တဲအိမ်တော်ထဲ၌ အစဥ်အမြဲ အခန်းရှိပါသည်။

တဲအိမ်တော်ထဲ၌ အစဥ်အမြဲ အခန်းရှိပါသည်။

2023 ခုနှစ် ဖေဖော်ဝါရီလ 24 ရက်နေ့ သတင်းစာရှင်းလင်းပွဲ

တိုက်ကြီးများအဆင့် ကက်သလစ်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံဖွင့်ပွဲ မစ္ဆားတရားတော်မြတ် ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားအား ပူဇော်အပ်နှံသည့် မစ္ဆားတရားတော်မြတ်ကို ဂျပန်နိုင်ငံ တိုကျိုဂိုဏ်းချုပ်သာသနာပိုင်နှင့် အာရှတိုက် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော်ကြီး Tarcisio Isao Kikuchi SVD၊ အရှေ့တီမောနိုင်ငံမှ ဒီလီ ဂိုဏ်းချုပ်သာသနာပိုင် ကာဒီနယ် ရဟန်းအမတ် Virgílio Cardinal do Carmo da Silva SDB နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ ကာဒီနယ် ရဟန်းအမတ် Louis Cardinal Marie Ling Mangkhanekhoun၊ တို့မှ ဦးဆောင်ပူဇော်ခဲ့ကြပါသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး Kikuchi သည် အာဖရိကတိုက်တွင် သာသနာပြုခဲ့စဥ်က ကြုံတွေ့ခဲ့ရသော သူ၏ ခရစ်ယာန်သာသနာပြုအတွေ့အကြုံများကို ‌‌ဝေမျှခဲ့ပါသည်။ ထိုအတွ့အကြုံများထဲမှ လူ့စိတ်နှင့် လူသား၏ ဝိညာဉ်ကို ဖျက်ဆီးပစ်သည့် စိတ်ပျက်အားငယ်မှုနှင့် လျစ်လျူရှုမှု အခြေအနေများ၊ မျှော်လင့်ချက်နှင့် ချစ်ခြင်းမေတ္တာ အခြေအနေများ— စည်းလုံးညီညွှတ်မှု စိတ်ဓာတ်ဖြင့် ကျင်းပပြုလုပ်ကြသည့် အသက်နှင့် ပျော်ရွှင်မှုကို ယူဆောင်လာပေးသည့် ဂါနာနိုင်ငံမှ မှော်အတတ်အကြောင်းတို့ကို အလေးထား မိန့်ကြားခဲ့ပါသည်။

သန့်ရှင်းသောမစ္ဆားတရားတော်မြတ်ကို အဖွဲ့များအား ကြီးကြပ်ပေးမည့်သူများ၏ စားပွဲပေါ်တွင် ထားရှိမည့် ဖယောင်းတိုင်များအား ကောင်းချီးပေးခြင်းဖြင့် နိဂုံးချုပ်ခဲ့သည်။ ဆွေးနွေးမှုအတွင်း ထွန်းညှိထားသော ဤဖယောင်းတိုင်များသည် ဆွေးနွေးမှုများကို စိတ်အားထက်သန်စေပြီး ဓမ္မညီလာခံ ခရီးကို ထင်ဟပ်စေသည့် ခရစ်တော်၏အလင်းကို ကိုယ်စားပြုပါသည်။

ကက်သလစ်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံ အတွင်းဝန်ရုံး၏ အထွေထွေအတွင်းရေးမှူး ကာဒီနယ် ရဟန်းအမတ် Mario Cardinal Grech က အဖွင့်မိန့်ခွန်းတွင် ကိုယ်စားလှယ်များအား 'ကျွန်ုပ်တို့သည် အတူတကွ ခရီးပြုခြင်းကို သင်ယူနေသူများဖြစ်သည်' ဟု ကိုယ်စားလှယ်များအား သတိပေးခဲ့သည်။ အထူးသဖြင့် ကက်သလစ်သာသနာတော်အတွင်းမှ အသံများကို ပိုမိုအာရုံစိုက်ရန်နှင့် အထူးသဖြင့် တုန်လှုပ်စေသော အသံနှင့် စကားမပြောသောသူတို့၏အသံများကို အလေးထားရန် အားပေးခဲ့ ပါသည်။ ကာဒီနယ် ရဟန်းအမတ် Grech က “အတူတကွ ခရီးပြုနေသော သာသနာတော်သည် နားထောင်တတ်သော သာသနာတော် ဖြစ်သည်” ဟူသောအချက်နှင့် ဓမ္မညီလာခံလုပ်ငန်းစဉ် အောင်မြင်မှု အတိမ်အနက်သည် ဘုရားသခင်၏လူများနှင့် ဘုရားသခင်၏ လူများထဲတွင် ပါဝင်သော သိုးထိန်းများ တို့၏ တက်ကြွစွာ ပါဝင်မှုပေါ်တွင်မူတည်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ထို့အပြင် အတူတကွ ခရီးပြုနေခြင်း (Synodality) ၏ မှန်ကန်သောဆောင်ရွက်မှုသည် ဘာသာတူများနှင့်သိုးထိန်းများကို အပြိုင်အဆိုင်မဖြစ်စေဘဲ ၎င်းတို့ကိုအမြဲတမ်းဆက်နွှယ်စေပြီး ၎င်းတို့၏လုပ်ငန်းတာဝန်နှင့်တာဝန်များကိုကျေပွန်ရန် ခွင့်ပြုကြောင်း ရှင်းပြခဲ့သည်။

