၂၀၂၂ခုနှစ် ဇွန်လအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ ဆုတောင်း ရည်ရွယ်ချက်ကတော့ မိသားစုတွေ အတွက် ဖြစ်သည်

၂၀၂၂ခုနှစ် ဇွန်လအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ ဆုတောင်း ရည်ရွယ်ချက်ကတော့ မိသားစုတွေ အတွက် ဖြစ်ပါတယ်။ မိသားစုဟာ ကျွန်ုပ်တို့ လူငယ်တွေနဲ့ လူကြီးတွေ တစ်ဦးနဲ့ တစ်ဦး အတူတူနေထိုင်တတ်ဖို့ သင်ယူတဲ့ နေရာ ဖြစ်ပါတယ်။ မိသားစုမှာ လူကြီး၊ လူငယ်နဲ့ ကလေးတွေ အားလုံး စည်းစည်းလုံးလုံး နေထိုင်ကြခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ မတူညီကွဲပြားမှုတွေကြား စည်းလုံးခြင်းအားဖြင့် ကျွန်ုပ်တို့ဘဝပုံသက်သေနဲ့ သတင်းကောင်း ပြကြတယ်။

တကယ်တော့ ပြည့်စုံနေတဲ့ မိသားစုဆိုတာ မရှိပါဘူး။

မိသားစုမှာလည်း ချွင်းချက် အမြဲတမ်း ရှိပါတယ်။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး။ ကျွန်ုပ်တို့ အမှားအယွင်း လုပ်မိဖို့ မကြောက်သင့်ပါဘူး။ သူတို့ဆီကနေ သင်ယူပြီး ကျွန်ုပ်တို့ ရှေ့ဆက်လို့ ရပါတယ်။

ဘုရားသခင်က ကျွန်ုပ်တို့နဲ့အတူ ရှိနေတယ်ဆိုတာကို
မမေ့ကြပါနဲ့၊ ကျွန်ုပ်တို့ရဲ့ မိသားစုမှာ၊ အိမ်နီးချင်းတွေနဲ့ ကျွန်ုပ်တို့ နေထိုင်တဲ့ မြို့ရွာမှာ၊ ဘုရားသခင်က
ကျွန်ုပ်တို့နဲ့ အတူတူ ရှိနေပါတယ်။ ဘုရားသခင်က ကျွန်ုပ်ကို ကြည့်ရှုစောင့်ရှောက်နေ ပါတယ်။

ဘုရားသခင်က ပင်လယ်လှိုင်းကြောင့် ဘဝလှေယိမ်းယိုင်ချိန်ရော၊ အချိန်တိုင်းမှာ ကျွန်ုပ်တို့နဲ့ အတူ ရှိနေပါတယ်။ ကျွန်ုပ်တို့ ဒုက္ခရောက်နေချိန်၊ စကားများချိန်နဲ့ ပျော်ရွှင်ချိန်တိုင်းမှာ ဘုရားသခင်က ကျွန်ုပ်တို့နဲ့အတူ ရှိနေပါတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို အဖော်ပြုပေးတယ်၊ ကူညီပေးတယ်၊ မှားနေတာတွေကိုပြုပြင်ပေးပါတယ်။

မိသားစု ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့ တစ်ယောက်စီအတွက် သန့်ရှင်းဖြူစင်တဲ့ လမ်းကို ပို့ဆောင်ပေးပါတယ်။ အဲဒါကြောင့် ဒီတစ်လ ကမ္ဘာ့ မိသားစုများတွေ့ဆုံပွဲအတွက် ဒီခေါင်းစဉ်ကို ကျွန်ုပ်ရွေးချယ်ရတာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးက ခရစ်ယာန် မိသားစုတွေအတွက် ဆုတောင်း ကြပါစို့။ မိသားစု တစ်ခုချင်းစီ အကြွင်းမဲ့ချစ်ခြင်း ရရှိခံစားကြလျက်သူ တို့ရဲ့ နေ့စဉ်အသက်တာမှာ ပိုပြီး သန့်ရှင်းဖြူစင်လာ ကြပါစေ။

✍️ထန်းဟာ SJ
Source: Vatican Media

Add new comment

2 + 0 =