‘မျက်ရည်ကြရန်မရှက်နှင့်ဟုအမိမယ်တော်သင်ကြာကြောင်း’ ရဟန်းမင်းကြီးမိန့်ကြား

‘မျက်ရည်ကြရန်မရှက်နှင့်ဟုအမိမယ်တော်သင်ကြာကြောင်း’ ရဟန်းမင်းကြီးမိန့်ကြား

‘မျက်ရည်ကြရန်မရှက်နှင့်ဟုအမိမယ်တော်သင်ကြာကြောင်း’ ရဟန်းမင်းကြီးမိန့်ကြား

 

            ‘ငိုကြွေးရန်၊ မျက်ရည်ကျရန်မရှက်ပါနှင့်။ မျက်ရည်များသည် တစ်ခါတစ်ရံလက်ဆောင်မွန်၊ ကျေးဇူးတော်၊ စိတ် ၏လွှတ်လပ်ခြင်း၊ ဆပ်ဖြေခြင်းဖြစ်ကြောင်း ရဟန္တာများက သင်ကြား လမ်းပြပေးခဲ့သည်’ ဟုရဟန်းမင်းကြီးက ယမန်နေ့ စနေနေ့က ‘Our Lady Tears’ (မျက်ရည်ကျသောမယ်တော် (သို့) ၀မ်းနည်ပူဆွေးသောမယ်တော်) ဗိမာန်အားသဒ္ဓါကြည် ညိုကြသောအဖွဲ့၀င် (၂၈၀၀) နှင့်လက်ခံတွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။ ဤအဖွဲ့သည့် အီတလီ နိုင်ငံမြောက်ပိုင်း၊ Treviglio မှ ဖြစ်ကြသည်။

            အဆိုပါမယ်တော်ဂူကို (၁၆) ရာစုကဆောက်လုပ်ခဲ့ပြီး၊ ယခုနှစ်၌ ဆောက်လုပ်ခြင်းနှစ် (၅၀၀) ပြည့်နှစ်ပတ်လည် လည်းဖြစ်သည်။ ဤဂူဖြစ်ပေါ်လာရခြင်းမှာ (ဖေဖော်၀ါရီ ၂၈၊ ၁၅၂၂) ၄င်းတို့မြို့အား ပြင်သစ်စစ်သားများ၏ရန်မှ အမိ မယ်တော်သည် မျက်ရည်ကျလျှက် ကြား၀င် ဆုတောင်းပေးခဲ့ ၍ လွတ်မြောက်ခဲ့သောကြောင့်ဖြစ်သည်။

            ရဟန်းမင်းကြီးသည် အဆိုပါအဖွဲ့၀င်များနှင့်တွေ့ဆုံစဉ် ခရစ်ယာန်တို့၏မျက်ရည်သည် ယုံကြည်ခြင်းအတွက်၊ လက်ရှိကြုံတွေ့နေရသော ဒုက္ခများကိုရင်ဆိုင်‌ကျော်ဖြတ်ရန် အဘယ်မျှ အရေးပါကြောင်းကို အမိမယ်တော်နှင့်ယေဇူး သခင်တို့၏မျက်ရည်ကိုအကြောင်းပြု၍ဟောကြားခဲ့သည်။

 

မျက်ရည်များသည် ဘုရားသခင်၏သနားကြင်နာခြင်းအမှတ်လက္ခဏာဖြစ်သည်။

            ယေဇူးသခင်၏ ပထမဦးဆုံးတပည့်ဖြစ်သော အမိမယ်တော်သည် ဘုရားသခင်၏ သနားကြင်နာခြင်းအမှတ်လက္ခ ဏာအဖြစ်မျက်ရည်ကျခဲ့သည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့ အပြစ်အတွက်နှင့်လူသားထုကိုထိခိုက်စေသောမကောင်းမူ များအတွက် အထူးသဖြင့် အသိမ့်ငယ် ဆုံးသောသူများနှင့်အပြစ်မဲ့သောသူများအား ထိခိုက်နစ်နာစေမှုသည် မျက်ရည်ကျ စေခဲ့သည်။ ဘုရားသခင်သည် အစဉ်ကြင်နာတတ်သည်။ ခွင့်လွှတ်ရန်လည်းအမြဲအသင့်ရှိသည်။           

