Laudato si’ သည် ‘ဖန်ဆင်းခြင်း၏၀မ်းမြောက်ဖွယ်ရာသတင်းကောင်း’ ကိုအနက်ဖွင့်ဆိုသောသော့

Laudato si’ သည် ‘ဖန်ဆင်းခြင်း၏၀မ်းမြောက်ဖွယ်ရာသတင်းကောင်း’ ကိုအနက်ဖွင့်ဆိုသောသော့

Laudato si’ သည် ‘ဖန်ဆင်းခြင်း၏၀မ်းမြောက်ဖွယ်ရာသတင်းကောင်း’ ကိုအနက်ဖွင့်ဆိုသောသော့

လွန်ခဲ့သောငါးနှစ်က မေလ (၂၄) ရက်နေ့တွင်ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအ ဖြစ်ရွေးချယ်တင်မြောက်ခံပြီးနောက် သူ၏ဒုတိယမြောက်စာချွန်တော်အဖြစ် Laudato si (သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေး) ကိုထုတ​ေဝေခဲ့သည်။ ဤစာချွန်တော်သည် အစီးစီ မြို့မှစိန့်ဖရန်စစ်၏သ ဘာ၀ပတ်၀န်းကျင်ကိုချစ်မြတ်နိုးစိတ်နှင့်ယှဉ်နွယ်၍ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းကာဒီနယ် Peter Turkson ရှင်းပြ သည်။ သူသည်သဘာ၀ပတ်၀န်းကျင်စိမ်းလမ်းစိုပြေရေးအတွက်လှုပ်ရှားနေသောကမာ တ၀န်းမှကက်သလစ်အဖွဲ့ကြီးမှကြီးမှူးကျင်းပသော Laudato si (သဘာ၀ပတ်၀န်းကျင်စိမ်းလန်းစိုပြေ ရေး) ရက်သတ္တပတ်အတွက်ဟောပြောမည့်သူဖြစ်သည်။ သူသည်စာချွန်တော်၏ဒုတိယ အခန်းဖြစ် သော ‘Theology of Creation’ (ဘုရားသခင်၏ဖန်ဆင်းခြင်းဗေဒ) အကြောင်းကိုရှင်းပြခဲ့သည်။ ဖန် ဆင်းခြင်းသည်ဘုရားသခင်အား ၀တ်ပြုခြင်းနှင့်ဆက်နွယ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့၏ဘုံအိမ် (ကမ္ဘာ ကြီး) ကိုစုပေါင်းစောင့်ရှောက်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့လည်းဖန်ဆင်းခံ များဖြစ်၍ ကျွန်ုပ်တို့သည်အ ခြားသောဖန်ဆင်းခံများနှင့်လည်းညီအစ်ကိုများဖြစ်ကြောင်း၊ ဤအတွေးအခေါ်ကိုအာစီးစီမြို့မှစိန့်ဖရန် စစ်ကမွေး ဖွားပေးခဲ့သည့်အကြောင်းရှင်းပြခဲ့သည်။

ဖန်ဆင်းခြင်း၏၀မ်းမြောက်ဖွယ်ရာသတင်း

ဆက်လက်၍ရဟန်းမင်းကြီးဖရန်စစ်၏ရှင်းပြချက်ဖြစ်သောဖန်ဆင်းခြင်း၏၀မ်းမြောက်ဖွယ်သ တင်းကောင်းအကြောင်းကိုရှင်းပြသည်။ ‘၀မ်းမြောက်ဖွယ်ရာသတင်းကောင်း’ ဟုသုံးနှုန်းရသည်မှာဘု ရားသခင်၏အစွမ်းတန်ခိုးကြီးမားမူကိုကြေငြာဟောပြောရန်ဖြစ်သည်။ ဘုရားသခင် ၏လက်ရာတော်ကို ဟောပြောသူဖြစ်စေ၊ ကယ်တင်ခြင်းအကြောင်းဖြစ်စေ၊ လူတစ်ဦးတစ်ယောက်၏ပြည့်စုံအဆင်ပြေမူ ဖြစ်စေ၊ ၀မ်းမြောက် စရာသတင်းကောင်းဖြစ်သည်။ ဤသို့ကြားရခြင်း၊ ကြေငြာခြင်းသည်အမြဲသတင်း ကောင်းဖြစ်သည်။

