ဝါကျွတ်တဲ့ စနေနေ့ကြီးည မှာ မိန့်ကြားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ဩဝါဒတရား

(၂၀၂၄) ခုနှစ် စနေနေ့ကြီးညရဟန်းမင်းကြီးဖရန်စစ်၏ဩ၀ါဒ

အမျိုးသမီးတို့သည် (မာရိယာမာဒလေးနာနှင့်အဖော်အမျိုးသမီးများ) နံနက်စောစောအာရုံမကျင်းမီ ယေဇူးသခင်၏သချိုင်းဂူသို့သွားကြသည်။ စိတ်ထဲ၌မလုံခြုံ၊ လေလံထိုင်းမှိုင်းနေသည်။ သို့သော် သချိုင်းသို့ဆက်လက်သွားကြသည်။ သူတို့၏စိတ်မှာ ကားတိုင်ပေါ်၌ဖြစ်ပျက်ခဲ့သည့်မြင်ကွင်း၊ ခံစားချက်များဖြင့်ပြည့်နေဆဲရှိနေသည်။ ယေဇူးသခင်လောကအသက်တာကုန်ဆုံးခဲ့သော သောကြာနေ့ကြီး၌ကျဆင်းခဲ့ သောမျက်ရည်ပေါက်ကြီးငယ်တို့သည် မခန်းခြောက်သေးပေ။ သူတို့သည်၀မ်းနည်းယူကျုံးမရစိတ်၊ ယေဇူးသခင်သက်ရှိထင်ရှားရှိခဲ့စဉ်မိန့်ကြားခဲ့သည့်အတိုင်း အမှန်တကယ်ဖြစ်ပျက်ခဲ့သော မတရားလုပ်ရပ်၊ လူမဆန်သောလုပ်ရပ်များ၏လွှမ်းမိုးမှုများဖြင့်ပြည့်နေသည်။ ကျောက်တုံးကြီးတစ်တုံးသည် ယေဇူးသခင်ထံ လျောလျောရူရူသွားရောက်ရန် အဟန့်အတားရှိနေသည်။ ထိုကျောက်ကို အဘယ်သို့ဖယ်ရှားမည်နည်း။ အ ဘယ်သူဖယ်ရှားပေးမည်နည်းဟုတွေးတော၍ပင်ပန်နေကြသည်။ (သံမာကု ၁၆း၃) သူတို့ရောက်ရှိသွားကြ သောအခါ ပူပန်နေခဲ့သောအခြေအနေသည်ရှင်းနေ၍တဖန်အံ့အားသင့်တွေ‌ေ၀သွားခဲ့ရပြန်သည်။ (သံမာကု ၁၆း၄)

ဤအဖြစ်အပျက်နှစ်ခုကိုဆင်ခြင်ထောက်ရူကြပါစို့။ ဤအခြေအနေသည် ကျွန်ုပ်တို့မျှော် လင့်မထားသော ပါစကားပျော်ရွှင်မှုကိုဆောင်ယူလာပေးသည်။ အမျိုးသမီးများသည် သချိုင်းဂူအားပိတ်ထားသည့် ဧရာမကျောက်တုံးကြီးကို အဘယ်သူဖယ်ရှားမည်နည်းဟု စိုးရိမ်နေခဲ့ကြသည်။ ထိုသို့ကိုယ်စီတွေးရင်းသချိုင်းသို့သွားနေစဉ် ခပ်လှမ်းလှမ်းမှကြည့်လိုက်ရာ အဆိုပါကျောက်တုံးကြီးသည် နေရာရွေ့ထားသည်ကိုတွေ့လိုက်ရသည်။ အဆိုပါကျောက်တုံးကြီးသည် ယေဇူးသခင်၏အကြောင်းအဆုံးသတ်ဖြစ် သည်။ သူသည် အဆိုပါသချိုင်းဂူ၌ပါစကားအဖိတ်ည၍မြှုပ်နှံခံခဲ့ရသည်။ သူသည်လောကသားတို့ကို အ သက်ပေးရန်ကြွလာသောအသက်ဖြစ်သည်။ သို့သော်မတရားသဖြင့်ရက်စက်စွာနှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်။

