“လူငယ်တွေ မျှော်ကြည့်နေကြတယ်”

“လူငယ်တွေ မျှော်ကြည့်နေကြတယ်”

ချစ်လှစွာသော အသက်ကြီးရွယ်အို ညီအစ်ကိုမောင်နှမအပေါင်းတို့၊ အိုမင်းတယ်ဆိုတာထက် ကျွန်ုပ်တို့ဟာ အဖွဲ့တူတွေဖြစ်လို့ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို မျှော်ကြည့်နေကြတဲ့ လူငယ်မောင်မယ်တွေကို အာရုံစိုက် ပေးကြပါ။ အာရုံစိုက်ပေးဖို့ မမေ့ကြပါနဲ့။

ကမ္ဘာ့စစ်အပြီး ရိုက်ကူးထားတဲ့ “ကလေးတွေ မျှော်ကြည့်နေကြတယ်” ဆိုတဲ့ နာမည်နဲ့ အရမ်းကောင်းတဲ့ ဗီဒီယိုတစ်ခု အကြောင်းကို ကျွန်ုပ် စဉ်းစား မိပါတယ်။ အလားတူ

“လူငယ်တွေ မျှော်ကြည့်နေကြတယ်”လို့ လူငယ်တွေနဲ့ ပတ်သက်ပြီး ပြောဆိုနိုင်ပါတယ်။

ကျွန်ုပ်ရဲ့တစ်သမတ်တည်း လမ်းပြမှုကနေ လူငယ်တွေရဲ့လှပတဲ့ ဘဝလမ်း ဖွင့်ပေးနိုင်ပါတယ်။ ယုံကြည်ခြင်းက လူတိုင်းအတွက်ကျေးဇူးတော်ပါ။ ဒါပေမဲ့ ယုံကြည်ခြင်း တစ်ခုလုံးကို ခြုံကြည့်ရပါတယ်။ တိတ်ဆိတ်တဲ့နေ့တချို့နဲ့တင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ရောင်းဝယ်သလို ဟန်ပြလုပ်လို့ မရပါဘူး။

အသက်ကြီးရင့်သူများရဲ့ ယုံကြည်ခြင်းမှာ နှိမ့်ချခြင်းနဲ့တည်ကြည်ခိုင်မာခြင်းတွေ ကျွန်ုပ်တို့ ကျင့်ကြံလုပ်ဆောင်ရပါတယ်၊ ယုံကြည်ခြင်းက အသက်ပေးတဲ့အရာဖြစ်ပြီး အသက်ကြီးရင့်သူတွေအတွက်ပဲ မဟုတ်ပါဘူး။ အရာအားလုံးကို ဆန်းသစ်ပြုပြင် ပေးနိုင်တဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကနေ ကျွန်ုပ်တို့ကို ကူညီလမ်းပြ ပေးပါလိမ့်မယ်။

 

✍️ထန်းဟာ,SJ

Source: Catholic News Service

#PopeFrancis #rvamyanmar #rvapastoralcare

Add new comment

4 + 2 =