သဘာ၀ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးအတွက်ခရစ်ယာန်တို့၏သော့ချက်

ရဟန်းမင်းကြီးသည်ဖန်ဆင်းခြင်းကို၀မ်းမြောက်ဖွယ်ရာသတင်းကောင်းအဖြစ်ညွှန်းဆိုရခြင်းမှာ ဘုရားသခင်၏အံ့မခန်းသောဖန် ဆင်း ခြင်းအမူတော်သည် လူသားထုတစ်ရပ်လုံးကိုအကျိုးပြုပေးနေ ကြောင်းသိမှတ်ရန်ဖိတ်ခေါ်နေခြင်းဖြစ်သည်။ ဤအချက်သည်စာချွန်တော်တစ် စောင်လုံးကိုဖတ်ရူနား လည်ရန်အဓိကသော့ချက်ဖြစ်သည်။ ဤအချက်သည်အခြေခံအချက်ဖြစ်သော ‘သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေရေး နှင့်မြေကမာကြီးကိုစောင့်ရှောက်ရန်အရေးကြီးသနည်း’ ဟူသည့်အချက်ကိုနား လည်လာစေသည်။ ဤအချက်အားဖြင့်ဖန်ဆင်း ခြင်းလက်ရာ တော်သည်ဘုရားသခင်၏လက်ရာတော် ဖြစ်သည်ကိုထောက်ရှုစေသည်။ ဤဖန်ဆင်းခြင်း၏အပြင်အဆင်နှင့်ရည်ရွယ်ချက်များသည်လူသားကို အခြေမခံ။ ဖန်ဆင်းခြင်းအမူမရာများအားလုံးသည် ဘုရားသခင်၏စိတ်ကူးစိတ်သန်းများအပေါ်တွင်မူ တည်သည်။ ဖြည့်စွပ်ရမည်ဆိုပါက ခရစ် ယာန်များသည်ဖန်ဆင်းခံအရာများ၌ဘုရားသခင်၏ကြီးမား သောဖန်ဆင်းခြင်းလက်ရာကိုရှုစားခံစားရမည်ဖြစ်သည်။ ကမ္ဘာဦးကျမ်းသည်ဘုရား သခင်၏ဖန်ဆင်း ခြင်းလက်ရာတော်ကိုကျွန်ုပ်တို့အားဖော်ပြပေးပြီး၊ ထိုဖန်ဆင်းခြင်းသည်ကျွန်ုပ်တို့၏အိမ်ဖြစ်သည်ကို ဖော်ပြပေးလျှက်ရှိသည်။ ထို့ကြောင့်စာချွန်တော်၏ခေါင်းစဉ်အခွဲမှာ ‘ကျွန်ုပ်တို့၏ဘုံအိမ်ကိုစောင့်ရှောင် ခြင်း’ ဖြစ်လာရသည်။

