About Us

အာရှသမ္မတရားအသံလွှင့်ဌါန-မြန်မာဘာသာအစီအစဉ်

ဂျာမဏီနိုင်ငံရှိ Misereor အဖွဲ့အစည်းမှ၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့၊ ကိုလန်ဘန် သာသနာပြု အသင်းဂိုဏ်းဝင်ဘုန်းတော်ကြီး Fr.Colm Murphy မှတဆင့် ၁၉၇၅ခုနှစ်တွင် ဆက်သွယ်မှု ပြုလာခဲ့ခြင်းကြောင့်၊ Radio Veritas Asia အာရှသမ္မတရားအသံလွှင့်ဌါန ကြီး၏ ဘာ သာ စကား (၁၅)မျိုးဖြင့်၊ ထုတ်လွှင့်ခြင်းအစီအစဉ်များထဲ၌ မြန်မာဘာသာသည် တစ်ခု အပါ အဝင်ဖြစ်ခဲ့ရပါသည်။ ဘုန်းတော်ကြီး Fr.Colm Murphy ဟာ ၁၉၅၈ခုနှစ်မှ ၁၉၆၆ခုနှစ် အ ထိမြန်မာနိုင်ငံတွင် သာသနာပြုခဲ့သော ကိုလန်ဘန် သာသနာပြု အသင်းဂိုဏ်းဝင်တစ်ပါး ဖြစ် ပါ တယ်။ ရေဒီယိုနဲ့ရုပ်မြင်သံကြား ပညာရပ် များကိုဆည်းပူးပြီးနောက် ၁၉၆၉ခုနှစ်တွင် ကိုရီး ယားနိုင်ငံ၌ အမှုတော်မြတ်ကို ထမ်းရွက်ဖို့စေလွှတ် ခြင်းခံခဲ့ရပါတယ်။ ၁၉၇၄ နိုဝင်ဘာလ မှာ တော့`ဒါဘလင်´၌ ကျင်းပသော တစ်ကမ္ဘာလုံးဆိုင်ရာ အွန်းဒါး အထွေထွေ ညီလာခံ၌ တက်ရောက်ခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်တွင် ဂျာမဏီနိုင်ငံရှိ Misereor အဖွဲ့အစည်း၏ ဆက်သွယ် လာမှုကို ဂိုဏ်းအုပ်ဆရာတော် Bishop Howe ထံစာရေး လျှောက်ထားခဲ့တဲ့အတွက် ဆရာတော် Howe ၏စီစဉ်မှုဖြင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ဇူလိုင်လအစည်းအဝေးမှ မြန်မာဘာသာ၊ ကရင်ဘာသာ၊ ကချင်ဘာသာ အစီအစဉ်များကို ထုတ်လွှင့်ရန်ရာထားခဲ့ပါတယ်။

RVA မြန်မာပိုင်း အစီ အစဉ် ဤကဲ့သို့ ဆက်လက်ရပ်တည် နိုင်ခြင်းသည် ဂျာမဏီနိုင်ငံရှိ Misereor အဖွဲ့၏ ကျေးဇူး၊ Fr.Colm Murphy နှင့် Bishop Howe တို့၏ ကျေးဇူးပင် ဖြစ်ပါသည််။

မန်မာဘာသာစကားဖြင့် ထုတ်လွှင့်ခြင်း အစီအစဉ်ကို ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ စတင် ထုတ်လွှင့်ခဲ့ရာ ဦးစွာပထမ RVA မြန်မာပိုင်း အစီအစဉ် ကို ဆယ်စုနှစ်မျှ အသုံးပြုတော်မူလျက်၊ မြန်မာပြည်သူ ပြည်သားများ အပေါ် မိမိ၏ မဟာချစ်ခြင်း မေတ္တာတော်မြတ်ကို သွန်းလောင်း ပေးသနားတော်မူသော `ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၊ ပုဂ္ဂိုလ်သုံးပါး တစ် ဆူ တည်း သော ဘုရား ရှင် တော်မြတ်´ ကိုလက်စုံမိုး၍ ရှိခိုးပူဇော် ကန်တော့ပါ၏ အရှင်ဘုရား။

ဒုတိယအနေဖြင့် RVA မြန်မာပိုင်း အစီအစဉ်ကို ကမကထပြုလျက် စောင့်ရှောက် တော်မူခဲ့ကြသော နာယက ဂိုဏ်းချုပ်ဆရာတော် အရှင်သူမြတ် နှစ်ပါး တို့အားရိုသေဂါရဝ ပြုလိုက်ပါ၏ ဘုရား။

