ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၃) ခုနှစ်၏ ၀ါတွင်းသတင်းစကား ( အပိုင်း ၁ ) 

ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၃) ခုနှစ်၏ ၀ါတွင်းသတင်းစကား ( အပိုင်း ၁ ) 

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့

သံမာတေဦး၊ သံမာကုနှင့်သံလုကာဧ၀ံဂေလိကျမ်းရေးပုဂ္ဂိုလ်သုံးပါးလုံးသည် ယေဇူးသခင်၏အဆင်း သဏ္ဍာန်ပြောင်းလဲသည့်အကြောင်းကိုထည့်သွင်းရေးသားထား သည်။ ထိုအကြောင်းအရာဖော်ပြချက်၌ ယေဇူးသခင်သည် သူ၏အဖြစ်တော်အမှန်ကိုကောင်းစွာနားမလည်သောတပည့်တော်ကြီးတို့အားပြန်လည်တုန့် ပြန်ခဲ့သည်ကိုဖတ်ရှုနိုင်ပါသည်။ ထိုတုန့်ပြန်မှုကား စီမွန်ပေတရုမှဆရာသမား၏အဖြစ်ဇာတိတော်အမှန်ဖြစ် သော ‘ဘုရားသခင်၏ခရစ္စတူး’ ဖြစ်ကြောင်း၀န်ခံထွက်ဆိုပြီးနောက်များမကြာမီ၌ ယေဇူးသခင်ကသူ၏ဒုက္ခခံခြင်း၊ သေခြင်း၊ ရှင်ပြန်ထမြောက် ခြင်းအကြောင်းကိုမိန့်ကြားလိုက်ရာ စီမွန်ပေတရုကသူ၏၀န်ခံချက်ကိုလုံး၀ဆန့်ကျင်နေသောတုန့်ပြန်မှုကိုပြုခဲ့သည်။ ထိုအခြေအနေကိုယေဇူးသခင်သည် အဘယ်သို့မျှလက်သင့်ခံလစ်လျူရှူထား၍မရသောကြောင့် ချက်ချင်းပင် ‘စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည်ငါ့အတွက် အဟန့်အတားတစ်ခုဖြစ်သည်။ သင်သည်ဘုရားသခင်၏အလိုတော်နှင့်အညီမတွေးဘဲ လူ့အလိုနှင့်တွေးတော်သည်’ ဟုမိန့်ကြားခဲ့သည်။

(သံမာတေဦး ၁၆း၂၃) ဤသို့ဖြစ်ပျက်ပြီး (၆) ရက်လွန်သောအခါ ယေဇူးသခင်က ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုခေါ်၍မြင့်မားသောတောင်တစ်ခုသို့တက်သွားလေ၏’ (သံမာတေဦး ၁၇း၁)

ယေဇူးသခင်၏အဆင်းသဏ္ဍာန်ပြောင်းလဲခြင်းဖြစ်စဉ်သည် နှစ်စဉ်၀ါတွင်းကာလ (၂) ပတ်၌ဖတ်ရှုလေ့ရှိသည်။ ဤ၀တ်ပြုခြင်းအချိန်ကာလ၌ ယေဇူးသခင်သည် ကျွန်ုပ်တို့အားသီးသီးသန့်သန့်နေရာတစ်ခုဆီ သို့ခေါ်ဆောင်သွားလေ့ရှိသည်။ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာနှင့်လှုပ်ရှားမှုများသည် ကျွန်ုပ်တို့အားနေရာရွေ့ခြင်းမပြုဘဲ ရှိမြဲအတိုင်းသာဆက်လက်ရှိရန်ဖန်တီးနေသည်။ နေ့စဉ်ရက်စက်လုပ်ရကိုင်ရသောအလုပ် များကြောင့် တစ်ခါ တစ်ရံ၌ငြီးငွေ့လာတတ်သည်။ ထို့ကြောင့်၀ါတွင်းကာလ၌ ယေဇူးသခင်သည် သူနှင့်အတူကျွန်ုပ်တို့အား မြင့်မားသောတောင်ပေါ်သို့တက်သွားရန်ဖိတ်ခေါ်နေသည်။ ထိုနေရာ၌ ၀ိညာဉ်ရေးဆိုင်ရာကျင့်စဉ်များကိုကျင့်ကြံရှင်သန်ပြီး ဘုရားသခင်၏ သန့် ရှင်းသောလူမျိုးတော်အဖြစ်ခံစားကြရန်ဖြစ်သည်။