ကာဒီနယ် Grech က “သာသနာတော်အတွင်းတွင် တိုင်ပင်ဆွေးနွေးခြင်းသည် ခရစ်တော်၏ ပရောဖက်ပြုခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွင် ပါဝင်ခြင်း၏ မှန်ကန်သောလမ်းစဉ်ကို အကောင် အထည်ဖော်ရန် ဘုရားသခင်၏လူတို့အား ပေးစွမ်းနိုင်ခဲ့သည်။” ဟု ထပ်လောင်းမိန့်ကြားခဲ့ပါသည်။

နိဂုံးချုပ်အားဖြင့်၊ Cardinal Grech သည် နားထောင်ခြင်း၏အရေးကြီးမှုကို အလေးပေး ဖော်ပြ ခဲ့သည်။ သာသနာတော်အား ဦးဆောင်လမ်းညွှန်နေသော သန့်ရှင်းသော ဝိညာဉ်တော်မြတ် ဘုရား၏ စကားတော်ကို နားထောင်ခြင်း နှင့် “အတူတကွ ခရီးပြုနေသော သာသနာတော်သည် နားထောင်တတ်သော သာသနာတော် ဖြစ်သည်” ဟူသော စကားစုကို ဝေါဟာရ အသုံးအနှုန်း အဖြစ်သို့ လျှော့ချခြင်း မပြုဘဲ အမှန်တရားကို ပုံဖော်စေသင့်ကြောင်း အလေးထား မိန့်ကြားခဲ့ပါသည်။

ကာဒီနယ် Grechသည် ကိုယ်စားလှယ်တော်များ၏ စိတ်ကို လမ်းညွှန်ပေးရန်နှင့် တတိယ ထောင်စုနှစ်၏ သာသနာတော်အတွက် သခင်ဘုရားဖွင့်ပေးသည့် လမ်းကြောင်းဖြစ်သည့် အတူတကွ ခရီးပြုခြင်းဟူသောလမ်းကို လျှောက်လှမ်းရန်အတွက် သတ္တိရှိစေရန် ရှင်ပြန်ထမြောက် တော်မူသော ခရစ်တော်သခင်၏ ဝိညာဉ်တော်မြတ်ကို ဖိတ်ခေါ်ခဲ့သည်။

ဓမ္မညီလာခံဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကော်မရှင်မှ မစ္စ Christina Kheng သည် ယခုအချိန်အထိ ဓမ္မညီလာခံခရီးနှင့် ပတ်သက်၍ သူမ၏ တွေ့ရှိမှုများကို ဝေမျှခဲ့ပါသည်။ ဓမ္မညီလာခံသို့ တက်ရောက်သူတိုင်းသည် တက်ရောက်ပါ၀င်သူများ ဖြစ်ကြပြီး ဘေးမှ ရပ်ကြည့်နေသူများမဟုတ်ကြောင်းကို သူမက အလေးပေးပြောကြားခဲ့သည်။ မစ္စ ခရစ္စတီးနား က “ဓမ္မညီလာခံ၏ ရည်ရွယ်ချက်သည် စာရွက်စာတမ်းတွေ ထုတ်ဖို့ မဟုတ်ဘဲ ရည်မှန်းချက်များကို စိုက်ပျိုးရန်၊ ပရောဖက်ပြုချက်များနှင့် ရူပါရုံများကို ရယူရန်၊ မျှော်လင့်ချက်များ ပွင့်လန်းလာစေရန်၊ ယုံကြည်မှုကို လှုံ့ဆော်ပေးရန်၊ ဒဏ်ရာများကို စည်း‌နှောင်ပေးရန်၊ ဆက်ဆံရေးများ ပေါင်းစည်းယှက်နွယ်စေရန်၊ မျှော်လင့်ချက်၏အာရုဏ်ဦးကို နိုးထစေကာ အချင်းချင်းထံမှ သင်ယူပြီး ဉာဏ်အလင်းပွင့်စေမည့် နွေးထွေးသောနှလုံးသားများ၊ ကျွန်ုပ်တို့၏လက်များကို ခွန်အားပေးစေမည့် တောက်ပသောအရင်းအမြစ်ကို ဖန်တီးပါ” ဟု ကြိုတင်ပြင်ဆင်ထားသည့် စာရွက်စာတမ်း ၃၂ စောင်ကို အခြေခံ၍ သူမက အလေးနက် ပြောဆိုခဲ့ပါသည်။

စာရွက်စာတမ်းတစ်ခုထုတ်ရုံမျှသာဆိုလျှင် တက်ရောက်ပါဝင်စရာမလိုကြောင်းနှင့် ယခုမှာမူ ထို့ထက်ပိုသည့် အချင်းချင်းတွေ့ဆုံရန်၊ ဆွေးနွေးရန်၊ ဆက်ဆံရေးတည်ဆောက်ရန်၊ ဝေဖန်ပိုင်းခြား သိမြင်သော အသိုင်းအဝိုင်းတစ်ခုအဖြစ် ကြီးထွားရန်နှင့် အာရှတိုက်ရှိ ဘုရားသခင်၏ လူများအဖြစ် ဝိညာဉ်တော်မြတ်၌ အတူတကွလျှောက်လှမ်းခြင်းကို တွေ့ကြုံခံစားရန် လိုအပ်ပါကြောင်း သူမက ပြောဆိုခဲ့ပါသည်။

ဓမ္မညီလာခံသည် ထောက်ရှုစဥ်းစားရသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ကိုယ်စားလှယ်တော်များအား ‌ဝေဖန်ပိုင်းခြားသိမြင်မှု၏ ဝိညာဥ်ရေးရာလမ်းစဥ်နှင့် မိတ်ဆက်ပေးခဲ့ပါသည်။ မိတ်ဆက်ပေးခြင်းကို ကာဂျစ္စတန် Apostolic Administrator Fr. Anthony James Corcoran SJ မှ ပြုလုပ်ပေးခဲ့ပါသည်။ ဝေဖန်ပိုင်းခြားသိမြင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရား၏ လမ်းညွှန်မှုပေးနေသောခရီး၊ ကြီးထွားလာခြင်း၏ နောက်တွင်ပါလာသော သေဆုံးခြင်းဖြစ်ပြီး လူတစ်ဦးတစ်‌ယောက်၏ ကိုယ်ပိုင် အစီအစဉ်များ၊ သေချာမှုများနှင့် အစီအစဉ်များကို စွန့်လွှတ်ကာ ကြိုတင်မခန့်မှန်းနိုင်သော သန့်ရှင်းသောဝိညာဥ်တော်မြတ်ဘုရား၏ ဦးဆောင်မှုဖြင့် ဘဝသစ်သို့ လမ်းညွှန်နိုင်စေခြင်းတို့ကို ဘုန်းတော်ကြီး အန်တိုနီက ကိုယ်စားလှယ်များအား နားလည်စေခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ စာချွန်တော်ြဖစ်သည့် “မျက်မှေက်ကမ္ဘာ၌ ဧဝံဂေလိ သတင်းကောင်းကို ကြေညာဟောပြောခြင်း”၏ နံပါတ် ၅၁၌ ပါရှိသော "မည်သည့်အရာများသည် ဘုရားသခင့် နိုင်ငံတော်၏အသီးအပွင့်ဖြစ်နိုင်သည်၊ မည်သည့်အရာများသည် ဘုရားသခင်၏ အကြံအစည်တော် ကို ထိခိုက်စေသည်ကို ‌ဝေဖန်ပိုင်းခြားရန် သင့်လျော်သည်။" ဆိုသည့်အချက်အား ကိုးကားလျက် ဘုန်းတော်ကြီး အန်တိုနီမှ ယနေ့ဆွေးနွေးမှုများအတွက် အစပြုထားခဲ့ပါသည်။