တတိယအနေဖြင့် Radio Veritas Asia အာရှသမ္မတရား အသံလွှင့်ရုံကြီးအား ငွေအား၊ လုပ်အား၊ ဆု တောင်း မေတ္တာ အားဖြင့်ဖြစ်စေ၊ အကြံဉာဏ်များဖြင့်ဖြစ်စေ၊ အဖက်ဖက် မှနည်း မျိုးစုံဖြင့် ကူညီ ပံ့ပိုး ပေးခဲ့ကြသော ကျေးဇူးရှင်များ အားလုံးနှင့်တကွ အသံလွှင့်ရုံကြီးကို တာဝန်ယူအုပ်ချုပ်ခဲ့သူ၊ အုပ ်ချုပ် နေဆဲပုဂ္ဂိုလ်များ၊ မြန်မာဘာသာအစီအစဉ်ဌါန၌ တာဝန်ယူခဲ့ကြသူ၊ တာဝန်ယူနေကြဆဲပုဂ္ဂိုလ်များ၊ RVA မြန်မာပိုင်းအစီအစဉ်ကို နားဆင်ကြသော သောတရှင်များ အားလုံးကို Radio Veritas Asia မြန်မာဘာသာအစီအစဉ်ရဲ့ အသံထုတ်လွှင့်ခြင်း သမိုင်းစာမျက်နှာတွင် စာရင်းသွင်း မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ မဟာမနီလာမြို့တော် တွင်းရှိ ကေဇုံမြို့၊ ဖဲဗြူးရပ်၊ ဗျူးဝိခ် လမ်းပေါ်တွင် တည်ရှိနေတဲ့ Radio Veritas Asia အာရှသမ္မာတရားလေလှိုင်းသံ အသံလွှင့်ဌါနကြီးမှ မြန်မာဘာသာ အစီအစဉ်ရဲ့ နာယက ဆရာတော်ကြီးများ အဖြစ် ၁၈၇၈ ခုနှစ်မှ ၂၀၀၂ ခုနှစ် အထိ မန္တလေး ဂိုဏ်း အုပ် သာသနာပိုင်ဆရာတော် Alphone ဦးသန်းအောင် မှလည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ မန္တ လေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် Paul Zinghtung Grawng မှ လည်း ကောင်း၊ ၂၀၀၄ ခုနှစ်မှ ယနေ့ထိတိုင် ရန်ကုန် ကက်သလစ် ဂိုဏ်း ချုပ် သာသနာပိုင်ဆရာတော် Charles ဘို မှလည်းကောင်း အသီးသီးတာဝန် ယူ တော်မူခဲ့ကြပါသည်။

RVA မြန်မာဘာသာအစီအစဉ် အမှုတော်ထမ်းများ

RVA မြန်မာဘာသာအစီအစဉ်ကို အဦးဆုံး အသံထုတ်လွှင့်ပေးခဲ့သူမှာ၊ ၁၉၇၈ ခုနှစ်မှ ၁၉၉၆ ခုနှစ် အထိ အမှုတော် ထမ်းခဲ့တဲ့ ပေါ်လင်းမခင်မေထွေး ဘဲဖြစ်ပါတယ်။ ပေါ်လင်းမခင်မေထွေး အ နေဖြင့် ဖျော်ဖြေရေး အစီအစဉ်များနဲ့ ပညာပေး အစီအစဉ်များကို တာဝန်ယူ ထုတ် လွှင့်ပေးခဲ့ပါတယ်။ ပေါ် လင်းမခင်မေထွေး နဲ့အတူ စလေးရှင်း အသင်းဂိုဏ်းဝင်ဘုန်းတော်ကြီး Fr.Elton Fernandez မှ လည်း ကောင်း၊ လာဆလက်မယ်တော်သခင်မ သာသနာပြု အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Fr.Bernard Taylor ဦးမြသိန်း မှလည်းကောင်း၊ ပုသိမ်ဂိုဏ်းအုပ်သာသနာမှ ဘုန်းတော်ကြီး Fr.Remigius စောထူးလေး တို့မှလည်းကောင်း၊ ဘာသာရေးအစီအစဉ်များနှင့် ပက်သက်၍ အချိန် ပိုင်းတာဝန်ယူ ထုတ်လွှင့်ပေးခဲ့ကြပါသည်။

RVA မြန်မာဘာသာအစီအစဉ်သို့ ဒုတိယမြောက် ရောက်ရှိလာခဲ့ပြီး အသံထုတ်လွှင့်ပေးသူမှာ ၁၉၈၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမှုတော်ထမ်းဆောင်ပေးခဲ့တဲ့ မမာလာ SABADO ပဲဖြစ်ပါသည်။

RVA မြန်မာဘာသာအစီအစဉ်အတွက် ပထမဦးဆုံး ကြီးကြပ်ရေးတာဝန်နှင့် အသံ ထုတ်လွှင့် ပေးခဲ့သူမှာ ၁၉၈၂ ခုနှစ်မှ ၁၉၉၀ ခုနှစ်ထိ အမှုတော်မြတ်ကို ထမ်းရွက်ခဲ့တဲ့ တောင်ငူ ဂိုဏ်းအုပ် သာသနာမှ ပျံလွန်တော်မူပြီဖြစ်သော၊ ဘုန်းတော်ကြီး Fr.Anthony ဦးသိန်းအောင် ပဲဖြစ်ပါသည်။

RVA မြန်မာဘာသာအစီအစဉ်အတွက် ဒုတိယမြောက် ကြီးကြပ်ရေးမှူး တာဝန်နှင့် အသံ ထုတ် လွှင့်ပေးခဲ့သူမှာ ၁၉၉၀ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ အမှုတော်မြတ်ကို ထမ်းရွက်ခဲ့တဲ့ စလေးရှင်း အသင်း ဂိုဏ်းဝင် ဘုန်းတော်ကြီး Fr.Edward စိန်မြင့် ပဲဖြစ်ပါသည်။

RVA မြန်မာဘာသာအစီအစဉ်သို့ နောက်ထပ်အမှူတော်ထမ်း အဖြစ်ရောက်ရှိလာခဲ့ပြီး အသံ ထုတ် လွှင့် ပေးခဲ့ကြသူ များမှာ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ အမှုတော်မြတ်ကို ထမ်းခဲ့ကြတဲ့ စိန်ဂျိုး ဇက် အသင်းဂိုဏ်းဝင် သီလရှင် Sr.Martha မြသွေး နဲ့ စိန်အာလောရှက် အသင်းဂိုဏ်းဝင် သီလရှင် Sr.Mary Flora သန်းသန်းမြင့် တို့ဘဲ ဖြစ်ကြပါသည်။

