ကရုဏာရှင်ယေဇူးပွဲတော် (ကရုဏာရှင် ယေဇူး တနင်္ဂနွေ နေ့) ဧပြီလ ၁၉၊ ၂၀၂၀

ကရုဏာရှင်ယေဇူးပွဲတော် (ကရုဏာရှင် ယေဇူး တနင်္ဂနွေ နေ့) ဧပြီလ ၁၉၊ ၂၀၂၀

၂၀၁၅ ခုနှစ်တုန်းက စိန့်ပီတာရင်ပြင်မှာ ကျင်းပခဲ့တဲ့ ရဟန္တာဂျွန်ပေါလ် ပျံလွန်တော်မူခြင်းအောက်မေ့ဖွယ် အခမ်းအနားမှာ ပုပ်ဖရန်စစ် အရှင်သူမြတ်က လူထုပရိသတ်အား ယခုလိုမိန့်ကြားခဲ့ပါတယ်။

ရဟန္တာရှင်ဂျွန်ပေါလ် ပျံလွန်တော်မူခြင်းနှစ်ပတ်လည်နေ့မှာ အရှင်သူမြတ်ရဲ့ ရုပ်ကလပ်တော်မြှပ်နှံထား ရာ သချိ င်္ုင်းဂူမှာ လာရောက်ဂါရဝြပုဆုတောင်းကြဖို့ သင်တို့အားလုံး ယခုဒီနေရာကို ရောက်ရှိလာကြပြီဖြစ်တယ်။ အရှင်သူမြတ် သွန်သင်ဆုံးမခဲ့တဲ့ တရားတော်တွေကို အစဉ်အောက်မေ့သတိရကာ ဘုရားရှင်နှင့် သင်တို့ရဲ့ တိုင်းနိုင်ငံအပေါ်မှာ သစ္စာတည်ကြည်စောင့်ထိန်းကြပါ။

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ဟာ ၂၀၀၅ ခုနှစ် ဧပြီလ ၂ ရက်နေ့၊ မှာ ပျံလွန်တော်မူခဲ့ပါ တယ်။ အဲ့ဒီနေ့ဟာ ရဟန္တာ ရှင်ဖောစတီးနားအား ခရစ်တော်ဘုရားရှင်ရဲ့ တောင်းဆိုမူကို တုန့်ပြန်သောအားဖြင့် အရှင်သူမြတ်ကိုယ်တော်တိုင် တည်ထောင်သတ်မှတ်ပေးခဲ့တဲ့ ကရုဏာရှင်ယေဇူးကိုကျင်းပပြင်ဆင်နေတဲ့ အဖိတ်နေ့၊ စနေနေ့လည်း ဖြစ်နေတယ်။ ရှင်ဖောစတီးနားကို ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က ကရုဏာရှင် ယေဇူးပွဲကို တည်ထောင်တဲ့နေ့မှာပဲ ၂၀၀၀ ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ ရဟန္တာအဖြစ် တင်မြောက်ဂုဏ် ပြုခဲ့ခြင်းလည်း ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် အရှင်သူမြတ်ရဲ့ ပျံလွန်တော်မူတဲ့နေ့ဟာ သူ့ရဲ့ ဝိဉာဉ်ရေးရာ အမွေအနှစ်ကို တံဆိပ်ခတ်ပြီး တမျိုးတမည်နဲ့ သတ်မှတ်ဖော်ပြနေသလိုပါပဲ။
၂၀၁၁ ခုနှစ် မေလ ၁ ရက်နေ့တွင် ရဟန်းမင်းကြီး ၁၆ကြိမ်မြောက် ဘနက်ဒစ် အရှင်သူမြတ်မှ ရဟန်းမင်းကြီး ဂျွန်ပေါလ်အား သူတော်သူမြတ်အဖြစ် ချီးမြောက်ပေးတော်မူခဲ့တဲ့ နေ့ရက်လေးကလည်း ကရုဏာ ရှင်ယေဇူးပွဲတော် တနင်္ဂနွေနေ့ ဖြစ်နေပြန်ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့၊ ကရုဏာရှင်ယေဇူးပွဲနေ့ မှာပဲ လက်ရှိ ရဟန်မင်းကြီး ပုပ်ဖရန်စစ် အရှင်သူမြတ်က ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်အား ရဟန္တာ အဖြစ်တင်မြောက်ချီးမြှင့်တော်မူခဲ့ပါတယ်။ ယခုနှစ် ပါစကားပွဲတော်ကြီးမှာ ဧပြီလ ၁၂ ရက်နေ့တွင် ကျရောက်ပြီး ပါစကားပွဲပြီး နောက်တစ်ပတ် တနင်္ဂနွေ၊ ဧပြီလ ၁၉ ရက်နေ့မှာ ကရုဏာရှင်ယေဇူးရဲ့ ပွဲတော်ကို သဒ္ဓါကြည်ညို စွာ ကျင်းပခြင်းဖြစ်ပါတယ်။

