အပြစ်တင်ညည်းငြူခြင်းရဲ့နောက်ဆက်တွဲ

တစ်ဦးရဲ့အခွင့်အရေးကို တစ်ဦးက ရိုသေလေးစားမယ်၊

အပြစ်တင်ညည်းငြူခြင်းရဲ့နောက်ဆက်တွဲ

လူသားတစ်ဦး ကျန်းမာပျော်ရွင်စွာအသက်ရှင်နေထိုင်ဖို့အတွက် အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ သေးခြေ၊ စတဲ့ ခန္ဓာကို်ယ်အစိတ်အပိုင်း တစ်ခုစီဟာ အင်မတန်အရေးကြီးပါတယ်။ မိမိခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုနှုန်း ၊ အစာခြေနိုင်အား စတဲ့ စက်ကိရိယာကြီး ကောင်းကောင်းလည်ပတ်ပါမှ မိမိရဲ့ခန္ဓာကို်ယ်ဟာ ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်မှာဖြစ်တယ််။ ခန္ဓာကိုယ်ကျန်းမာတော့ စိတ်လည်းကျန်းမာပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုငး်တစ်ခုခု ချွတ်ယွင်းရင် ငွေကြေးပေါင်းများစွာ အကုန်ကျခံပြီး ကုသခံကြရပါတယ်။ တစ်ချို့လူတွေဟာ ကိုယ်ခန္ဓာကျန်းမာအောင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကမ္မဠာန်းထိုင်ခြင်း၊ ယောဂကျင့်စဉ်များ လိုက်စားခြင်းစသဖြင့််ခန္ဓာကိုယ် ကျန်းမာရေးကို စောင့်ရှောက်ကြပါတယ်။ ကိုယ်ခန္ဓာကျန်းမာအောင် နည်းမျိုးစုံ လေ့လာကျင့်သုံးကြရတယ်။ ခန္ဓာကိုယ် တစ်ခုခုချွတ်ယွင်းရင် ဖြစ်တဲ့နေရာတစ်ခုတည်းသာ နာတာမဟုတ်ဘဲ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ ထိခိုက်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေး ချို့တဲ့လာစေဖို့ အကြောင်းမျိုးစုံ ရှိပါတယ်။ မတည့်သည့်အစားအစာစားသုံးခြင်း၊ ယာမကာ အလွန်အကျွံသောက်သုံးခြင်း၊ စိတ်ဖိစီးမှုများခြင်း စတဲ့စတဲ့ အကြောင်းရင်းတွေကြောင့်ခန္ဓာကိုယ်ဟာ ကျန်းမာရေးချို့တဲ့လာနိုင်သလို အခြားသောအကြောင်းမျိုးစုံ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကျန်းမာရေးချို့တဲ့ခြင်းကြောင့် ဘဝမှာဖြစ်ချင်တဲ့ ရည်မှန်းချက်၊ မျှော်လင့်ခြင်းတွေကို ပျောက်ကွယ်သွားစေပါတယ်။   ဆေးလောကမှာ အောင်မြင်နေကြတဲ့ ဆရာဝန်ကြီးတွေ၊ ဆေးပညာရှင် တွေကလည်း  ဆေးအမျိုးမျိုး တည်ထွင်ဆန်းသပ်ပြီး ရောဂါတွေကိုတိုက်ဖျက်ပစ်မယ့် ဆေးသစ်၊ နည်းပညာတွေ   တင်ဆက်လာကြတယ်။  ကဏ္ဍပေါင်းစုံက ပညာရှင်တွေဟာ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ကြိုးစားကြပါတယ်။ Papa Pope Francis ကတော့ ရိုးရိုးရှင်းရှင်းနဲ့ April 3, 2013 ထုတ်စာစောင်မှာ “ညည်းငြူခြင်းဟာ နှလုံးအတွက်ဆိုးပါတယ်”ဆိုပြီး ပြောပါတယ်။ ဟုတ်ပါတယ်။ အရာရာကို အကောင်းဘက်ကနေတွေးတတ်၊ မြင်တတ်ရင် နှလုံးအေးတယ်။ အရာရာကို အသေးစိတ် အားနည်းချက်တွေကိုဘဲ ရှာတွေ့နေမယ်ဆိုရင် ကိုယ့်ရဲ့နှလုံးကို ပူလောင်စေပါတယ်။ နှလုံးကပူလောင်တော့ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါထိခိုက်ပါတယ်။  Papa Francis က ဧမောက်သွားတဲ့တပည့်တော်              ၂ ပါးအကြောင်းသာဓက တစ်ခုအနေနဲ့ပြောသွားပါတယ်။ သခင်ယေဇူးသက်တော် ၃၀ ပြည့်တဲ့ခါမှာ သူနှင့်အတူ သာသနာလုပ်ငန်းလုပ်ဆောင်ဖို့ တပည့်တော်ကြီး ၁၂ ပါးကို ရွေးချယ်ခဲ့တယ်။  သုံးနှစ် သုံးမိုး အတူတူ ဆရာတပည့် နေထိုင်လာခဲ့ကြတယ်။ ဒီ တပည့်တော်ကြီး ၁၂ ပါးရဲ့ မျက်စိရှေ့မှာတင် မျက်ကန်းတွေကို မျက်စိမြင်စေခဲ့တယ်။ မသန်စွမ်းတဲ့သူ လမ်းလျှောက်စေခဲ့တယ်၊ သေတဲ့သူပြန်ရှင်စေခဲ့တယ။်   စတဲ့အံ့သြစရာ အဖြစ်ပျက်တွေဟာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့မျက်စိရှေ့မှာဘဲဖြစ်ပျက်နေခဲ့တာ ဖြစ်တယ်။ သခင်ယေဇူးရဲ့ တရားတော်တွေကိုလည်း နားထောင်ခဲ့ကြတယ်။ သူဟာ တစ်နေ့မှာ အသတ်ခံရမယ်။ သေပြီးတဲ့နောက် ၃ ရက်မှာ ရှင်ပြန်ထမြောက်မည့်အကြောင်းကိုလည်း ကြားနာခဲ့ကြပါတယ်။ ဒါပေမယ် ဒီတပည့်တော်ကြီးတွေရဲ့ ဆရာသခင် သခင်ယေဇူးဟာ တကယ်အသတ်ခံရတဲ့ခါမှာ သူတို့ ကြားနာခဲ့တဲ့ တရားတော်တွေဟာ လေထဲလွင့်မြောသွားပြီး ပျောက်ဆုံးသွားပါတယ်။ သူတို့ဆရာအသတ်ခံရတာဟာ သူတို့အတွက် အင်မတန် အကျဉ်းတန်တဲ့ အဖြစ်ပျက်ကြီး ဖြစ်ပါတယ်။ သူတို့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့အပေါ်မှာ ညည်းငြူကြတယ်။ ကိုယ့်နဂိုမူလဒေသမှာ ပြန်ပြီးနေထိုင်လုပ်ကိုင်ဖို့ ပြန်သွားတဲ့ ဧမောက် လမ်းပေါ်က တပည့်တော်ကြီး၂ ပါးဟာနွမ်းရိတဲ့ နှလုံးသား၊ မကြည်လင်တဲ့မျက်နှာနဲ့ ခရီးတလျှောက်လုံး ညည်းငြူကြပါတယ်။ အဲသလို ညည်းငြိုနေတဲ့လမ်းခရီးစဉ်မှာဘဲ သခင်ယေဇူးကပေါ်လာပြီး သူတို့နှင့်အတူ လိုက်ပါပြီးခရီးနှင်ပါတယ်။ သူတို့ အဘယ်ကြောင့် မျက်နှာငြိုးနွမ်းနေကြ သလဲ မေးတဲ့ခါမှာ တပည့်တော်ကြီး ၂ယောက်က သခင်ယေဇူး အသတ်ခံရတဲ့အကြောင်း၊ Israel လူမျိုးတွေကိုကယ်တင်မယ့်သူ လို့ မျှော်လင့်ထားသူဟာ အသတ်ခံရတဲ့အကြောင်းပြောကြပါတယ်။ ဒီလိုအဖြစ်ပျက်ကြီးကို မသိရကောင်းလားဆိုတဲ့ အပြစ်တင်ချင်တဲ့ သဏ္ဍန်မျိုးနှင့် ညည်းငြူရင်းရှင်းပြကြပါတယ်။ ညနေစောင်းလို့ညနက်တော့မယ့်အခါ သခင်ယေဇူးက တခြားလမ်းခွဲ ထွက်မည့်ဟန်ရှိတဲ့ခါ ဒီတပည့်တော်ကြီး ၂ ယောက်က၊ သူတို့နှင့်အတူတည်းခိုဖို့ တားမြစ် ဆွဲဆောင် ကြပါတယ်။  ညစာသုံးဆောင်ရင်း မုန့်ဖဲ့လိုက်တော့မှ ဒီ လူပုဂိုလ်ဟာ သခင်ယေဇူးမှန်း သတိဝင်လာခဲ့ကြတယ်။ နွမ်းရိတဲ့နှလုံးသားနဲ့ညည်းငြူနေခြင်းဟာ တကယ်ဘဲ သူတို့ရဲ့ မျက်စိပါအကန်းဖြစ်စေပါတယ်။ တနေရာမှာ ချွတ်းယွင်းတော့ အခြားတနေရာကိုပါ ထိခိုက်စေတာ တကယ်ဟုတ်ပါတယ်။ မျက်စိနှင့် နှလုံးသားသားဟာ ဆက်စပ်မှုရှိတယ်။ မျက်စိရဲ့စက္ခုအာရုံ ဟာ နှလုံးသားကို ခံစားစေဖို့ လှုံ့ဆော်နိုင်စွမ်းရှိသလို၊ နှလုံးသားရဲ့ခံစားချက်ကလည်း မျက်စိကိုုိမြင်စေတယ်။ သူတို့ဟာ အပြန်အလှန်အကျိုးသက်ရောက်မှု တွေရှိပါတယ်။ တစ်နေရာမှာချွတ်ယွင်းတော့ အခြားတနေရာမှာ ဒီဆိုးကျိုးရဲ့နောက်ဆက်တွဲသက်ရောက်မှု ဖြစ်ပေါ်လာပါတယ်။  Papa Pope Francis ကတော့ ရှင်းရှင်းဘဲ ပြောပါတယ်. “ညည်းတွားခြင်းဟာဆိုးတယ်။ သူတပါးကိုထိခိုက်တာမကဘဲ ကိုယ့်ကိုယ်ကိုယ်ပါ တိုက်ခိုက်တာဖြစ်တယ်။ အရာရာကို ခါးသီးစေတယ်။ဒါတွေက ဆိုးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ညည်းတွားခြင်းက ကျွန်ပ်တို့ရဲ့ မျှော်လင့်ခြင်းကို ယူပြစ်လိုက်ပါတယ်။ ညည်းတွားခြင်းမှာ  ဝင်ပြီး မရှင်သန်မနေထိုင်ဖို့” ပြောပါတယ်။ ဟုတ်ပါတယ်။ လူတွေဟာ ကိုယ့်ကျန်းမာရေးကို နည်းလမ်းမျိုးစုံနှင့် စောင့်ရှောက်ကြတယ်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ ဒါပေမယ့်တခါတလေမှာ ကြုံတွေ့ရတတ်တဲ့ ခလုတ်ကန်သင်းနဲ့ တိုက်မိခိုက်မိချိန်မှာလူသားဆန်စွာ ညည်းငြူတတ်ကြတယ်။  လူသားဆန်ဆန် ညည်းငြူတတ်တာဟာခွင့်လွှတ်လို့မရတဲ့ အပြစ်ဆိုးကြီးမဟုတ်ပေမယ့် ဒီလိုညည်းငြူခြင်းမှာ အချိန်ကြာကြီး မနစ်မြုပ်ဖို့တော့ လိုအပ်လှပါတယ်။ အရာရာကို အပြုသဘောဆန်စွာ မြင်တတ်၊ တွေးတတ်ရင် နှလုံးအေးပါတယ်။ ဧမောက်လမ်းပေါ်က တပည့်တော်ကြီး ၂ ပါးဟာ နွမ်းရိတဲ့နှလုံးသားနှင့် ညည်းငြူရင်းခရီးနှင်ကြတဲ့ခါမှာ သူတို့နှင့်လိုက်ပါလာတဲ့ ရှင်ပြန်ထမြောက်တဲ့သခင်ယေဇူးကို တောင်မှ သတိမမူဘဲ ညည်းငြူကြတယ်။  အစကတည်းက သခင်ယေဇူးမှန်းသာ သိခဲ့ကြရင်၊ ဒီ ဧမောက်ခရီးစဉ်ဟာ အင်မတန်ပျော်စရာကောင်းတဲ့ ခရီးစဉ်ဖြစ်ခဲ့မှာပါ။  သူတို့ ဆရာသခင် သခင်ယေဇူးဟာ တကယ်အသတ်ခံရတာမှန်ပေမယ့် ဒီလိုအကျဉ်းတန်တဲ့အဖြစ်ပျက်နဲ့ နိဂုံးချုပ်သွားတာမဟုတ်ပါဘူး။  ညည်းငြူခြင်းကသာ ဒီအဖြစ်အပျက်ကြီးကို ပိုပြီးအကျဥး်တန်စေတာဖြစ်တယ်။ ညည်းငြူတတ်တဲ့နှလုံးသားမှာ ချစ်တတ်မှုတွေလျော့ပါးတယ်။ အကောင်းဘက်ကတွေးဖို့၊ မြင်ဖို့ အဟန့်တားဖြစ်စေတယ်။   Papa Francis ဆက်လက်ပြောသွားတာက  “ ဒီတပည့်တော်ကြီး ၂ပါးဟာ သူတို့ဘဝကို ညည်းငြူခြင်းရဲ့ သားငါးအသီးပြုတ်ဟင်းချိုအဖြစ် ချက်ပြုတ်နေကြတာဖြစ်တယ်။ ညည်းငြူခြင်းနှင့် ခရီးနှင်တယ်။ အကြိမ်ပေါငး်များစွာ ဒုက္ခအခက်အခဲတွေ ကိုယ့်ဆီရောက်လာတဲ့ခါမှာ၊ ကျွန်ပ်တို့ဟာ ဒီအခက်အခဲတွေကို ညည်းငြူခြင်းဖြင့်  ကိုယ့်ကိုယ်ကိုယ်ပိတ်ပင်လိုက်ကြပြီး လွတ်ပြေးကြပါတယ်။ ဒီလိုမျိုးချိန်တွေမှာ သခင်ယေဇူးဟာ ကျွန်ပ်တို့နှင့် နီးကပ်စွာရှိနေပေမယ့် ကျွန်ုပ်တို့ သတိမထားမိကြပါဘူး။ သူဟာကျွနု်ပ်တို့နှင့်အတူ ခရီးနှင်နေတယ်။ ဒါပေမယ့် ကျွန်ပ်တို့ကသတိမထားမိကြပါဘူး။” လို့ပြောပါတယ်။  ဧမောက်ခရီးသည်၂ ဦးရဲ့ညည်းငြူခြင်းဟာ တနေ့တာလုံးရဲ့အဖြစ်မှန်ကိိုုမမြင်ဘဲ အကန်းဖြစ်စေတယ်။ ဒီကနေ့ မင်းနဲ့ငါနဲ့ ၊ ကမ္ဘာပေါ်မှာ သန်းချီရှိတဲ့ လူသားတွေတစ်ဦးစီရဲ့ ညည်းငြူခြင်းတွေဟာ အရှေ့မှ အနောက်၊ အနောက်မှ တောင်၊ တောင်မှ မြောက် စသဖြင့် ပဲ့တင်ရိုက်ပြီး ကမ္ဘာကြီးကို အကန်းဖြစ်စေတာပါဘ။ဲ  ဒလိုင်လာမားဘုန်းတော်ကြီး အဆိုအမိန့်ရှိတာက “ သိပ္ပံနှင့် အတတ်ပညာဆိုင်ရာ တိုးတက်မှုတွေဘက်မှာတော့ ကျုပ်တို့မှာ မချို့တဲ့ပါဘူး။ ကျုပ်တို့မှာချို့တဲ့နေသေးတာက နွေးထွေးတဲ့နှလုံးသားပါ။ စိတ်ကောင်းနှလုံးကောင်းထားဖို့ သိပ်လိုနေပါတယ်။ လူ့အဖွဲ့အစည်း တွေအချင်းချင်း နားလည်ရှိမယ်၊ တစ်ဦးရဲ့အခွင့်အရေးကို တစ်ဦးက ရိုသေလေးစားမယ်၊ တစ်ဦးခံစားနေရတဲ့ ပြသနာတွေဒုက္ခတွေကို ကိုယ်ချငး်စာနာပြီး