‘သာသနာပြုများသည် ရင်တွင်းဖြစ်အပြုံးများဖြင့် ဧဝံဂေလိတရားဟောကြားခဲ့သည်’ ဟု ရဟန်းမင်းကြီးကလူငယ်များအား မိန့်ကြား

‘သာသနာပြုများသည် ရင်တွင်းဖြစ်အပြုံးများဖြင့် ဧဝံဂေလိတရားဟောကြားခဲ့သည်’ ဟု ရဟန်းမင်းကြီးကလူငယ်များအား မိန့်ကြား

 

           ‘သင်တို့၏ ညီအစ်ကိုမောင်နှမများကို ကြည့်ရူစောင့်ရှောက်ရန်၊ ၀မ်းမြောက်စရာ ဧဝံ ဂေလိ တရားကိုဟောကြား သက်သေခံ ရန် ထိုင်းမှိုင်းပြီး၊ ရွှင်ပြမှုမရှိသော သင်တို့၏နေထိုင်မှု ဘ၀ပုံစံမှ ပြန်လည်နိုးထကြပါ’ ဟုရဟန်းမင်းကြီးက လူငယ်တို့အားမိန့်ကြား ခဲ့သည်။ ရဟန်းမင်းကြီး ‘နိုးထကြ၊ စောင့်ရှောက်ကြ၊ သက်သေခံကြ’ ဟူသောကြိယာသုံးလုံးကိုအကြောင်းပြုပြီး ခရစ်ယာန်သာသ နာပြု တို့၏တာ၀န်၀တ္တရားအကြောင်းကို ‘Missio Young People’ (သာသနာပြုလူငယ်) အဖွဲ့၀င်များအား ပြီးခဲ့သော စနေနေ့က မိန့်ကြားခဲ့သည်။ ၄င်းတို့သည် အီတလီနိုင်ငံမှဖြစ်ကြပြီး၊ ရဟန်းမင်းကြီး၏ သာသနာပြုလူငယ်အဖွဲ့အစည်းမှဖြစ်သည်။  

        အီတလီနိုင်ငံမှလူငယ်များသည် သာသနာပြုလူငယ်အစည်းအဝေးကြီးအတွက် ရောမမြို့ ၌စုဝေးခဲ့ကြသည်။ အဆိုပါ အစည်းအ‌ေ၀း၏ဦးတည်ချက်မှာ ‘Back to the COMIGI: Mission restarts from the future’ (ကျွန်ုပ်ဆီသို့ပြန်သွားကြစို့။ သာ သနာပြုလုပ်ငန်းသည် အနားဂတ်မှပြန်အစပြုသည်’ ဟုဖြစ်သည်။ ယခုအစည်းအ‌ေ၀းသည် လူငယ်များအား သာသနာပြုစိတ် ဓာတ်ပြန် လည်နိုးကြား ရှင်သန်လာရန်ဖြစ်သည်။ ဤအဖွဲ့ဖွဲ့စည်းခဲ့သည်မှာလည်း နှစ်ပေါင်း (၅၀) ပြည့်ပြီဖြစ်သည်။

 

အတ္တဟိတ၌အလှုပ်မရှက်ငြိမ်နေခြင်းမှပြန်လည်နိုးထပါ။

         ရဟန်းမင်းကြီး အထက်ကဆိုခဲ့သော ကြိရိယာသုံးလုံးအနက် ပထမတစ်လုံးကိုရှင်းပြခဲ့သည်မှာ ‘နိုထခြင်း’ ဟုဆိုရာ၌ သာသ နာတော်ကြီး၏ ‘သာသနာပြုစိတ်ဓာတ်’ ကိုဖော်ပြနေသည်။ ဤစကား လုံးကို ယေဇူးသခင်က သဂြိုလ်ရန်သယ်လာသော ‘နာအင်’ မြို့မှမုဆိုးမသား အားမိန့်ကြားခဲ့ သော စကားဖြစ်သည်။ (သံလုကာ ၇း၁၁-၁၇) ထိုအမိန့်စကားကိုနာခံ၍ အသက်ပြန်ရှင်လာခဲ့ သည်။  ယေဇူးသခင်သည် အဆိုပါလူငယ်လေး၏မိခင်မုဆိုးမအား အကြင်နာတရားကြီးမားစွာပြသခဲ့သည်။ မငိုကြွေးရန်လည်းနှစ်သိမ့်ခဲ့သည်။ ထိုသို့နစ်သိမ့်ရာတွင် စကားလုံးမျှသာ နားကြားကောင်း စေရုံမျှ မဟုတ်ပါ။ ယေဇူးသခင်သည် မိန့်ကြားသည်နှင့်လုပ် ဆောင်ချက်လည်းတစ်ပါတည်းပါလာသည်။ အဆိုကောင်လေးအား သူ၏မိခင်ထံပြန်အပ်နှံခဲ့သည်။ ‘ယေဇူးသခင်သည် ကျွန်ုပ်တို့ အား သက် တောင့်သက်သာအခြေအနေ၊ ကိုယ်ကျိုးအတွက်သာတွက်ဇိမ်ကျနေသောအခြေအနေ၊ ပျင်းရိခြင်း နှင့်အပေါ်ယံရွှေမှုန် ကြဲသောအခြေအနေမှ နိုးကြားရုန်းထနိုင်ရန် ဖိတ်ခေါ်သကဲ့သို့ ခွန်အား လည်း ပေးသည်။’ သာသနာပြုများသည် ကရုဏာရေးလုပ် ငန်း၊ မျှော်လင့်ခြင်းကိုတည်ဆောက်ပေးခြင်းဖြင့် မိမိတို့၏ညီအစ်ကိုမောင်နှမများ အား ကူညီစောင့်ရှောက်ရန်ခေါ်တော်မူခြင်းခံရ သည်။  