- ရဟန္တာဂျွန်ပေါလ် ပျံလွန်တော်မူပြီးနောက် ထုတ်ပြန်သော သဝဏ်လွှာ

ကရုဏာရှင်ယေဇူးရဲ့ မိန့်မှာချက် သတင်းစကားတွေဟာ အရှင်သူမြတ်ရဲ့ ဝိဉာဉ်ရေးရာအမွေအနှစ် တစ်ခု ဖြစ်ကြောင်း ရဟန်းမင်းကြီး ဂျွန်ပေါလ်ကိုယ်တော်တိုင်က ရည်ညွှန်းဖော်ပြခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ဧပြီလ ၃ ရက်နေ့ကို ကရုဏာရှင်ယေဇူး တနင်္ဂနွေနေ့ အဖြစ် ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီး အရှင်သူမြတ်ရဲ့ သဝဏ်လွှာကို သေတမ်းစာ အနေဖြင့် ပျံလွန်သွားတဲ့အချိန်ကျမှ ဖြန့်ချိဖတ်ရှုဖို့အတွက် ဆန္ဒရှိခဲ့ပါတယ်။

“ရှင်ပြန်တော်မူတဲ့ ဘုရားသခင်ဟာ လူတွေအတွက် မိမိကိုယ်ကို လက်ဆောင်အဖြစ် အပ်နှင်းပေးခဲ့တယ်။ ဘုရားရှင်ရဲ့အသေခံခြင်း ဟာ ဆုံးရှုံးမှုကြီးတစ်ခုလိုလို၊ မကောင်းဒုစရိုက်တွေ၊ အတ္တ ကြောက်စိတ်တွေ ဖုံလွှမ်းထားသလိုလို တခါတလေ ထင်ကောင်းထင်ရပါတယ်။ ဒီသေခြင်းမှာ ခွင့်လွှတ်ပေးတတ်တဲ့ မေတ္တာတော်၊ ကျေအေးသင့်မြတ်စေကာ ဝိဉာဉ်ကို မျှော်လင့်ချက်အသစ်မွေးဖွားပေးလိုက်တဲ့ မေတ္တာတော်နဲ့လည်း ပြည့်နှက်နေပါတယ်။ အဲ့ဒီမေတ္တာ တော်ကပဲ နှလုံးသားတွေကို ပြောင်းလဲစေပြီး ငြိမ်ချမ်းသာယာခြင်းကိုဆောင်ကျဉ်းပေးပါတယ်။ ကမ္ဘာကြီးက ဘုရားရှင်ရဲ့ ကရုဏာမေတ္တာတော်ကို နားလည်လက်ခံတတ်ဖို့ ဘယ်လောက်တောင် လိုအပ်လို့နေပါပြီလဲ” ဆိုပြီး ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က သ၀ဏ်လွှာမှာ ရေးသားထားတော်မူခဲ့ပါတယ်။

၂၀၀၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့၊ ပိုလန်နိုင်ငံ ခရက်ကောင်းမှာ ပြုလုပ်ခဲ့တဲ့ ကရုဏာရှင်ယေဇူး ရင်ပြင်တော်ဖွင့်ပွဲ အခမ်းအနားမှာ ပုပ်ဂျွန်ပေါလ်အရှင်သူမြတ်က လူသားတွေအားလုံးအတွက် ဘုရားရှင်ရဲ့ ကရုဏာမေတ္တာတော်မှာ အပ်နှံပူ ဇော်ပေးခဲ့ပါတယ်။ “ဘုရားရှင်ရဲ့ ကရုဏာမေတ္တာတော်မှာ ကမ္ဘာကြီးက ငြိမ်းချမ်းရေးကို ရှာတွေ့ပြီး လူတွေက ပျော်ရွှင်ခြင်းကို ရှာတွေ့ကြလိမ့်မယ်။ ဘုရားရဲ့ ကရုဏာတော်မှာ ငြိမ်းချမ်းခြင်းနဲ့ပျော်ရွှင်ခြင်းကို ရှာ တွေ့နိုင်ဖို့ ဒီတာ၀န်တစ်ရပ်ကို ပိုလန်နိုင်ငံ ခရက်ကောင်းက ဘာသာသူတွေတင်မက ကရုဏာရှင်ယေဇူးအား ကိုးစားကြည်ညိုကြတဲ့ ကမ္ဘာအရပ်ရပ်မှ သားသမီးတွေအားလုံးရဲ့ လက်ထဲကို ကျွန်ုပ်အပ်နှံပေးလိုက်ပါတယ်”။