၀တ်ပြုခြင်းနှင့်နွယ်ယှက်ခြင်း

ကျွန်ုပ်တို့၏ဘုံအိမ်တော်ဖြစ်သောကမ္ဘာမြေကိုစောင့်ရှောက်ခြင်းသည်ကျွန်ုပ်တို့၏၀တ်ပြုခြင်းနှင့် တိုက်ရိုက်ပတ်သက်မူရှိသည်။ အ ဘယ်ကြောင့်ဆိုသော်ဖန်ဆင်းခံအရာများအားလုံးကိုဘုရားသခင်၏ လက်ရာတော်များအဖြစ်ရှုမြင်ကြရသည်။ ထိုဖန်ဆင်းခံများကြောင့်ကျွန်ုပ် တို့အားဘုရားသခင်ကိုထိုက် တန်စွာအဘယ်သို့ဆုတောင်း၀တ်ပြုရမည်ကိုပံ့ပိုးပေးသည်။ ဖန်ဆင်းခံအရားများသည်ဘုရားသခင်အ ဘယ်သူဖြစ် သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ကိုယ်၊ စိတ်၊ နှလုံးသုံးပါးကိုလည်းဘုရားသခင်၏ရှိခိုး ကိုးကွယ်ရန်ဖြစ်ပေါ်လာစေသည်။ကမ္ဘာဦးကျမ်းကဆက်လက်၍ ဘုရားသခင်သည်လူကိုဖန်ဆင်းပြီးနောက်ဧဒင်ဥယျာဉ်ကိုစောင့် ရှောက်စေရန်အပ်နှင်းခြင်းဖြင့်လူ့ ဂုဏ် ကိုမြှင့်တင်ပေးခဲ့သည်။ ‘တာ၀န်အပ်နှင်းသည်ဟုအလွယ်ဆိုသော် လည်း ဟေဘရူဝေါဟာရ၌မူ ‘အလုပ်အကျွေးပြုရန်၊ အစေခံရန်’ ဟုအနက် ရသည်။ ဤဆိုလိုရင်း သည်လူသားထုအနေဖြင့်ဘုရားသခင်အား၀တ်ပြုကိုးကွယ်ခြင်းကိုလည်းဆိုလိုသည်။ ထို့ကြောင့်ဘုရား သခင်၏ဖန်ဆင်း ခံလူသားသည် ဘုရားသခင်၏ကိုယ်စားလုပ်ဆောင်ခြင်းသည်ဘုရားသခင်ဖြစ်စေလို၊ ပြုစေလိုသည့်အတိုင်းပြုခြင်းဖြစ်ရာ၊ ဤသို့ပြုခြင်းသည် ဘုရားသခင်အားထိုက်တန်စွာအစေခံခြင်းဖြစ် သည်။ ထို့ကြောင့်လူသား၏လှုပ်ရှားမူတိုင်းသည်နောက်ဆုံး၌ ‘၀တ်ပြုခြင်း’ အဓိပ္ပာယ်သက်ရောက်သွား ပါသည်။ ထို့ကြောင့်အလွန်လေးနက် သောမေးခွန်းတစ်ခုမှာ ‘အကယ်၍ကျွန်ုပ်တို့၏အလုပ်၊ သို့မဟုတ် ကမ္ဘာမြေကြီးကိုအသုံးပြုသော်လည်းဘုရားသခင် အားရှိခိုးကိုးကွယ်ခြင်းနှင့် ဘုရားသခင်၏ဘုန်းတော် ဂုဏ်တော်တိုးပွားရန်အတွက်မဟုတ်ပါက ကျွန်ုပ်တို့သည်ကမ္ဘာကြီးကိုကာကွယ်စောင့်ရှောက်ခြင်းမ ဟုတ်ပါ’ ဟုရှင်း ပြခဲ့သည်။

