ယေဇူးသခင်သည် ကျွန်ုပ်တို့၏နံဘေး၌ဆက်လက်၍ခရီးပြုနေသည်။

ယေဇူးသခင်သည် ကျွန်ုပ်တို့၏နံဘေး၌ဆက်လက်၍ခရီးပြုနေသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ကမ္ဘာ့လူငယ်များနေ့အခမ်းအနားသို့ရောက်ရှိနေသော လူငယ်များနှင့်အတူ ယေဇူးသခင်၏ဒုက္ခကားတိုင်လမ်းလျှောက်ခဲ့သည်။ အချို့သောကက်သလစ်လူငယ်များသည် ၄င်းတို့ ၏ဘ၀၌အကြိမ်ကြိမ်လျှောက်လှမ်းခဲ့ဖူးသကဲ့သို့ အချို့မှာမူတစ်ခါမျှ (သို့) မပြီးမပြတ်နှင့်စိတ်မပါ့တစ်ပါနှင့်ပြုလုပ်ခဲ့သည်များလည်းရှိနိုင်သည်။ ထို့ကြောင့် ရဟန်းမင်းကြီးက ‘ယနေ့သင်တို့သည် ယေဇူသခင်နှင့်အတူ လျှောက်လှမ်းမည်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့နှင့်အတူရှိနေစဉ် လမ်းလျှောက်ခဲ့သည်။ မကျန်းမမာသူများအားကုသမှုကိုပြုခဲ့သည်။ ချို့တဲ့နွမ်းပါးသူများအားဂရုစိုက်ပေခဲ့သည်။ မတရားမှုမျကိုလည်း တရားမျှတအေင်ပြုလုပ်ပေးခဲ့သည်။ တရားဒေသနာဟောကြားခဲ့သည်။ ကျွန်ုပ်တို့ကိုလည်းသွန်သင်သည်။ ၄င်းတို့အနက် ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ထွင်းထုစွဲထင်နေသောအရာကား ‘ကယ်တင်ခြင်း၏ကားတိုင်တော်လမ်း’ ဖြစ် သည်။ ထိုလမ်းတော်ကို ယနေ့သင်တို့ဆုတောင်းလျှောက်လှမ်းကြမည်ဖြစ်သည်။ ကျွန်ုပ်လည်းလျှောက်မည် ဖြစ်သည်။ သင်တို့သည် ကားတိုင်လမ်းတော်ကိုပြန်လည်ဆန်းသစ်ကြမည်ဖြစ်သည်’ ဟုနိဒါန်းပျိုး၍လူငယ်တို့အားမိန့်ကြားခဲ့သည်။ ကားတိုင်လမ်းတော်ကိုသောကြာနေ့ကအောက်ပါထောက်ရူချက်များဖြင့်လျှောက်ခဲ့ကြသည်။ နှုတ်တော်ထွက်စကားတော်သည် လူ့သွေးသားကိုခံယူတော်မူပြီ ယေဇူးသခင်၏လမ်းတော်သည် ဘုရားသခင်သူ့ထံမှပေါ်ထွက်လာခြင်းဖြစ်သည်။ သူ့ထံမှထွက်လာ ၍ကျွန်ုပ်တို့နှင့်အတူလျှောက်လှမ်းရန်ဖြစ်သည်။ ဤအဖြစ်အပျက်ကိုသံယောဟန်၏ဧ၀ံဂေလိကျမ်း၌ ‘နှုတ်တော်ထွက်စကားတော်သည် လူ့သွေးသားကိုခံယူ၍ ကျွန်ုပ်တို့နှင့်အတူရှိတော်မူသည် ဟူသောကျမ်းချက်ကိုသင်တို့မှတ်မိကြသည်မဟုတ်လော။ ဤသို့ပြုလုပ်ခြင်းမှာချစ်ခြင်းကြောင့်ဖြစ်သည်။ သင်တို့ဘ၀၌၀မ်းနည်းခဲ့ရသောအခြေအနေများကိုသတိရပါ။ ထိုသို့သောအခြေအနေမျိုးများ၌ ယေဇူးသခင်သည်ကျွန်ုပ်တို့နှင့်အတူရှိနေသည်။ ကျွန်ုပ်တို့ငိုကြွေးလျှင်ငိုကြွေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏မှောင်မိုက်သောဘ၀အ ခိုက်အတန့်များ၌လည်းမပြတ်အဖော်ပြုလျှက်ရှိသည်။ ထို့ကြောင့် သင်တို့၏၀မ်းနည်းဖွယ်အဖြစ်အပျက်များကိုလည်းစိတ်နှလုံးထဲ၌တိတ်ဆိတ်စွာဖြင့်‌ေ၀မျှကြပါဟုဖိတ်ခေါ်ခဲ့သည်။ ယေဇူးသခင်ကြွလာခြင်းသည် ကျွန်ုပ်တို့၏မျက်ရည်များကိုသုတ်ပေးရန်ဖြစ်သည်။ ခေတ္တတိတ်ဆိတ်စွာနေပြီးနောက် ရဟန်းမင်းကြီးကလူငယ်တို့အား ‘ယေဇူးသခင်သည် သူ၏နူးညံ့သိမ်မွေ့သောစိတ်နေသဘောထား၌ကျွန်ုပ်တို့၏လူမြင်မခံသောမျက်ရည်များကိုသုတ်ပေးသည်။ ကျွန်ုပ်တို့ ၏အထီးကျန်မှု၊ ကြောက်ရွံ့မှုကိုလည်းလျော့ချပေးပြီး နှစ်သိမ့်မှုဖြင့်ဖြည့်ဆည်းပေးသည်။ တစ်ချိန်တည်း၌ ပင်ယေဇူးသခင်သည် ကျွန်ုပ်တို့အားချစ်တတ်ရန်အားထုတ်ကြိုးစားစေလိုသောတိုက်တွန်းမှုကိုလည်းပြုလုပ်သည်။ ဤသို့တိုက်တွန်းသော်လည်းသူမပါဘဲအတင်းအကြပ်ပြုလုပ်ခိုင်းခြင်းမဟုတ်။ သူသည်ကျွန်ုပ် တို့၏ဘ၀အဆုံးထိတိုင်လျှောက်လှမ်းနေမည်ဖြစ်သည်။ ခေတ္တတိတ်ဆိတ်စွာထောက်ရူပြီးနောက် ယေဇူးသ ခင်၏ဒုက္ခ‌ေ၀ဒနာ၊ ပူပန်မှု၊ သနားစရာကောင်းလှသောအဖြစ်များကိုဆင်ခြင်ပါ။ ဤသို့ပြင်းထန်လှသောဒုက္ခ‌ေ၀ဒနာကိုခံထမ်းရခြင်းမှာ အဆုံးသတ်၌၀ိညာဉ်များပြန်လည်ပြုံးနိုင်ရန်ဖြစ်သည်။ ထို့ကြောင့်ယေဇူးသခင်ကားတိုင်တော်ဆီသို့ဦးတည်လျှောက်လှမ်းပြီး ကားတိုင်ပေါ်၌အသေခံတော်မူခြင်းကိုအာရုံပြု၍နှစ် သိမ့်မှုခွန်အားကိုတောင်းခံရန်၊ သို့မှသာကျွန်ုပ်တို့၏၀ိညာဉ်သည်ပြုံးနိုင်မည်ဖြစ်သည်ဟုထောက်ရူပေးခဲ့သည်။ ကားတိုင်လမ်း ကမ္ဘာ့လူငယ်များနေ့ကိုစီစဉ်ပေးကြသောသူတို့၏သုံးသပ်ချက်အရ ကားတိုင်လမ်းလျှောက်ခြင်းသည် ယေဇူးသခင်၏ဒုက္ခ‌ေ၀ဒနာကိုသာပြန်လည်အမှတ်ရရုံထက်များစွာကျော်လွန်သော၀ိညာဉ်ရေးကြည်ညိုမူတစ်ခုဖြစ်သည်။ ဤသို့သောဆုတောင်းမေတ္တာမျိုးသည် ဆင်ခြင်သည်။ ထောက်ရူသည်။ ထိုအဖြစ်အပျက်ကိုကျွန်ုပ်တို့၏နေ့စဉ်ဘ၀ပေးလာသည့်အခြေအနေ၌ပြန်လည်ဆက်စပ်ခံစားရင်း ဘုရားသခင်၏ရက်ရောလှသည့်ချစ်ခြင်း၊ ကိုယ်ကျိုးမဖက်သောချစ်ခြင်းမျိုးကိုကျွန်ုပ်တို့လည်းမိမိတို့၏နီးစပ်သူများအတွက်ပေးနိုင်ရန်ထင်ဟပ်စေပါသည်။ ကမ္ဘာ့လူငယ်များနေ့အတွက် ခရူးစူးကားတိုင်လမ်း၏ဆောင်ပုဒ်များကို လူငယ်များအားအဆိုပြုစေခဲ့ခြင်းဖြစ်သည်။ ထိုသို့အဆိုပြုခိုင်းရာတွင် လူငယ်များယနေ့ထိခိုက်နာကြင်နေရ၊ ဆုံးရှုံးနေရသောဒဏ်ရာဒဏ်ချက်များနှင့်အားနည်းချက်များကိုမီးမောင်းထိုးပြသောခေါင်းစဉ်များဖြစ်နေသည်။ ထိုဒဏ် ရာဒဏ်ချက်များကား ချို့တဲ့နွမ်းပါးခြင်း၊ အထီးကျန်ခြင်း၊ သည်းခံနိုင်စွမ်းမရှိခြင်း၊ ဖန်ဆင်းခြင်းကိုဖျက်ဆီးခြင်းနှင့်အမှီအကိုလွန်ကဲခြင်းတို့လည်းပါသည်။ ယေဇူးသခင်၌ခွန်အားကိုရယူခြင်း လက်ရှိခေတ်ကာလ၏အခြေအနေနှင့်ယှဉ်၍ ကားတိုင်လမ်း (၁၄) ရပ်ကိုထောက်ရူရာတွင်ဆု တောင်းခြင်းကိုလေးနက်စွာပြုနိုင်ရန်ရပ်၀န်းဖန်တီးရန်လိုအပ်ကြောင်း ဤသို့အားဖြင့် မိမိတို့အောင်မြင်ချိန်၊ အဆင်ပြေချိန်၌ဖြစ်စေ၊ ကျရှုံးနေချိန်၊ အခက်အခဲများနှင့်ကြုံရချိန်ဖြစ်စေ လူတိုင်းသည် ယေဇူးသခင်ထံမှခွန် အားနှင့်စိတ်စွမ်အားများရရှိလာမည်ဖြစ်သည်။ ဤနည်းဖြင့်ဆုတောင်းတတ်ခြင်းသည် ယေဇူးသခင်၏ကာလ်၀ါရီတောင်တက်သောလမ်း၌ မိမိတို့ကိုယ်တိုင်အတူတကွလိုက်ပါနေကြောင်းခံစားရပြီး ကျွန်ုပ်တို့အားမျှော်လင့်ခြင်းနှင့်ခံယူချက်များဖြင့်အနာဂတ်ကိုချီတက်သွားမည်ဖြစ်သည်။ စိန်ခေါ်မှုများကြုံရသောအခါမျိုး၌လည်း ယေဇူးကဲ့သို့ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းခွန်အားများဖြင့်ရင်ဆိုင်ရဲလာကြမည်။ မြူးစိ၊ အနုပညာနှင့်သက်သေခံခြင်း ကမ္ဘာ့လူငယ်များနေ့အခမ်းအနား၌ ကားတိုင်လမ်းလျှောက်ခြင်းသည် လွန်စွာခမ်းနားပြီး ထိတွေ့ခံစားရသောအစီအစဉ်တစ်ခုဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သမာရိုးကျသောမြူးစိနှင့်ခေတ်ရေစီး ကြောင်းနှင့်ညီလျှော်သောမြူစိနှစ်မျိုးတွဲ၍တင်ဆက်ခဲ့၍နှလုံးသားကိုထိခတ်သွားစေခဲ့သည်။ ကားတိုင်၏အ ရပ်တိုင်း၌လည်း စိတ်အာရုံထဲ၊ အကြောအချဉ်ထဲ၌စွဲထင်ရစ်စေမည့်ပုံတော်များဖြင့်တင်ဆက်ထားသည်။ ထိုပုံတော်များကို အနုပညာရှင်ဖြစ်သော ဂျက်ဆွီစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်သော Nuno Branco ၏စိတ် ကူးစိတ်သန်းဖြစ်သည်။ ကားတိုင်လမ်းလျှောက်ခဲ့ကြသောလူငယ်များအနက် ပေါ်တူဂီ၊ စပိန်၊ အမေရိကန်ပြည်ထောင်စုမှလူငယ်များက ၄င်းတို့၏ခံစာချက်များကို ရူထောင့်ပေါင်းများစွာ၊ ခံစားချက်များစွာကို၄င်းတို့ကိုယ်တိုင်၏‌ေ၀ဒနာ၊ မျှော်လင့်ချက်နှင့်ချစ်ခြင်းများကိုထုတ်ဖော်သက်သေခံခဲ့ကြသည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် http://bitly.ws/Rpqk

Add new comment

15 + 5 =