RVA မြန်မဘာသာအစီအစဉ် အတွက် တတိယမြောက် ကြီးကြပ်ရေးမှူး တာဝန်နှင့် အသံ ထုတ် လွှင့် ပေးခဲ့သူမှာ ၁၉၉၄ ခုနှစ်မှ ၂၀၀၃ ခုနှစ် အထိ အမှုတော်မြတ်ကို ထမ်းရွက်ခဲ့တဲ့ မန္တလေး ဂိုဏ်း ချုပ်သာသနာမှ ဘုန်းတော်ကြီး Fr.Gabriel ထွန်းမြင့် ပဲဖြစ်ပါသည်။

RVA မြန်မာဘာသာအစီအစဉ်တွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အသံထုတ်လွှင့် ပေးခဲ့ပြီး အမှု တော်မြတ်ကို ထမ်းရွက်ခဲ့သူမှာ ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ ကို Vincent စိုးမြင့် ပဲဖြစ်ပါသည်။

RVA မြန်မာဘာသာအစီအစဉ်တွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အမှုတော်မြတ်ကို ထမ်း၍ အသံ ထုတ်လွှင့် ပေးခဲ့သူမှာ စိန်ဂျိုးဇက် အသင်းဂိုဏ်းဝင် သီလရှင် Sr.Elizabeth ချစ်ပုံ ပဲဖြစ်ပါသည်။

RVA မြန်မာဘာသာအစီအစဉ်သို့ စတုတ္ထမြောက် ကြီးကြပ်ရေးမှူး တာဝန်နှင့် အသံ ထုတ် လွှင့် ပေး ခဲ့သူမှာ ၂၀၀၃ခု နှစ်မှ ၂၀၀၈ ခုနှစ်အထိ အမှုတော်မြတ်ကို ထမ်းရွက်ခဲ့တဲ့ မန္တလေးဂိုဏ်းချုပ် သာ သ နာမှ ဘုန်းတော်ကြီး Fr.Dominic Jo Du ပင် ပဲဖြစ်ပါသည်။

RVA မြန်မာဘာသာအစီအစဉ်တွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမှုတော်မြတ်ကို ထမ်း၍ အသံ ထုတ်လွှင့် ပေးခဲ့သူမှာ စိန်ဂျိုးဇက် အသင်းဂိုဏ်းဝင် သီလရှင် Sr. Regina Kyi ပဲဖြစ်ပါသည်။

RVA မြန်မာဘာသာအစီအစဉ်သို့ ပဥ္စမမြောက် ကြီးကြပ်ရေးမှူး တာဝန်နှင့် အသံထုတ်လွှင့်ပေးခဲ့သူမှာ ၂၀၀၈ခု နှစ်မှ ၂၀၁၃ ခုနှစ်အထိ အမှုတော်မြတ်ကို ထမ်းရွက်ခဲ့တဲ့ မန္တလေးဂိုဏ်းချုပ် သာသနာမှ ဘုန်း တော်ကြီး Fr.Richard Hla Min Oo ပဲဖြစ်ပါသည်။

RVA မြန်မာဘာသာ အစီအစဉ်သို့ ၂၀၁၂ ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး ယနေ့ထိတိုင် အမှုတော်မြတ်ကို ထမ်းလျက် အသံထုတ်လွှင့်ပေးနေသူမှာ စိန်ဂျိုးဇက် အသင်းဂိုဏ်းဝင် သီလရှင် Sr.Lucia Thandar Aung ပဲ ဖြစ်ပါတယ်။

RVA မြန်မာဘာသာအစီအစဉ်သို့ ၂၀၁၃ ခုနှစ် တွင်ရောက်ရှိလာခဲ့ပြီး ဆဋ္ဌမမြောက် ကြီးကြပ်ရေးမှုး တာဝန်နှင့် ယနေ့ထိတိုင် အသံထုတ်လွှင့်ပေးနေသူမှာ ရန်ကုန်ဂိုဏ်းချုပ် သာသနာမှ ဘုန်းတော်ကြီး Fr. Paulinus Myat Kyaing ပဲဖြစ်ပါသည်။