၀ါတွင်းကာလ၏ခြိုးခြံကျင့်ကြံအားထုတ်ခြင်းသည် ဆက်ကပ်ခြင်းတစ်မျိုးဖြစ်သည်။ ကျေးဇူးတော် ၏ဖေးမမှုကိုခံရကာ ယုံကြည်ခြင်းမဲ့ပြီး ယေဇူးသခင် ၏ကားတိုင်ထမ်းလျှောက်ရာနောက်သို့လိုက်ရန် တင်း မာနေမှုများကိုအောင်မြင်ကျော်လွှားရန်ဖြစ်သည်။ ဤအခြေအနေသည် ပေတရုနှင့်အခြားသောတပည့်တော်ကြီးတို့ မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည်။

ယေဇူးသခင်အကြောင်း နက်ရှိုင်းစွာသိရန်၊ ပြည့်၀စွာ နားလည်ရန်၊ နက်နဲသောသူ၏ကယ်တင်ခြင်းကိုပွေ့ပိုက်ရန်မှာသူ၏ချစ်ခြင်း၌မိမိတို့ကိုယ်ကိုလုံး၀ဥသုန်အပ် နှံရန်နှင့်သူ၏လမ်းပြခေါ်ဆောင်မှုကိုလက်သင့်ခံရန်၊ ကျွန်ုပ်တို့ကိုယ်ကိုမတည်မြဲသောအရာများ၌စွဲလန်းကပ်ညှိနေခြင်းမှဖြတ်တောက်နိုင်ရမည်။ ကျွန်ုပ်တို့သည် တောက်တက်ခရီးဆက်ရန်လိုသည်။ လုံးလ၊ အား စိုက်ထုတ်ရန်၊ စွန့်လွှတ်ရန်၊ အာရုံစူးစိုက်ထားရန်လိုသည်။ ဤလိုအပ်ချက်များသည် ‘ဆီနော့ဒ်’ အတွက်လည်းအရေးပါသည်။ သာသနာတော်ကြီးအနေဖြင့် လုပ်ဆောင်ရန်ဆက်ကပ်ထားကြသည်။ ၀ါတွင်းကာလ၏အပြစ်ဒဏ်ဆပ်ဖြေခြင်းနှင့်ဆီးနော့ဒ်အတွေ့အကြုံများ၏ပတ်သက်ဆက်နွယ်မှုများကိုစေ့စေ့ထောက်ရှုပါကအကျိုးများသည်။

ယေဇူးသခင်နှင့်တပည့်တော်ကြီးတို့သည် ‘တာဘော်’ တောင်ပေါ်မှဆင်းလာကြသောအခါ တပည့် တော်ကြီး (၃) ပါးတို့အား သူမတူသောအဖြစ်မပျက်ကိုမျက်မြင်သက်သေများအဖြစ်ရွေးချယ်ခဲ့သည်။ ထိုကျေးဇူးတော်အခြေအနေကိုအခြားသူများအား‌ေ၀မျှစေလိုသည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းအသက်တာ၏ အတွေ့အကြုံကို‌‌ေ၀မျှရန်ဖြစ်သည်။

အတူတကွရှိနေခြင်း၌ ကျွန်ုပ်တို့သည် ယေဇူးသခင်နောက်သို့လိုက်ကြ သည်။ ခရီးသွားဖော်များအဖြစ် ဘ၀၌ကိုယ်တော်ရှင်ပေးသနားလာသောသူများနှင့်အတူယှဉ်တွဲလျှောက်လှမ်းရမည်။ တောင်ပေါ်သို့တက်သွားသော ယေဇူးသခင်နှင့်တမန်တော်ကြီးများကဲ့သို့ ကျွန်ုပ်တို့၏၀ါတွင်းကာလ၏၀ိညာဉ်ရေးခရီးသည် ‘ဆီနော့’ (အတူတကွလျှောက်လှမ်းခြင်း) ခရီးဖြစ်သည်။ အဘယ်ကြောင့်ဆို သော် ဆရာ (ယေဇူးသခင်) နှင့်တပည့်တို့သည်လမ်းခရီး တစ်ခုတည်းကိုအတူလျှောက်လှမ်းခဲ့သည်။ ယေဇူးသခင်ကိုယ်တော်တိုင်သည် လမ်ခရီးဖြစ်သည်။ ထို့ကြောင့် ၀တ်ပြုခြင်းခရီးလမ်း၊ ဆီးနော့ခရီးလမ်း၌ သာသ နာအနေဖြင့်အခြားမည်သည့်အရာမျှလုပ်ဆောင်မနေဘဲ ကယ်တင်ရှင်ခရစ္စတူးသခင်၏နက်နဲရာ၌နက်ရှိုင်း၍ ပြည့်၀ နီးကပ်စွာပါ၀င်ရန်သာကြိုးစားရပေမည်။

