အဖိုးအဖွားများ (သို့) အိမ်နီးနားချင်းမှသက်ကြီး ရွယ်အိုများထံသွားရောက်လည်ပတ်ရန်ပုပ်ရဟန်းမင်းကြီ လမ်းညွှန်

ရဟန်းမင်းကြီးဖရန်စစ်မှ အောက်ပါ (၁၁) ချက်ကိုသေချာမှတ်သား၍ အဖိုးအဖွားများ (သို့) အိမ်နီးနားချင်းမှသက်ကြီး ရွယ်အိုများထံသွားရောက်လည်ပတ်ရန် လမ်းညွှန် လာမည့် ဇူလိုင်လ (၂၆) ရက်နေ့သည် အမိမယ်တော်၏ ကျေးဇူးရှင်မိဘနှစ်ပါးဖြစ်သော စိန့်ဂျော်ကင်းမ်နှင့်စိန့် အဲန်းတို့၏ပွဲနေ့ဖြစ်သည်။ ပွဲနေ့ဟုဆိုရာ၌ အမိကက်သလစ်သာသနာတော်ကြီးအနေဖြင့် ပွဲလန်းသဘင်ကျင်းပခြင်းကို ရည်ညွှန်းခြင်းထက် သာသနာတော်ကြီး၏၀တ်ပြုခြင်း၌ ၄င်းတို့၏ကောင်းကျင့်သီလများကိုပြန်လည်အမှတ်ရ၍ သင်ယူ ကျင့်ကြံရန်နှင့်ဤသို့ကျင့်ကြံနိုင်ရန် ၄င်းတို့၏၀ိုင်းကူဆုတောင်းပေးခြင်းကိုတောင်းခံခြင်းကိုဆိုလိုပါသည်။ ထိုနေ့မတိုင်မီတစ်ရက်အလို ဇူလိုင်လ (၂၅) ရက်နေ့ကိုလည်း ‘ကမ္ဘာ့အဖိုးအဖွားများနေ့ (သို့) ကမ္ဘာ့သက်ကြီး များနေ့’ ဟုလည်း ရဟန်းမင်းကြီးဖရန်စစ်က သတ်မှတ်ကျင်းပရန်ကြေညာခဲ့သည်။ မိမိတို့အဖိုးအဖွားများ၊ သို့မဟုတ် အိမ်နီးနားချင်းမှသက်ကြီးရွယ်အိုများထံသွားရောက်အလည်အပတ်ပြုသည့်အခါ အလွန်ရိုးရှင်းသော အောက်ပါအချက် များကိုနှလုံးပိုက်၍ သွားရောက်လည်ပတ်အားပေးကြရန် ရဟန်းမင်းကြီးကပင် လမ်းညွှန်ချက်များကိုချပြထားသည်။ ရဟန်းမင်းကြီးသည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများနှင့်တွေ့ဆုံစဉ် ယခုနှစ်သက်ကြီး ရွယ်အိုများနေ့၏ဆောင်ပုဒ်အကြောင်းကိုအသားပေးမိန့်ကြားခဲ့သည်။ ထို့အတူ သူကိုယ်တိုင်လည်းအသက်အရွယ်ကြီး ရင့်လာခြင်းမှရလိုက်သော အတွေ့အကြုံများကိုလည်း ရင်ထဲထိမိအောင်မိန့်ကြားသွားသည်။ အားလုံးသိကြသည့်အ တိုင်း ရဟန်းမင်းကြီးဖရန်စစ်၏ဒူး‌ေ၀ဒနာသည် အလွန်ဆိုး၀ါးပြင်းထန်နေသည်။ ထို့ကြောင့်ပင် သွားလာရန်အတွက် တုတ်ကောက် (သို့) ဘီးတပ်လှည်းဖြင့်ပင်သွားလာနေရရှာသည်။ ဤသို့သွားလာခြင်းမှ ရဟန်းမင်းကြီးအနေဖြင့် လုံး၀ လမ်းလျှောက်၍မရ သောကြောင့်သာဖြစ်သည်။ အဘယ်မျှနာကျင်နေသည်ကိုမူသူသာသိပေမည်။ ရဟန်းမင်းကြီးနှင့်သက်တူရွယ်တူများသာ သူ၏ထောက်ရှုချက်၊ သူ၏အတွေ့အကြုံမှသင်ယူနိုင်ကြသည်မဟုတ်။ သက်ကြီးများအား အဘယ်သို့ဂုဏ်ပြုပေးနိုင်သည်ကို ကျွန်ုပ်တို့အားလုံးသင်ယူနိုင်သည်။ ဘုရားသခင်၏ပညတ်တော်၌ ကျွန်ုပ်တို့အားလုံးအား ပညတ်ထားသကဲ့သို့ မိဘများ၊ သက်ကြီးရွယ်အိုများ၊ အထူးသဖြင့်အထီးကျန်နေသူများနှင့်အချိန် အနည်းငယ်ပေး၍ဖြတ်သန်းကုန်ဆုံးခြင်းသည် အလွန်အနှစ်သာရရှိလှပါသည်။ သို့ဖြစ်၍ ရဟန်းမင်းကြီးဖရန်စစ်၏လမ်း ညွှန်ချက် (၁၁) ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ပြုံးပြုံးပျော်ပျော်ဖြင့်ဆက်လုပ်ပါ။ ကျွန်တော့် (ရဟန်းမင်းကြီး) ကိုကြည့်ပါ။ ကျွန်တော့်အသက်ကို မစဉ်းစားဘူး။ ကျွန်တော် အသက် (၈၅) ရှိပြီလို့ မစဉ်းစားဘူး။ အသက်ကိုဘယ်အချိန်မှသွားပြီးတွေးရသလဲဆိုတော့ ကျွန်တော်ခွဲစိတ်ရတော့မယ့်အချိန်ကြမှစဉ်စားမိ တယ်။ (တစ်နည်းအားဖြင့်ဆိုသော် အသက်ကြီးပြီဆိုသည့်လက္ခဏာဖြစ်သည်ဟုဆိုလိုခြင်းဖြစ်သည်။ သူလက်မခံသော် လည်း ခန္ဓာကိုယ်ပြနေသည့်သဘောကိုဆိုလိုသည်။) ဘာကြောင့်လဲဆိုတော့မေ့ဆေးပေးခွဲရမှာမို့ အသက်အရွယ်ကို ထည့်စည်းစားလာရလို့ပါ။ အသက်က တကယ်မ ကြီးသေးသလိုဘဲ။ ဒါပေမယ့် လက်မခံလို့မရဘူးလေ။ ဒါနဲ့ကျွန်တော် ပြုံးလိုက်ပြီးတော့ ခွဲစိတ်မှုအဆင့်ဆင့်လုပ်ဖို့လက်ခံလိုက်တယ်။ ၂။ ချိနှဲနေပြီလား။ မပူနှင့်။ သူနောက်ဆက်သာလျှောက်ပါ။ တပည့်တော်အသက်တာလို့ဆိုရာမှာ သင်ဘယ်လောက်ဘဲ ချိနှဲအားနည်းနေပါစေ၊ သင်အကူအညီမဲ့နေပါစေ၊ သူ တစ်ပါးအပေါ်မှာကြီးဘဲမှီခိုနေရပါစေ၊ စိတ်ဖိစီးမှုရှိနေပါစေ၊ လမ်းလျှောက်နေပါစေ၊ ဆရာသခင်နောက်ကို ဘယ် လိုအ ခြေအနေမှာဘဲဖြစ်ဖြစ်လိုက်ရမယ်။ သူ့ရဲ့သွန်သင်မှုကိုနာခံရမယ်။ သူပြုပြင်ပုံသွင်းတာကိုခံရမယ်။ ‘ငါ့နောက်ကိုလိုက်ပါ’ လို့ယေဇူးသခင်က တမန်တော်ယောဟန်ကိုမိန့်ကြားခဲ့တယ်ဆိုပေမယ်။ အဲ့လိုမိန့်ကြားတာဟာ မိန့်ကြားခံလိုက်ရပြီးတဲ့ နောက် ဆက်ပြီးလိုက်ရမယ်။ နေကောင်းတဲ့အချိန်ဖြစ်စေ၊ နေထိုင်မကောင်းတဲ့အချိန်ဖြစ်ပါစေ၊ ကိုယ့်ကိုယ်ကိုရပ်တည် နိုင်ချိန်၊ မရပ်တည်နိုင်တဲ့အချိန်ဖြစ်ဖြစ် ယေဇူးသခင်နောက်ကိုထပ်ကြပ်မခွာလိုက်ကိုလိုက်ရမယ်။ နောက်လိုက်တဲ့အခါ လမ်းလျှောက်ပြီးတော့ဖြစ်ဖြစ်၊ ပြေးလိုက်တာဖြစ်ဖြစ်၊ ဖြေးဖြေးဖြစ်ဖြစ်၊ ဘီးတပ်လှည်းနဲ့ဖြစ်ဖြစ် မရပ်မနားဘဲသူ့နောက် လိုက်ဖို့ခေါ်တာပါ။ ၃။ အမြော်အမြင်ကြီးကြီးဖြင့်ရွေးချယ်ပါ။ အသက်အရွယ်အိုမင်းလာတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ကြီးကို မထိန်းနိုင်၊ မသယ်နိုင်တော့ဘူး။ ဒီလိုအသက်အရွယ် မှာ ဘာလုပ်သင့်သလဲ၊ ဘာမလုပ်သင့်ဘူးလဲဆိုတာကိုသိရတော့မည်။ ကိုယ်လုပ်ချင်တာကိုဘဲလုပ်မယ့် ကိုယ့်ဆန္ဒကိုရှင်း လင်းပစ်ရတော့မယ်။ စိတ်ရှည်ပါ။ ကိုယ်ခန္ဓာနဲ့အသက်အတွက် ဘာတွေလုပ်သင့်၊ ဆောင်သင့်၊ ရှောင်သင့်သလဲ၊ ပြန်မေး လိုက်ပါ။ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ သန်မာတုန်းကလုပ်ခဲ့သလို အခုလုပ်လို့မရတော့ဘူး။ ဘာကြောင့်လဲဆို တော့ ခန္ဓာကိုယ်ကြီးရဲ့မောင်းနှင်နှုန်းထားဟာ နှုန်းတောက်တစ်မျိုးနဲ့မောင်းနှင်ရပါ့မယ်။ ခန္ဓာကိုယ်ရဲ့တောင်းဆိုချက်ကို နားထောင်ရမယ်။ ပြီးတော့ခန္ဓာကိုယ်ရဲ့ အတိုင်းအတာရှိတာကိုလည်း လက်ခံနိုင်ရမယ်။ လူတိုင်းမှာရှိပါတယ်။ ကျွန် တော့်ကိုကြည့်ပါ။ ကျွန်တော်တောင် တုတ်ကောက်သုံးနေရတယ်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

 

Add new comment

10 + 0 =