ဘုရားသခင်၏သနားကရုဏာအကြောင်းကို ကြေညာဟောပြောခဲ့သူမှာ သနားငဲ့ညှာမှုလုံး၀ကင်းမဲ့ သောလူအသိုင်းအ၀ိုင်းနှင့်ဆုံတွေ့ခဲ့ရသည်။ စီရင်ခြင်းခံရသောအပြစ်ရှိသူများကိုခွင့်လွတ်ခဲ့သူသည် လက်၀ါး ကပ်တိုင်ပေါ်တင်သတ်ခံရရန်စီရင်ချက်ချမှတ်ခံရသည်။ ငြိမ်းချမ်းရေး၏သခင်၊ အိမ်ထောင်ရေးဖောက်ပြန်နေစဉ် ဖမ်းဆီးရမိသောအမျိုးသမီးအား မညှာမတာကျောက်ခဲနှင့်ပေါက်သတ်ခံရသည့်ဘေးမှကယ်ပေးခဲ့သူ သည် ကျောက်တုံးကြီးနောက်ကွယ်ရှိဂူထဲ၌မြှုပ်နှံသဂြိုလ်ခြင်းကိုခံနေရရှာသည်။ ကျောက်တုံးကြီးသည် အမျိုးသမီးတို့၏စိတ်ကိုလေးလံတွန့်ဆုတ်စေသောအဟန့်အတားဖြစ်စေသည်။ ကျောက်တုံးကြီးကြောင့် သချိုင်းသို့သွားသာသွားနေရသော်လည်း မျှော်လင့်ချက်မဲ့နေသယောင်ဖြစ်နေသည်။ ကျောက်တုံးကြီးသည် ၄င်းတို့၏လုပ်ချင်ကိုင်ချင်စိတ်၊ စိတ်အားထက်သန်မှုများကိုလျော့နည်းပျောက်ဆုံးစေသည်။

ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ကျွန်ုပ်တို့၏ဘ၀၌လည်း သချိုင်းသို့သွားသောအမျိုးသမီးများ၏ခံစားချက်ကဲ့သို့ဖြစ်နေတတ်ပါသည်။ ကျွန်ုပ်တို့၏ဘ၀၌လည်း ပမာဏာကြီးမားသောကျောက်တုံးကြီးများမကြာခဏပိတ်နေသကဲ့သို့သော်အခြေအနေမျိုးဖြစ်နေတတ်သည်။ မျှော်လင့်ချက်များသေဆုံးသွား သကဲ့သို့ဖြစ်နေသည်။ ဘ၀သည်အရွေ့မရှိဘဲ တန့်နေသယောင်ခံစားရသည်။ ကျွန်ုပ်တို့၏အကြောက်တရား၊ ယူကျုံးမရသောအခြေအနေမျိုး၌ အကျဉ်းခန်းထဲ၌ပိတ်လှောင်နေတတ်သည်။ ပျော်ရွှင်ခြင်းနှင့်မျှော်လင့်ခြင်း လမ်းမပေါ်၌သာရပ်နေပြီး ရောက်အောင်မသွားဘဲရှိနေတတ်သည်။ သချိုင်းအားပိတ်ဆို့နေသောကျောက်တုံးကြီးမျိုး ကျွန်ုပ်တို့ဘ၀၏အခြေအနေတိုင်းနှင့်အတွေ့အကြုံတိုင်း၌တွေ့ကြုံရတတ်ပြီး ကျွန်ုပ်တို့၏စိတ်အားတက်ကြွမှု၊ အင်အားများကို၀ါးမြှိုပစ်တတ်သည်။ ဆက်လက်၍လုပ်ချင်၊ ကိုင်ချင်စိတ်များကုန်ခန်းသွားသည်။ ၀မ်းနည်းနေသည့်အချိန်မျိုး၌ ပမာအားဖြင့် ကျွန်ုပ်တို့ချစ်ရသူ၊ ခင်ရသူများဆုံးရှုံးရချိန်မျိုး၊ တစ်ခုခု၌ ကျရှုံးရချိန်မျိုး၌ပို၍ကြုံရတတ်သည်။ ကောင်းသောအမှုများကို ဆက်လက်လုပ်ချင်စိတ်များလည်းသေဆုံးသွားသယောင်ဖြစ်ပေါ်ခံစားရသည်။ ရက်ရောစွာအားကုန်သုံးထားချိန်၊ ရိုးသားသောချစ်ခြင်းမျိုး၌ အတ္တအစွဲဖြင့်လည်းကောင်း၊ မပူမအေး၊ မစီမဆိုင်သည့်အနေအထားမျိုးဖြင့်တုန့်ပြန်ခြင်းကိုခံရသည့်အခါမျိုး၌ တရားမျှခြင်း၊ လူသားဆန်သောမြို့ရွဦများ၊ အသိုင်းအ၀ိုင်းများကိုတည်ဆောက်လိုသောစိတ်များအား ရုတ်တရက်နောက်မှဖမ်းဆုတ်ပြန်ဆွဲခံလိုက်ရသကဲ့သို့ဖြစ်ရသည်။

ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်လိုစိတ်များသည် စစ်၏အနိဌာရုံမြင်ကွင်းများ၊ အမုန်းတရား၊ ရက်စက်ယုတ်မာမှုများကြောင့်ဖျက်ဆီးခံလိုက်ရသည်။ ဤသို့ သောစိတ်ပျက်စရာများကြုံရသည့်အခါ ကျွန်ုပ်တို့၏ရည်မှန်းချက်များသည်အားလုံသည် ပျက်စီးဆုံးရှုံးပြီဟုခံစားရပါသလောဟုကျွန်ုပ်တို့ကိုယ်ကိုပြန်လည်ဆန်းစစ်မေးမြန်းရပေမည်။ အဘယ်သူသည် ကျောက်တုံးကြီးနှင့်တူသောခံစားချက်ကိုတွန်းဖယ်ပေးမည်နည်း။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ဦးတည်ချက်ကားယေဇူးသခင်၏ဂူသချိုင်းသို့ဖြစ်သည်။

ဤခံစားချက်မျိုး၊ ဤအမှိုက်အမှောင်မျိုးရင်၌အပြည့်ဖြစ်နေသော သချိုင်းသို့သွားသည့်အ မျိုးသမီးများ၏အတွေ့အကြုံက ကျွန်ုပ်တို့အားသူမတူသောအကြောင်းအရာများကိုပြောပြနေသည်။ ၄င်းတို့ ၀မ်းနည်းပက်လက်၊ မျှော်လင့်ချက်မဲ့စွာဖြင့်မော့ကြည့်လိုက်ရာ အမျိုးသမီးတို့အားဖြင့်ဖယ်ရှားရန်လုံး၀မဖြစ် နိုင်သော သချိုင်း၀အားပိတ်ဆို့ထားသည့် ကျောက်တုံးကြီးမှာနေရာမှရွေ့နေသည်ကိုတွေ့လိုက်ရသည်။ ဤ အချက်သည် ယေဇူးသခင်၏အောင်မြင်ခြင်းဖြစ်သည်။

ဘုရားသခင်၏အစွမ်းတန်ခိုးကိုဖွင့်ပြခြင်းဖြစ်သည်။ သေခြင်းအပေါ်အောင်မြင်ခြင်းဖြစ်သည်။ အလင်းကအမှောင်ထုအားအောင်နိုင်ခြင်းဖြစ်သည်။ အပြိုပြိုအလဲ လဲကြား၌မျှော်လင့်ခြင်းပြန်လည်မွေးဖွားရှင်သန်လာခြင်းဖြစ်သည်။ မဖြစ်နိုင်သည်ကိုဖြစ်အောင်လုပ်ဆောင် သောဘုရားသခင်၏လုပ်ဆောင်ချက်ဖြစ်သည်။ ပိတ်ဆို့နေသော ဧရာမကျောက်တုံးကြီးကိုထာ၀ရဖယ်ရှားပေးလိုက်သည်။ ယခုလည်း ကျွန်ုပ်တို့၏ဂူသချိုင်းများကိုဖွင့်ပေးလိုက်သည်။ ဤသို့ဖြင့်မျှော်လင့်ချက်အသစ်များအစဉ်မွေးဖွားနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့လည်း ယေဇူးသခင်အားမော့်ကြည့်ရမည်ဖြစ်သည်။

ယေဇူးသခင်အားမော့ကြည့်ကြပါစို့။ ယေဇူးသခင်သည် လူ့အဖြစ်ကိုခံယူပြီးနောက် အောက် နိမ့်ရာအရပ်သို့ဆင်းကြွသွားခဲ့သည်။ ဤသို့ပြုခြင်းမှာ သူ၏ဘုရားအဖြစ်ဇာတိတော်၏အစွမ်းတန်ခိုးဖြင့်ဖြည့် ဆည်းခဲ့ခြင်းဖြစ်သည်။ အဆုံးမရှိသော သူ၏ရောင်ခြည်တော်ဖြင့် ကျွန်ုပ်တို့တစ်ဦးစီအားခွင်းပေးခဲ့သည်။ ခမည်းတော်ဘုရားအားဖြင့် ယေဇူးသခင်အားသော်လည်းကောင်း၊ ကျွန်ုပ်တို့အားသော်လည်းကောင်း၊ ကျွန်ုပ်တို့၏သွေးသားများအားသော်လည်းကောင်း ၀ိညာဉ်တော်၏အစွမ်းဖြင့်ချီးမြှင့်မြောက်ပင့်ပေးခဲ့သည်။ ယေဇူးသခင်သည် လူ့သမိုင်းအားစာမျက်နှာအသစ်ကိုလှန်ထားခဲ့သည်။

