၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ ပုပ်ရဟန်းမင်းကြီးအတွက် ရည်ရွယ် ဆုတောင်း ပေးကြပါစို့

၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ ပုပ်ရဟန်းမင်းကြီးအတွက် ရည်ရွယ် ဆုတောင်း ပေးကြပါစို့

ကျွန်ုပ်ကို ကောင်းချီးပေးဖို့ သခင်ဘုရားဆီမှာ ဆုတောင်း ပေးကြပါ။ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ ပုပ်ရဟန်းမင်းကြီးအတွက် ရည်ရွယ် ဆုတောင်း ပေးကြပါစို့။ သင်တို့ရဲ့ဆုတောင်းခြင်းက ကျွန်ုပ်အတွက် ခွန်အားတွေ ရရှိစေပါတယ်။ သင်တို့ရဲ့ဆုတောင်းခြင်းကြောင့် ဝိညာဉ်တော်ကို နာခံပြီး ဆန်းစစ်သုံးသပ်ကာ အသင်းတော်ကို အဖော်ပြုနိုင်တာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး တစ်ပါးဖြစ်ခြင်းကြောင့် လူသားဖြစ်ခြင်း ပျောက်မသွားပါဘူး။ အခြားတစ်ဖက်မှာ ဘာသာဝင်တွေနဲ့ ဘုရားသခင်ရဲ့သန့်ရှင်းခြင်း နဲ့အတူ ကျွန်ုပ်ရဲ့လူသားဖြစ်ခြင်း နေ့စဉ်ကြီးထွား လာနေပါတယ်။ ပုပ်ရဟန်းမင်းကြီး တစ်ပါးဖြစ်ခြင်းက ဖြစ်စဉ်တစ်ခုလည်း ဟုတ်ပါတယ်။ သိုးထိန်းတစ်ပါးဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကို ပိုသတိထားမိ လာစေပါတယ်။ ဒီလိုဖြစ်စဉ်ထဲ အရာရာတိုင်းမှာ ပိုသနားကြင်နာပြီး ပိုချစ်ခင်တတ်ကာ စိတ်ရှည်သည်းခံတတ်တဲ့ ခမည်းတော်ဘုရားလို ပိုစိတ်ရှည်တတ် လာပါတယ်။

ပုပ်ရဟန်းမင်းကြီးတွေအဖြစ် စတင်ရုံးထိုင်ချိန်မှာ စိုးရိမ်ပူပင်ခြင်းနဲ့ ထိတ်လန့်မှု အားလုံးလိုလို ခံစားကြရတယ်။ သူတို့ကို ခက်ထန်စွာ အကဲဖြတ်အပြစ်ဖို့ ကြမယ်ဆိုတာ ကြိုသိနေကြလို့ ဖြစ်တယ်။ ကျွန်ုပ်တို့ ဆရာတော်ကြီးတွေကို လေးလေးနက်နက် ပေးစွမ်းနိုင်ကြဖို့ ဘုရားသခင်တောင်းဆို ပါလိမ့်မယ်။ ကျေးဇူပြုပြီး မေတ္တာစေတနာနဲ့ အကဲဖြတ်သုံးသပ်ကြဖို့ ကျွန်ုပ်တောင်းဆိုပါတယ်။ အခုကျွန်ုပ်အလှည့်ဖြစ်ပြီး ပုပ်ရဟန်းကြီး ဘယ်သူပဲ ဖြစ်နေပါစေ သင်တို့ ဆုတောင်းပေးခြင်း အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းညွှန်ကူညီမှု ရရှိခံစားပြီး သိမ်မွေ့နိုင်မှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးအတွက် ကျွန်ုပ်တို့ ဆုတောင်းပေးခြင်းအားဖြင့် အရှင်သူမြတ်ရဲ့ သာသနာ့လုပ်ငန်းတွေမှာ သခင်ယေဇူး ကိုယ်တိုင် ပေးအပ်ထားခဲ့တဲ့ ယုံကြည်သူ ခရစ်ယာန်သိုးစုများကို ဆက်လက် အဖော်ပြုပေးပြီး သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ လမ်းညွှန်မှု ကူညီမှုကို အစဉ်အမြဲ လက်ခံ ရရှိနိုင်ပါစေ။

MP4 Video fileNovember, for the Pope

ဒီဆုတောင်းမေတ္တာနဲ့ တိတ်တဆိတ် ကျွန်ုပ်အပေါ် ဆုတောင်း ပေးကြပါ၊ ကျွန်ုပ်အဖို့ အလေးအနက်ထားပြီးဆုတောင်း ပေးကြပါ။

(November, 2023 Pope’s Prayer Intension is “for the Pope.”)

✍️ထန်းဟာ SJ Ref: Vatican Media

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

4 + 1 =