သာမန်ထက်လွန်ကဲသည့် လုပ်ရပ်ပင် ဖြစ်စေကာမူ မေတ္တာဂရုဏာ မပါလျှင် အဓိပ္ပါယ်မဲ့ နေမည်သာ

သာမန်ထက်လွန်ကဲသည့် လုပ်ရပ်ပင် ဖြစ်စေကာမူ မေတ္တာဂရုဏာ မပါလျှင် အဓိပ္ပါယ်မဲ့ နေမည်သာ ကြာသပတေးနေ့က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကာ့ရီးတာစ်(ဂရုဏာအသင်းကြီး) ကမ္ဘာလုံးဆိုင်ရာ ကက်သလစ် ကူညီမှု အသင်းကြီး၏ အထွေထွေညီလာခံသို့ တက်ရောက်လာကြသူများကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှ အဓိကထား ပြောကြားခဲ့သည့် သဝဏ်လွှာ မှာ တမန်တော်ကြီး ရှင်ပေါလူး ၏ ညွှန်ကြားလမ်းညွှန်ချက် ဖြစ်သည့် “စစ်မှန်သော ခရစ်ယာန်ချစ်ခြင်း"အကြောင်းပင် ဖြစ်သည်။ ပါပါး ဖရန်စစ် ထောက် ပြခဲ့သည့်အချက်မှာ “စစ်မှန်သော ခရစ်ယာန် ဂရုဏာရေး လုပ်ငန်း ၌ မြည်တွန်တောက်တီးခြင်း နှင့် ဒေါသတရား ဟူ၍ မရှိနိုင် ကြောင်း နှင့် ဂရုဏာရေးလုပ်ငန်းဟူသည်မှာ စိတ်ရှည်ခြင်းတရားပင် ဖြစ်သည်၊ စိတ်ရှည်မှုသည် သာလျှင် မမျှော်လင့်ဘဲ ကြုံဆုံ လာရမည့် စုံစမ်းနှောက်ယှက်ခြင်းများကို ကျော်လွှား ကြံ့ကြံ့ခံ နိုင်မည့် စွမ်းရည်ပင် ဖြစ်ကြောင်း “ပင် ဖြစ်သည်။ “စစ်မှန်သည့် ဂရုဏာမေတ္တာ မပါဘဲ လုပ်ဆောင်သည့် မည့်သည့် သူရဲကောင်းဆန်သည့် လုပ်ရပ် သိုမဟုတ် ထူးခြား ဆန်းကြယ်သည့် လုပ်ရပ် ဖြစ်နေစေကာမူ အဓိပ္ပါယ် မဲ့ နေပါလိမ့်မည်ဟု “ စုဝေးရောက်ရှိလာ ကြသူများကို ပါပါးက မိန့်ကြားခဲ့သည်။ ဆက်လက်ပြီး ပါပါးက “ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ ၏ မျက်စိများကို ဖွင့်ပေးပြီး ငေးစိုက်ကြည့်နေမှုများကို အမြင်ကျယ်လာစေလိမ့်မည် ၊ကျွန်ုပ်တို့ ၏လမ်းခရီးတလျှောက်တွင် တွေဆုံလာရမည့် ညီအစ်ကို မောင်နှမ များ၏ ဘဝ အတွေ့ကြုံများ,ခံစားချက်များ နှင့် ပုဂ္ဂလ အမည်နာမများကို သတိပြု ထပ်တူ ခံစားမိလာနိုင်စေရန် ချစ်ခြင်းမေတ္တာကသာလျှင် လုပ်ဆောင်ပေးနိုင်ကြောင်း” ထောက်ပြပြောဆိုခဲ့သည်။ လူထုပရိတ်သတ်ကို ပါပါး ဟောကြားခဲ့သည်မှာ “ ယုံကြည်သူ အယောက်တိုင်းစီသည် ဘုရားရှင်၏ ချစ်မေတ္တာကို ပုံစံတူ ဖော်ဆောင်နေထိုင်ခြင်းဖြင့် အခြားသူများအတွက် အသုံးတော်ခံများ အဖြစ် ဘုရားရှင်ကို သက်သေခံနိုင်ကြောင်း “ ပင်ဖြစ်သည်။ “ကိုယ်တော်မြတ် စက္ကရမင်တူးကို အပြည့်ဝ နားလည်ကြောင်း ဖော်ပြနိုင်သောနည်းလမ်းမှာ ခရစ်တော် ၏မေတ္တာတော်ကို ကျွန်ုပ်တို့ ခံစားရရှိချိန်ထက် ရရှိခဲ့သည့် ဆုကျေးဇူးများကို အခြားသူများအား ပြည်လည် မျှဝေချိန်၌ ပင် ဖြစ်သည်ဟု” ပါပါးက ဆက်လက် ပြော ကြားခဲ့သည်။ သမ္မာတရား တော်မြတ်အား ကောင်းသော လုပ်ဆောင်ချက်များကို လုပ်လျက် မျိူးစေ့ကောင်းများ ကျဲချ နိုင်ရန် ဒေသတွင်း အသင်းတော်များ နှင့်ပူးပေါင်းပြီး ဂရုဏာရေးဆိုင်ရာ တမန်တော်လုပ်ငန်းများကို ပေးဆပ် လုပ်ဆောင်သွားကြပါရန်တိုက်တွန်း ပြောကြားခဲ့သည်။ ရဟန်းမင်းကြီးမှ ထပ်လောင်း မိန့်ကြားခဲ့သည်မှာ “ ကိုယ်တော်မြတ်စက္ကရင်မင်တူးသည် လူတိုင်းကို ခွန်အားများ အသေအခြာပြန်လည် ဖြည့်ဆည်းပေးနိုင်ပြီး ,ကျွန်ုပ်တို့ အတွက် ပေးဆပ်ရန် မိမိကိုယ်ကိုယ် ပူဇော်တော်မူသည့် ခရစ်တော်သည် ယနေ့ထိတိုင် ဆက်လက် တည်ရှိ တော်မူ၍ မည်သည့်အရာကိုမျှ ပြန်လည် ရရှိရန်မမျှော်မှန်းဘဲ ကျွန်ုပ်တို့ကို အရင် ချစ်တော်မူကြောင်း” ပင်ဖြစ်သည်။ "ကိုယ်တော်မြတ်စက္ကရမင်တူးသည် ကျွန်ုပ်တို့ အတွက် ရည်ရွယ် ထားရှိခဲ့ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘဝခရီးလမ်း တလျှောက်အတွက် စားစရာ အမှန်နှင့် သောက်စရာ အမှန်ပင် ဖြစ်သည်။ကျွန်ုပ်တို့ လဲကျချိန် နှင့် ပင်ပမ်းနွမ်းနယ် ချိန်တို့တွင် လဲကျခြင်းမှ ထူမရန် နှင့် ပြန်လည် လန်းဆန်းစေရန် လွတ်လပ်စွာ ခံယူ နိုင်ရန် ကျွန်ုပ်တို့ ၏ ကယ်တင်ခြင်းအတွက် ဘုရားရှင် ကိုယ်တော်တိုင် လုပ်ဆောင်ပေးခဲ့သည့် လက်ဆောင်ပင် ဖြစ် ကြောင်း” ပါပါးက မိန့်ဆိုခဲ့ သည်။ အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း https://bit.ly/42w8jaV

Add new comment

4 + 0 =