ကက်သလစ်မစ္ဆားတရားဝတ်ပြုကိုးကွယ်ခြင်းမှရရှိသောအကျိုး ကျေးဇူးတော်များ

ကက်သလစ်မစ္ဆားတရားဝတ်ပြုကိုးကွယ်ခြင်းမှရရှိသောအကျိုး ကျေးဇူးတော်များ

# သင်သည်ရှုံးနိမ့်မှုများ၊အပြစ်များကြောင့်ပင်ပန်းလေးလံနေပါသလား?    

# သင်သည်ခရစ်တော်နှင့်ပိုမိုနီးစပ်ပြီးရင်းနှီးမှုရှိသောဆက်ဆံရေးကိုရရှိလိုပါသလား?

# သင်သည်မကြာခဏပြုလုပ်မိတတ်သည့်အပြစ် ၊အမှားများမှကျော်လွှားလိုပါသလား?

ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သည့်အခါမှ ပစ်ပယ်မထား၊ စိတ်မကွက်ကြောင်း ကတိတော်ပေးထားခဲ့ပါသည်။ (ကျမ်းကိုး - Heb 13:5)

ယေဇူးသခင်သည် ကျွန်ုပ်တို့အား မိဘမဲ့များကဲ့သို့ မထားကြောင်း ပြောခဲ့ပေသည်။ (ကျမ်းကိုး - John 14:18)

ဘုရားသခင်သည် ကျွန်ုပ်တို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးလိုကြောင်း သိရှိရပေသည်။ (ကျမ်းကိုး - Phil 4:19)

အထက်ပါ ကျေးဇူးတော်များ ရရှိစေရန် မစ္ဆားတရားသည် အခရာ ကျပေသည်။

မစ္ဆားတရားသည် ကျွန်ုပ်တို့အား အပြစ်၏ လွှမ်းမိုးမှု စွမ်းအင်မှ လွတ်ကင်းခွင့်ပေးကြောင်း သင်သိပါသလား။

- မစ္ဆားတရားသည် နေ့တဓူဝ ကျူးလွန်မိသော အပြစ်များမှ ခွင့်လွှတ်ခြင်း ပေးသလို အပြစ်မှ ပယ်ခွာစေရန်လည်း ထောက်ပံ့ပေးပါသည်။ (ကျမ်းကိုး - CCC – Catechism of Catholic Church - ကက်သလစ် အသင်းတော်၏ အယူဝါဒ အမှတ် ၁၃၆၆၊ ၁၃၉၃)

- မစ္ဆားတရားသည် ကျွန်ုပ်တို့ နောင်ပြုမည့် အပြစ်များမှလည်း ကာကွယ်ပေးပါသည်။ (CCC 1393)

- မစာ္ဆးတရားသည် ကျွန်ုပ်တို့ နောင်ပြုမည့် Mortal Sin အပြစ်ကြီးများမှလည်း ကာကွယ်ပေးပါသည်။ (CCC 1395, 1416)

- မစ္ဆားတရားသည် ကျွန်ုပ်တို့အား Venial Sins အပြစ်ငယ်များမှ ကင်းစင်စေကာ ပရဟိတ ချစ်ခြင်းမေတ္တာ Charity စိတ်ဓာတ်အား တိုးပွားစေပါသည်။ (CCC 1394, 1416)

မစ္ဆားတရားသည် ကျွန်ုပ်တို့ အားနည်းချက်များအား ကျော်လွှားနိုင်စေကာ ကိုယ်စိတ်နှလုံးအား တိုးတက်မှုရှိစေပါသည်။

- မစ္ဆားတရားသည် ကျွန်ုပ်တို့၏ ဝိညာဉ်အား ကောင်းကင်ဆုကျေးဇူးတော်များနှင့် ပြည့်စေပါသည်။ (CCC 1402)

- မစ္ဆားတရားသည် လွဲမှားနေသော စွဲလမ်းမှုများမှ ကင်းဝေးစေပါသည်။ (CCC 1394)

- မစ္ဆားတရားသည် ကျွန်ုပ်တို့၏ ဘဝသက်တာအား ကျေးဇူးတော်၌ ထိန်းသိမ်းကာကွယ်ပေးခြင်း၊ တိုးပွားစေခြင်း၊ ပြန်လည် ဆန်းသစ်စေခြင်းများ ဖြစ်ပေါ်စေ၍ ခရစ်ယာန် ဘဝသက်တာ၌ တိုးတက်မှုများ ရှိစေပါသည်။ (CCC 1392)

- မစ္ဆားတရားသည် ကက်သလစ် အသင်းတော်၌ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်လိုစိတ်အား ပြန်လည် ဆန်းသစ်စေခြင်း၊ အားကောင်းစေခြင်းနှင့် လေးနက်စေခြင်းတို့အား ဖြစ်ပေါ်စေပါသည်။ (CCC 1396, 1416)

- မစ္ဆားတရားသည် Perfection of Spiritual Life ဝိညာဉ်ရေး ဘဝသက်တာအား ပြီးပြည့်စုံစေပါသည်။ (CCC 1374)

ထို့အပြင် မစ္ဆားတရားသည် သခင်ယေဇူးနှင့် ပိုမို လေးနက်ချစ်ခင်သော ဆက်ဆံရေးအား တည်ဆောက်စေရန် အထောက်အကူပြုပါသည်။

- မစ္ဆားတရားသည် ကျွန်ုပ်တို့အား ခရစ်တော်အား ပိုမိုနီးကပ်စွာ ပေါင်းစပ်စေသည်။

(John 6:56-57/ CCC 1382, 1391, 1396, 1416)

ထို့ကြောင့် မစ္ဆားတရားဟူသည်မှာ ကျွန်ုပ်တို့ ခရစ်ယာန် ဘဝသက်တာ အတွက် “အရင်းမြစ်နှင့် အချက်အချာ အလယ်ဗဟို” ဖြစ်သည်ဟု ကက်သလစ် အသင်းတော်က သတ်မှတ်ကြေညာထားခြင်း ဖြစ်ပေသည်။ (CCC – 1324)

သို့ဖြစ်ပါ၍ ကက်သလစ် အသင်းတော်သည် ယုံကြည်သူ ခရစ်ယာန်များအား မစ္ဆားတရားအား (ဖြစ်နိုင်လျှင်) နေ့တဓူဝ တက်ရောက်ပါဝင် ဝတ်ပြု၍ ကိုယ်တော်မြတ်အား သုံးဆောင်စေရန်” တိုက်တွန်းနေခြင်း ဖြစ်ပေသည်။ (CCC 1389)

Lawrence Jangma Mung Song

 

Add new comment

9 + 9 =