ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၃) ခုနှစ်၏ ၀ါတွင်းသတင်းစကား ( အပိုင်း ၂ )

ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၃) ခုနှစ်၏ ၀ါတွင်းသတင်းစကား ( အပိုင်း ၂ )

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့

တမန်တော်ကြီးတို့၏ ‘တာဘော်’ တောင်အတွေ့အကြုံဖြစ်သည့် ယေဇူးသခင်အဆင်းပြောင်းလဲ သည့်အပြင် မိုးဇယ်နှင့်ဧလိယတို့ကိုဖူးတွေ့လိုက်ရခြင်းသည် ၄င်းတို့၏တမန်တော်ဘ၀ကိုပို၍လေးနက်စေသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် အမှန်တကယ် တရားဥပဒေကျမ်နှင့်ပရောဖက်ကျမ်း များ၌ဖော်ပြထားသူအစစ်အမှန်ဖြစ်သည်ကိုပို၍လေးနက်ခိုင်မာသွားစေခဲ့သည်။ (သံမာတေဦး ၁၇း၃) ယေဇူး သခင်၏သစ်လွင်ခြင်းသည် ဓမ္မဟောင်းကာလ၏ဟောထားချက်များ၊ ကတိစကားများပြည့်စုံခြင်းဖြစ်သည်။ ဓမ္မဟောင်း၏ကြိုတင်ဟောထားချက်နှင့်ကတိစကားများသည် ဘုရားသခင်မိမိလူမျိုးနှင့်ဆက်ဆံခဲ့သည့်သမိုင်းကြောင်းနှင့်ခွဲထုတ် ၍မရသကဲ့သို့ ထိုအဓိပ္ပါယ်ကိုပိုမိုလေးနက်စေသည်။ ထို့အတူပင် ‘ဆီနော့’ ခရီး၌ လည်း သာသနာတော်ကြီး၏ ထုံးတမ်း စဉ်လာ၌အမြစ်တွယ်နေသည်။ ထို့အတူအသစ်သောလမ်းကြောင်ကိုလည်းဖွင့်လှစ်ပြသည်။ ထုံးတမ်းစဉ်လသည် မှန်ကန်သောစိတ်ဓာတ်ဖြင့် လမ်းကြောင်းအသစ်ကိုရှာဖွေရန်၊ ဆန့်ကျင်ဖက်အနှောက်အယှက်များကိုရှောင်ရှားရန်နှင့်လက်တွေ့မကျ သောဖန်တီးစမ်းသပ်မှုများကိုရှောင်ရှာရန်ဖြစ်သည်။

၀ါတွင်း၏အပြစ်ဒဏ်ဆပ်ဖြေခြင်းခရီးနှင့်ဆီးနော့ခရီးသည် ယေဇူးသခင်၏အဆင်းပြောင်းလဲခြင်းနှင့်ဦးတည်ချက်ဖြစ်သော ကိုယ်တိုင်နှင့်သာသနာ၏အတွေ့အကြုံနှင့်တူပါသည်။ အခြေအနေနှစ်ခုလုံး၏ ပြောင်းလဲမှု၌ အဆင်းပြောင်းလဲသောအဓိကပုဂ္ဂိုလ်ဖြစ်သောယေဇူးသခင်ဖြစ်နေပြီး၊ ကိုယ်တိုင်နှင့်သာသနာ တော်ကြီးအဆင်းပြောင်းလဲရန်မှာနက်နဲသောပါစကားကောင်းချီးဖြင့်သာရနိုင်သည်။ ယေဇူးသခင်၏အဆင်း ပြောင်းလဲခြင်းသည် ယခုနှစ်၌အမှန်တကယ်ဖြစ်လာစေရန် လမ်းစဉ်နှစ်ခုကိုအကြံပြုလိုက်ပါသည်။ ထိုအကြံပြုချက်ကား ယေဇူးသခင်နှင့်အတူတောင်ပေါ်သို့တက်သွားရန်နှင့်သူနှင့်အတူဦးနည်ချက်ကိုအရယူရန်ဖြစ်ပါသည်။