ယခုထိုအခြေအနေ၏အထွတ်အထိပ်သို့ရောက်ရှိလာပြီဖြစ်သည်။ ဧ၀ံဂေလိကျမ်းစာတော်မြတ်က ယေဇူးသခင်သည် တမန်တော်ကြီးများ၏ ရှေ့မှောက်၌ အဆင်းပြောင်းလဲတော်မူသည်။ သူ၏မျက်နှာတော် သည်နေမင်းကဲ့သို့လည်းကောင်း၊ ၀တ်လုံတော်သည်အလင်းကဲ့သို့ထွန်းလင်းတောက်ပသည်ဟုဆိုပါသည်။ (သံမာတေဦး ၁၇း၂) ဤဖော်ပြချက်သည် ပြုနေသောခရီးလမ်း၏ အရေးကြီးဆုံးအဆင့်သို့ရောက်ရှိနေခြင်းဖြစ်သည်။ တောင်ပေါ်သို့တက်သွားပြီးနောက် မြင့်မားလှသောတောင်ပေါ်၌ယေဇူးသခင်နှင့်အတူရှိနေခဲ့သည်။ ယေဇူးသခင်၏ဇာတိအဖြစ်တော်နှင့်ဘုန်းတော်အစစ်အမှန်ဖြစ်သည် ဖော်ပြမရသောသဘာထက်လွန်ကဲသောဖြစ်စဉ်ကိုမြင့်တွေ့ခွင့်ကျေးဇူးခံစားခဲ့ရသည်။ ထိုအလင်းတော်သည် ပြင်ပမှ၀င်ရောက်လာခြင်းမဟုတ်ဘဲ ယေဇူးသခင်၏ကိုယ်တော်မှဖြာထွက်လာခြင်းဖြစ်သည်။ ဤထူးဆန်းအံ့ဖွယ်လှသောဘုရားသ ခင်လှပသောမြင်ကွင်းတော်သည်မည်သည့်အရာနှင့်မျှနှိုင်းယှဉ်မပြနိုင်သောအတွေ့အကြုံကိုတပည့်တော်ကြီးတို့ကြုံတွေ့ခဲ့ရသည်။ ခက်ခဲကြမ်းတမ်းသောတောင်တက်ခရီး၌ ကျွန်ုပ်တို့သည်လမ်းခရီးကိုအာရုံထားရမည်ဖြစ်သည်။ တောင်တက်ခရီး၏ အဆုံးသတ်၌ လှပသောရှုခင်းများသည်ကျွန်ုပ်တို့၏ပင်ပန်းမှုများကိုအမောပြေစေမည်ဖြစ်သည်။ ထို့အတူ ‘ဆီးနော့’ ခရီးသည်လည်း ခက်ခဲပင်ပန်းနွမ်းလျှစေမည်။ တစ်ခါတစ်ရံ စိတ်ဓာတ်ကျလာမည်။ သို့သော် ထိုရုန်းကန်မှု၏အဆုံးသတ်၌ စောင့်ဆိုင်းနေမည့်ဆုသည် ဖော်မပြနိုင်၊ ပေး ဆက်ခဲ့သည်ထက်ပင်ပို၍ကြီးမားအံ့အားသင့်စေသည်။ ထိုဆုသည် ဘုရာသခင်၏အလိုတော်ကိုပိုမိုနားလည်လာရန်၊ သူ၏နိုင်ငံတော်အတွက်ကျွန်ုပ်တို့၏အလုပ်ကျွေးပြုမှုများကိုပိုမိုနားလည်လာစေသည်။

မှတ်ချက်။ ။ဤစာကို ရောမမြို့၊ စိန့်ဂျွန်လေတာရင်ဘာစီးလီကာ၌ (ဇန္န၀ါရီလ ၂၅၊ ၂၀၂၃) စိန့်ပေါလ်အကျင့်ပြောင်းလဲသည့်ပွဲနေ့၌ထုတ်ပြန်ခဲ့သည်။

 

Photo courtesy : catholic striving for holiness

Add new comment

2 + 1 =