သာသနာတော်ကြီးသည် သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်းတွေ့ဆုံရင်းနှီးဖလှယ်ရင်းညီအစ်ကိုမောင်နှမလမ်းစဉ်ကိုလိုက်ရမည်

သာသနာတော်ကြီးသည် သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်းတွေ့ဆုံရင်းနှီးဖလှယ်ရင်းညီအစ်ကိုမောင်နှမလမ်းစဉ်ကိုလိုက်ရမည် ကက်သလစ်သာသနာတော်ကြီးသည် သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်းတွေ့ဆုံရင်းနှီးဖလှယ်ရင်းညီအစ်ကိုမောင်နှမလမ်းစဉ်ကိုလိုက်ရမည်ဟုရဟန်းမင်းကြီးဖရန်စစ်က ယနေ့ (စက်တင် ဘာလ ၃) ရက်၊ တနဂ်နွေနေ့ မွန်ဂိုးလီးယားမြို့တော်တွင် မိရိုးဖလာသက်၀င်ယုံကြည်သူများနှင့်အခြားသော အသင်းတော်များအားလည်း ဘာသာအချင်းချင်းတွေ့ဆုံရင်းနှီးဆွေးနွေးအခမ်းအနား၌တိုက်တွန်းမိန့်ကြားခဲ့သည်။ သာသနာ၏အခြေခံသဘောတရားမှာ ဘုရားသခင်နှင့်လူသားထုကိုကိုယ်စားပြုသော ယေဇူးသခင်ကြားအစဉ်ထာ၀ရတွေ့ဆုံဆွေးနွေးရေးလမ်းစဉ်အပေါ်တည်ဆောက်ထားသည်။ သာသနာတော်ကြီးသည် သူအမွေလက်ခံရရှိထားသောရတနာကိုလူတိုင်း၊ ယဉ်ကျေးမှုတိုင်းအား ပွင့်လင်းရက်ရောစွာမျှဝေပေး သည်။ ဤသို့ပြုလုပ်ရာ၌ အခြားသောဘာသာ တရား၏အခြေခံယုံကြည်မှုကိုလည်းလေးစားသည်။ သက်၀င်ယုံကြည်မှုမတူသော ဘာသာအချင်းချင်းတွေ့ဆုံရင်းနှီးဖလှယ်ရာ၌ ကြေညာဟောပြောခြင်းကိုမပြုရန်ဆိုလိုခြင်းမဟုတ်။ မတူညီမှုအပေါ်အာရုံထားလွန်းခြင်းကိုဆိုလိုသည်မဟုတ်။ ထိုမတူညီမှုကို နားလည်စေရမည်။ ထိုမတူညီမှုများကိုထိန်းသိမ်းထားရမည်။ ထိုအချက်ကိုရှင်းလင်းစွာသိရှိနားလည်ရန် ပွင့်လင်းစွာမေးမြန်းဆွေးနွေးရမည်။ သို့မှသာအသိတိုးပွားလာမည်။ ဤသို့မေးမြန်းလေ့လာခြင်းဖြင့် လူသားထု၏ ‘ဘုံ’ ကိုမြင်တွေ့လာမည်။ ဤတွေ့ရှိချက်သည် ယခုပြောဆိုသောပန်းတိုင်သို့ရောက်ရှိရန်လောက၌ရှိစဉ်အရေးကြီးသည်။ ရဟန်းမင်းကြီးက ဘာသာရေးကိုသက်၀င်ယုံကြည်သူများအနေဖြင့် ကမ္ဘာကြီးအတွက်ပိုမိုငြိမ်းချမ်းသော၊ သဟဇာတဖြစ်သေအခြေအနေကိုဖန်တီးလုပ်ဆောင်ရန်တာ၀န်ရှိကြောင်း၊ ထို့ကြောင့်ညီအစ်ကို မောင်နှမအပေါင်းတို့ ဤသမိုင်းပေးတာ၀န်ကိုမျှထမ်းရန် ကျွန်ုပ်တို့၌တာ၀န်ကြီးကြီးမားမားရှိသည်။ အထူးသဖြင့်လက်ရှိသမိုင်းကာလ၌ ကျွန်ုပ်တို့သက်၀င်ယုံကြည်သောဘာသာတရား၏သွန်သင်ချက်အတိုင်းသက် သေပြလုပ်ဆောင်ရန်လိုသည်။ ဆန့်ကျင်ဘက်ပြု၍မရ။ ဆန့်ကျင်သောလုပ်ရပ်များကိုလုပ်ဆောင်နေလျှင် မကောင်းသောပုံသက်သေပြရာရောက်သကဲ့သို့ သာသနာကိုမှေးမှိန်စေသည်။ ဘာသာရေးနှင့်အကြမ်းဖက်မှုရောနှော၍မရ။ သန့်ရှင်းမြင့်မြတ်ခြင်းနှင့်ဖိနှိပ်ခြင်း၊ ဘာသာရေးအစဉ်အလာနှင့်ခွဲထွက်ခြင်းများဒွန်တွဲ၍မရပေ။ ရဟန်းမင်းကြီးက မွန်ဂိုးလီးယားတို့၏အစဉ်အလာကောင်းတစ်ခုဖြစ်သော ‘ger or tent’ (ခွဲခြားခြင်း မရှိဘဲ လူတိုင်းအားလက်ခံခြင်း) ကိုကိုးကား၍ ယခုကဲ့သို့ဘာသာအသီးသီးမှခေါင်းဆောင်များစု‌ဝေးနေခြင်းမှာ ‘မျှော်လင့်ခြင်း’ သည်ဖြစ်နိုင်ချေရှိသည်ကိုပြသနေခြင်းဖြစ်ကြောင်း၊ ပဋိပက္ခများဖြင့်ပြည့်နက်ပြီး ကွဲပြားနေသောကမ္ဘာကြီး၌ မျှော်လင့်ချက်သည်မဖြစ်နိုင်သကဲ့သို့အထင်ရောက်စေသည်။ လုပ်ဆောင်လျှင် ကျရှုံးမည်ကိုစိုးရိမ်ရသည့်အဖြစ်မျိုးဖြစ်နေသည်။ ထို့အတူ မျှော်လင့်ချက်ကိုဖော်ဆောင်ရန်လုပ်ငန်းစဉ်များလည်း လစ်လျှူရူခံရ၊ ဘေးထိုးခံနေရသည်။ နားမလည်နိုင်အောင်ဖြစ်နေသည်။ ကျွန်ုပ်တို့၏ဆုတောင်းမေတ္တာကို ကောင်းကင်ယံသို့တိုင်တည်လျှင် မျှော်လင့်ချက်သည်လူတိုင်း၌ ပျိုးထောင်နိုင်ပါသည်။ ဘာသာအသီးသီး၏ဘာသာ၀င်များလည်း ဆုတောင်းခြင်းဖြင့်ပံ့ပိုးကြပါလျှင် အတူတ ကွတွဆုံဆွေးနွေးနွေးခြင်းနှင့်ပိုမိုကောင်းမွန်သောကမ္ဘာကိုတည်ဆောက်ရန်စုပေါင်းတွန်းအားပေးနိုင်ကြောင်း၊ ဤသို့လုပ်ဆောင်ခြင်းသည်အချည်းနှီးမဟုတ်ကြောင်း၊ ဤလုပ်ဆောင်ချက်သည် ရိုးရှင်းသော် လည်း ကျွန်ုပ်တို့၏ဘာသာရေးကိုယုံကြည်စေလောက်သောသက်သေကောင်းဖြစ်သည်။ ကျွန်ုပ်တို့၏မျက် လုံးများကိုကောင်းကင်သို့မောကြည့်၍အတူတကွလျှောက်လှမ်းခြင်း၊ ဤကမ္ဘာပေါ်၌သဟဇာတရှိစွာရှင်သန်ခြင်း၊ လူတိုင်းအားလက်ခံကြိုဆိုရန် ၀န်းကျင်ကိုထိန်းသိမ်းကာကွယ်ရန်ဖိတ်ခေါ်ခံထားရသည်ခရီးသွားများအဖြစ်ရှင်သန်လုပ်ဆောင်ရမည်ဖြစ်သည်။ မွန်ဂိုးလီးယားနိုင်ငံ၏ နိုင်ငံ့အမွေအနစ်များဖြစ်သော ရှေးဟောင်းအသိပညာ၊ အမူအကျင့်များကိုချီး ကျူးခဲ့သည်။ ခေတ်ကာလဤမျှတိုးတက်ပြောင်းလဲနေသော်လည်း ဆက်လက်ထိန်းသိမ်းနိုင်ကြောင်း၊ သက်ကြီးရွယ်အိုများအားရိုသေအလေးပေးမှုကိုလည်းကောင်း၊ ပတ်၀န်းကျင်ကိုလည်းထိန်းသိမ်းစောင့်မှုကိုလည်းကောင်းချီးမွမ်းခဲ့သည်။ ရဟန်းမင်းကြီးသည် မွန်ဂိုးလီးယားလူမျိုးတို့၏ အစဉ်အလာကောင်းတစ်ခုဖြစ် သော ‘ger’ (တဲဖျဉ်) ကိုလည်းထပ်ခါထုတ်ဖော်မိန့်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လာသမျှသောသူတို့အားခိုနား၊ ၀င်တည်းရန်ကြိုဆိုနေသည့်သဘော၊ အချင်းချင်းသွေးစည်းနေခြင်းကိုဖော်ပြနေသည်။ တနဂ်နွေနေ့အခမ်းအနား၌ ဂျူး၊ ဗုဒ္ဓ၊ အီစ္စလာမ်၊ ရှင်တို၊ ဟိန္ဒူ။ ဘာဟိုင်နှင့်ရှာမာဘာသာ၀င်များ၏ ခေါင်းဆောင်များတက်ရောက်ခဲ့သည်။ ကိုယ်စားလှယ်များအနေဖြင့် ရုရှားဩသိုဒေ့ါစ်၊ ဧ၀ံဂေလိအသင်းတို့မှ တက်ရောက်ခဲ့သည်။ တက်ရောက်လာကြသည် ဘာသာရေးခေါင်းဆောင်အသီးသီးက ရဟန်းမင်းကြီး၏အ ချင်းချင်းကြားပိုမိုနားလည်ကြရန်နှင်ကမ္ဘာ့ကြီး၏ငြိမ်းချမ်းရေးအတွက်တိုးမြင့်လုပ်ဆောင်ရန်တိုက်တွန်းချက်ကိုလက်ခံကြသည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် https://bitly.ws/UkZj

Add new comment

4 + 7 =