော်သည် သူတို့၏ မျက်စိများထဲမှ မျက်ရည် များကို သုတ်ပေးတော်မူလိမ့်မည်။ ...ငါသည် အရာခပ်သိမ်းကို အသစ်ဖန်ဆင်းလေပြီ””ဆိုတဲ့ ဗျာ ဒိတ်ရူပါရုံကို ထောက်ရှုပြီးတော့ ကမ္ဘာသစ်ထွက်ပေါ်လာဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ပုပ် ရဟန်း မင်းကြီးဟာ ဘုရားသခင် အပေါ် ကြီးမားတဲ့ ယုံကြည်ခြင်းရှိဖို့၊ ခရစ်ယာန် တို့ရဲ့ မျှော် လင့်ခြင်းရှိဖို့ ကျွန်ုပ်တို့ကို အမြဲမပြတ်တိုက်တွန်းနေပါတယ်။

စတုတ္ထဝိညာဉ်ရေးဖြစ်စဉ်ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ စာချွန်တော်သစ်ဖြစ် တဲ့ Cari Fratelli ပဲ ဖြစ်ပါတယ်။ ၀ိညာဉ်ရေးဆိုင်ရာ အမှောင်ကာလ ကျရောက်ပြီး စိတ်ပူပန်နေရတဲ့အချိန်မှာ ပုပ်ရ ဟန်းမင်းကြီးဟာ ကျွန်ုပ်တို့တစ်ဦးကိုတစ်ဦး ကူညီဖေးမကြဖို့ တိုက်တွန်းအားပေးလေ့ရှိပါ တယ်။ ကျွန်ုပ် တို့ဟာ သိုးခြံတစ်ခုထဲကဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ သိုးထိန်းတော် ဖြစ်တဲ့ ယေဇူးသခင်ဟာလည်း သူ တစ် ပါးအတွက်ဆိုရင် မိမိရဲ့အသက်ကို တောင် ပေးဆပ်ဖို့ ဝန်မလေးတဲ့အရှင်ဖြစ်ပါတယ်။ ကျွန်ုပ် တို့ရဲ့  ဘဝမှာ ယေဇူးသခင်ရဲ့ကုသခြင်းကျေးဇူးတော်ကို ခံစားရတဲ့အကြောင်းကို သက်သေ ခံတဲ့ အ နေ နဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ သူ့ရဲ့စာချွန်တော်သစ်ကို ထုတ်ပြန်ပါ လိမ့်မယ်။ အဲဒီစာ ချွန် တော် ကို Fratelli Tutti လို့အမည် ပေးထားပါတယ်။ ဒါဟာ စိန်ဖရန်စစ် အစီစီမိန့် ကြား ခဲ့ တဲ့ စကား ဖြစ်ပြီး ““ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့””လို့ အဓိပ္ပာယ် ရပါတယ်။

 

စိန်ဖရန်စစ်ဟာ ကောင်းသောသိုးထိန်းတော်ဖြစ်တဲ့ ယေဇူးသခင်ရဲ့ စံနမူနာ အတိုင်း ကြိုး စား လျှောက်လှမ်းကြဖို့ အားလုံးကို တိုုက်တွန်းခဲ့သူ ဖြစ်ပါတယ်။ သူက ““ညီအစ်ကိုတို့၊ မိမိသိုးစုကို ကယ် တင်ဖို့အတွက် ကားတိုင်တော်ပေါ်မှာ ဒုက္ခဝေဒနာနဲ့ သေခြင်းကို ခံယူခဲ့တဲ့ ကောင်းသော သိုး ထိန်း တော်ကို စံနမူနာယူကြပါစို့””လို့ ဆုံးမသွန်သင်ခဲ့ပါတယ်။ ““ကိုယ်တော်ရှင်ရဲ့ သိုးစုဟာ ဆင်း ရဲ ညှဉ်းပန်းခြင်းမျိုးစုံ၊ ကဲ့ရဲ့စော်ကားခြင်း မျိုးစုံ၊ နှောင်ယှက်ခြင်းမျိုးစုံကို ကိုယ်တော်ရှင်ရဲ့ နောက် တော်ကို မမှိတ် မသုန်လျှောက်လှမ်းခဲ့ကြတဲ့အတွက် ထာဝရအသက်ဖြစ်တဲ့ ကောင်းကင် ချမ်း သာ ဆု လာဘ်ကို ရရှိခဲ့ကြပါတယ်””လို့ ဆက်လက်သွန်သင်ခဲ့ပါတယ်။