RVA မြန်မာပိုင်းအစီအစဉ် အကျိုးဆောင်ဗဟိုဠ်ရံး -မန္တလေး

RVA မြန်မာပိုင်းအစီအစဉ်အတွက် အကျိုးဆောင်ဗဟိုဠ်ရုံးကို ၂၀၀၃ ခုနှစ်တွင် ဘုန်းတော်ကြီး Fr.Gabriel ထွန်းမြင့် မှ ဖွဲ့စည်းပေးခဲ့ပါတယ်။ အကျိုးဆောင်ဗဟိုဠ််ရုံးကို စံနစ်တကျဖွဲ့စည်းခြင်းမရှိမီ ဘုန်းတော်ကြီး Fr.Philip ဘရွှေ မှ လေလှိုင်း အသံကြည်လင်ပြတ်သားမှုရှိမရှိ၊ ထုတ်လွှင့်မှုအကြာင်း အသုံးအနှုံးကောင်းမကောင်းများကို တာဝန်ယူ၍ ဆောင်ရွက်ခဲ့ပါသည်။ ဘုန်းတော်ကြီး Fr.Marco တင်ဝင်း (ဒသန) မှ အကျိုးဆောင်ဗဟိုဠ်ရုံး ဖြစ်ပေါ်လာရေး အတွက် ကိုဇော်နိုင်ဦး နှင့်အတူ စ တင ် ပြင်ဆင်ပေးခဲ့သည်။ အသီးတစ်ရာအညာတစ်ခု ဘာသာတရားများ အချင်းချင်း နှီးနှောဖလှယ်ခြင်း ဟောပြောချက်များကိုလည်း အသံသွင်း၍ ပို့ပေးခဲ့ပါတယ်။ RVA မြန်မာပိုင်းအစီအစဉ်အတွက် အကျိုး ဆောင်ဗဟိုဠ်ရုံးတွင် ကြီးကြပ်ရေးမှူး တာဝန်များကို ထမ်းရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များမှာ ဘုန်းတော်ကြီး Fr.Gabriel ထွန်းမြင့်၊ ဘုန်းတော်ကြီး Fr.Philip တင်ထွန်း၊ ဘုန်းတော်ကြီး Fr.Peter စိန်လှိုင်ဦး နဲ့ ဘုန်းတော်ကြီး Fr.Augustine တင်မောင်ထွန်း နှင့် Fr John Soe Tint တို့ဖြစ်ကြပါသည်။

RVAမြန်မာပိုင်းအစီအစဉ်အကျိုးဆောင်ဗဟိုဠ်ရုံးတွင်အမှုတော်ထမ်းဆောင်ခဲ့သူများမှာ စိန်ဂျိုးဇက် အ သင်းဂိုဏ်းဝင် သီလရှင် များဖြစ်ကြတဲ့ Sr.Denis Ja Tong ၊ Sr.နှင်းနှင်းလွင် နှင့် Sr.Elizabeth ဖြူနှင်းသက်၊ စိန်အာလောရှက် သီ လရှင်များ ဖြစ်ကြတဲ့ Sr.Rosa, Sr.Philomena အေးသန္တာ၊ Sr.Monica လွင် ၊ စိန်ဖရန်စစ်ဇေးဗီးယားသီလရှင် Sr.Cecilia စန်းယုမော်၊ မမိုင်လေးလေးမြင့် ၊ ကိုအောင်မျိုးထိုက် နှင့် ကိုဂျွန်ဆွေကြီး၊ တို.ပင်ဖြစ်ကြပါသည်။

RVAမြန်မာပိုင်းအစီအစဉ်အကျိုးဆောင်ဗဟိုဠ်ရုံး၏လက်ရှိတာဝန်ခံမှာ Fr.Henry Brang Mai ဖြစ်ပြီး၊ တွဲဖက်အမှုတော် ထမ်းဆောင် နေသူများကတော့  စိန်ဖရန်စစ်ဇေးဗီးယားအသင်း ဂိုဏ်း ၀င်သီလရှင် Sr Matilda Say Phaw ၊ Sr Elizabeth Su Su Htwe၊  စိ်န်ဂျိုး ဇက် သီလရှင် အ သင်း ဂိုဏ်းဝင် Sr.Regina Moe Moe Khaing ၊  ကို ၀ီလျံ ဇော်နိုင်ဦး၊ ကိုဂျွန်ဝင်းဇော်ထွန်း၊ မိုက်ကယ်နိူင်ထွန်း၊ ဇော်ဇော်ဇက်၊ ဦးဝင်းနိုင်၊ ဒေါ်ဂျုလီယာကြုကြူခင်၊ မာရီးယားစန်းသွယ်အေး၊ မာရီ ယား စံ မေ နွယ်၊ လူစီယားဧကရီအောင်၊မချယ်ရီလှိုင်၊ နှင့် မပင်ကီ၊ တို့ပဲဖြစ်ကြပါသည်။

RVA မြန်မာပိုင်းအစီအစဉ် အကျိုးဆောင်ဗဟိုဠ်ရုံးခွဲ -ရန်ကုန်

ရန်ကုန် RVA မြန်မာပိုင်းအစီအစဉ် အကျိုးဆောင်ဗဟိုဠ်ရုံးခွဲဟာ RVA မြန်မာဘာသာ စ တင်ထုတ်လွှင့်ပြီးချိန်မှစ၍ ရန်ကုန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်တွင် မန္တလေ း ဂိုဏ်း ချုပ်ဆရာတော် Alphonse ဦးသန်းအောင်မှ ရုံးခန်းဖွင့်ပြီး ဖွဲ့စည်းပေးခဲ့ပါသည််။ ရန်ကုန်ရုံးခွဲတွင် အမှု တော်ထမ်းခဲ့ကြသူများမှာ မနယ်လီခိုင်၊ ကောင်းသောသိုးထိန်း အသင်းဂိုဏ်းဝင် သီလရှင် များ ဖြစ်ကြတဲ့ Sr.Cyril, Sr.Patricia, Sr.Jacinta Pinky, Sr.Agnes Pai Tu ၊ စိန်အာလောရှက် အသင်း ဂိုဏ်းဝင် သီလရှင်များဖြစ်ကြတဲ့ Sr.James နဲ့ Sr.Christina တို့ပဲ ဖြစ်ကြပြီးယခုအခါမှာတော့ ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာလူထုဆက်သွယ်ရေးဒါရိုက်တာ၊ဆလေးရှင်းအသင်းဂိုဏ်းဝင် Fr.Leo Mang မှ ကူညီ ပေးနေပါသည်။

