လူတစ်ဦးက စတင်အပြစ်တင် တာနဲ့ပဲ တဖြည်းဖြည်း ဘဝလည်း ခမ်းခြောက် သွားစေတယ်

လူတစ်ဦးက စတင်အပြစ်တင် တာနဲ့ပဲ တဖြည်းဖြည်း ဘဝလည်း ခမ်းခြောက် သွားစေတယ်။

************************************************************************************

ကျွန်ုပ်တို့ရဲ့နေ့စဥ် အသက်တာကို စိတ်ချစွာ မျှော်ကြည့်ပြီး ဝမ်းမြောက်ခြင်းနဲ့စတင်ကာ အသက်ပေါင်းများစွာကို ပျက်ဆီးစေတဲ့အပြစ်တင် တတ်သူတွေ မဖြစ်ပါစေနဲ့။ လူတစ်ဦးက စတင်အပြစ်တင် တာနဲ့ပဲ တဖြည်းဖြည်း ဘဝလည်း ခမ်းခြောက် သွားစေတယ်။ အပြစ်တင်ခြင်းက တစ်ဦးဦးကို အပြစ်မြင်ဖို့ပဲ အမြဲဦးတည်နေတယ်။ မယ်တော်သခင်မ ဧလိဇဘတ်ဆီကို အလည် သွားတဲ့အချိန် သူမဘဝမှာ ဘုရားသခင်ရဲ့ ဝမ်းမြောက်မှု အပြည့်နဲ့သွားခဲ့ပါတယ်။ ကျွန်ုပ်က ဘယ်လိုခြေလှမ်းနဲ့သွားနေသလဲလို့ ကျွန်ုပ်တို့ မိမိကိုယ်ကို မေးကြည့် ကြပါစို့။ ကျွန်ုပ်ဟာ အနေအခြေကို တုံ့ပြန်ဖန်တီးတတ်သူလား ဒါမှမဟုတ် ဝမ်းနည်းညိုးငယ်ခြင်းမှာပဲ နှစ်မွန်း နေတတ် သလား။ ကျွန်ုပ်က မျှော်လင့်ခြင်းနဲ့ ဘဝကို ရှေ့ဆက်နေသလား ဒါမှမဟုတ်ရင် မိမိအတွက် ဝမ်းနည်းပြီး ရပ်တန့်နေပါသလား။ ကျွန်ုပ်တို့ဟာ ညည်းညူ အတင်းပြောရင်းနဲ့ရှေ့ဆက်နေရင် လူတိုင်းကို ဘုရားသခင်ဆီ ကို လမ်းပြပေးနိုင်မှာ မဟုတ်ဘဲ မှောင်မိုက်တဲ့ အရာတွေနဲ့ ခါးသီးမှု တွေပဲ ပွားစေမှာ ဖြစ်ပါတယ်။

✍️ထန်းဟာ,SJ #rvamyanmar #rvapastoralcare #PopeFrancis #PopeFrancisMessage

Add new comment

3 + 1 =