ထို့ကြောင့် ကျွန်ုပ်တို့၏လက်ကိုယေဇူးသခင်အားတွဲခွင့်ပြုလျှင် မည်မျှပင်နာကြင်စရာဖြစ်နေစေကာမူ ဆုံးရှုံးဆုံးမှု၊ ၀မ်းနည်းမှုများကိုတွေ့ကြုံခံစားရမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌အဆုံးစွန်ထိမိန့်ကြားထားသောစကားရှိသည်။ ကျွန်ုပ်တို့၌ဘ၀၏ဦးတည်ချက်ရှိသည်။ သေခြင်းမှဘုန်း တော်ဂုဏ်တော်ဖြင့်အောင်မြင်သောသခင်၏ ထူမခြင်းကိုခံယူပါက နောက်ပြန်ဆုတ်စရာအကြောင်းမရှိ။ နာကြင်စရာ‌ေ၀ဒနာမရှိ။ ပြည့်၀စုံလင်သောအသက်တာသို့ရောက်ရှိရန် သေခြင်းတရားသည်ကျွန်ုပ်တို့အားခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဤအဓိပ္ပါယ်ပြည့်၀သောသမိုင်းကို ကျွန်ုပ်တို့ခရစ်ယာန်များကြေ ညာခြင်းဖြစ်သည်။ လူတိုင်းပိုက်ထွေးရမည့်အဓိပ္ပါယ်ဖြစ်သည်။ အကြောင်းမဲ့၊ လောင်းရိပ်မိအဖြစ်မျိုးမှကင်း ‌ေ၀းစေမည့်အဓိပ္ပါယ်ဖြစ်သည်။ ထိုအဓိပ္ပါယ်ကို ဘုရားဟုကျွန်ုပ်တို့ခေါ်ကြသည်။ ကျွန်ုပ်တို့ပြောင်းလဲရန်ရေများသည်သူ့ထံမှစီးထွက်လာသည်။ ထိုရေများသည် အကြောင်းမဲ့သွန်းလောင်းခြင်းမဟုတ်။ အဘယ် ကြောင့်ဆိုသော် ယေဇူးသခင်၏ဂူသချိုင်းသည်အလောင်းမရှိတော့ပြီ။ ထိုအသက်မဲ့နေခဲ့သောအလောင်းသည် ယခုအသက်ရှင်လျှက်ရှိသည်မြင်တွေ့နေရသည်။

ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ယေဇူးသခင်သည် ကျွန်ုပ်တို့၏ပါစကားသိုးငယ်တော်ဖြစ် သည်။ အမှောင်ထုထဲမှအလင်းသို့ဦးဆောင်ပေးသူဖြစ်သည်။ ကျွန်ုပ်တို့နှင့်ထာ၀ရစီးနှောင်ထားသူဖြစ်သည်။ သေခြင်းနှင့်အပြစ်၏အသုရာချောက်နက်ကြီးမှကယ်တင်ထားသူဖြစ်သည်။ ကျွန်ုပ်တို့အားခွင့်လွှတ်ခြင်းရောင်ခြည်တော်နှင့်ထာ၀ရအသက်ဆီသို့ခေါ်ငင်သူဖြစ်သည်။ သူ့အားမော့ကြည့်ကြပါစို့။

