၀ါတွင်း၀ါရှောင်ခြင်းနှင့်စပ်လျင်း၍ရဟန်းမင်းကြီးများ၏သွန်သင်ချက်များ အပိုင်း ( ၁ )

'၀ိညာဉ်အားပြုပြင်ပုံသွင်းသောကျင့်စဉ်' ဖြစ်ကြောင်း ၀ါတွင်း၀ါရှောင်ခြင်းနှင့် စပ်လျင်း၍ရဟန်းမင်းကြီးများ၏သွန်သင်ချက်များ အပိုင်း ( ၁ ) 

ကက်သလစ်သာသနာတော်ကြီးသည် ၀ါ၀င်သည့်နေ့၌ပြာခံ၍အစပြုလေ့ရှိသည်။ ထိုပြာခံသောနေ့ကား ဗုဒ္ဓဟူးနေ့ဖြစ်ပါသည်။ ၀ါတွင်း၀ါရှောင်ရန်ညွှန်ကြားချက်၌အဓိကအချက် (၃) ချက်ရှိပါသည်။ ၄င်းတို့မှာ (၁) ဆုတောင်းခြင်း၊ (၂) အစာရှောင်ခြင်း၊ (၃) ကရုဏာရေးလုပ်ငန်းလုပ်ခြင်းတို့ဖြစ်သည်။

၀ါရှောင်ခြင်းဟုဆိုရာ၌ ယခင့်ယခင်နားလည်လက်ခံခဲ့သည့်ခေါက်ရိုးကျိုးပုံစံကိုသာနားလည်စွဲမြဲမနေစေချင်ပါ။ ဧ၀ံဂေလိကျမ်းစာထဲမှ ကောင်းသောဆာမာရီတန်ကဲ့သို့လုပ်ဆောင်မည်ဆိုပါလျှင် ၀ါရှောင်ခြင်းသည်လွန်စွာအနှစ်သာရရှိလှကြောင်းကိုရဟန်းမင်းကြီးဖရန်စစ်သည် အထပ်ထပ်မိန့်ကြားနှိုးဆော်လျှက်ရှိသည်။ အကယ်၍ဖြုန်းတီးခြင်းမပြု၊ ကြူးခြင်းမပြုဘဲတော်သင့်ရုံ၊ မျှတရုံစားသောက်ခြင်းသည်လည်း ၀ါရှောင်ခြင်းမည်၏။

What is the fasting the Lord desires?
သခင်အလိုနှင့်ညီသော၀ါရှောင်နည်းကားအဘယ်နည်း။

၀ါတွင်းကာလသည် ၀ါရှောင်၍အပြစ်ဒဏ်ဆပ်ဖြေရန်အခွင့်ကောင်းကာလတစ်ခုဖြစ်သည်။ ၀ါရှောင်ခြင်းသည်ကောင်းသော်လည်း မည်သို့မည်ပုံရှောင်ခြင်းသည် ပို၍လက်တွေ့ကျပြီး ထိရောက်သနည်း။ ဘုရားသခင်၏အလိုတော်နှင့်ပိုထပ်တူကျသနည်း။ မေးခွန်းအား ရဟန်းမင်းကြီးဖရန်စစ်မှ (ဖေဖော်၀ါရီလ ၁၆၊ ၂၀၁၈) ကဖြေကြားခဲ့သည်မှာ '၀ါရှောင်ခြင်းသည် အစားအစာများကိုရွေးချယ်စားသောက်ခြင်းတစ်ခုတည်းကိုသာဆိုလိုသည်မဟုတ်။ ဘ၀နေထိုင်မှု၊ ခံစားမှုကိုဆိုလိုသည်။ ဥပမာအားဖြင့်နှိမ့်ချသောစိတ်ကိုမွေးမြူခြင်း၊ မိမိ၏အမှား၊ အားနည်းချက်များကိုမပြတ်ပြုပြင်နိုင်ရန်ကြိုးစားအားထုတ်ခြင်းမျိုးဖြစ်သည်။ ဤမေးခွန်း၏အဖြေသည် သမ္မာကျမ်း၌ဖော်ပြထားသည်။ ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ၀ါရှောင်ခြင်းဆိုရာ၌ အမှန်တရားနှင့်တည်ကြည်ခြင်းကိုဘုရားသခင်အလိုရှိသည်ဟုမိန့်ကြား ခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ်၏ဗုဒ္ဓဟူးနေ့ ပြာခံပွဲနေ့၌ ဆန်တာဆာဘီးနာဘာစီးလီကာတွင်ပူဇော်သောမစ္ဆားတရား၏ဩ၀ါဒ၌ ၀ါရှောင်ခြင်းသည် ထူးခြားသောကြည်ညိုခြင်းမဟုတ်။ သို့သော် ကျွန်ုပ်တို့၏ဘ၀၌အမှန်တကယ်အရေးပါသောအရာနှင့်အဓိကမကျသော်လည်းနေရာယူကြီးဆိုးနေသောအရာကိုသတ္တိရှိရှိမြင်တွေ့နိုင်စေသောလုပ်ရပ်ဖြစ်သည်။