Radio Veritas Asia မြန်မာဘာသာအစီအစဉ်ရဲ့ ဦးတည်ချက် က ဘာလဲ။

Radio Veritas Asia အာရှသမ္မာတရားလေလှိုင်းသံရဲ့ ထုတ်လွှင့်ပေးနေတဲ့ အစီအစဉ်ကဏ္ဍများဟာ များပေမဲ့ ဦးတည်ချက်ကိုစကားလုံးဖြင့် စုပေါင်းခေါ်ပြရမယ်ဆိုရင် Evangelization ပဲဖြစ်ပါတယ်။ အ ဓိပ္ပါယ်ကတော့ ခရစ်တော်ရှင်ရဲ့ ၀မ်းမြောက်ဖွယ်ရာ ဧဝံဂေလိသတင်းကောင်းတရားတော်မြတ်ကို ဟောကြားပြီး သာသနာပြုခြင်းပဲ ဖြစ်ပါတယ်။ သာသနာပြုခြင်း ဆိုတဲ့ စကားလုံးကိုကြားလိုက်ရလို့ လန့်မသွားပါနဲ့၊ ဘာသာပြုတာမဟုတ်ပါဘူး၊ သာသနာပြုတာပါ။

ကက်သလစ်သာသနာတော်ကြီးရဲ့ ဘာသာသွင်းခြင်းနဲ့ပက်သက်တဲ့ မူဝါဒ ကျင့်ထုံးကတော့ ကက် သလစ် ခရစ်ယာန်မိဘနှစ်ပါးမှ ဖွားမြင်လာတဲ့ ကလေးသူငယ်များကို မိဘများ နဲ့ ခေါင်းကိုင်မိဘတို့ရဲ့ မိမိတို့ယုံကြည် သက်ဝင်နေတဲ့ ယုံကြည်ခြင်းအတိုင်း မိမိတို့ရဲ့ ကလေး သူငယ ် များ ကို ပြုစူပျိုးထောင်ပေးမယ် ဆိုတဲ့ ခံယူချက်ကို အခြေခံပြီး မွေးကင်းစ အချိန်ကတည်းမှာပင် ဆေး ကြောခြင်းမင်္ဂလာကို ပေးလျှက် ဘာသာသွင်းတဲ့ကျင့်ထုံးကို လိုက်နာပါတယ်။ မိဘများနဲ့ ခေါင်း ကိုင်မိဘများက မိမိတို့ရဲ့ ယုံကြည်ခြင်းကို မိမိတို့ရဲ့ကလေးသူငယ်များသို့ လက်ဆင့်ကမ်းပြီး အ မွေ ပေးခြင်းဖြစ်ပါတယ်။ အသက်ရွယ်ကြီးလာပြီး လူလားမြောက်လာသူတိုင်းကိုတော့သူတို့ရဲ့ စိတ် အ လို ဆန္ဒနဲ့ ဘာသာထဲဝင်ရန် တောင်းဆိုလာမှ သာဘာသာထဲသို့ သွင်းပေးလေ့ရှိပါတယ်။ စိတ် အလို ဆန္ဒ နဲ့ ၀င်လိုခြင်းဟုတ်မဟုတ် အချိန်ယူပြီးစီစစ်လေ့ရှိပါတယ်။ အဲဒီလိုစီစစ်တဲ့ကာလမှာ အလို ဆန္ဒ မှန် လာ အောင် နည်းမျိုးစုံနဲ့ ကူညီပေးပါတယ်။ ဘုရားရဲ့တရားတော်မြတ်ကို သင်ကြားပေးပါတယ်။ အ ရွယ်ရောက်တဲ့သူများကို ဘာသာထဲသို့သွင်းခြင်းမှာ လွတ်လပ်စွာဖြင့် တကယ် ယုံကြည် သက်ဝင် လာလို့ ဘာသာထဲသို့ဝင်လိုခြင်း ဆန္ဒအစစ်အမှန်ဖြစ်အောင် ကူညီပေးသလို အချိန် ပေးလေ့ ရှိပါ တယ်။ ကက်သလစ်သာသနာတော်ရဲ့ မူဝါဒကျင့်ထုံးမှာ ဘာသာသွင်းခြင်းသည် ဘာသာ ၀င် လူဦး ရေတိုးပွားလာရန်အတွက်မဟုတ်ပါ။ ကလေးသူငယ်များကို ဘာသာသွင်းပေးခြင်းသည် ငယ် စဉ် မွေးကင်း စအချိန်မှစ၍ ဘုရားသခင်နှင့် ပေါင်းစပ်ပြီး ကျေးဇူးတော်ကို ခံစားရရှိစေဖို့ဖြစ်ပါတယ်။ အလိုဆန္ဒအစစ်အမှန်နဲ့ လွတ်လပ်စွာ စိတ်ဆုံးဖြတ်လာသူ အရွယ်ရောက်လူလားမြောက်သူတို့ရဲ့ ယုံကြည်ခြင်းကို သာသနာတော်က လက်ခံပြီး ဘုရားရှင်နဲ့ လွတ်လပ်စွာ ပေါင်းစပ်နိုင်ရအောင် ဆေး ကြောခြင်း မင်္ဂလာပေးလျက် ဘာသာသွင်းပေးပါတယ်။ သို့သော် လူတိုင်း ယုံကြည်ခြင်း ဆု ကျေးဇူး ရရှိဘို့ ဘုရားရှင်ထံမှာ အစဉ်ဆုတောင်းပေးရင်း `သွားကြ၍ ဧဝံဂေ လိတရား တော်ကို ဟော ကြားကြ လော့´ ဆိုတဲ့ခရစ်တော်ဘုရားရှင်ရဲ့ အမိန့် တော်မြတ် အတိုင်း သာသနာပြုကြပါတယ်။ ဧဝံဂေလိ သတင်း ကောင်းတရားတော် ဆိုတဲ့ဝေါဟာရ အခြေခံဆင်းသက်လာရာ စကားလုံးကတော့ ဂရိဝေါ ဟာရဖြစ်တဲ့ Evangelium က ဆင်းသက်လာပြီး ၀မ်းမြောက်ဖွယ်ရာ သတင်းကောင်းလို့ အဓိပ္ပါယ ်ရပါ တယ်။ သတင်းကောင်းလူတိုင်းဆီရောက်ဖို့ သာသနာပြုခြင်း ဖြစ်ပါတယ်။ ဘုရားရှင်သည် လူကို ဖန် ဆင်းတော်မူတဲ့နေရာမှာ ရုပ်ခန္တာနဲ့နာမ်ဝိညာဉ်နှစ်ပါးပေါင်းလျက် ဖန်ဆင်း တော်မူတယ်။ တို တို ပြောရရင်တော့ ရုပ်နာမ်နှစ်ပါးပေါ့ဗျာ။ RVA မြန်မာဘာသာအစီအစဉ်အနေနဲ့ ရုပ်ခန္ဓာ အတွက် ကော သာသနာပြုတဲ့ အစီအစဉ်များ ထုတ်လွှင့်ရသလို နာမ်ဝိညာဉ်အတွက်ကော သာသနာပြုတဲ့ အစီ အ စဉ်များ ပါထုတ်လွှင့်တင်ဆက်ကြရပါတယ်။ RVA မြန်မာဘာသာအစီအစဉ်ရဲ့ ရုပ်ခန္ဓာနဲ့ နာမ်ဝိညာဉ် ရုပ်နာမ်နှစ်ပါးတို့ အတွက်သာသနာပြုတဲ့နေရာမှာ အခန်းကဏ္ဍလေးရပ် ကိုခွဲပြီး စီစဉ် တင်ဆက် ထုတ်   လွှင့်ပါတယ်။