 

စစ်၏သားကောင်များအတွက်ငိုကြွေးကြပါ။

            မယ်တော်၏မျက်ရည်သည် ဘုရားသခင်၏မျက်ရည်ဖြစ်သည်။ စစ်၏အနိဌာရုံများကြောင့် ကျသောမျက်ရည်ဖြစ် သည်။ စစ်ဟူဆို၍ ယူကရိန်းကိုသာဖျက်ဆီးနေခြင်းမဟုတ်။ စစ်သည် လူတိုင်းအတွက်အရှုံးနှင့်သာကြုံရမည့်အရာဖြစ် သည်။ စစ်နိုင်သူဖြစ်စေ၊ စစ်ရှုံးသူဖြစ်စေ ထိခိုက် ဆုံးရှုံးနစ်နာသည်ကြီးသာဖြစ်သည်။ အမှန်တရားကိုရင်ဆိုင်ရန်သတ္တိမွေး ကြစို့။ စစ်သည် ပါ၀င်သက်နေသူအားလုံးကိုဖျက်ဆီးသည်။ စစ်ရှုံးသူသာထိခိုက်နစ်နာခြင်းမဟုတ်။ စစ်နိုင်သူဟုခံယူသူ များအားလည်း ထိခိုက်နစ်နာစေသည်။ စစ်သည်လူတိုင်းကိုဖျက်ဆီးသည်။

 

အမိမယ်တော်သည် ငြိမ်းရေးနှင့်သနားခြင်း၏မိခင်ဖြစ်သည်။

            မကြာမီက လူအသိုင်းအ၀ိုင်းတစ်ခုလုံးနှင့်အထူးသဖြင့် ယူကရိန်းနုင်ငံနှင့်ရုရှားနိုင်ငံကို အမိမယ်တော်၏ အလွန်စင်ကြယ်သော နှလုံးတော်ထံအပ်နှံပူဇော်ခဲ့သည်ကိုပြန်လည်အမှတ်ရရင်း ယူကရိန်း၌ဆက်လက်ဖြစ်ပွားနေသော စစ်သည် အမြန်အဆုံးသတ်ရန် မယ်တော်၏ ကြား၀င်ဆုတောင်း ပေးမှုကိုတောင်းခံထားသည်။ အမိမယ်တော်သည် ငြိမ်း ချမ်းရေး၏မယ်တော်ဖြစ် သကဲ့သို့သနား တတ်သောမယ်တော်လည်းဖြစ်သည်။ ကျွန်ုပ်တို့၏တောင်းလျှောက်လိုသည်များ ကိုသူ၏ အလွန်စင် ကြယ်သောနှလုံးတော်ထံအပ်နှံပူဇော်ထားသည်။ ငြိမ်းချမ်းရေးမယ်တော်ဖြစ်သော အမိမယ်တော် သည်လည်း ကျွန်ုပ်တို့တောင်းလျှောက်သောငြိမ်းချမ်းရေးကို တောင်းခံပေးမည်မှာသေချာသည်။

 