ကမ္ဘာမြေသည်လူတိုင်း၊ ပစ္စုပန်၊ အနာဂါတ်နှင့်နွယ်ဆက်နေသည်။

ဖန်ဆင်းခြင်းသည်ဘုရားသခင်၏လက်ရာတော်ဖြစ်သည်ဆိုသည့်အချက်နှင့်စပ်လျင်း၍ထပ်မံဆင်ခြင်နိုင်သောတတိယတစ်ချက်ကား ဖန်ဆင်းခြင်းလုပ်ငန်းတော်သည်အဘယ်သူတစ်ဦးတစ်ယောက် နှင့်သာသက်ဆိုင်ပြီး၊ မိမိကြိုက်သလိုသုံးဖြုန်းရန်အခွင့်၊ လုပ်ပိုင်ခွင့်မရှိ။ ဤဆို လိုချက်သည်အချိန်နှင့် နေရာဒေသအားလုံးကိုအကျုံး၀င်သည်။ ကျွန်ုပ်တို့၏လက်ရှိလိုအပ်ချက်ကိုဖြည့်ဆည်းရမည်ဖြစ်သည်။ ထို့အတူအနာ ဂါတ်၌လိုအပ်မည့်သူများကိုလည်းလစ်လျူရူ၍မရပေ။ ဤအခြေအနေကို ‘မျိုးဆက်အ ဆက်ဆက် ဝေမျှခြင်း’ (intergenerational solidarity) ဟုခေါ်သည်။

ဖန်ဆင်းခြင်းသည်လေးနက်စွာဆင်ခြင်ခြင်းသို့ဦးတည်စေသည်။

ဖန်ဆင်းခြင်း၏၀မ်းမြောက်စရာသတင်းကောင်း၏အတွေးအမြင်သည် ကျွန်ုပ်တို့အား ဖန်ဆင်း ခြင်းကိုလေးနက်စွာဆင်ခြင်စေသည်။ အာစီးစီမြို့မှစိန့်ဖရန်စစ်သည် ဖန်ဆင်းခြင်းနှင့်ဆက်နွယ်၍ဤသို့ ထောက်ရှုခဲ့သည်။ ဖန်ဆင်းခံအရာများသည်ဘုရားသခင်အားချီးမွှမ်း ဆု တောင်းရန်၊ ဆင်ခြင်ထောက်ရူ ရန်အကြောင်းတရားများဖြစ်စေခဲ့သည်။ ထို့အတူသူ၏ဘ၀တူညီအစ်ကိုများကိုလည်းဖန်ဆင်းခံများကို အသုံးပြု ၍ဘုရားသခင်အားထိရောက်လေးနက်စွာ၀တ်ပြုရန်တိုက်တွန်းခဲ့ကြောင်းရှင်းပြသည်။

ဖန်ဆင်းခြင်းသည်ဘုရားသခင်၏တည်ရှိခြင်းကိုဖော်ပြနေသည်။

ဤအချက်၌အာစီးစီမြို့မှစိန့်ဖရန်စစ်သည် ပညာပါရမီကျမ်းနှင့်ရှင်ပေါလုတို့၏စာစောင်များကို သံယောင်လိုက်ထားသည်။ ထိုစာ စောင်များ၌ ‘ဖန်ဆင်းခြင်းသည် ဘုရားသခင်ကိုဖော်ပြနေသည်’ ဟု ရေးသားထားသည်။ ဆာလံကျမ်း (၁၉) ၌ ‘ကောင်းကင်ယံသည်ဘုရား သခင်၏လက်ရာတော်များကို ကြေငြာလျှက်ရှိသည်’ ဟုသီကျူးထားသည်။ ဖန်ဆင်းခံလက်ရာတော်များသည်ဘုရားသခင်၏တည်ရှိ နေခြင်းကို ဖော်ပြနေသည်ဟုဆိုလိုခြင်းဖြစ်သည်။ ဤအချက်သည်အလွန်အခရာကျလှသည်။ အာစီးစီ မြို့မှစိန့်ဖရန်စစ်သည်ဖန်ဆင်းခြင်းလက်ရာ တော် ကိုဘုရားသခင်၏တည်ရှိခြင်းကိုထောက်ရှုဆင်ခြင်ရန် နည်းလမ်းတစ်ခုအဖြစ်ကျင့်သုံးခဲ့သည်။ ထို့ကြောင့်သူ၏ထောက်ရှုချက်သည်ဖန်ဆင်း ခြင်းကိုစောင့် ရှောက်ရန်လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်စီမံထားသောလက်ရာတော်ဖြစ် ကြောင်းဖော်ပြနေသည်။

