လက်တွေ့ကျတဲ့အရာ တစ်ခုခုကိုရှာပြီး လုပ်ဆောင်ကြပါစို့။

ညီအစ်ကိုမောင်နှမအပေါင်းတို့ လက်တွေ့ကျတဲ့အရာ တစ်ခုခုကိုရှာပြီး လုပ်ဆောင်ကြပါစို့။

*******************************************************************************

အာဒ်ဝင်တူးကာလဟာ ရပ်တန့်ပြီး ခရစ္စမတ်စ်အတွက်ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ ဘယ်လိုပြင်ဆင်ရမလဲ မေးကြည့်ရမဲ့ အချိန်ပါ။ ခဏတာခံမဲ့ လက်ဆောင်ပစ္စည်းတွေနဲ့ အားလုံးကို ပြင်ဆင်ရင်း ကျွန်ုပ်တို့ အလုပ်ရှုပ် နေကြပါတယ်။ ဒါပေမဲ့ သခင်ယေဇူးအတွက်နဲ့ လူအများအတွက် ဘာတွေ လုပ်ဆောင်မလဲ၊ ဘာလုပ်သင့်သလဲလို့ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ မေးကြည့်ပါ။ ကျွန်ုပ်တို့လက်တွေ့ဖြစ်ပျက်နေတဲ့ဘဝနဲ့ သင့်လျော်မဲ့အရာတစ်ခုခု သေးငယ်တဲ့ အရာဖြစ်ဖြစ် ခရစ္စမတ်စ်အတွက် ပြင်ဆင် လုပ်ဆောင် ကြပါစို့။ ဥပမာ- တစ်ယောက်တည်းနေသူကို ခေါ်​စကားပြော၊ ဖျားနာသူနဲ့ သက်ကြီး ရွယ်အိုဆီကိုအလည်သွား၊ ဆင်းရဲသူနဲ့ လိုအပ်နေသူကို ကူညီပေးနိုင်ပါတယ်။ ဆုတောင်းခြင်းကို လစ်လျူရှုတာ ကြာနေခဲ့ရင်လည်း အခုချိန်မှာ သခင်ယေဇူးဆီ ခွင့်လွှတ်ခြင်းတောင်းခံ နိုင်ပါတယ်။ ညီအစ်ကိုမောင်နှမအပေါင်းတို့ လက်တွေ့ကျတဲ့အရာ တစ်ခုခုကိုရှာပြီး လုပ်ဆောင်ကြပါစို့။ ကျွန်ုပ်တို့အားလုံးကို သူမရဲ့ဝမ်းဗိုက်မှာဘုရားရှင်ကိုပဋိသန္ဓေ ဆွဲယူခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ အမိမယ်တော်၊ ကူညီမစ တော်မူပါစေ။

✍️ထန်းဟာ, SJ

#rvamyanmar #rvapastoralcare #PopeFrancis #RvaMyanmarPopeFrancisMessage

Add new comment

4 + 0 =