RVA မြန်မာဘာသာအစီအစဉ်ရဲ့ အသံထုတ်လွှင့်ပေးခြင်းမှာ သာသနာပြုခြင်းကို ကဏ္ဍ(၄)ရပ်ခွဲပြီး ထုတ်လွှင့် ပေးပါတယ်။
•    (၁)တိုက်ရိုက်ဟောကြားခြင်းကဏ္ဍ (Direct Proclamation)
•    (၂)ဘာသာတရားများ အချင်းချင်းနှီးနှောဖလှယ်ခြင်းကဏ္ဍ (Interfaith Dialogue/Ecumenism)
•    (၃)ယဉ်ကျေးမှုပြုပြင်ခြင်းကဏ္ဍ(Inculturation)
•    (၄)လူမှုဖွံ့ဖြိုးရေးအခန်းကဏ္ဍ (Human Development) များပဲဖြစ်ပါတယ်။

(၁) တိုက်ရိုက်ဟောကြားခြင်းကဏ္ဍ (Direct Proclamation)

ဒီအခန်းကဏ္ဍမှာ ဧဝံဂေလိသတင်းတရားတော်မြတ်ကို တိုက်ရိုက်ဟောကြားမှုပြုခြင်း ပဲဖြစ်ပါတယ်။ ဒီကဏ္ဍမှ ထုတ်လွှင့်နေတဲ့ အစီအစဉ်များကတော့ ဧဝံဂေလိကျမ်းစာတော်မြတ်ကို ဖတ်ရှုခြင်း၊ တရားဒေသနာတော်ဟောကြားခြင်း၊ ကက်သ လစ်ဘာသာ အကြောင်း သိကောင်းစရာကဏ္ဍ၊ ဘဝအတွက်လင်းရောင်ခြည်ဂဏ္ဍ၊  ဓမ္မတေးနှင့် သက်တာအမြင်ကဏ္ဍနှင့် ဓမ္မတေး အစီအစဉ်များပဲ ဖြစ်ပါတယ်။ ဒီလိုဧဝံဂေလိတရားတော်မြတ်ကို တိုက်ရိုက်ဟောကြား တဲ့ နေရာမှာ ကက်သလစ် ဘာသာဝင် သောတရှင်များ၊ ခရစ်ယာန်တရားတော်ကို အမှန်အတိုင်းသိစေဘို့ ဆိုတဲ့ ဦးတည်ချက် ပဲဖြစ်ပါတယ်။

(၂) ဘာသာတရားများ အချင်းချင်းနှီးနှောဖလှယ်ခြင်းကဏ္ဍ (Interfaith Dialogue/Ecumenism)

