Pope Francis ရဲ့ သိမ်မွေ့တဲ့ သတင်းစကား

Pope Francis ရဲ့ သိမ်မွေ့တဲ့ သတင်းစကား ဘဝဆိုတာ ခဏတဖြုတ်နဲ့ ကုန်သွားမှာနော်။ လူတွေနဲ့ရန်မဖြစ်နဲ့၊ ကိုယ့်ခန္ဓာကိုယ်ကိုလည်း သိပ်မဝေဖန်ပါနဲ့၊ အရမ်းကြီး မညည်းညူ ပါနဲ့။ ငွေတောင်း ပြေစာ တွေအတွက် အိပ်ရေးပျက်မခံပါနဲ့။ သင့်ကို ပျော်ရွှင်စေတဲ့ ပုဂ္ဂိုလ် တွေ ကိုရှာပါ။ အမှားလုပ်မိရင်တောင် နောင်တယူပြီး မေ့လိုက်ပါ။ ပျော်ရွှင်စရာတွေ ဆက်ရှာပါ။ မိဘကောင်းအဖြစ်ဆက်လက်ရှင်သန်ပါ။ အိမ်အတွက် ဇိမ်ခံစရာတွေ ဘာတွေ အတွက် စိတ်မပူပါနဲ့ ၊ မိသားစု အတွက် အမွေချန်ခဲ့ဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကို လည်း အဆုံးမစီရင် ပါနဲ့။ လူတိုင်း ကိုယ့်အတွက် ကိုယ် ကြိုးစားရမှာပါ။ ဒါကြောင့် ငွေ နဲ့ ပကာသန လောက်သာ မစုဆောင်းမိပါစေနဲ့။ (ကုသိုလ် ပဲ စုပါ) ပျော်ရွှင်ပါ၊ ခရီးထွက်ပါ၊ ခရီးထွက်ရင်း ပျော်လိုက်ပါ။ နေရာ အသစ်တွေနဲ့ မိတ်ဆက်လိုက်ပါ။ ကိုယ်ရသင့်တဲ့ ပျော်ရွှင်မှု ကို အရယူလိုက်ပါ။ ခွေးလေး တွေ အနားကပ်ခွင့်ပေးလိုက်ပါ၊ ဖန်ခွက်လေး တွေကို အလှမသိမ်းပါနဲ့၊ ညစာ အတွက် တိုက် ပန်းကန် တွေ သုံးပါ၊ သင့်အကြိုက် ရေမွှေးကို လည်း မနှမြောပါနဲ့၊ သင် နဲ့အတူ ကုန်လွန်စေပါ၊ အားကစား ဖိနပ်ကောင်း တွေကို လည်း အသုံးပြုလိုက်ပါ၊ သင့် အကြိုက်ဆုံး အဝတ်အစား တွေကိုလည်း ထပ်ပြီး ဝတ်လိုက်ပါဦး။ ဒီလိုကောင်းတဲ့ အရာတွေကို မြတ်နိုးလိုက်ပါ။ လက်တွေ့ ပဲ အကောင်အထည်ဖော်လိုက်ပါ ။ လုပ်လိုက်ပါတေ့၊ အိပ်ယာဝင်ချိန် ကို မစောင့်ဘဲ ခုပဲဆုတောင်းလိုက်ပါ၊ ခုပဲ ဖုန်းဆက်လိုက်ပါ၊ ဘာလို့ခွင့်မလွှတ် နိုင်ရမှာလဲ၊ ခရစ္စမတ်ရက် ကို မျှော် ကြတယ်၊ သောကြာ့ကို စောင့်ကြတယ်၊ ပြန်ဆုံဖို့ကို စောင့်တတ်ကြတယ်၊ လာမယ့်နှစ်သစ် ကို လိုချင်ကြတယ်၊ သူဌေးဖြစ်မယ့် အချိန် အားလုံး ပြည့်စုံလာမယ့် အချိန်ကို မျှော်လင့်စောင့်စား နေကြတယ်၊ နေပါဦး... လုံးဝဥဿုံပြည်စုံတာရယ် လို့ရှိမှ မရှိတာ၊ လူသားတွေ အနေနဲ့ ဒါကို မစွမ်းဆောင်ကြဘူး၊ ဘာကြောင့်လဲဆိုတေ့ ပြည့်စုံခြင်း ဆိုတာ ဒီလူ့ဘဝ မှာ ဖြစ်လာဖို့ အာမှခံချက်မရှိဘူး။ အားလုံးဟာ သင်ယူဖို့ အခွင့်အရေးပါ။ ကဲ...ဒါဆို ခုပဲ ဘဝဆိုတဲ့ စိန်ခေါ်သံကို လက်ခံလိုက်ပါ၊ ခုပဲ လုပ်စရာရှိတာ လုပ်လိုက်ပါ. . .တိုးပြီး ချစ်ပါ၊ တိုးပြီး ခွင့်လွှတ်ပါ၊ ထပ်တိုးပြီး ထွေးပွေ့ နမ်း ရှိုက်လိုက်ပါ၊ လေးလေး နက်နက် ပို ချစ်လိုက်ပါ၊ ကျန်တာ အားလုံး ဘုရား လက် အပ်လိုက်ပါ၊ အာမင်။ Credit : Francis Aung Thang Shane

Add new comment

2 + 1 =