ကျွန်ုပ်တို့သည်ဖန်ဆင်းခံများနှင့်ညီအစ်ကိုမောင်နှမများဖြစ်ကြသည်။

ကျွန်ုပ်တို့သည်အာစီးစီမြို့သားစိန့်ဖရန်စစ်မိန့်သကဲ့သို့ပင်ဖန်ဆင်းခံများနှင့်ညီအစ်ကိုမောင်နှမ များဖြစ်ကြသည်။ အစ်ကိုကြီး ‘နေသူရိန်’၊ နှမ ‘လစန္ဒာ’၊ မိခင် ‘မြေကမ္ဘာ’ တို့ရှိကြသည်။ စိန့်ဖရန်စစ်သည်ဘုရား သခင်၏ဖန်ဆင်းခြင်းနှင့်လူသားတို့၏ပတ်သက်ဆက်နွယ်မူ ကိုဆွေမျိုးသားချင်း ဟုသုံးနှုန်းထားသည်။ ဆိုလိုသည်မှာကျွန်ုပ်တို့နှင့်ဖန်ဆင်းခြင်း၏ဆက်နွယ်မူသည်ညီအစ်ကိုရင်းများဖြစ်သည်ဟုဖြစ်သည်။ ကမ္ဘာဦးအစမှစ၍ ဤသို့ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်သူဖန်ဆင်းသောလူကို ဧဒင်ဥယျာဉ်နှင့်စတင်မိတ်ဆက်ပေးစဉ်ကဟေ ဘရူးစကား ဖြင့် ‘စောင့်ရှောက်ရန်’ ဟုအနက်ရသည့်စကားလုံးကိုသုံးခဲ့သည်။ ‘ထာ၀ရဘုရားသခင်သည် လူကိုယူ၍ဧဒင်ဥယျာဉ်ကိုပြုစုစောင့်နေစေခြင်းဌာ ထားတော်မူ၏။’ (ကမ္ဘာဦး ၂း၁၅) ဤစကားလုံးကိုအာဒမ်နှင့်ဧ၀တို့၏သားကြီးကိနမှ ဘုရားသခင်က သူ၏ညီကိုမေးမြန်းစဉ် ‘အကျွန်ုပ်သည် သည်ညီကိုစောင့်ရသောသူဖြစ်ပါသလော’ ဟုပြန်လည်ဖြေကြား ရာတွင်အသုံးပြုခဲ့သောစကားလုံးဖြစ်သည်။ (ကမ္ဘာဦး ၄:၉ခ) ညီအစ်ကိုရင်း ဆက်နွယ်မူမျိုးကိုလူသား နှင့်ဖန်ဆင်းခြင်းတို့၏ဆက်နွယ်မူမျိုးဖြင့်နှိုင်းယှဉ်ကြသည်။ ဖန်ဆင်းခြင်းသည်ကျွန်ုပ်တို့၏ညီအစ်ကို မောင်နှမများကို စောင့်ရှောက်သကဲ့သို့စောင့်ရှောက်ရမည်ဖြစ်သည်။ သူတို့အသက်ကိုကာကွယ်သကဲ့သို့ ကာကွယ်ရမည်။ သူတို့၌ရှိသမျှပိုင်ရာဆိုင်ရာများကိုကာ ကွယ်ထိန်းသိမ်းပေးလေ့ရှိသကဲ့သို့ဖန်ဆင်းခြင်း ကိုလည်းထိုနည်းတူပြုရမည်ဖြစ်သည်ဟုရှင်းပြခဲ့သည်။

ဘာသာပြန်ဆိုသူ ...ဖာသာရ်ကလဲမင့်အားတယ်

Photo credit: AFP or Licensors

https://bit.ly/2ZyiCxr

Add new comment

3 + 0 =