The value of fasting
၀ါရှောင်ခြင်း၏တန်ဖိုး

ယခုကဲ့သို့သော ၀ါတွင်းကာလ၌ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ပြန်လည်ဆန်းစစ်နိုင်သည်။ ပင်ကိုယ်အရကျွန်ုပ်တို့၏ခန္ဓာကိုယ်အတွက်ကောင်းသော်လည်း လစ်လျူရှူဆုံးရှုံးစေခြင်းဖြင့် မိမိတို့ကိုယ်ကိုခရစ်ယာန်ဟုသတ်မှတ်နေခြင်းသည် မည်သည့်အဓိပ္ပါယ်ရှိမည်ကိုဆင်ခြင်ရန်ဖြစ်သည်။ (၂၀၀၉) ခုနှစ်၏၀ါတွင်သ၀တ်လွှာထဲ၌ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည်လည်းသမ္မာကျမ်းစာ၏သွန်သင်ချက်နှင့်ခရစ်ယာန်၏အစဉ်အလာကိုသွန်သင်ထားခဲ့သည်။ ထိုသွန်သင်ချက်ကား ၀ါရှောင်ခြင်းသည် အပြစ်မှရှောင်ကွင်းရန်အတွက် အလွန်ကြီးမားသောအကူအညီတစ်ခုဖြစ်သကဲ့သို့အပြစ်သို့ပို့ဆောင်သောလမ်းအသွယ်သွယ်ကိုမြစ်တားရန်လည်းဖြစ်သည်။ ဤအကြောင်းကြောင့် ကယ်တင်ခြင်းသမိုင်းကြောင်းသည်၀ါရှောင်ခြင်းကိုပြုလုပ်ရန်တိုက်တွန်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၏ပထမဦးဆုံးစာမျက်နှာ၌ ဘုရားသခင်သည် ကမ္ဘာဦးလူသားနှစ်ဦးအား တားမြစ်ထားသောအသီးကိုမတို့မထိ၊ မစားရန်ပညတ်ခဲ့သည်။

ဆက်လက်၍ ရဟန်းမင်းကြီးဘေးနေဒစ် (၁၆) သွန်သင်သည်မှာ ကျွန်ုပ်တို့အားလုံးသည် အပြစ်၀န်နှင့်၄င်း၏နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဦးစိုက်ကျလျှက်ရှိရာ ၀ါရှောင် ခြင်းသည်ဘုရားသခင်နှင့်မိတ်ဆွေအဖြစ်မှပြတ်စဲခဲ့ရခြင်းမှပြန်လည်ကျေအေးပေးသောကြားခံဖြစ်သည်။ ထို့အတူ ဓမ္မသစ်၏စာမျက်နှာများကိုလှန်လျှော်ကြည့်လျှင် စစ်မှန်သော၀ါရှောင်ခြင်းသည် စားသင့်စားထိုက်သောအစားအစာကိုစားရန်ညွှန်ကြားခြင်းဖြစ်သည်။ ထိုအစာကား ခမည်းတော်ဘုရား၏အလိုတော်ကိုဖြည့်ဆည်းလုပ်ဆောင်ခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/3Zswy8g

 

Add new comment

1 + 5 =