ရဟန္တာများသည် တန်ဖိုးအနဂ္ဃထိုက်သည့် ပုလဲရတနာများ ပင်ဖြစ်ကြပြီး အချိန်နှင့်အမျှ အမြဲရှင်သန် လျက်ရှိကြသည်

ရဟန္တာများသည် တန်ဖိုးအနဂ္ဃထိုက်သည့် ပုလဲရတနာများ ပင်ဖြစ်ကြပြီး အချိန်နှင့်အမျှ အမြဲရှင်သန် လျက်ရှိကြသည်

စင်ကြယ်မြင့်မြတ်မှုကို ဧကန်အမှန်တကယ်ဖြစ်စေရန်နှင့် အဆင့်မြှှင့်တင်ရန် အတွက် လမ်းကြောင်းများကို နက်ရှိုင်းစေရန် ရည်ရွယ်ပြီး ရဟန္တာတင်မြှောက်ရေး ဒီကာစရီအဖွဲ့ကြီးက စင်ပိုစီယမ် အစည်းဝေးကြီး ကျင်းပခဲ့ပြီး " ယနေ့ခေတ် သန့်စင်မြင့်မြတ်ခြင်း" နှင့် " နည်းဗျူဟာတခုကို တင်သွင်းခြင်း" ဟူသည့် ခေါင်းစဉ်များအပေါ် အထူးအလေးပေး ရွေးချယ်ခဲ့သည်။

အထူးသဖြင့် ဘုရားရှင်​၏သားသမီးများတွင် စင်ကြယ်မြင့်မြတ်ခြင်း အတွက် တထူးတခြား နာမည် ကျော်ဇောသည့် ယုံကြည်သူသားသမီးများကို ရဟန္တာတင်မြှောက်ရာတွင် " မည်သူ့ကို မည်ကဲ့သို့" ရွေးချယ် ရမည်ကို ခွဲခြား သတ်မှတ်နိုင်ရန် ရည်ရွယ်လျက် ၃ ရက်တာ ညီလာခံကြီးကို ကျင်းပခဲ့ခြင်း ပင်ဖြစ်သည်။

စင်ကြယ်မြင့်မြတ်ခြင်းသို့ ခေါ်တော်မူခြင်းကို ပြန်လည် တင်ပြတောင်းခံခြင်း

ပါပါးဖရန်စစ်က စုဝေးသဘင်သို့ တက်ရောက် လာကြသည့် ပရိသတ်ကြီးနှင့် တွေ့ဆုံစဉ်" ဤစင်ပိုစီရမ် အတွက် ရွေးချယ်ထားသည့် ဆောင်ပုဒ်သည် The Apostolic Exhortation et exsultate " အဖွဲ့ကြီး​၏ လိုအင်ဆန္ဒကို ရောင် ပြန်ဟပ်စေသည့် " ကျွန်ုပ်တို့​၏ ခေတ်ကာလ အခြေနေတွင် စင်ကြယ်မြင့်မြတ်ခြင်းသို့ ခေါ်တော်မူခြင်းနှင့်ပါတ်သက်၍ လက်တွေ့ကျသော နည်းလမ်းတခု ကို ပြန်လည် တင်ပြတောင်းဆိုရန် " ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"စကြဝဠာလုံးဆိုင်ရာ စင်ကြယ်မြင့်မြတ်ခြင်းသို့ ခေါ်တော်မူခြင်း " ဆိုသည်မှာ ဒုတိယဗာတီကန်ကောင်စီ​မှ သင်ကြားခဲ့သည့် ဗဟိုချက်မပင်ဖြစ်ပြီး ၊ဘုရားရှင်​၏ မြင့်မြတ်သောလူမျိူး
နွယ်စု​၏ နေ့စဉ်ဘဝသက်တာတွင် တည်ရှိနေသည့် သန့်ရှင်းစင်ကြယ်ခြင်းကို မြတ်နိုးရန်အရေးကြီးကြောင်း သတိထားမိစေရန်" သူ​၏ မိန့်ခွန်းတွင် ရဟန်းမင်းကြီးက ထောက်ပြပြောဆိုခဲ့သည်။

သမ္မာတရားတော်မြတ်၌ ပြည့်ဝစွာ အသက်ရှင်နေထိုင်ခြင်းသည် ဖြစ်နိုင်ရုံသာမက ထိုက်တန်သည့် ဆုလဒ်ပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ သတိပြုဆင်ခြင်နိုင်စေရန် အလို့ငှာ "ဤအလယ်တန်းအဆင့် စင်ကြယ်မြင့်မြတ်မှု များအနက်မှ " စံပြပုဂ္ဂိုလ်များ ၊ ကြားဝင်ပန်ကြားပေးသူများ ဆရာများ" ကို ရဟန္တာများ၊ မြင့်မြတ်သူများအဖြစ် အသင်းတော်ကြီးမှ တင်မြှောက် ရွေးချယ်ကိုးစားလျက်ရှိသည်။

ဂျွန်ပေါလ် l ၊ ကားလ်လို့စ် အာကူးတက်စ် ၊ စိန့်ဖရန်စစ် အစီစီ ကဲ့သို့သော ရဟန္တာများနှင့် သန့်ရှင်းမြင့်မြတ်သူများ​၏ ဘဝတို့သည် ဘုရားရှင်​၏ ချစ်ခြင်းကို သိမှတ်ခံစားလျက် ကိုယ်တော် ရှင်​၏ ချစ်ခြင်းနှင့် သနားကြင်နာခြင်းကို လွတ်လပ်စွာ ရရှိခံစားလျက် ပျော်ရွှင်ဖွယ်ရာဘဝများကို ဦးတည် နေထိုင်နိုင်ခဲ့ကြောင်း ပါပါးဖရန်စစ်က အထူးအလေးပေးပြောကြားခဲ့သည်။