ဘုန်းတော်ကြီး Clarence Devadas သည် စာတမ်းမူဘောင်မူကြမ်း ရရှိရန် အာရှတိုက် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဓမ္မညီလာခံဆိုင်ရာ အမှုဆောင်အဖွဲ့ (FABC Synod Task Force) မှ ဆောင်ရွက်သည့် လုပ်ငန်းစဉ်နှင့် ခရီးကို အလေးပေးဖော်ပြခဲ့သည်။ သူ၏တင်ပြချက်တွင် ဘုန်းတော်ကြီး Clarence သည် စာတမ်းမူဘောင်မူကြမ်းသည် ကိုယ်စားလှယ်များအား ဝေဖန်ပိုင်းခြား နားလည်ရန်၊ ဆွေးနွေးရန်နှင့် ချင့်ချင့်ချိန်ချိန်လုပ်ဆောင်ရန် ဆုတောင်းခြင်းဖြင့် ကိုယ်စားလှယ်များ အတူတကွ သွားနိုင်ရန် ရေးဆွဲထားသည့် လွတ်လပ်စွာ ဆွေး‌နွေးနိုင်သော စာတမ်းဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ ဘုန်းတော်ကြီး Clarence သည် ဤမူဘောင် မူကြမ်းတွင် ပါ၀င်သည့် အာရှသားတို့၏တုံ့ပြန်မှုများ၊ အာရှတင်းမာမှုများ၊ အာရှတိုက်၏ ဖြစ်ရပ်မှန်များနှင့် ကွဲလွဲမှုများ၊ အာရှသားတို့၏ ဦးစားပေးမှုများနှင့် အာရှသားတို့၏တုံ့ပြန်မှုများ ကြားတွင် တွေ့ရှိရသော ကွာဟချက်များ ဆိုသည့် နယ်ပယ် ၅ ခုကို မီးမောင်းထိုးပြခဲ့သည်။ ဘုန်းတော်ကြီး Clarence မှ ဤမူဘောင်မူကြမ်းသည် ဝေဖန်ပိုင်းခြားသိမြင်မှု လုပ်ငန်းစဉ်ကို မီးမောင်းထိုးပြရန် ရည်ရွယ်ပြီး နောက်ဆုံးရလဒ်သည် အာရှတိုက်အတွင်း ပဲ့တင်ထပ်နေသည့် အိပ်မက်များ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် နာကျင်မှုများကို အမှန်တကယ် ကိုယ်စားပြုနိုင်စေရန် ရည်ရွယ်သည့်အကြောင်း လေးလေးနက်နက် မိန့်ကြားခဲ့ပါသည်။

ယနေ့အစီအစဥ်များအတွက် ဦးဆောင်ပေးသူများမှာ ဟောင်ကောင်ဂိုဏ်းချုပ်ဆရာတော် Stephen Chow SJ၊ တိုက်ကြီးများအဆင့် ဓမ္မညီလာခံဆိုင်ရာ အမှုဆောင်များအဖွဲ့၀င် မစ္စ Susan Pascoe နှင့် ဖိလစ်ပိုင်နိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ အာရှတိုက်ဆိုင်ရာ ဓမ္မညီလာခံတွင် ပါ၀င်သူ Joy Candelario တို့ ဖြစ်ကြပါသည်။

ကိုယ်စားလှယ်တော်များအား မိမိတို့၏ဆုတောင်းခြင်းဖြင့် မေးခွန်း ၃ခုအား ပြန်လည်သုံးသပ်ရန် ဖိတ်ကြားခဲ့သည်။ ထိုမေးခွန်းများမှာ ၁။ ဓမ္မညီလာခံ လုပ်ငန်းစဥ်တွင် ၎င်းတို့၏ အတွေ့အကြုံသည် အဘယ်နည်း။ ၂။ ဤဓမ္မညီလာခံ၌ သူတို့ရဲ့တာဝန်များအား မည်ကဲ့သို့ မြင်သနည်း။ ၃။ 'ဝိညာဉ်ရေးရာစကားဝိုင်း' ဖြစ်စဉ်ကို သူတို့ မည်သို့ထင်ပါသနည်း။

နေ့လည်စာ သုံးဆောင်ပြီးနောက် ကိုယ်စားလှယ်တော်များသည် အဖွဲ့လိုက်တွေ့ဆုံကာ မူဘောင် မူကြမ်း၏ ပထမအပိုင်းတွင် ၎င်းတို့၏ လေ့လာတွေ့ရှိချက်များကို ဆွေးနွေးတင်ပြကြသည်။

Add new comment

2 + 2 =