ဒီစာချွန်တော်ဟာ ကျွန်ုပ်တို့ကို ယေဇူးသခင်အပေါ် သဒ္ဓါကြည်ညိုသူ ဖြစ်ဖို့ရန်သာမကဘဲ ကိုယ် တော် ရဲ့နောက်လိုက်တပည့်ဖြစ်ဖို့ရန် တိုက်တွန်း ထားပါတယ်။ ဒီလိုကပ်ရောဂါကာလမှာ ဒူး ထောက် ဆုတောင်းနေရုံနဲ့ ကျေနပ်မနေကြဘဲ အကူအညီလိုအပ်နေသူတွေဆီကို အရောက်သွားပြီး ကူညီ ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ကျွန်ုပ်တို့ဟာ ရဟန္တာတွေကို ဂုဏ် ပြု ချီး မြှောက် နေရုံနဲ့ မပြီး ဘဲ သူတို့ရဲ့လမ်းစဉ်အတိုင်း ကျင့်ကြံ လျှောက်လှမ်းကြဖို့ စိန်ဖရန်စစ်က သွန် သင် ခဲ့ ပါတယ်။ ခရစ် တော်ရဲ့ ကားတိုင်လမ်းကို လျှောက်လှမ်းတဲ့သူဟာ ခရစ်တော်လိုပဲ ဘုန်းဂုဏ်နဲ့ တစ် ဖန်ပြန်လည် ထမြောက်မယ့်အကြောင်း မိန့်ကြားခဲ့ပါတယ်။ ကာသိုလိပ် အသင်းတော်အနေနဲ့ လို အပ်ရင် - နေရာသုံးပါ။ နောက်ဆုံး Quarantine လိုအပ်ရင် - ဘုရားကျောင်းအဆောင် လည်းသုံးပါ။

ယခုရက်သတ္တပတ်ကိုလည်း ကိုယ်တော်ရှင်ထံမှာ ဆက်ကပ်အပ်နှံကြပါစို့။ စပျစ်ဥယျာဉ်ပိုင် ရှင် ဖြစ်တဲ့ ထာဝရဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့နိုင်ငံကို၊ အထူးသဖြင့် ကပ်ရောဂါဒဏ်အပြင်း အ ထန် ခံနေ ရတဲ့ ရန်ကုန်နဲ့ ရခိုင်လို ဒေသတွေကို ကောင်းချီးပေးပြီး ရောဂါမှ ကုသပျောက်ကင်း စေ တော်မူပါ။ ရှင်ပေါလုရဲ့ဆုံးမသြဝါဒအတိုင်း အချင်းချင်းဆုတောင်းပေးရင်း အကူအညီ လိုအပ်နေ သူ တွေကို ကြိုးစားကူညီကြပါစို့။ ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ဒီကပ်ရောဂါကို ကျွန်ုပ်တို့အောင် မြင် ကျော်လွှားနိုင်ပါလိမ့်မယ်။ ဘာဖြစ် လို့လဲဆိုတော့ ကိုယ်တော်ရှင်ဟာ စပျစ်နွယ်ပင်ဖြစ်ပြီး ကျွန်ုပ် တို့ဟာ အကိုင်းအခက်များဖြစ်ကြတဲ့အတွက် ကုသခြင်းကျေးဇူးတော်ကို မလွဲမသွေ ခံစားကြရ မှာဖြစ်ပါတယ်။ ယေဇူးကိုယ်တော်ဟာ  သခင်ဘုရား ဖြစ်တော် မူပါတယ်။

အားလုံး ကျေးဇူးတော်နဲ့ပြည့်ဝပြီး ကျန်းမာကြပါစေ။

Add new comment

2 + 1 =