သန္ဓေသားဖျက်ချခြင်းဟာ ပြဿနာတစ်ခုထက် ပိုပါတယ်။ အဲဒါက လူသတ်မှု ဖြစ်ပါတယ်။

သန္ဓေသားဖျက်ချခြင်းဟာ ပြဿနာတစ်ခုထက် ပိုပါတယ်။ အဲဒါက လူသတ်မှု ဖြစ်ပါတယ်။

****************************************************************************

စလိုဗာဂီးယားကအပြန်ခရီးမှာ သန္ဓေဖျက်ချတာကို ထောက်ခံတဲ့ နိုင်ငံရေးသမားတွေအကြောင်း ပုပ်ဖရန်စစ်ကို မေးခဲ့ကြပါတယ်။ သန္ဓေသားဖျက်ချခြင်းဟာ ပြဿနာတစ်ခုထက် ပိုပါတယ်။ အဲဒါက လူသတ်မှု ဖြစ်ပါတယ်။ တဲ့တိုးပြောရရင် ဘယ်သူတွေပဲဖြစ်နေပါ‌စေသန္ဓေဖျက်ချတဲ့ လူတွေဟာ လူသတ်သမားတွေ ဖြစ်ပါတယ်။ နားမလည်တဲ့ သူတွေအတွက် မေးခွန်း (၂)ခု မေးပါမယ်။ ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ လူ့အသက် တစ်ချောင်းသတ်တာ မှန်သလား။ သိပ္ပံနည်းအရ ပြောရရင် အဲဒါက လူ့အသက်တစ်ချောင်း ဖြစ်တယ်။ ဒုတိယမေးခွန်းက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ လုပ်ကြံ သတ်ဖြတ်သူကို ငှားရမ်းတာ မှန်ပါသလား။ သိုးထိန်းဆိုင်ရာ ပြဿနာဖြစ်လို့ ဒီလိုအဓိက အချက်တွေကို သိုးထိန်း ဆရာတော်တွေ ဘယ်လိုမျိုး ဖော်ဆောင် ကြသလဲ။ အသင်းတော်ရဲ့သမိုင်းကို ပြန်ကြည့်ရင် ပြဿနာပေါ်လာချိန်မှာ သိုးထိန်းဆရာတော်တွေ သိုးထိန်းလို မနေကြဘူး၊ နိုင်ငံရေး ပြဿနာကင်းအောင် ပူးပေါင်းလုပ်ဆောင် နေကြတယ်။ ဒါဆို သိုးထိန်းတစ်ဦးက ဘာလုပ်သင့်သလဲ။ သိုးထိန်းလို နေပါ။ နေရာတကာမှာ သွားပြီး ပါဝင်စွက်ဖက် နေစရာ မလိုပါဘူး။ သိုးထိန်းဖြစ်ရမယ်။ ဒါပေမဲ့ အသင်းတော် အပြင်ဘက် ကလူတွေရဲ့ သိုးထိန်းရော ဟုတ်ရဲ့လား။ ဟုတ်တယ်။ သိုးထိန်းတစ်ပါးဖြစ်တယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ပုံစံနဲ့ စာနာခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနဲ့ ရင်းနှီးကျွမ်းဝင်ခြင်းရှိတဲ့ သိုးထိန်းကောင်းတွေဖြစ်ရပါမယ်။

ဘာသာပြန် - Bro. ထန်းဟာ SJ

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

1 + 9 =