ပူးတွဲဖြေရှင်းမယ်ဆိုရင် စီးပွားရေး တိုးတက်မှုကိစ္စ ၊ စွမ်းအင်ပြသနာ ၊ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ချမ်းသာတဲ့နိုင်ငံတွေကြားက တင်းမာမှုနဲ့ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပြသနာတွေကို ဖြေရှင်းနိုင်ပါတယ်။ အရာခပ်သိမ်းဟာ စေတနာအပေါ်မှာ အများကြီးမူတည်ပါတယ်။ လူသားတွေကို မေတ္တာ ကရုဏာတရားနဲ့ကြည့်တတ်ဖို့ဟာ အဓိကအချက်ပါဘဲ။ ကျုပ်တို့မှာ ကောင်းမွန်တဲ့စိတ်နှလုံးကောင်းတွေ ရှိအောင်ကြိုးစားမယ်ဆိုရင် သိပ္ပံပညာမှာဖြစ်စေ ၊ စိုက်ပျိုးရေးနှင့် နိုင်ငံရေးမှာဖြစ်စေ တိုးတက်ထွန်းကားလာ မှာပါဘဲ။” ဆိုပြီး စိတ်ကောင်းနှလုံးကောင်းထား ဖို့ကျွန်ုပ်တို့ကိုသွန်သင်ပါတယ်။ ညည်းငြူတတ်တဲ့နှလုံးသားမှာ နွေးထွေးမှုမရှိတော့ အရာရာအသေးစိတ်အပြစ်မြင်တော့တာဘဲ။ ဒီကနေ့ ကမ္ဘာကြီးမှာ နေ့စဉ်နှင့်အမျှ ၊ စက္ကန့်နှင့်အမျှ အကျဉ်းတန်တဲ့ အဖြစ်အပျက်တွေ တွေ့နေရတယ်။ ကြားနေရတယ်။ ဒါတွေဟာကျွန်ပ်တို့ တစ်ဦးစီရဲ့အပြစ်တင် ညည်းငြူခြင်းကြောင့်လား စဉ်းစားကြည့်ကြရအောင်။  အပြစ်တင် ညည်းငြူမှုများတော့ တစ်ဦးနှင့်တစ်ဦး မကျေမချမ်းဖြစ်လာကြတယ်။ ဒီမကျေမချမ်းဖြစ်မှုတွေက ဘုန်းတော်ကြီး ဒလိုင်လာမားပြောတဲ့ နွေးထွေးတဲ့နှလုံးသားဆိုတာကို ချို့တဲ့စေပါတယ်။ ဆက်လက်ပြီး Papa Pope Francis  က “ ကိုယ်တော်ဘုရားဟာ ကျွနု်ပ်တို့ရဲ့ ဘဝခရီးမှာ၊ အမှောင်မိုက်ဆုံးအချိန်မှာတောင်မှ ကျွနု်ပ်တို့နှင့်အတူရှိတယ်ဆိုတာ ယုံကြည်ကြပါစို့။ ကိုယ်တော်ဘုရားဟာ ကျွနု်ပ်တို့ကိုဘယ်တော့မှပစ်ပယ် မထားဘူး။ သူဟာ အစဉ်အမြဲ ကျွနု်ပ်တို့နှင့်အတူရှိတယ်။ ကျွနု်ပ်တို့အတွက် ဆိုးတဲ့အရာ၊ နှလုံးအတွက် မကောင်းတဲ့အရာဖြစ်တဲ့ အပြစ်တင် ညည်းတွားခြင်းမှာ ခိုလှုံခြင်းမပြုကြဖို့”  ကျွနု်ပ်တို့ကိုးအားပေးထားပါတယ်။ ကျွန်ုပ်တို့ရဲ့ နေထွက်ဆည်းဆာ၊ နေဝင်ဆည်းဆာ ရဲ့ အလှအပကကိုအကျဉ်းတန်စေမယ့် အပြစ်တင် ညည်းငြူခြင်းတွေကို ရှောင်ရှားရင်း အပေါင်းလက္ခဏာဆောင်တဲ့ အပြုအမူ ၊ အပြောအဆို လေးတွေနဲ့ ကမ္ဘာကြီးကို အလှဆင်ကြပါစို့လို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။

 

Sr.Emily Lily,SJA

 

Add new comment

3 + 1 =