FABC ညီလာခံသို့ ပါးပါးဖရန်စစ်၏ သတင်းစကား 

FABC ညီလာခံသို့ ပါးပါးဖရန်စစ်၏ သတင်းစကား 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ အာရှဆရာတော်ကြီးများအဖွဲ့ချုပ် (FABC) ဖွဲ့စည်းခြင်းနှစ် (၅၀) ပြည့် အထွေထွေအစည်း အဝေးကြီးသို့သတင်းစကားပါး

ချစ်လှစွာသော အာရှဆရာတော်ကြီးများအဖွဲ့ချုပ်အဖွဲ့၀င်ညီတော်တို့…

သင်တို့၏အဖွဲ့အစည်းကို (၁၉၇၀) ခုနှစ်ကစတင်ခဲ့သည်။ ကျွန်ုပ်၏နောင်တော် ယခင်က ရဟန်း မင်းကြီးအဖြစ်အမှုတော်ထမ်းဆောင်ခဲ့သော စိန့်ပေါလ် (၆) သက်ရှိထင်ရှားရှိစဉ် ၊ အာရှသို့တမန်တော် ခရီးကြွရောက်ခဲ့စဉ်က တိုက်ကြီးအတွင်း၌ ယခုကဲ့သို့သော အစုအဖွဲ့ဖွဲ့စည်းရန်အလင်းရခဲ့သည်။ လူငယ်ထု များစုစည်းပေါင်းမိခဲ့ကြသည်။ အာရှတိုက်သည် ယဉ်ကျေးမှုနှင့်သက်၀င်ယုံကြည်မှုစုံသော အိမ်တစ်လုံးကဲ့ သို့တင်စားခံလာခဲ့ရသည်။

ယခုကဲ့သို့စုစည်းမှုသည်၊ "တစ်ဦးတစ်ယောက် ၏ကံဇာတာသည် သတ်မှတ်ပြီးသားဖြစ်သည်" ဟူ သောယုံကြည်ချက်စည်းဘောင်မှရုန်းထွက်ပြီး၊ လူတစ်ဦးတစ်ယောက်အနေဖြင့် မိမိတို့ကြိုးစားလျှင်ကြိုးစားသလောက်မိမိတို့၏ကံဇာတာကို လူတန်းစေ့အောင်နေထိုင်နိုင်သည်ကိုပြန်လည်ရှင်သန်လာစေခဲ့သည့် အကြောင်းကို ဆရာတော်ကြီးများကသိလာကြသည်။ လူငယ်များသည်လည်း ၄င်းတို့သည်စိတ်ကူးသက်သက်၊ စိုးရိမ်စိတ်လွန်ကဲ့နေသူ၊ စိတ်ရှည်သီးခံမှုမဲ့သူ၊ တည်ငြိမ်မှုမရှိသူများ၊ ယဉ်ကျေးမှုအရ ကွဲပြားကျသူများဖြစ်ကြပြီး စစ်မှန်သောအစုအဖွဲ့တစ်ခုဖြစ်လာရန်လိုအပ် ကြောင်းကိုနိုးကြားလာကြသည်။

အာရှသာသနာနယ်သည် ချို့တဲ့နွမ်းပါးသူများ ၏သာသနာနယ်အဖြစ်လည်းကောင်း၊ ပျိုမြစ်သော သာသနာနယ်အဖြစ်လည်းကောင်း၊ အာရှတိုက်အတွင်းရှိ အခြားသောခရစ်ယာန်အသင်း အဖွဲ့များနှင့်တွေ့ ဆုံဆွေးနွေးသောသာသနာနယ်အဖြစ်လည်းကောင်း ထင်ရှားလူသိများသည်။

ယခု သင်တို့အားလုံးအတူတကွစု‌ေ၀းရောက်ရှိနေကြသည်။ ညီအစ်ကိုရင်းစိတ်ဖြင့် ကျွန်ုပ်သည် လည်း သင်တို့နှင့်အတူရှိ၍ သင်တို့တင်ပြဆွေးနွေးကြမည့် အတွေးအခေါ်အယူအဆများကိုလည်း ‌ေ၀မျှဖလှယ်လိုကြောင်း၊ ဒေသန္တရအစည်းအ‌ေ၀းကြီးသည် ပုံမှန်မပျက်မကွက်ရှိရန်နှင့်တက်ရောက်ရန်အရေး ကြီးကြောင်း၊ ဤသို့ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ဒေသန္တရသာသနာတော်ကြီးသည် ပို၍ပုံစံကျလာမည်။ ပို၍ အင်အားရှိလာမည်။ အလွန်အခြေခံကျသောမေးခွန်းမှာ ‘သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားသည် အာရှ သာသနာတော်ကြီးနှင့်ပတ်သက်၍ မည်သို့အလင်းပေးနှိုးဆော်နေသနည်း’ ဆိုသည့်အချက်ဖြစ်ပြီး ထိုနိူးဆောက်ချက်ကို သင်တို့အဘယ်သို့တုန့်ပြန်ဖြေကြားမည်’ ဆိုသည့်အချက်သည်အရေးကြီးပါသည်။

ရှေ့ဆက်ပါ။ သာမန်ဘာသာတူများအား ၄င်းတို့၏ဆေးကြောခြင်းစက္ကရာမင်တူးကပေးအပ်သော ၀တ္တရားများကို သာမန်ဘာသာတူများအနေဖြင့်ဖြည့်ဆည်းခွင့်ပြုကြပါ။ လူတိုင်း၌ဖြစ်ရှိနေသောအခြေ အနေ၊ အားသာချက်၊ အားနည်း ချက်များကိုလေ့စားပါ။ အဘယ်ကြောင့်ဆိုသော် အမိသာသနာတော်ကြီးတစ်ခု လုံးသည် တစ်ပုံစံတည်းသွားသောသာသနာမဟုတ်။ သူသည်စင်္ကြာ၀ဋာတစ်ခုလုံးနှင့်ဆိုင်သည်။ သာသနာ နယ်မြေအသီးသီးမှစံတန်ဖိုးများကို လေးစားရမည်ဖြစ်သည်။

ဘုရားသခင် သင်တို့ကိုကောင်းကြီးပေးပါစေ။ ကျွန်ုပ်သင်တို့အတွက်ဆုတောင်းပေးပါသည်။ သင်တို့လည်း ကျွန်ုပ်အတွက်ဆုတောင်းပေးပါ။
ကျေးဇူးတင်ပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3TDZIhJ

Add new comment

10 + 2 =