ဘာသာတရားများအချင်းချင်း နှီးနှောမလှယ်ခြင်းကဏ္ဍနှင့် ခရစ်ယာန်ဘာသာဝင် ဂိုဏ်းကွဲများနှင့် ဆွေနွေးဖလှယ်ခြင်း ကဏ္ဍတွေမှာတော့ RVA မြန်မာပိုင်းအစီအစဉ်အနေနဲ့ အသီးတစ်ရာအညှာတစ်ခု ဘာသာတရားအချင်းချင်း နှီးနှော ဖလှယ်ခြင်းကဏ္ဍ၊ ဘာသာရေးသတင်းများ နဲ့ ဘာ သာရေး အမေး အဖြေကဏ္ဍ များပဲဖြစ်ကြပါတယ်။ ဒီလိုအသီးတစ်ရာအညှာတစ်ခု ဘာသာတရားများအချင်းချင်း နှီး နှောဖလှယ်ခြင်းကဏ္ဍနဲ့ ဘာသာရေးအမေးအဖြေ ကဏ္ဍများကို ထုတ်လွှင့်ဟောကြားတဲ့ နေရာမှာ ယုံကြည်ကိုးကွယ်မှု မတူညီကြတဲ့ဘာသာတရားများဟာ အချင်းချင်းဘယ်လို ချစ်ချစ် ခင်ခင် လက် တွဲနေထိုင်သွားကြမလဲ ဘာတွေကအန္တရာယ်တွေလဲ စတဲ့အချက်တွေကို သာသနာပြုပေးသလို တစ် ပါး သူရဲ့ဘာသာတရားကို အထင်သေး ချိုးနှိမ်မှုပြုတတ်တဲ့ မှားယွင်းတဲ့ခံယူချက်တွေ ပပျောက် ရေး အတွက် လည်းသာသနာပြုပါတယ်။ တစ်ဘာသာနဲ့တစ်ဘာသာ နားလည်မှုရှိလာဖို့အတွက် သူ တစ် ပါးရဲ့ ဘာသာတရားကို မိမိကမယုံကြည်သော်လည်း တစ်ဘက်သူရဲ့ ဘာသာတရားကို သိရှိ ထားဘို့ လိုအပ်သလို မိမိရဲ့ဘာသာတရားကို သူတစ်ပါးက မယုံကြည်သော်လည်း မိမိရဲ့ ဘာသာ တရား အ ကြောင်းကို တစ်ဘက်သူက သိရှိထားဖို့လိုအပ်ပါတယ်။ ဒီလိုဗဟုသုတ အသိရှိထားရင်ငြိမ်းချမ်းစွာ အ တူယှဉ်တွဲနေထိုင်နိုင်မှာဖြစ်ပါတယ်။ အများအကျိုးအတွက် အတူလက်တွဲ လုပ် ဆောင် နိုင်ကြ မှာ ဖြစ်ပါတယ်။ ခရစ်ယာန်ဂိုဏ်းခွဲများကြားမှာ နှီးနှောဖလှယ်မှု ကဏ္ဍကတော့ ခရစ် ယာန်များ တစ်လုံး တစ်ဝတည်း ငြိမ်းချမ်းရေးအတွက် ဦးတည်ပါတယ်။

(၃) ယဉ်ကျေးမှုပြုခြင်းကဏ္ဍ (Inculturation)

Inculturation ယဉ်ကျေးမှုပြုခြင်း အခန်းကဏ္ဍဟာ ဘုန်းတော်ကြီးတို့မြန်မာပြည်ဖွား မြန်မာ ခရစ် ယာန် များအတွက် ဦးတည်ပါတယ်။ ဘုရားရှင်သည် ရှိရှိသမျှသော အလုံး စုံတို့ ကိုဖန် ဆင်း တော် မူ သည့် အရှင်ဖြစ်တယ် ဆိုတော့ ဘုရားရှင်ရဲ့ တရားတော်နဲ့ ဆန့်ကျင်မှုမရှိတဲ့ မိမိတို့ရဲ့ ဘာသာစကား ယဉ် ကျေးမှုများ ဟာဘုရားရှင် ဖန်ဆင်း ပေးထားတော်မူတဲ့အတွက် မြန်မာပြည်ဖွား မြန်မာ များ အတွက် မြန်မာပြည်သားပီပီ မြန်မာမှုပြုခြင်း နဲ့ ခရစ်ယာန် မှုပြုခြင်းများကို တရားတော်နဲ့ သာသ နာ တော်ရဲ့ သွန်သင်ချက်များနဲ့အညီ လိုအပ်လျင်လိုအပ်သလို မှန်ကန်စွာ ပြုနိုင်ကြဘို့ သာသနာပြုခြင်း ဖြစ်ပါ တယ်။ ဤနည်းအားဖြင့် ယုံကြည်သက်ဝင်မှု မတူပေမဲ့လည်း ယဉ်ကျေးမှုဟာ အတူ တကွ ရှိနေ ကြတဲ့ အတွက် ချစ်ချစ်ခင်ခင်နဲ့ငြိမ်းချမ်းစွာ ဘုရားရှင်ရဲ့ သားသမီးများပီပီ တစ်ပါးသူများနဲ့ အတူ ယှဉ်တွဲနေထိုင် ကြမှာ ဖြစ်ပါတယ်။

(၄) လူမှုဖွံ့ဖြိုးရေးအခန်းကဏ္ဍ (Human Development)