            ရဟန်းမင်းကြီးက ဆက်လက်၍ ဒုတိယစာလုံးကိုထပ်မံ၍ရှင်းလင်းပြရာတွင် ‘စောင့်ရှောက်ရန်’ မှာ ကရုဏာရေးလုပ်ငန်း များကိုထိရောက်အကျိုးရှိပြီး၊ အမျှော်အမြင်ရှိသော နည်းလမ်းဖြင့်ဖော် ဆောင် ရန်၊ တစ်နည်းဆိုသော် ‘ကောင်းသောဆာမာရီတန်’ ၏လုပ်ရပ်မျိုးဖြစ်သည်။ လူငယ်များသည် ဂရုစိုက် တတ်သောအကြည့်အမြင်များရှိရမည်။ သို့မှသာ အကူအညီလိုအပ်နေသူများကို မြင်တွေ့ နိုင်မည်။ ၄င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း တတ်နိုင်သလောက် ကူညီပေးနိုင်အောင် ကြိုး စားရ မည်။ ယခု သင်တို့၏ဘ၀ကို လျှိုလျှို၀ှက်၀ှက်နေထိုင်ပြီး ကရုဏာရေးလုပ်ငန်းများကို အကျိုးရှိထိ ရောက်စွာလုပ်ဆောင်ရမည်။ အမျှော်အ မြင်ကြီးစွာပုံဖော်စိတ်ကူးပါ။ ရေရှည် အကျိုးအတွက် ကြံ့ခိုင်စွာ ခံထမ်းရန်နှင့်လူတို့၏ဘ၀ခရီးလမ်း၌ကုသဖေးမပေးရင်း ရှင်သန်ကြီး ထွားလာရန်အဖော်ပြုပေးရန် လူငယ်တို့၏အလှည့်ကျရောက်လာပြီဖြစ်သည်။    

ပျော်ရွှင်စွာသက်သေခံပါ။

         တတိယစကားလုံးဖြစ်သော ‘သက်သေခံထမ်းရန်’ နှင့်ပတ်သက်၍ သာသနာပြုရန်အတွက် မရှိမဖြစ်လိုအပ်သောအချက်အ ဖြစ်မိန့်ကြားပါသည်။ ခရစ်ယာန်တိုင်းသည် ပါစကားအသက်တာကို ဘ၀နှင့်ယှဉ်၍ရှင်သန်ရမည်။ ဆိုလိုသည်မှာ သေပြီးမှ အသက်ပြန်လည်ရှင်ပြန်လာသူကဲ့သို့ဖြစ်ရမည်။ သာသနာပြုလုပ်ငန်းသည် စိတ်အားထက်သန်မှုဖြင့် ရှေ့ဆက်လှမ်းရမည်။ သို့မှ သာ သာသနာပြုသူ၏ ပျော်ရွှင်မှုကို အခြားသူများအားဝေမျှပေးနိုင်သည်။ ဤသို့အားဖြင့် ပျော်ရွှင်မှုကင်း မဲ‌နေ၍အသက်သေနေ သကဲ့သို့ဖြစ်နေသောဘ၀သည် ပြန်လည်ရှင်ပြန်သကဲ့သို့ဖြစ်ပေမည်။ ဤအတွေ့အကြုံမျိုးသည် လှပပြီး၊ ယုံကြည်ခြင်းကိုပိုအား ကောင်းလာစေသည်။ ဘ၀ဟောင်းသို့ပြန်လည်ရောက်ရှိသွားမည့် အခြေအနေမှ လည်း အဘယ်သို့ရှောင်လွဲသွားရမည်ကိုသိနား လည်လာသည်။

         ရဟန်းမင်းကြီးသည် အီတလီမှသာသနာပြုလူငယ်များအား ဧ၀ဂေလိတရားကို သုန်မှုံနေသော မျက်နှာပေးနှင့်မဟုတ်ဘဲ ရင် တွင်းမှလာသောအပြုံးဖြင့်သာသနာပြုကြရန်၊ သတင်းကောင်းကို အစဉ် ဟောကြာရန်၊ သို့ပြုလျှင် သင်တို့သည် ပျော်ရွှင်လိမ့်မည် ဖြစ်ကြောင်းမိန့်ကြားရင်း ဩ၀ါဒကိုနိဂုံး ချုပ်လိုက်သည်။ 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3KetyEd

Add new comment

16 + 1 =