ပထမလမ်းစဉ်ကား တောင်ပေါ်၌ယေဇူးသခင်အဆင်းပြောင်းလဲသည်ကိုကြည်ရှုခံစားနေစဉ် ခမည်းတော်ဘုရားမှ တပည့်တော်ကြီးတို့အားမိန့်ကြားသည့်အတိုင်လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုမိန့်ကြားချက်ကား ‘သူ့အားနာခံလော့’ ဟုဖြစ်သည်။ (သံမာတေဦး ၁၇း၅) ဤတိုက်တွန်ချက်သည် လွန်စွာရှင်လင်းပါ သည်။ ယေဇူးသခင်ကို ကျွန်ုပ်တို့နာခံရမည်။ ၀ါတွင်းကာလသည် ကျေးဇူးတော်အချိန်ကာလဖြစ်သည်။ ထို့ ကြောင့် ယေဇူးသခင်မည်သည့်အရာ၊ အဘယ်သို့မိန့်ကြားသည်ကိုနားထောင်ရမည်။ ယေဇူးသခင်ကိုနား ထောင်ရန်မှာ ပထမဦးစွာ နေ့စဉ်အမိသာသနာ၏၀တ်ပြုခြင်း၌ဖတ်ကြားထောက်ရှုသော ဘုရားသခင်၏ အသက်ပေးနှုတ်တော်ထွက်စကားအားဖြင့်ဘုရားသခင်အားနားထောင်နိုင်သည်။ ထိုဘုရားသခင်၏နှုတ် တော်ထွက်စကားသည် ပင်းနေသောနားထဲသို့ရောက်မသွားစေပါနှင့်။ နေ့စဉ်မစ္ဆားတရားမပါ၀င်မပူဇော်နိုင်ပါကလည်း နေ့စဉ်သမ္မာကျမ်းစာအားဖတ်မှတ်လေ့လာကြပါစို့။ အဘယ်သို့လေ့လာရမည်ကိုမသိပါက အင် တာနက်၏အကူအညီကိုရယူပါ။ သမ္မာကျမ်းစာနှင့်စပ်လျင်း၍ဖြည့်စွက်ရမည်ဆိုပါက ယေဇူးသခင်သည် ကျွန်ုပ်တို့၏၀န်းကျင်၌ အတိဒုက္ခအမျိုးမျိုးရောက်နေသူများ၊ အကူအညီလိုအပ်နေသော ကျွန်ုပ်တို့၏ညီအစ် ကိုမောင်နှမများအားဖြင့်မိန့်ကြားလျှက်ရှိသည်။

ဆီးနော့အတွက် အတော်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုထပ်ပြောကြပါစို့။ ခရစ္စတူးသခင်ကိုနားထောင်ခြင်းသည် သာသနာအတွင်းရှိ ကျွန်ုပ်တို့၏ညီအစ်ကို မောင်နှမတို့အားနားထောင်ခြင်းပင်ဖြစ်သည်။ အချင်းချင်လေးစားနာထောင်တတ်ခြင်းသည် ပန်းတိုင်သို့ဦး တည်ရန်အတွက် အခြေခံအဆင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ‘ဆီးနော့’ လမ်းစဉ်၊ သဘောတရားနှင့် သွေဖီမသွားပေ။