လူကို ဘုရားရှင်ဖန်းဆင်းတော်မူတဲ့နေရာမှာ ရုပ်မဲ့နာမ်ဝိညာဉ် သက်သက်ဖန်ဆင်းတော်မူခြင်းမဟုတ် ရုပ်ခန္ဓာကိုယ်နဲ့ ဖန်ဆင်းတော်မူတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာမှာလည်း RVA မြန်မာဘာသာ အစီ အစဉ် အနေဖြင့် Human Development လူမှုဖွံ့ဖြိုးရေးအခန်းကဏ္ဍ ကနေ သာသနာပြုနေခြင်း ဖြစ်ပါ တယ်။ အူမတောင့်မှ သီလစောင့်နိုင်တယ် ဆိုတဲ့ ဆိုုရိုးစကားလို လူတွေဟာ နာမ်ဝိညာဉ် အပိုင်းမှာ ဘုရားတရားများနဲ့ အဟာရဖြည့်ဆည်းနိုင်ကြဘို့ အတွက် ရုပ်ခန္ဓာပိုင်း အတွက် သာသနာ ပြုနေရခြင်း ဖြစ်ပါတယ်။

ဒီကဏ္ဍအနေနဲ့ RVA မြန်မာပိုင်းအစီအစဉ်မှ ထုတ်လွှင့်ပေးနေတဲ့ ကဏ္ဍများကတော့ ကိုယ် ကျန်းမာမှ စိတ်ချမ်းသာ၊ ကျန်းမာရေးအမေးအဖြေကဏ္ဍ၊ စာရိတ္တပညာပေးကဏ္ဍ၊ လူသားကမ္ဘာကောင်းကျိုးဖြာ  ကဏ္ဍ၊ သီရိဂေဟာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်ဖြစ်တဲ့ ထိန်းသိမ်းကြစေ သဘာဝအမွေဂဏ္ဍ၊ လူငယ့်ပျိုးခင်းကဏ္ဍ၊ ပြန်ကြားခန်းကဏ္ဍ၊ ကလောင်မိတ်ဖွဲ့ကဏ္ဍ များနဲ့ စိတ်ထောင်းကိုယ်ကျေမှုမရှိရလေအောင် အချင်းချင်းချစ်ခင်ရင်းနှီးမှုရှိလာရလေအောင်၊ အားလုံး ရွှင်လန်း ချမ်းမြေ့နိုင်ကြဖို့အတွက် မွေးနေ့နှုတ်ခွန်းဆက် တေးများ မေတ္တာတေးများကို ထုတ်လွှင့်ပြီး သာသနာပြုလျက် ရှိပါတယ်။

(နိဂုံးချုပ်

မန်မာပြည်ရှိသာသနာတော်ကြီးရဲ့ သာသနာပြုများထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ Radio Veritas Asia အာရှ သမ္မာ တရား လေလှိုင်းသံ မြန်မာဘာသာ အစီအစဉ်အနေဖြင့် နှစ်(၃၅)အတွင်း အာရှ တစ်ခွင်ရဲ့ တောတောင်ရှှို မြောင် မြေညီချိုင့်ဝှမ်း ပါမကျန် ရေအနှံ့မြေအနှံ့ သောတ ဆင်သူ အားလုံး ဆီသို့ ရောက်ရှိခဲ့ပါပြီ။ အခုတစ်ဖန် Internet ၊Web၊ Mobile Apps များမှတဆင့်ကမ္ဘာအဝှမ်းရှိ မြန်မာ များနှင့် မြန်မာစကားနားလည်သူတိုင်း ဆီသို့ ခြေဆန့်နိုင်ခဲ့ပြန်ပါပြီ။

RVA မြန်မာပိုင်းအစီအစဉ်ဟာ မြန်မာဘာသာစကားနားလည်ကြသူတိုင်း အတွက်ဖြစ်ပါတယ်။ အ ကျိုး မရှိခြင်း ရှိခြင်းသည် သောတရှင်တစ်ဦးစီ၏ လက်ခံမှုအတိိမ်အနက်ပေါ်မှာ သာ မူ တည် နေ ပါ တယ်။ `မြင်းပိုင်ရှင်ဟာ မိမိရဲ့မြင်းကို ရေရှိရာသို့ ဦးဆောင်ဆွဲလာနိုင်ပေမဲ့မိမိရဲ့ မြင်း ရေ သောက် အောင် ဖိ အားမပေးနိုင်ပါ´ ဆိုတဲ့အင်္ဂလိပ်တို့ ဆိုရိုးစကားလေး ဟာသိပ်ကိုမှန်လှပါတယ်။ လူ သား တွေဟာ တစ်ခါတစ်ခါမှာ မှန်မှန်းသိကြပေမဲ့ အဲဒီအမှန်ကို လက်ခံယူဘို့ တင်းခံ နေ တတ်ကြ ပါတယ်။ RVA မြန်မာဘာသာအစီအစဉ်မှ သောတရှင်အားလုံးကို အသက်စမ်းရေတည်းဟူသော သစ္စာ သမ္မာ တရား ရှင်ဆီသို့ လမ်းညွန်ပို့ဆောင်ခဲ့တာဖြင့်ဆယ်စုနှစ်လေးစုမျှရှိပါပြီ။  ဆက်လက်ဦးဆောင်နေဦးမည် ဖြစ် ပါသည််။ အာရှသမ္မာတရားလေလှိုင်းသံ မြန်မာဘာသာအစီအစဉ် အဓွန့်ရှည် တည်တံ့ ခိုင်မြဲပါ စေ သော်။

`သင်တို့သည် သမ္မာတရားကို သိကြလိမ့်မည်။ ထိုသမ္မာတရားသည်လည်း သင်တို့ကို လွတ်လပ်စေလိမ့်မည်။´ (ရှင်ယောဟန်ဧဝံဂေလိကျမ်း ၈း၃၂)