- ဘုရားရှင်ရဲ့ ကရုဏာတော်အား သက်သေခံသူများဖြစ်ကြပါစေ


- ကိုယ်တော့်ကို ယုံကြည်အားကိုးပါတယ်

“ဘုရားရှင်ရဲ့ ကရုဏာတော်မှတစ်ပါး မျှော်လင့်အားကိုးရာ အခြားမရှိတော့ကြောင်း ကျွန်ုပ်တို့ သိမှတ်၀န်ခံ ပါတယ်။ ကရုဏာရှင်ယေဇူး၊ ကိုယ်တော်အား ယုံကြည်အားကိုးပါတယ်” လို့ ရဟန္တာ ရှင်ဖောစတီးနားလို ပြောခဲ့သလို ပုပ်ဂျွန်ပေါလ် အရှင်သူမြတ်ကလည်း ပြန်လည်မိန့်ကြားခဲ့ပါတယ်။

ပုပ်ဂျွန်ပေါလ် အရှင်သူမြတ်က ဒီကြေညာထုတ်ပြန်ခြင်းရဲ့ လတ်တလော အပူတပြင်းအရေးတကြီး လို အပ်မှုကို ယခုလို မီးမောင်းထိုးပြသွားခဲ့ပါတယ်။

“ဒီလိုကြေညာထုတ်ပြန်ရခြင်းမှာ အဓိက လိုအပ်ချက်တစ်ခုရှိနေ တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အမျိုးမျိုးသော မကောင်းဒုစရိုက်တွေကို ရင်ဆိုင်ဖြေရှင်းနေရင်း ဆုံးရှုံးခြင်းဆိုတဲ့ ခံစားချက်ကို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ခံစားနေရတဲ့ ဒီခေတ်အချိန်အခါမှာ ဘုရားရှင်ရဲ့ အလုံးစုံကိုတတ်နိုင်တဲ့ အနန္တမေတ္တာတော်မှာ ယုံကြည်ကိုးစားခြင်းရှိဖို့ အထူးလိုအပ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒုက္ခဝေဒနာ ပြည်နှက်ပြီး မသေချာ မရေရာမှုတွေရှိနေသော်လည်း မျှော်လင့်ခြင်းတွေအပြည့်ရှိတဲ့ အနက်ရှိုင်းဆုံး နှလုံးသားတစ် နေရာကနေ ဘုရားရှင်ရဲ့ ကရုဏာတော်ကို ဘ၀ထဲမှာ ၀င်ရောက်စီးဆင်းစေဖို့အတွက် ဖိတ်ခေါ်ကမ်းလင့်ဖို့လည်းလိုအပ်နေပါတယ်။

- ကရုဏာရှင်ယေဇူး ပုံတော်နဲ့ ရင်ပြင်တော်

“ကျွန်ုပ်တို့ရဲ့ စိတ်ဝိဉာဉ်မျက်လုံးတွေနဲ့ ကရုဏာရှင်ယေဇူးရဲ့ မျက်၀န်းအကြည့်တွေကို ထောက်ရှု ငေး မောကြည့်ချင်ပါတယ်။ နက်ရှိုင်းတဲ့ အဲ့ဒီမျက်၀န်းထဲမှာ ကိုယ်တော်ရဲ့ ဘ၀ပုံရိပ်တွေနဲ့ အကြိမ်ကြိမ်ခံစားရရှိခဲ့တဲ့ ဘုရားရှင်ရဲ့ အလင်း ကျေးဇူးတော်တွေကို မြင်တွေ့လိုပါတယ်” လို့ ကရုဏာရှင်ယေဇူး ပုံတော်ရှေ့မှာ ကမ္မဌာန်းစီးဖြန်းထောက်ရှုဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီးက ဖိတ်ခေါ်ခဲ့ပါတယ်။

“ဘုရားရှင်ရဲ့ ကရုဏာ ကောင်းကြီးတော်များ သွန်းလောင်းစီးဆင်းစေဖို့ အထူး ရွေးချယ်ခံထားရတဲ့ နေရာတစ်ခုလို ကျွန်ုပ်ယုံကြည်ခံစားမိတာမို့ အသစ်တည်ဆောက်ထားတဲ့ သပ္ပါယ်လွန်းလှသော ဒီဘုရား ကျောင်း ရင်ပြင်တော်ကြီးကို ကရုဏာရှင်ယေဇူးဘွဲ့အမည်နာမဖြင့် ရေစက်ချ အပ်နှံပူဇော်ပေးဖို့ ကျွန်ုပ် ဒီနေရာကို ကြွရောက်လာခြင်းဖြစ်တယ်” လို့ Lagiewniki မှာရှိတဲ့ ကရုဏာရှင်ယေဇူး ဘုရားကျောင်း ရင်ပြင်တော်ရဲ့ အရေးပါမူကိုလည်း အရှင်သူမြတ်က မိန့်ကြားခဲ့ပါတယ်။