ငိုကြွေးသောသူများနှင့်အတူငိုကြွေးကြလော့။

            အမိမယ်တော်သည် ကျွန်ုပ်တို့အားငိုရာ၌မရှက်ရန်သင်ကြားပေးသည်။ ငိုကြွေးခြင်းသည် ကောင်းမြတ်သော ခမည်းတော်နှင့်ညီအစ်ကိုမောင်နှမများထံထံဖွင့်ပြခြင်းဖြစ်သည်။ ခံစားရသော နာကြင်မှုကို မိမိနှင့်တွေ့ဆုံသူများအားပြန်လည်ဝေမျှခြင်းဖြစ်သည်။ ဝေမျှတတ်သည့်သဘော၊ ထိုသို့ခံစားနေရသူများနှင့်ဆုံသည့်အခါ နွေးထွေးစွာပွေ့ပိုက် တတ်ရန်၊ ပျော်ရွှင်သူများနှင့် လည်း ပျော်သကဲ့သို့ငိုကြွေးသူများနှင့်လည်းငိုကြွေးရန်ဖြစ်သည်။ ယခုမျက်မှောက်ခေတ် ကာလ၌ ဤသို့သောခံစားချက်မျိုးပျောက်ကွယ်နေသည်။ အချိန်အခါ၊ နေရာမှန်ကန်စွာမငိုတတ်တော့။ အမိမယ် တော်ကဲ့သို့ နှလုံးသားမှလည်းကောင်း၊ တပည့်တော်ကြီးပေတရုကဲ့သို့ နောင်တစိတ်ဖြင့်ရှိုက်ကြီးတစ်ငင် ငိုကြွေးခဲ့သကဲ့ သို့ ယနေ့ခေတ်လူသားများမငိုကြွေးကြတော့ပေ။   

 

ငိုကြွေးတတ်သောကျေးဇူးတော်

            ကျွန်ုပ်တို့မြင်တွေ့ရသောအရာများအပေါ် ခံစားငိုကြွေးတတ်သော ကျေးဇူးတော် ပေးသနားရန် တောင်းခံကြပါစို့။ စစ်ရေး၌ လူသားထုကိုအသုံးချနေမှုအပြင် ကျွန်ုပ်တို့မြင်တွေ့နေ ရသောဖြုန်းတီး မှု များဖြစ်သည့် သက်ကြီးရွယ်အိုများကို သက်တမ်းစေ့နေထိုင်ခွင့်မပြုခြင်း၊ မမွေးဖွားသေးသော ကလေး များကိုလည်း သတ်ဖြတ်နေသည့်လုပ်ရပ်များအတွက် ဘုရားသခင်ထံငိုကြွေးသင့်သည်။ ချို့တဲ့နွမ်းပါး သူများ၊ အိုးမဲ့အိမ်မဲ့များ၏ဘ၀ဒုက္ခလည်းများကြားကြီးမားလှသည်။ ကျွန်ုပ်တို့၏ခေတ်သမယ၌ ဖြစ် ပျက်ကြုံတွေ့နေသောဒုက္ခများကြောင့် ငိုကြွေးသင့်သည်။ ဤအကြောင်းအရာကို နိဂုံးမချုပ်မီ ရဟန်းမင်းကြီးက သူအားလာရောက်ဖူးတွေ့သည့် အဖွဲ့အစည်း၏စိတ်ဓာတ်ကိုချီးမွှမ်းခဲ့သည်။ ၄င်းတို့၏အသင်း အဖွဲ့စိတ်ဓာတ်ကို သိမ်မွေ့ခြင်း၊ ကြင်နာခြင်း၊ နီးနီးကပ်ကပ်ရှိခြင်းဟုတင်စားပြီး၊ ဤစိတ်ထားများသည် အမိမယ်တော် ၏ ပုံစံကောင်းနာမူနာဖြစ်ကြောင်း၊ ကျွန်ုပ်တို့အားလုံး အမိ မယ်တော်ထံမှ အစဉ်သင်ကြားရမည်ဖြစ်ကြောင်း၊ သို့မှသာ ယေဇူးသခင် နောက်သို့ သစ္စာရှိ စွာ လိုက် နိုင်မည်ဖြစ်ကြောင်းမိန့်ကြားရင်းအဆုံးသတ်ခဲ့သည်။      

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3LsbOXz

Add new comment

1 + 2 =