သခင်ခရစ်တော် ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်ပွဲပုပ်ရဟန်းမင်းကြီးမှ မိန့်ကြာ

သခင်ခရစ်တော် ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်ပွဲပုပ်ရဟန်းမင်းကြီးမှ မိန့်ကြာ

သခင်ခရစ်တော် ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်ပွဲပုပ်ရဟန်းမင်းကြီးမှ မိန့်ကြာ

"သခင်ခရစ်တော် ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်ပွဲသည် ကျွန်ုပ်တို့အလယ်၌ သခင်ခရစ်တော် အစဉ်အမြဲတည်ရှိကြောင်းကို အောက်မေ့စေသည်။"ဟု မိန့်ကြားခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီးသည် သခင်ခရစ်တော်ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောပွဲနေ့တွင် Regina Coeli မေတ္တာဆိုပြီးနောက် ယုံကြည်သူ ခရစ်ယာန်များအား သခင်ခရစ်တော်သည် ကျွန်တို့၏ ခွန်အားနှင့်ပျော်ရွှင်ရာ အရင်းအမြစ်အဖြစ် တည်ရှိနေကြောင်း သတိပေးတော်မူခဲ့သည်။

သခင်ခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွတော်မူသည့် ပွဲတော်ကြီးကို ဗာတီကန်၌ လွန်ခဲ့သည် ကြာသပတေးနေ့က ကျင်းပခဲ့ကြသော်လည်း၊ အီတလီနှင့် အခြားသောနိုင်ငံများတွင် ၎င်းပွဲတော်ကို တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ကြသည်။ Regina Coeli မေတ္တာဆိုသည့်နေရာတွင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် (သံမာတေဦး ၂၈း ၁၆- ၂၀)တွင်ဖော်ပြသော သခင်ခရစ်တော်၊ မိမိတပည့်တော်များအား နောက်ဆုံးတွေ့ဆုံခြင်းနှင့် သာသနာပြုရန်အခွင့်အာဏာပေးအပ်ခြင်းကို ထောက်ရှုခဲ့ပါသည်။
" သခင်ခရစ်တော်သည် လူများထံသို့ တာဝန်နှင့်အတူ သူ့နောက်လိုက်သောသူအာလုံးအား ဖိတ်ခေါ်ခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးမှ မှာကြားခဲ့ပါသည်။

တပည့်တော်များအားအပ်နှင်းခဲ့သော တာဝန်များမှား သတင်းကောင်းပြောကြားရန်၊ ဆေးကြောခြင်းပေးရန်နှင့် ဧဝံဂေလိတရားတော်အတိုင်း သခင်မှ ခင်းကျင်းထားသောလမ်း၊ မည်သို့လျှောက်လှမ်းရမည်ကို သင်ကြားရန်တို့ဖြစ်ကြောင်းလည်း မိန့်ကြားခဲ့ပါသည်။

ရဲရင့်သောသက်သေများ
ကယ်တင်ခြင်း၏ သတင်းသည် ခရစ်ယာန်များအား "အဘယ့်ကြောင့် ကျွန်ုပ်တို့ ယုံကြည်ရသည်ကို ရှင်းလင်းပြောပြနိုင်ရန်" သက်သေများဖြစ်ရန်လိုအပ်ကြောင်း၊ ပုပ်ရဟန်းမင်းကြီးမှ မှာကြားတော်မူခဲ့သည်။ သခင်ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်တော်မမူခင် တပည့်တော်များအား မှာကြားသည့် "ငါသည်ကပ်ကမ္ဘာကုန်သည့်တိုင်အောင်သင်တို့နှင့်အတူ ရှိမည်။" ဟူသော နှုတ်တော်ထွက်စကားကို အောက်မေ့သတိရလျက် ကျွန်ုပ်တို့သည် စိတ်ဓာတ်မကျသင့်ကြောင်းလည်း မြွတ်ကြားခဲ့ပါသည်။

အစဉ်အမြဲ နှစ်သိမ့်လျက်
သခင်ခရစ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိနေမည့်အကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ နှစ်သိမ့်ခြင်းနှင် ရှိနေမည့်အကြောင်း ကတိထားခဲ့သည်။ "သခင်ခရစ်တော်နှင့် အဖခမည်းတော် စေလွှတ်သော ၎င်းဝိညာဉ်တော်ဘုရားသည် အပြစ်ခွင့်လွှတ်ခြင်းကို လုပ်ဆောင်၍ နောင်တရသောသူအားလုံးကို အပြစ်မှ သန့်ရှင်းစင်ကြယ်စေကာ ဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်ကို ယုံကြည်စိတ်ချစွာ လက်ခံနိုင်ရန် နှလုံးသားတံခါးဖွင့်ပေးသည်။" ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ရှင်ပြန်ထမြောက်တော်မူသောအရှင်သည် ကျမ်းစာတော်မြတ်၌၊ စက္ကရမင်တူး၌လည်းကောင်းအစ်အမြဲ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုများ၌ ထင်ရှားပြသကဲ့သို့၊ သခင်ခရစ်တော် ကျွန်ုပ်တို့နှင့်အတူ တည်ရှိနေကြောင်း မိန့်ကြားတော်မူခဲ့သည်။ ကောင်းကင်ဘုံသို့ တက်ကြွတော်မူသည့်ပွဲသည် ကျွန်ုပ်တို့အား ကိုယ်တော်သည် ကောင်းကင်ဘုံသို့ အဖခမည်းတော်လက်ျာတော်၌ ဘုန်းဂုဏ်တော်ထင်ရှားစွာစံပယ်ဘို့ရန် တက်ကြွခဲ့သော်လည်း ကျွန်ုပ်တို့နှင့်အတူ ရှိနေကြောင်း၊ ထိုသို့တည်ရှိခြင်းသည်သာလျှင် ကျွန်ုပ်တို့၏ ခွန်အား၊ ဇွဲလုံ့လနှင့် ဝမ်းမြောက်ခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။

နူးညံ့သိမ်မွေ့ခြင်းနှင့် ရဲစွမ်းသတ္တိ
နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် မယ်တော်သခင်မအား ကျွန်ုပ်တို့၏ အသက်တာ၌ မိခင်သဖွယ်ကာကွယ်စောင့်ရှောင့်ရန် တောင်းခံခဲ့လေသည်။ "မယ်တော်သခင်မထံမှ ရှင်ပြန်ထမြောက်တော်မူသောသခင်၏ နိုင်ငံတော်တွင် သက်သေများဖြစ်ရန် နူးညံ့သိမ်မွေ့ခြင်းနှင့် ရဲစွမ်းသတ္တိကို သင်ယူကြပါစို့။ " ဟု မိန့်ကြားခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/2M4QBWi

Add new comment

14 + 1 =