ဒီနေရာမှာပဲ ၂၀၁၁ ခုနှစ် အောက်တို ဘာလတုန်းက ပုပ်ရဟန်းမင်းကြီးဒုတိယမြောက် ဂျွန်ပေါလ်နဲ့ ရှင်ဖောစတီးနားတို့ရဲ့ ဓါတ်တော်မွေတော်များကို ကြည်ညိုဂါရ၀ မျက်မှောက်ပြုလျှက် အပြည်အပြည်ဆိုင်ရာ ကရုဏာရှင်ယေဇူး ညီလာခံပွဲကြီးကိုလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ရဟန္တာရှင်ဂျွန်ပေါလ်က ဒီနေရာ ဗိမ္မာန်တော်မှာ ကိန်း၀ပ်စံမြန်းတဲ့ ကိုယ်တော်မြတ် စက္ကရမင်တူးမင်္ဂလာတော်ရဲ့ အရေးကြီးမွန်မြတ်လှတဲ့ အကြောင်းကို ယခုလို အလေးနက်မိန့်ကြားသွားခဲ့ပါတယ်။

“ဒီဗိမ္မာန်ကျောင်းတော်ကြီးဟာ ဘုရားရှင်ရဲ့ ကရုဏာ မေတ္တာတော်ကို ဟောပြောကြေညာတဲ့ နေရာတစ်ခု၊ အပြစ်ခွင့်လွှတ်ခြင်းနဲ့ ပြုပြင်ပြောင်းလဲခြင်းတို့ဖြစ်တည်ရာ ကျောင်းတော်၊ ကိုယ်တော်မြတ်မင်္ဂလာတော်ကို စီရင်ကျင်းပပြုလုပ်တဲ့ ဗိမ္မာန်တော်နဲ့ ကျွန်ုပ်တို့နဲ့ ကမ္ဘာကြီးတစ်ခုလုံးအတွက် ဘုရားရှင်ရဲ့ ကရုဏာတော်ကို အဆက်မပြတ်တောင်းခံပေးနေတဲ့ ကရုဏာစမ်းအိုင် တစ်ခုဖြစ်လာစေဖို့ ကျွန်ုပ် ဆုတောင်းမေတ္တာပို့သပေးပါတယ်” ။

ဘုရားရှင်ရဲ့ ကရုဏာမေတ္တာတော်ကို ဦးတည်ပို့ဆောင်ပေးတဲ့ သူမှာ သမ္မာတရားရဲ့ ဝိဉာဉ်တော်၊ နှစ်သိမ့်အားပေးရှင်လည်း ဖြစ်တဲ့ သန့်ရှင်းသော ဝိဉာဉ်တော်ဘုရားပဲဖြစ်ပါတယ်လို့ အရှင်သူမြတ်က ထပ်မံ မိန့်ကြားတော်မူခဲ့ပါတယ်။