စင်ကြယ်မြင့်မြတ်မှုအတွက် ကျော်ကြားခြင်းကိုအသိအမှတ်ပြုခြင်း

"သန့်ရှင်းစင်ကြယ်ခြင်းသည် ခိုင်မြဲသောခရစ် ယာန်လူမှုအသိုင်းဝိုင်း နေထိုင်မှု ဘဝများမှထွက်ပေါ်လာပြီး တမူထူးခြားထင်ရှားသည့် သတိပြုမိဖွယ်ရာ စံပြဖြစ်၍ ဧဝံဂေလိတရားတော်ကို သက်သေခံရာတွင် ထူးချွန်သည့် ဘဝမျိူး အစဉ်အမြဲ ရှိကြပါသည် "ဟု ရဟန်းမင်းကြီးက ပြောဆိုခဲ့သည်။ "သို့သော်ငြားလည်း ဤမြင့်မြတ်ခြင်းသည် ဆက်တိုက် မယိုင်မလဲ တည်ကြည်ခိုင်မြဲပြီး ခရစ်ယာန်ဘဝသက်တာ တလျောက်လုံးတွင် ထင်ရှားသည့် အစိတ်အပိုင်းအနေနှင့် ကြံ့ခိုင်မြဲမြံ ကြောင်း သက်သေပြနိုင်ရန် လိုအပ်ပေသည်ဟု" ပါပါးဖရန်စစ်က ဆက်လက်ပြောကြားခဲ့သည်။ ထင်ရှားသည့် တန်ခိုးအံ့ဘွယ်ရာများ ပါဝင်ရသည့် စမ်းစစ်ခြင်း ပြုရာတွင် ချဲ့ကားခြင်း
နှင့် အဓိပ္ပာယ်ကောက် လွဲခြင်း တို့မှ ကင်းရှင်းနိုင်ရန် ခေတ်မီကမ္ဘာကြီး က ပြုလုပ်ရန် လိုအပ်ပေသည်။

ရဟန္တာများသည် အမြဲပင် တန်ဖိုးကြီးမားသည့် ပုလဲရတနာများပင်

"ရဟန္တာများသည် တန်ဖိုးကြီး ပုလဲရတနာများပင် ဖြစ်ကြောင်း "ပါပါးဖရန်စစ်က တိုက်တွန်းပြောကြားခဲ့သည် ။ထိုသူတို့သည် အချိန်နှင့်တပြေးညီ အစဉ်အမြဲ ရှင်သန်လျက် ရှိပြီး မည်သည့် အခါမျှ ထိုသူတို့​၏ အရေးပါမှုသည် ဆုံးရှုံးပျောက်ကွယ်သွားမည် မဟုတ်ချေ၊ " ထိုသူတို့​၏ စံနမူနာများသည် ကျွန်ုပ်တို့ အချိန်ကာလရှိ အမျိူးသား နှင့် အမျိူးသမီး ထု တို့​၏ စိတ်သဘောထားကို အလင်းပေးနိုင်လိမ့်မည်ဖြစ်ပြီး ယုံကြည်ခြင်းကို ပြန်လည် ရှင်သန်စေကာ ဧဝံဂေလိတရားတော်မြတ်​၏ လှပမှု သို့ ဆွဲဆောင်ခံရခြင်းကို လည်း လူတိုင်းခံစားမိစေလျက် မျှော်လင့်ခြင်းအသက်တာနှင့် အတူ ဂရုဏာရေးလုပ်ငန်းများ တောက်လောင်မှု့ဖြင့် စိတ်ပျက်ခြင်း နှင့် အဓိပ္ပာယ်မဲ့ခြင်းများ ကြီးစိုးနေသည့် ကမ္ဘာကြီး အလယ်တွင် လျောက်လှမ်းသွားစေ နိုင်ကြောင်း" ပါပါးက အလေးပေးမြွက်ကြားခဲ့သည်။

"ဆုတောင်းမေတ္တာနှင့်ပြည့်ဝနေသော မျှော် လင့်ချက်ဖြစ်သည့် သင်တို့​၏ စင်ပိုစီရမ်အစည်းဝေးကြီး​၏ တင်ပြတောင်းဆိုမှုနှင့် မျှော်မှန်းချက်များ သည် အသင်းတော်ကြီးကို အထောက်အကူ ပေးပါလိမ့်မည်၊ အသင်းတော် လူ့အသိုင်းဝိုင်း တခုလုံး အနေနှင့် လည်း မည်သည့်အခါမျှ ရပ်စဲသွားမည် မဟုတ်သည့် ဘုရားရှင်မှ ချလောင်းပေးသနားသည့် စင်ကြယ်မြင့်မြတ်ခြင်း ဝိသေသ လက္ခဏာများကို တွေးတောဖွယ် မလိုအပ်သည့် နည်းလမ်းများ အစဉ်အမြဲ ရှိနေသည်ကို သတိပြုဆင်ခြင် မိကြောင်း" ပါပါး ဖရန်စစ်က ပြောကြားရင်း ၎င်း၏ တရားကို အဆုံးသတ်ခဲ့သည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3TdpXv6

Add new comment

2 + 8 =