ခမည်းတော်ဘုရား၏အသံကိုကြားလိုက်ရသောတမန်တော်တို့သည် ကြောက်စိတ်များလွှမ်းမိုးသွား ၍မြေပေါ်သို့ပြားပြား၀ပ်တွားခဲ့ကြသည်။ သို့သော်ယေဇူးသခင်သည် ၄င်းတို့အားတို့ထိပုပ်နှိုးလိုက်ပြီး ထကြ လော့။ မကြောက်ကြနှင့် ဟုမိန့်ကြားလိုက်သည်။ တမန်တော်ကြီးများမျက်စိဖွင့်ကြည့်လိုက်ကြသောအခါ ယေဇူးသခင်မှတစ်ပါးအခြားသူတစ်ဦးတစ်ယောက်ကိုမျှမတွေ့ရတော့ပေ။ (သံမာတေဦး ၁၇း၆-၈) ဤအ ချက်ကား ဒုတိယအချက်ဖြစ်သည်။ ၀ါတွင်းကာလကို ထူးခြားသောဘာသရေးအဆောင်
အယောင်များကြား ၌နစ်မြှုပ်မနေရန်နှင့်လွန်စွာစိတ်ထိခိုက်ခံစားရသောပုံစံမျိုး၌သာယာမနေရန်ဖြစ်သည်။ အဘယ်ကြောင့်ဆို သောသမာရိုးကျကျင့်စဉ်များနှင့်အသားကျပြီး ထိုအခြေအနေမှရုန်းထွက်ရန်ကြုံရမည့် ဒုက္ခ၊ အခက်အခဲများ၊ ဆန့်ကျင့်ဘက်အခြေအနေများကိုရင်ဆိုင်ရန်ကြောက်ရွံ့နေတတ်သည်။ ယေဇူးသခင်တမန်တော်ကြီးတို့အား ထွန်းလင်းပေးလိုက်သောအလင်းသည် ‘ပါစကားဘုန်းတော်အလင်း’ ၏ရှေ့ပြေးနိမိတ်ဖြစ်သည်။ ထိုအတွေ့ အကြုံသည် ကျွန်ုပ်တို့တစ်ဦးစီဘ၀၌ သူ့နောက်သို့တစ်ဦးတည်းလိုက်ရင်း ကြုံတွေဖြတ်သန်းရမည်ခရီးဖြစ်သည်။ ၀ါတွင်းသည် ပါစကားဆီသို့ဦးတည်သည်။ နောက်ဆုတ်ခြင်သည် နိဂုံးမဟုတ်။ ယေဇူးသခင်၏ ဒုက္ခခံခြင်းနှင့်ကားတိုင်တော်ကိုယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းဖြင့်ခံထမ်းရန်ပြင်ဆင်ပေးသောကာလဖြစ်သည်။ သို့မှသာ ရှင်ပြန်ထမြောက်ခြင်းကိုတွေ့ကြုံခံစားရမည်။ ဆီးနော့ ခရီး၌ အကယ်၍ဘုရားသခင်သည်ကျွန်ုပ်တို့အား လွန်စွာအင်အားကြီးမားသောပေါင်းစည်းခြင်းကျေးဇူးတော်ကိုပေးသနားသောအခါ ပန်း တိုင်ရောက်ပြီဟုတွေး၍မပျော်နှင့်။ ထိုအခြေအနေလည်းကိုယ်တော်ရှင်က ‘ထလော့။ မကြောက်နှင့်’ ဟုထပ်မံမိန့်ကြားလာပေမည်။ ကျွန်ုပ်သို့တောင်ခြေသို့ဆင်းသွားကြပါစို့။ တောင်ပေါ်၌တွေ့ကြုံခဲ့ရသောအတွေ့ အကြုံသည် ‘ဆီးနော့’ ခရီးကိုလျှောက်လှမ်းစဉ်သွေးခြောက်ကုန်ခန်းသွားသောရေ၊ အားအင်ကိုပြန်လည်စွတ်စိုစေသည့် ‘အ၀ီစိ’ အဖြစ်ကျွန်ုပ်တို့၏အသင်းအဖွဲ့အတွက်ပြန်လည်ပေးဆက်ကြပါစို့။

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့

သန့်ရှင်းသော၀ိညာဉ်တော်သည် သင်တို့အားကောင်းမှုပြုလိုစိတ်တိုးပွားစေပါ။ ဤ၀ါတွင်းကာလ၌ လည်း ယေဇူးသခင်နှင့်အတူတောင်ပေါ်တက်ရောက်နိုင်သောခွန်အားပေးစေတော်မူပါ။ သို့မှသာ ယေဇူးသ ခင်၏ထွန်းလင်းတောက်ပသောရောက်ခြည်ကိုတွေ့ကြုံခံစားရမည်။ ယုံကြည်ခြင်း၌မြဲခိုင်ကြမည်။ သူနှင့်အ တူပြုသောခရီးကိုလည်းစိတ်အားထက်သန်စွာပြုပေမည်။ သူ့လူမျိုးတော်နှင့်လူမျိုးအသီးသီး၏အလင်းတော်၊ ဘုန်းတော်သည်ထွန်းလင်းနေပေမည်။

မှတ်ချက်။ ။ဤစာကို ရောမမြို့၊ စိန့်ဂျွန်လေတာရင်ဘာစီးလီကာ၌ (ဇန္န၀ါရီလ ၂၅၊ ၂၀၂၃) စိန့်ပေါလ်အကျင့်ပြောင်းလဲသည့်ပွဲနေ့၌ထုတ်ပြန်ခဲ့သည်။

 

 

Photo courtesy : Google images

 

Add new comment

4 + 6 =