- ကရုဏာအပြည့်နဲ့ မေတ္တာတော်ကို လိုအပ်ပါတယ်

ယနေ့ခေတ် ကမ္ဘာကြီးက ဘုရားရှင်ရဲ့ ကရုဏာသနားခြင်းကို ဘယ်လောက်တောင် အထူးလိုအပ်နေပြီ လဲ။ ကမ္ဘာ့တိုင်းနိုင်ငံအသီးသီးပေါ်မှာ ဘုရားရှင်ရဲ့ ကရုဏာတော် သက်ရောက်စေဖို့ ဆုတောင်းအော်ဟစ်နေတဲ့ အသံတွေဟာ လူတွေရဲ့ အနက်ရှိုင်းဆုံး ဒုက္ခဝေဒနာ တွေကြားက ပေါ်ထွက်လာရခြင်းဖြစ်ပါတယ်။ မုန်းတီးမူတွေ ကြီးစိုးပြီး အာဃာတ အငြိုးအတေးတွေနဲ့ မွန်းကျပ်ဆာလောင်နေတဲ့ ကမ္ဘာကြီးက သနားကရုဏာတွေကို မျှော်လင့်တောင့်တနေရှာတယ်။ စစ်လက်နက်တွေနဲ့ အပစ်အခတ်တွေက ၀မ်းနည်း ဆို့နင့်ဖွယ် အနိဌာရုံတွေ ကြဲပျိုးလိုက်ကြပြီး အပြစ်မဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာကို နှုတ်ယူသွားကြတယ်။ နွမ်းညစ်ထိတ်လန့်နေ တဲ့ နှလုံးသားဝိဉာဉ်တွေကို ချွေးသိပ်ဖြေဖျောက်ပေးဖို့၊ လောကကမ္ဘာကြီးငြိမ်းချမ်းသာယာဖို့ ကရုဏာသနားခြင်း ကျေးဇူးတော်တွေ လိုအပ်နေပါတယ်။ လူ့ဂုဏ်သိက္ခာကို ချောင်ထိုးလျစ်လျူရှုထားကြပြီး လူ့အသက်ကို လေးစား တန်ဖိုးထားခြင်း မရှိတဲ့ နေရာမှာ ဘုရားရှင်ရဲ့ ကရုဏာမေတ္တာကို ပိုပြီးလိုအပ်လှပါတယ်။ ဘာလို့လဲ ဆိုတော့ လူသားအယောက်စီတိုင်းဟာ တန်ဖိုးဖြတ်မရ၊ အစားထိုးမရတဲ့ ဂုဏ်သိက္ခာအပြည့်ရှိနေလို့ပါ။ လောကကြီးရဲ့ မတရားမူတွေအားလုံး ထွန်းလင်းတောက်ပတဲ့ သမ္မာတရားမှာ အဆုံးသတ်ချုပ်ငြိမ်းသွားဖို့ သနား ကြင်နာတတ်တဲ့ ကရုဏာတွေ လိုနေတာ အမှန်ပါပဲ။

ရဟန္တာရွင်ျဂႇန်ေပါလ်က အရွင်သူမြတ်ရဲ့ သြဝါဒတရားေတာ်ကို ခရစ်ေတာ်ဘုရားကိုယ်ေတာ်တိုင် ရွင်ေဖာစတီးနားကို သွန်သင်မိန်႕ကြားေပးခဲ့တဲ့ ဆုေတာင်းမေတ္တာနဲ႔ အဆုံးသတ် နိဂုံးျခဳပ်ခဲ့ပါတယ်။

“သားတော်ယေဇူးဘုရားရှင်၌ မိမိ၏ မေတ္တာတော်ကို ထုတ်ဖော်ပြသတော်မူပြီး၊ ထိုမေတ္တာတော်ကို သန့်ရှင်းသော ဝိဉာဉ်တော်၌ သွန်းလောင်းပေးသနားတော်မူခဲ့သော သနားကရုဏာရှင် အိုအဖဘုရားသခင် . . ၊ လူသားအယောက်စီတိုင်းနှင့် ကမ္ဘာကြီးတစ်ခုလုံး၏ နောက်ဆုံးဖြစ်တည်ရာပန်းတိုင်ကို ကိုယ်တော်၏လက်တွင်း သို့ အပ်နှံပူဇော်ပါသည်။ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်ကညလွှတ်တော်မူ၍ အားနည်းချက်အပြစ်အနာအဆာ များကို ကုစားပျောက်ကင်းစေကာ မကောင်းဒုစရိုက်အမျိုးမျိုးကို နှိမ်နှင်းအောင်မြင်စေတော်မူပါ။ တစ်ဆူတည်းသောဘုရား၊ သေခြင်းကို အောင်မြင်တော်မူသော ကိုယ်တော်၌သာ မျှော်လင့်ခြင်းစမ်းအိုင်ကို ရှာဖွေတွေ့ရှိနိုင်ရန် ကမ္ဘာပေါ်၌ နေထိုင်ကြသူ သားသမီးများအား ကိုယ်တော်၏ ကရုဏာတော်ကို တွေ့ကြုံ ခံစားရစေတော်မူပါ။ အိုထာ၀ရဘုရား၊ ကိုယ်တော်၏သားတော် ယေဇူးခရစ်တော်၏ ကြေကွဲဖွယ်သော ဒုက္ခစရိယာ ဝေဒနာတော်များနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အားလည်းကောင်း၊ လောက တစ်ခုလုံးအားလည်းကောင်း ကိုယ်တော်၏ မဟာကရုဏာမေတ္တာတော်ကို သွန်းလောင်းပေးသနားတော်မူပါ ။ အာမင်” . . . ။

သီကိုရှင်း (ဆီလျှော်အောင်ဘာသာပြန်ဆိုသည်)။

Add new comment

2 + 7 =