အသက်၏ဘုရားဖြစ်သော သူ့အားကြိုဆိုကြပါစို့။ ဆေးကြောခြင်းမဂ်လာခံစဉ်က ‘ယုံကြည်ပါ၏’ ဟုကတိစကားဆိုခဲ့သကဲ့သို့ ယနေ့ထပ်မံဆိုကြပါစို့။ ဤသို့ပြုလျှင် မည်သည့်ကျောက်တုံးမျှကျွန်ုပ်တို့၏စိတ်အားပိတ်ဆို့နိုင်တော့မည်မဟုတ်။ မည်သည့်ဂူသချိုင်းမျှ ကျွန်ုပ်တို့၏ကျွန်ုပ်တို့၏ပျော်ရွှင်မှုကိုဖျက်ဆီးနိုင်တော့မည်မဟုတ်။ မည်သည့်ဆုံးရှုံးမှုမျှ ကျွန်ုပ်တို့အား စိတ်ပျက်စရာဖန်တီးနိုင်မည်မဟုတ်။ ကျွန်ုပ်တို့၏အမြင်အာရုံကိုသူ့ထံပင့်တင်ကြည့်၍ ကျွန်ုပ်တို့၏၀ိညာဉ်အားလေးလံစေသောကျောက်တုံးအားဖယ်ရှားခိုင်း၍ ရှင်ပြန်ထမြောက်ခြင်းကိုတောင်းခံကြပါစို့။ ရှင်ပြန်ထမြောက်သော သခင်ထံကျွန်ုပ်တို့၏အကြည်များကိုစူးစိုက်ထား၍ သေချာသောအခြေအနေဆီသို့ဦးတည်ကြပါစို့။ ဆုံးရှုံးမှုများ၊ မျှော်လင့်ချက်မဲ့မှုများ၊ သေခြင်းတရားများကြောင့် ကျွန်ုပ်တို့အားတွန့်ဆုတ်သွားစေသည့်အခြေအနေများအားလုံးမှ ကျွန်ုပ်တို့အလယ်တွင်ရှင်သန်သွားလာရင်းထာ၀ရအသက်ကိုယူဆောင်လာပေးသည်။

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊ ယနေ့သန့်ရှင်းသောည၌ သင်တို့၏စိတ်နှလုံးများကို အတိုင်းမသိသောပျော်ရွှင်မှု၌ပျော်မြူးကြလော့။ ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းကို အတူတ ကွသီဆိုကြစို့။ ရပ်‌ေ၀းမြေခြား၊ မြစ်ချောင်းများ၊ လွင်ပြင်များ၊ ကန္တာရများ၊ တောင်ကုန်းတောင်တန်းများတို့ သူ့အားသီချင်းဆိုကြလော့။ သေခြင်းမှရှင်ပြန်ထမြောက်သူ၊ နေတစ်ထောင်စင်းထက်ပို၍ထွန်းလင်းတောက် ပသောသူ အသက်၏အရှင်သခင်အားသီချင်းဆိုကြလော့။ မကောင်းမှု၊ မတရားမှုတို့၏ကြီးစိုးလွှမ်းမိုးခြင်းကိုခံရသော အိမ်ရာမြေမဲ့ဒုက္ခသည်အပေါင်းတို့ဘုရားသခင်ကိုသီချင်းဆိုကြလော့။ ၀မ်းနည်းနေသူတို့ ဤအခြေ အနေမှထွက်လာခဲ့ပါ။ သူသည်ဖောက်ထွင်းဖျက်ဆီးလိုက်ပြီ။ သူသည်သင်တို့ကိုတွေ့ဆုံရန်စိတ်အားထက် သန်နေသည်။ အမှောင်ထုမှမထင်မှတ်ထားသော ၀မ်းသာအားရသည့်ကြွေးကြော်သံများကြားရပါစေ။ သူသည်အသက်ရှင်လျှက်ရှိသည်။ သူသည်ရှင်ပြန်ထမြောက်တော်မူပြီ။ ချစ်လှစွာသောညီအစ်ကိုမောင်နှမကြီး ငယ်တို့၊ ဘ၀၏ပင်ပန်းနွမ်းလျှမှုကိုခံစားကျော်ဖြတ်နေသူ၊ သေခြင်းမှရှင်ပြန်သောသခင်ကို သီချင်းဆိုရန်မထိုက်ဟုခံစားနေရသူတို့ သင်တို့၏စိတ်နှလုံးကို မီးပွားအသစ်ဖြင့်ထွန်းညှိလိုက်ပါ။ အသက်သစ်၏အသံကိုသင်တို့နှလုံးသား၌ကြားနာလိုက်ပါ။ ဤသည်ကား ယေဇူးသခင်၏ပါစကား (ဖြတ်သန်းအောင်မြင်ခြင်း) ဖြစ်သည်။ ဤသည်ကား ရှင်သန်နေသူတို့၏ပွဲဖြစ်သည်ဟုဟောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/XPB5j

 

Add new comment

1 + 0 =